တန်ဖိုးရှိသော ပညာရေး

in #myanmar7 years ago

FB_IMG_1484498227222-picsay.jpg

တန်ဖိုးရှိသော ပညာရေး
❇❇❇❇❇❇❇❇❇❇

👉မိခင်ဘာသာစကား(Mother language)ကို ပိုင်နိုင်ကျွမ်းကျင်မှု ရှိစေသော ပညာရေး

👉ယဉ်ကျေးသိမ်မွေ့သည့် အပြုအမူ၊အပြောအဆိုများ ဖြစ်ပေါ်လာစေသည့် ပညာရေး

👉ရသခံစားမှုကို နားလည်စေနိုင်သော ပညာရေး

👉စဉ်းစားဆင်ခြင်၊ ဝေဖန်သုံးသပ်နိုင်သော ပညာရေး

👉အကြောင်းကိစ္စများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်စေနိုင်သော ပညာရေး

အမေရိကန် ပညာရေးသုတေသီတစ်ဦး၏ ပြောဆိုချက်ပါ။

"နိုင်ငံတစ်နိုင်ငံရဲ့ ကံကြမ္မာဆိုတာ အဲဒီနိုင်ငံမှာရှိတဲ့ ပြည်သူတွေရဲ့ ပညာရေးအပေါ်မှာ မူတည်နေတယ်" လို့ ဗြိတိသျှ နိုင်ငံရေးခေါင်းဆောင်တစ်ဦးကလည်း ပြောဆိုခဲ့ပါတယ်။

ပညာတတ် လူတစ်ယောက်ရဲ့ အသိဟာ သာမန်လူတစ်ယောက်ရဲ့ သာမန်အသိ(Common sense)ထက်တော့ သာလွန်သင့်ပါတယ်။

မှားယွင်းနေတဲ့ စာမေးပွဲစနစ်ကိုပဲ ဆက်လက်ဆုပ်ကိုင်ထားမယ်ဆိုရင်တော့ ပညာရေးရေချိန် နိမ့်ကျနေဦးမှာပါပဲ။

ကျေးဇူးပါ။

@mgmgkse

Sort:  

ကိုယ်တိုင်လဲဒီတောထဲကလာခဲ့တာပါဆရာ
နားလည်ဖို့ထက်အလွတ်ရဖိုပဲဦးစားပေးခဲ့ရတယ်

ဟုတ်ပဆရာ