အတွေးစများ အပိုင်း(၁)
နှစ်ရက် သုံးရက်ခန့် ဆက်တိုက် ရွာနေသော မိုးကြောင့် အေးစိမ့်ကာ ချမ်းစိမ့်စိမ့်ဖြစ်နေ၏. . သို့ကြောင့် စောင်ခြုံကာ ကွေး နွေးနွေးလေးနေ နေရ၏။
ဤသို့ အေးဆေး နွေးထွေးစွာနေနေကာမှ တစ်ယောက်ပြီး တစ်ယောက် ခေါ်ဆိုနေသဖြင့် တစ်နေကုန် ဖုန်းသံမစဲ မနားတမ်း ဖြေဆိုနေရလေ၏။ အမယ်လေးနာ် . . ငါ့ရဲ့ သာယာနွေးထွေးသော အချိန်ကာလလေးကို ဖုန်းခေါ်ပြီး ဖျက်လုပ်ဖျက်ဆီး လုပ်နေကြတယ် ဟု မကျေမနပ်တွေး မိလိုက်သေးသည်။
သို့သော် စေ့စေ့တွေး ရေးရေးပေါ်ဆိုသလိုပင် . .. တကယ်တမ်းတော့ ဒီဖုန်းတွေ ရှိကာ ဆက်သွယ်ရေး ကောင်းမွန်လာခြင်းသည် အလွန်အင်မတန်မှ ကောင်းပေသည်။
ဟိုးယခင် ကျနော်တို့ ကျောင်းတက်နေစဉ်ကဆိုရင် သူငယ်ချင်းတေ ဘယ်လောက်ပင် ခင်မင်ရင်းနှီးချစ်ခင်ကြသည်ဖြစ်ပါစေ . .. ကျောင်းပြီး၍ ကိုယ့်နယ် ကိုယ့်ဒေသ ပြန်ကြပြီဆိုလျှင် အဆက်အသွယ်ပြတ်တောက်ကာ ခင်မင်ရင်းနှီးမှုများ တစ်ခန်းရပ်ခဲ့ရသည်ချည့်ပင်။
ထိုသို့ဖြင့် နယ်မတူ မြို့အလှမ်းဝေးသဖြင့် ဆက်သွယ်ရ မလွယ်ကူကာ အခင်မင်ပျက်ခဲ့ရသော အပေါင်းအသင်းများမှာ များစွာ များစွာပင်။ ကျောင်းတုန်းက အတူတူ ဆိုးခဲ့ ကဲခဲ့ ချစ်ခင်ဖေးမခဲ့မှုပုံရိပ်များသာ ရင်ထဲ နှလုံးသားထဲတွင် အမှတ်တရပုံရိပ်များ အဖြစ်သာ ထင်ကျန်နေရစ်ခဲ့ရပေသည်။
ယခုကာလမှာတော့ ဆက်သွယ်မှုတွေလည်း ကောင်းလာ လူတိုင်းနီးပါးမှာလည်း ဖုန်းတွေ ရှိနေပြီမို့ မြို့ရွာနယ်ပယ်ဒေသ မည်မျှပင် ဝေးပါစေ အဆက်အသွယ် မပြတ် ၊ အခင်အမင် အရင်းအနှီး မပျက်တော့ချေ။
မိသားစုကိစ္စ၊မိတ်ဆွေအပေါင်းအသင်း အရေးပေါ်ကိစ္စများဆိုလျှင်လည်း ဖုန်းတစ်ချက် ဆက်ရုံဖြင့် သိလာနိုင်သလို တော်ရုံအလုပ်ကိစ္စဆိုလျှင်လည်း ဖုန်းတစ်ချက်ဖြင့် ပြီးမြောက်နိုင်လာပေသည်မို့ ကျနော်တို့ ငယ်စဉ်က ယခင်ခေတ်ကာလ အချိန်များနှင်စာလျှင် များစွာ အဆင်ပြေချောမွေ့လာပေသည်။
သို့ကြောင့် မိုးအေးအေးနဲ့ စောင်ခြုံကွေးနေရချိန် ဖုန်းတွေ လာနေသည်မှာ ဇိမ်ပျက်သော်လည်း တစ်ခုခုဆိုလျှင် ယခင်အချိန်ကလို အဆက်အသွယ်မပျက် လွယ်ကူချောမွေ့နေ ရှိနေရသည်ကပင် စိတ်ချမ်းမြေ့စရာပေတကား ဟု ဖြေတွေးကျေနပ် လိုက်လေရတော့သည်တကား . . . ။
@masterinnwa
MSC-253
Photo Credit: Google Search
ရေးချက်တွေက။အဲ့ဦးနှောက်လေးငှားချင်သားဗျာ။တော်တော်လေးကောင်းတာအရေးသားလေးတွေ။တော်တော်တော်တယ်လို့ပြောရမှာ။လေးစားတယ်ဗျာ။
ဇွတ်ကြီး မြှောက်နေတော့လည်း ရွဲ့နေသလိုပဲ လူဆိုး ကျေးဇူးပါဗျို့
အော်ဖုန်းဖုန်း အဆိုးရှိသလို အကောင်းလဲရှိပ
တတ်နိုင်တာကွယ်
ဟုတ်ပ့ မှန်ပ့ဗျာ
ဖုန်းတွေပေါလာတာ ကောင်းတာရှိသလို မကောင်းတာလည်းရှိတာဘဲ အူးအင်းရေ
အသုံးပြုတဲ့လူအပေါ်မူတည်မည်ထင်ပ
ဟုတ္ပ့ မွန္ပျ
ဖုန်းသည် ကိုင်လို့ကောင်းသည် အလဲ့
ဟားးး
အရေးအသားကောင်းပါတယ်
ကျေးဇူးပါ မတ်မတ်စု
အဆိုးနဲ့ အကောင်း ဒွန်တွဲနေပေမယ့် ကောင်းကျိုးက များပါတယ်ဗျာ .ကောင်းမလား ဆိုးမလား ဆိုတာတော့ အသုံးပြုသူနဲ့ပဲ ဆိုင်မှာပေါ့ဗျာ နော့် ...
ဟုတ်တာပေါ့ဗျာ
အိပ်နေတုန်း ဖုန်းတွေလာရင် အတော်စိတ်နာတယ်
ဟားးး ဟုတ်တယ်
စောင်ခြုံပီး ဘာတေ စေ့စေ့တွေးနေတာတုန်း..