" Fish " For Cooking And Eating ( Part-10) Fish Fry Curry (End)

in #myanmar7 years ago

" ငါး " ကို အသုံးပြု ၍ စားသားဖွယ်ရာများ ပြင်ဆင်


ပြုလုပ်နည်းများ ( အပိုင်း - ၁၀) သိမ်း


image

Hello, all my Steemit member ,

ကျမ ရဲ့ Steemit member များ နှင့် friend များအားလုံး
အတွက် ရေးသား post တင်ပေးမယ့်

အကြောင်းအရာ ကတော့ " ငါး " ကို အသုံးပြု ၍ စားသောက်
ဖွယ်ရာ များကို ပြင်ဆင် ချက်ပြုပ် နည်း အမျိုးမျိုး ရှိသည့်
အနက် ဒီနေ့ ချက်ပြုပ် ပြင်ဆင် မျှဝေပေး မှာကတော့
အရိုးပါစားနိုငမသော ငါးကလေး များစွာထဲကမှ " နိုင်လွန်ငါး
ခေါ် ငါးလုံး အြွကွတ်ကြော် " ငါးသလဲထိုးအိုးကပ်ဆီပြန်ဟင်း"
ပြုလုပ် နည်းအကြောင်း ကိုရေးသား မှာဖြစ်ပါတယ်

ငါးကို မြန်မာလူမျိုး အများစု နှစ်ခြိုက်စွာ စာသောက် ကြ
ရာ တွင် နည်းအမျိုး မျိုး ဖြင့် ပြင်ဆင်ချက်ပြုပ် လုပ်ကိုင်
စားသောက်ကြပါတယ်

ငါးကို ချက်ပြုပ်စားသောက်နည်း အမျိုးမျိုး တို့တွင်
ငါးပြုပ် ငါးကြော် ငါးကင် ငါးပေါင်း ငါးချက် ငါးအသားလွာ
ငါးထောင်း ငါးအချဉ်ချက် ငါးအချိုချက် ငါးအငံချက်
ငါးစဉ်းကော ငါးချို ချဉ် ငါးစပ်ခြောက်ကြော် ငါးစဉ်းကော
ငါးခြောက်ချက် ငါးခြာက်ထောင်းသုပ် ငါးအသားလွာ
ငါးခေါင်းဟင်းချို ငါးခေါင်းချဉ်ရည် ငါး ဟင်းထုပ် ငါးကလေး
အိုးကပ် ငါးချဉ်ကြာ် ငါးလေးချဉ်သုပ် ငါးကြက်ဥပေါင်း
ငါးဒန့် ဒလွန်သီးချဉ်ရည်ဟင်း စသည်ဖြင့် နည်းလမ်းပေါင်းများ
စွာ ပြင်ဆင် ချက်ပြုပ်နည်း များစွာ ရှိကြပါတယ်

" နိုင်လွန်ငါး အကြွတ်ကြော် " နှင့် " ငါးသလဲထိုးအိုးကပ် ဆီပြန်ဟင်း " ဟာဆိုရင် ပြုလုပ်ရ လွယ်ကူ ပါတယ်

ကျမ ငယ်ငယ်က ဆိုရင် အိမ်မှာငါးကလေးများ ကို ကြော် ချက်သည့် အခါတိုင်း ငါး မစားချင်ဘူ ဟု ဂျီကျ သည့် အခါ
အဖိုး အဖွား များက အရိုးပါစားနိုင်သော ငါးကလေး
များကို ခေါင်း တစ်ရာ သားဟုခေါ်ကြောင်း အရိုး ပါ စား
နိုင်သော ငါးကလေးများ အားစားပါက အရိုး အဆစ်များ
သန်မာ ထွားကြိုင်း လာပြီး အရပ်လည်း ရှည်လာမည်
ဖြစကြောင်း ချော့မော့ ပြောဆို ခဲံ သည် ကို အခုထိ သတိ ရ နေမိပါသေးတယ်

ကျမတို့ မူလတန်း ဖတ်စာ တွင် လည်း ခေါင်းတစ်ရာသား
ကိုစားပါ ဟုဆိုသောကြောင့် ကြက် ဝက် ဆိတ် တို့ ကိုသတ်၍
ခေါင်းတစ်ရာသား စားသော သူဋ္ဌေးသား ပုံပြင် တွင်လည်း
ခေါင်းတစ်ရာသား ဆိုသည်မှာ သေးနုပ်သော ငါးကလေးများ
ကို စားသော်ခြင်းဖြင့် အကုန်အကျသက်သာစေ ပြီး
ကျန်းမာရေးနှင့် ညီညတ်စေရန် ချွေ တာစားသောက်ရန် ဆိုလိုသည် ကိုလည်းဖတ် မှတ်ရပါတယ်

