ထီ

in #myanmar7 years ago (edited)

" ဟီးးးးဟားးးဟားနဲ့ရယ်ရတယ်
ထီထိုးချင်လို့ "
" ဟုတ် "
ဟုတ်လို့သာ ပြန်ပြောလိုက်တာ မျက်လုံးရဲ့အကြည့်တို့က ဖုန်းစကရင်ပေါ်က မခွာနိုင်သေးး
ကျွန်းလှမြို့လယ်လမ်းဘေးတစ်နေရာ အရိပ်ကောင်းသော မယ်ဇယ်လီပင်အောက် ထီသုံးဘီးလေးရပ်ပီး ပျင်းပျင်းရှိတာနဲ့ ဖုန်းထိုင်ပွတ်နေရင်း
အင်တာနက် facebook post တွေမှာ အပြန်အလှန် commemt ရေးလို့ စ,နောက်နေချိန်
ထီထိုးချင်သူ ကာစတမ်မာ လာတော့ ထ ရောင်းရပေပြီ . . .
image
" ဟုတ်ကဲ့
နှစ်သက်ရာ အက္ခရာနဲ့ နံပတ်လေးတွေ ရွေးဗျ
ထီဖွင့်ဖို့ ၃ ရက်သာ လိုပါတော့တယ်ခင်ဗျာ "

ဒီလ ထီသိပ်ရောင်းမကောင်း။
ထီဆိုတဲ့အမျိုးကလည်း လက်ထဲ ငွေပိုငွေလျှံလေး ရှိမှ ကံစမ်းတတ်ကြတာမဟုတ်လား လူတွေ ငွေကြေး ကြပ်တည်းနေပုံရသည်။ ကံစမ်းအားပေးနေကျ လူအချို့တောင် ငမောင့်ထီသုံးဘီးမြင်လျှင် မသိချင်ယောင်ဆောင်သွားတာမျိုးတွေ ကြုံနေရပြီ
ကိုယ်က ရောင်းချင်လွန်းလို့သာ ပါးစပ် နားရွက်ချိတ်မတတ် ဖျဲပီး သွားဖြဲပြုံးပြနေရတာ
တစ်ခါတစ်လေ အူကြောင်ကြောင်တော့ နိုင်သားး

" ဟွာလေ . . . ဒရင်မှုတ် အက္ခရာနဲ့ သုညထိပ်စီး
အလည် ၁ ၃ ၅ ၂ နောက်ပိတ် ၄ လိုချင်လို့ "

" ညင် . . . ! သုညထိပ်တဲ့ "
image
ဘယ် ကလေကချေ ဗေဒင်ကမျန်း ဟောလိုက်တယ်မသိ ကြားမကြားဖူးပေါင်
သုညထိပ်စီး အဲဒါမဟုတ်တာ ထားအုမ်း သူပြောနေတဲ့နံပတ်တွေရဖို့ မြန်မာနိုင်ငံရဲ့ ရှိရှိသမျှ
ထီဆိုင်တွေကို ပတ်ပြေးပီး ရှာရမယ့်ပုံ

" မနောက်ပါနက်လားအစ်ကိုရယ် . . .
အောင်ဘာလေထီလောကမှာ သုညထိပ်ဆွာ မရှိပါဖူးခညာ "

" ဘာလို့ မရှိတာလဲ ဟွင် "

" ဟုတ်ကဲ့ မထုတ်လို့ မရှိတာပါခည "

" ဘာလို့ မထုတ်တာလား "

" အဟင့် "
image
အမေရေ . . . သားကိုကယ်ပါ ! !
အမူးသမားမို့ ရစ်တယ် ပြောရအောင်ကလည်း
ဒီလူ့ပုံကြည့်ရတာ သောက်ထားသည့်ပုံ မပေါ်
လူက လူရည်သန့် မွန်မွန်ရည်ရည် သန့်သန့်ပြန့်ပြန့်
( ထီရောင်း သူ ငမောင် လောက်တော့ မချောဖူးပေါ့ အဟင်းး :P )

" ခဏနော် အစ်ကိုကျိ "

ထီသုံးဘီးထောင့်တွင် တင်ကာ ယူဆောင်လာသည့် အမေထည့်ပေးလိုက်သော ရေခဲရေဗူး အိပ်ထဲမှ
ရေတစ်ငုံ ထုတ်သောက်လိုက်ပြီး

" အဟမ်း အဟမ်းး . . . ဒါက ဒီလိုဗျ
အက္ခရာတစ်လုံးကို ထီအုပ်ရေ ၈၁၈၁၈ အုပ်ပါရှိပါတယ်
စောင်ရေအားဖြင့် ၈၉၉၉၉၈ စောင်ဖြစ်ပါတယ်
အက္ခရာလုံးရေ ၄၀ လုံးဖြစ်လို့ စုစုပေါင်းစောင်ရေ ၃၅၉၉၉၉၂၀ စောင်ထုတ်လုပ်ပါတယ်
အုပ်ရေအားဖြင့် ၃၂၇၂၇၂၀ အုပ်ဖြစ်ပါတယ် အကို "

