Buddha Day

in #myanmar6 years ago (edited)

ကဆုန်ညောင်ရေသွန်းပွဲ

++++++++++++++++++

Steemit မှမိတ်ဆွေ သူငယ်ချင်းများ အားလုံး မင်္ဂလာပါ ရှင့်

image

ဒီကနေ့ဟာ ကဆုန်လပြည့်နေ့ ဗုဒွနေ့ ဖြစ်ပါသည်
ကဆုန်လပြည့်နေ့ တွင် ညောင်ရေသွန်းပွဲတော် ကို စည်ကားစွာ ကျင်းပလျက် ရှိနေပါသည်

ညောင်ရေသွန်းပွဲကို ဂိမာနဟုဆိုသော နွေဥတု၏ နောက်ဆုံးလဖြစ်သော ကဆုန်လပြည့်နေ့တွင် ကျင်းပကြပါတယ်

ညောင်ရေသွန်းပွဲသည် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ဘာသာ
ရေး ပွဲတော်တစ်ခု ဖြစ်ပြီး ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ အထွဋ်
အမြတ်ထားရာ နေ့ထူး နေမြတ် ဖြစ်ပါသည်

image

ကဆုန်လပြည့် နေ့ကို နေ့ထူးနေ့မြတ်အဖြစ် ဗုဒ္ဓဘာသာ
မြန်မာလူမျိုး တို့အလေးအမြတ်ထားရခြင်း မှာ

ကဆုန်လညြ့် နေ့တွင် မြတ်စွာဘုရားဖွားမြင်တော်မူသည်

ကဆုန်လညြ့် နေ့တွင် ဘုရားအဖြစ်ရောက်တော်မူသည်

ကဆုန်လပြည့် နေ့တွင် ပရိနိဗ္ဗာန်စံတော်မူသည်

စသည့် ဗုဒ္ဓနှင့်စပ်လျဉ်း၍ အမှတ်တရ နေ့ထူးနေ့မြတ် ဖြစ်သည့်
အတွက်ကြောင့် ဖြစ်ပါသည်

ထို့ကြောင့်ပင် ညောင်ရေသွန်းပွဲတော်သည် မြန်မာလူမျိုးတို့ အမွန်အမြတ်ထားသော ပွဲတော်တစ်ရပ်ဖြစ်ပါသည်

ကျမ်းဂန်များအရ ကဆုန်လတွင် အသူရာမင်းနှင့် သိကြားမင်း တို့ တာဝတိံသာနတ်ပြည်တွင် စစ်မောင်းသံပေးနေခြင်း ဟု ထင်မှတ် ရပါသည်

ကဆုန်လတွင် နေအပူရှိန်မှာပူပြင်းလှသည့် အတွက် ကောင်းကင်တွင် မိုးသားများ အုံ့မှိုင်းကာ တဂျုန်းဂျုန်းနှင့် မိုးချုန်းသံများလည်း ကြားကြရပါသည်

ထိုအချိန်တွင် မြန်မာပြည်သူတို့သည် ငြိမ်းချမ်းသာယာစေကြောင်း ဆုမွန်တောင်းရင်း ညောင်ရေ သွန်းလောင်းကြသည် ဟု ဆိုကြပါသည်

ဗုဒ္ဓဘာသာဝင်တို့သည် မြတ်စွာဘုရားအား ကိုးကွယ်ဆည်းကပ်ရာမှ ဘုရားပွင့်တော်မူရာ အထိမ်းအမှတ်ဖြစ်သော ဗောဓိပင်များ အဓွန့်ရှည်စေရန်အတွက် ရေသွန်းလောင်းခြင်းကို အမြတ်တနိုးပြုလုပ်ကြခြင်လည်း ဖြစ်ပါသည်

"တန်ခူးကဆုန် ဆွေ့ဆွေ့ခုန်" ဟူသည်စကားနှင့်အညီ ကဆုန်လသည် အပူပြင်းဆုံးကာလ ရေဓာတ်အခမ်းခြောက်ဆုံးအချိန်
လည်းဖြစ်ပါသည်

ထို့ကြောင့် ဗုဒ္ဓမြတ်စွာပွင့်တော်မူရာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းခြင်းဖြင့် ညောင်ရေသွန်းပွဲ ပေါ်ပေါက်လာရသည် ဟု
လေ့လာ မှတ်သားမိပါသည်

image

ကဆုန်လပြည့်နေ့သည် မြန်မာ့တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုဓလေ့ ထုံးစံများအနက် ဆယ့်နှစ်လရာသီ ပွဲတော်များတွင် တစ်ခု အပါအ၀င်ဖြစ်သော ညောင်ရေသွန်းပွဲတော်ကို အသင်းအဖွဲ့များ၊ မိသားစုများ တပျော်တပါး ဆင်နွဲကြသော အခ်ျန်ကာလ
အခါသမယ ပင် ဖြစ်ပါတော့သည်

ကဆုန်ညောင်ရေသွန်းပွဲတော်နေ့ ဗုဒ္ဓနေ့တွင်
Steemit မှ မိတ်ဆွေ သူငယ်ချင်းများနှင့်တကွ
ဗုဒ္ဓဘာသာဝင် မိတ်ဆွေများအားလုံး ကောင်းမြတ်သော
တရားဓမ္မများ ကျင့်ကြံပွားများ၍ စိတ္တသုခ ကာယသုခ နှစ်ဖြာ
တို့ဖြင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါ
သည်

Author -
@mamamyanmar
MSc-070

Sort:  

ကဆုန်ညောင်ရေ သွန်ပြီးပြီလားဗျ

နေပူမှာစိုးလို့ စောစောသွားသွန်း

သုပ်တော့မှာ