ငါးသလဲ ထိုးအိုးကပ် လေမဖြတ် လို့ လည်း မှတ်းသား
ဘူးပါတယ်

မြန်မာတိုင်းရင်း သမားတော် များမှ လည်း လေဖြတ်လူနာ များ
အား ငါးသလဲထိုးအိုးကပ် အား ဓာတ်စာ အဖြစ် စားသောက်
စေပါတယ်

ငါး ကို ကြိုက် နှစ်သက် ကြ ပြီး အရိုးကြောက် သူများ အတွက်
အထူး သင့်လျော် တဲ့ ဟင်းတစ်ခွက်လည်း ဖြစ်ပါတယ်

နိုင်လွန်ငါး ( ငါးလုံး ) အကြွတ်ကြော်


နိုင်လွန်ငါး ၂၀ ကျပ်သား

ဆီ ၁၀ ကျပ်သား

ဆား ဆန္နင်း အရသာမှုန့်

နိုင်လွန်ငါး ကလေးများအား အကြေးချွတ် ရေ ဆး ပါ

ငါးများအား ဆား ဆန္နင်း အရသာမှုန့် တို့ နယ် ခဏ ထားပါ

ထိုနောက် ဆီပူပူတွင် တစ်ကောင် နှင့် တစ်ကောင်
ခွာထည့်

အရောင်ပြောင်း ပါက ဂေါ် ဖြင့် အသာအယာ နောက်တစ်ဘက်
သို့ လှန် ကြော်ပေးပါ

ဝါရွှေ ရောင် ပြောင်း ပါက ပုဂံ အတွင်းဆယ်ယူ

အအေးခံ ပြီး သုံးဆောင်နိုင် ပြီ ဖြစ်ပါသည်

image

" ငါးသလံထိုးအိုးကပ်ဆီပြန်ဟင်း" ကို ပြု လုပ် ရာတွင် ကျမ
ချက်ပြုပ် ပြု လုပ်စားသောက် ဖူးသောနည်း အားရေးသား
post တင်ပေး ခြင်းသာ ဖြစ်ပါတယ် ပြုလုပ် ပြင်ဆင်ကြရာ
တွင် ကွဲပြားမှု အနည်းငယ် ရှိနိုင်ပါတယ်

ငါးသလဲထိုးအိုးကပ်ဆီပြန်ဟင်း


ပါဝင်ပစွည်းများ

1-ငါးသလဲထိုး - ၂၀ကျပ်သား

2-ကြက်သွန်နီ -၃လုံး

3- ခရမ်းချဉ်သီး -၃လုံး

4-ကြက်သွန်ဖြူ -၃မွာ

5-စပါးလင် -၁ချောင်း

6-ဆီ - ၅ကျပ်သား

7-ဆား - အနည်းငယ်

8- အရသာမှုန့် - အနည်းငယ်

9-နန္နင်းမှုန့် -အနည်းငယ်

10-အရောင်တင်မှုန့်- အနည်းငယ်

11- နံနံပင် - ၁စည်း

12- ငရုတ်သီးစိမ်း အပွ -၂တောင့်

တို့ လိုအပ်ပါတယ်

ပြုလုပ်နည်းအဆင့်ဆင့်

ငါးသလဲထိုးများအား ဇလုံ တစ်ခုတွင် ရေများများ ထည့် ဆေး
ဆယ်ယူ ရေပြန်ထည့် ၍ သုံးလေးခါ ရေဆေးပေးပါ

ထို့နောက် ငါးများအား ဇကာတစ်ခု တွင် ရေစစ်ထားပါ

ရေစစ်ထားသော ငါးသလဲထိုးများကို စပါးလင် ဆား ဆန္နင်း
အရသာမှုန့် တို့ နှင့် နယ်ပြီး ခဏ နှပ်ထားပါ

ကြက်သွန်နီ အခွံ ခွာ ပါးပါးလှီးထားပါ

ခရမ်းချဉ်သိး ရေဆေး အတုံးသေးလေးများလှီးထားပါ

ကြက်သွန်နီ ကြက်သွန်ဖြူ ထောင်းထားပါ

စပါးလင် ရေဆေး ထောင်းထားပါ

နံနံပင် ရေဆေး သုံးပိုင်း ပ်ုင်းထားပါ

ငရုတ်သီးစိမ်းပွ ရေဆေး နှစ်ခြမ်းခွဲထားပါ

ဒယ်အိုး အတွင်း ဆီထည့် ဆီပူလာလျင် ကြက်သွန်နီ ထည့်

ကြက်သွန်နီ အရောင်ပြောင်းပါက ထောင်းထားသော

ကြက်သွန်ဖြူ ထည့် ဆန္နင်း အရောင်တင် မှုန့် ထည့် ဆီသတ်

ထို့နောက် ခရမ်းချဉ်သီးထည့် ဆား အရသာမှုန့် တို့ ထည့်ကာ

ရေအနည်းငယ် ထည့်ပြီး အဖုံးအုပ်ထားပါ

ခရမ်းချဉ်သသီးနူးအိ လာပြီး ဆီပြန်လာပါက
ငါးသလဲထိုးများအား ထည့် ဖြည်းညင်းစွာ မွေပေးပါ