" သြော် . . "

" စတင်ထုတ်လုပ်စဉ်ကတည်းက သင်္ချာသဘောတရားအရ
နံပါတ် ၁၀၀၀၀၀ နဲ့ ၁၀၀၀၀၁ တို့ကို ရိုက်နှိပ်ခြင်းမရှိပါဖူး
ဒါကြောင့် ထီဖွင့်ပွဲမှာ အဲ့ဒီ့နံပါတ်နှစ်ခု ထွက်ပေါ်ခဲ့ရင် အစားထိုးပြန်နှိုက်ပေးရပါတယ်ခင်ဗျာ "

" အက္ခရာက ဗျည်း ၃၃ လုံးထဲ ရှိတာမှုတ်ဖူးလား
ဘာလို့ အလုံး ၄၀ ဖြစ်နေတာလား င့ညီ "

" နံပတ်တူ အက္ခရာတိုးပြီး အစောင်ရေပို ထုတ်ချင်လို့နေမှာပေါ့ဗျာ . . .
ဒီလိုဗျာ အက္ခရာ က မှ အ အထိက ၃၃ စောင်
အစောင် ၄၀ ပြည့်ဖို့ ထပ်တိုးအက္ခရာတွေက
ကက ကခ ကဂ ကဃ ကင ကစ ကဆ ကဇ ကဈ တို့ဖြစ်ပါတယ်
အဲသလို အက္ခရာပူးရာမှာ
၁က တို့ ၂ခ တို့ မရေးချင်လို့ နေမှာပေါ့
အာ့တော့ ကျုပ်လည်း သေချာမသိပုစ် "

" သြော် . . . ဟုတ်ပီဗျာ . . .
အာ့စိုလည်း မင်္ဂလာစုံတွဲ တစ်တွဲပဲ ပေးပါတော့ဗျာ နံပတ်မရွေးတော့ပါဖူးး "

" ငင့် ! လာပြန်ပီ အဲဒါကလည်းး ဒီလိုရှိပါတယ်
မင်္ဂလာစုံတွဲစနစ် မဟုတ်တော့တာကြာပါပြီခင်ဗျာ "

" ဟုတ်လား
ဘာလို့ဒုမ်း လင်းပါအုမ်းဗျ ထီဆြာရဲ့ "

" မင်္ဂလာစုံတွဲစနစ်ကို ဖျက်သိမ်းလိုက်တာ ၂၀၁၄ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ ဖွင့်လှစ်တဲ့ ထီဖွင့်ပွဲ ကတည်းကပါ
ယ္ခု လက်ရှိစနစ်ဟာ ပဒေသာယူနစ် စနစ်ဗျ "

" အဲ့တော့ ဘာတွေ ကွာဟသွားလည်းင့ညီ "

" ခဏနော် အာခေါင်ခြောက်လို့ ရေလေးသောက်ပျစေလား အကို "

" သြော် . . . သောက်ပါ သောက်ပါ င့ညီ
ကိုယ့်ရေနဲ့ကိုယ်သောက်တာပဲ သူများရေ ငှားသောက်တာလဲမဟုတ် နော့ "

" ဖြီးးး "

ထီသည်ဘဝ တကယ်တမ်းတော့ မလွယ်ပါတကားး ထီစောင်လေးအနည်းငယ် ရောင်းရဖို့အရေး အာပေါက်အောင် ပြောရတယ်ဆိုတာ ဘဝတူ ထီသည်တွေမှ သိပေလိမ့်မည်။
ဒီတစ်ခါ တစ်ငုံမဟုတ်
ဗူးတစ်ဝက်လောက်ကျိုးကျသွားအောင် အဝ ဖိသောက်ပြစ်လိုက်မိသည်။
ကိုင်းး ဒီလောက်တောင်
ဆာချင်တဲ့ရေ :-/

" ခုနကပြောတာ ဘယ်နားရောက်သွားပီလားအစ်ကို "

" ဟိုနားရောက်သွားပီလေ ညေးရဲ့ "

" ဟွတ် "

" အေးစို "

" အဲဒါက ဘာတွေကွာဟသွားသလဲ ဆိုတော့ . . .
ယ္ခင် မင်္ဂလာစုံတွဲစနစ်မှာတုန်းက အသေးဆုံးဆုဖြစ်တဲ့ ကျပ် ၅ သောင်းဆုကို
ကျပ်သိန်း ၁၅၀၀ ဆုကြီးရဲ့ အက္ခရာနဲ့ ရှေ့ဂဏန်း ၂ လုံးတူ တိုက်ယူရပါတယ် "

" ကျပ် ၁ သိန်းဆုကိုတော့ ကျပ်သိန်း ၁၀၀ မင်္ဂလာစုံတွဲစနစ်ဆုထဲကနေ အက္ခရာတိုက်စရာမလိုပဲ
ရှေ့ဂဏန်း ၃ လုံးတူ တိုက်ယူရပါတယ် "

" ကျပ် ၁၀ သိန်းဆုကိုလည်း အဲဒီ ကျပ်သိန်း ၁၀၀ ဆုထဲကနေ အက္ခရာမတူ ဂဏန်းအားလုံးတူ လျှင်
ရတယ် ဆိုတဲ့ စနစ်ပါ ယ္ခု ပဒေသာယူနစ် စနစ်မှာ
အဲသလိုမဟုတ်တော့ဖူးဗျ "

" ကျပ် ၅ သိန်းဆုမှစ ကျပ်သိန်း ၁၅၀၀ ဆုကြီးအထိက အက္ခရာနဲ့ ဂဏန်းအားလုံး အစဉ်လိုက်တူမှ ကံထူးတာပါ
အဲသလိုမဟုတ်ပဲ အက္ခရာဖြစ်ဖြစ် ဂဏန်းဖြစ်ဖြစ်
တစ်လုံးတစ်လေလွဲမှားခဲ့ရင်တောင် မရပါဖူးအစ်ကို "

" အာ့စိုရင် ဆုသေးတွေ မပေးတော့ဖူးပေါ့ အဲလိုလား "

" ပေးတာပေါ့ဗျာ . . . မပေးပဲ နေမလားဗျ "

" ညေးပြောတော့ ဆုကြီးတွေထဲက အလုံးတူ တိုက်လို့ မရတော့ဖူးစို "

" ဟုတ်တယ်လေဗျာ ဆုသေးတွေအတွက် တိုက်ယူဖို့
ထီပေါက်စဉ်မှာ . . .
အက္ခရာနဲ့ ရှေ့ဂဏန်း ၅ လုံးတူ ကျပ် ၃ သိန်းဆု
အကွက်တစ်ကွက် သီးသန့် "

" အက္ခွရာနဲ့ ရှေ့ဂဏန်း ၄ လုံးတူ ကျပ် ၂ သိန်းဆု
အကွက်တစ်ကွက် သီးသန့် "

" အက္ခရာနဲ့ ရှေ့ဂဏန်း ၃ လုံးတူ ကျပ် ၁ သိန်းဆု
အကွက်တစ်ကွက် သီးသန့် "

"အက္ခရာနဲ့ ရှေ့ဂဏန်း ၂ လုံးတူ ကျပ် ၅ သောင်းဆု
အကွက်တစ်ကွက် သီးသန့် ထုတ်ပေးလိုက်တာပါ
ဒီနေရာမှာပြောချင်တာတစ်ခုက ဘယ်ဆုကိုပဲ တိုက်တိုက်အက္ခရာနဲ့ဂဏန်းတွေ အစဉ်လိုက်တူမှ ရမယ် ဆိုတာကိုပါ "

" အေးကွာ အခုမှပဲ ရှင်းသွားတော့တယ်
ခုလို ရှင်းပြ ပြောပြတာ ကျေးဇူးတင်ပါတယ်ကွာ "

" ရပါတယ်ဗျာ ကျေးဇူးစကားပြောဖို့ မလိုပါဖူးး
ကျွန်တော် သိထားသလောက်လေး ပြောပြတာပါ
မသိ နားမလည်သေးတဲ့ အစ်ကို့မိတ်ဆွေတွေကိုလည်း
ထီအကြောင်း တစ်စေ့တစ်စောင်း လက်ဆင့်ကမ်း ပြောပြလိုက်ပါခင်ဗျာ "

" အေးကွာ စိတ်ချ ကဲ . . . ခွင့်ပြုအုမ်းကွာ
သွားလိုက်အုမ်းမယ်နော် င့ညီ "

" ဟုတ် "

ဟင် . . . !
ဒေါင်းချားရီးး ထီသည်ကို အပျော်ကြံသွားတာ
ထီ ထိုးမသွားဖူးး ဗြဲ !! ! ! :'(
Photo credit moeyanfb

2018 3 1 @maylaynwe

Sort:  

That is very good post


သက်ရှည် ကျန်းမာရယ်ရတယ် @maylaynwe good idea ဟိဟိဟက်ဟက် :):):)

ပျော်သလားဟေ့မောင်တို့ရေပျော်တယ်ဟေ့ပျော်တယ်ဟေ့