ဟင်းအနစ် နဲ့ ငါးများ သမ သွားပြီဆိုပါက ရေစပ်စပ် ထည့်
အဖုံးအုပ် ၃ မိနစ်ခန့် ကြာပါက အဖုန်း ပြန်ဖွင့် ကာ
အိုးအနှံ့ ဆီ ရောက် အောင် အိုးအား စောင်းလှည့်ပေးပါ

ငါးအားလုံး အကျက်ညီ ပြီး အနံ့ မှေးလာပါက မီးဖိုပေါ်မှချ
အပေါ် မှ နံနံပင် ငရုတ် စိမ်း များအုပ် ပုဂံ အတွင်းထည့်
ကာ ပြင်ဆင် တည်ခင်း စားသောက်နိုင်ပြီ ဖြစ်ပါတယ်

image

" ငါးသလဲထိုးအိုးကပ်ဆီပြန်ဟင် " ကို ထမင်းနှင့် တွဲဖက်၍
သီlစုံချဉ်ရည်ဟင်း ဘာလချောင်ကြာ် ပဲနှပ် အိအိလေးတို့ နှင့်
တွဲဖက် သုံးဆောင် ပါကမိသားစု များထမင်းမြိန် အကြိုက်
တွေ့ စေမှာပါ

( ဟင်းအနှစ် ပြုပ်လုပ်ရာတွင် ပါဝင် ပစ္စည်းများ အားလုံး ကို
အိုးအတွင်း အားလုံး ပေါင်းထည့် ပြီး လုံးချက် ချက်ခြင်းထက်
ကြက်သွန်နီ ဖြူ ခရမ်းချဉ် သီးတို့ ကို တစ်ဆင့်ခြင်းထည့် ပြီး
ဆီသတ် ချက်ပါက ပ်ုမို၍ အရသာ ရှိစေပြီး တာရှည်အထားခံ
စေ ပါတယ် )

( မှတ်ချက် - ကျမ အသုံးပြု ပြင်ဆင်ချက် ပြုပ် ရာတွင်
အသုံးပြု သောပါဝင် ပစ္စည်းမျာ သည် အိမ်တိုင်း မိးဖို ချောင်
တိုင်း တို့ တွင် အလွယ် တစ်ကူ ဝယ် ယူ ရရှိစေသော
ပစ္စည်း များ ဖြင့်သာ ပြင်ဆင် ပြုလုပ် သွားခြင်းဖြစ်ပါသည် )

Steemit မှ သူငယ်ချင်းမိတ်ဆွေ များ အားလုံး လည်း
လွယ်ကူ အဆင်ပြေ အရသာ ရှိစွာ ပြင်ဆင် ချက်ပြုပ်
စားသောက်ကြပါလို့

Steemit မှ fri များ အားလုံး ကျန်းမာ ချမ်းသားကြပါစေ

written and made -
@mamamyanmar

Sort:  

သိမ်းဆို​တော့ ​နောက်​တစ်​ခါ ဘာဟင်​များချက်​ဦးမလဲမသိ

ရှယ်ဘဲ

အကုန် စားလိုက်

ဟုတ် စားလိုက်ပြီလို့

အညာချက်လေးနဲ့ဆင်တယ်ဗျာကြိုက်သွားပီ

အညာ မှာနေတာပါဆို

အာ့ကြောင့် ထင်တော့ထင်တယ် အမျိုးတွေဆိုတာ ခ်ခ်ခ်

ငါး နက်ပက်သက်ပြီး ချက်နည်းတွေလဲ စုံသွားပြီဗျာ

ကောင်းမယ့်ပုံပါပဲ

စားကြည့်အုံမှဘဲ မ

အကုန် စားပလိုက်

vote ခဲ့တယ်ဗျာ
If u would like to vote me back
@aungmyotun

ဂွတ်ရှယ်ပဲဗျာ!
ဆက်လက်အားပေးနေပါတယ်ဗျ။

လာလည်ရင် ချက်ကြွေးမယ် နော်

i admire you that you can cook really well.

you can eat

အရိုးဆူးမှာကြောက်တယ်

ချက်​စားကြည့်​အုံးမယ်

ချက်​စားကြီးအုံးမယ်​ စားလို့​ကောင်းမယ်​ပုံပဲ​နော်