တစ်ပတ်စာ ရာသီ အလွဲလေးတွေ 😁😁
ပြီးခဲ့တဲ့ ရက်ပိုင်းကဆို နေတွေမှ ပူလိုက်တာလွန်ပါရောဗျာ။
ရာသီဥတုက မိုး အလွန်ကို ရောက်လာပေမဲ့ ခုထိ ပူပြင်းမူ့တွေက တပ်ဆုတ်လို့ မပြန်ကျသေးဘူး။
မိုးရာသီ လို့ ဆိုရပြန်ရအောင်လည်း မိုးက ဘယ်ရောက်လို့ ရောက်နေတယ် မသိပါဘူးဗျာ။
ပြောနေကြ စကားလုံးလေးနဲ့ ပြောရရင်တော့ ပူချက်က လက်ကုန်ပါပဲဗျာ။
နေရင်း ထိုင်းရင်းကို ချွေး တဒီးဒီး စီးကျနေတယ်လေ။
ဒါနဲ့ ပန်ကာလေးတွေ ကြည့်ပြန်တော့ ပျက်နေတာက များများရယ်လေ။
ကိုယ်လည်း ဘယ်ရမလဲ အိမ်က ပိုက်ဆံ တောင်းပြီးသကာလ ဆုံလည် ပန်ကာလေး ၃ လုံး ပြေးဝယ်ပြီး ဆင်လိုက်တယ်လေ။
ရာသီဥတု က ကိုယ့်ဘက်ကိုပါတယ် လို့ ပြောရမယ် ကိုယ် ပန်ကာလေး ဝယ်ခဲ့ကာမှ မိုးကလေ သည်းလိုက်တာမှဗျာ။
၁ ရက်လည်းမဟုတ် ၂ ရက်လည်းမဟုတ် ရွာနေတော့ ကိုယ့်မှာ အသစ်ဝယ်လာတဲ့ပန်ကာလေးနဲ့ ဇိမ်တောင်မခံရသေးဘူး
မိုးလေး တအေးအေးနဲ့ စောင်နဲ့တောင် ကွေး လိုက်ရသေးတယ် 😁😁။
မိုးကလည်း ၃ ရက် ၄ ရက်လောက်စွေ ပြီးမှ တိတ်တော်မူတော့တယ်လေ။
ခုမိုးတွေ တိတ်တော့မှပဲ နံနက်ခင်းလေးရောက်တော့ အိပ်ရာက ထပြီး ကြည့်လိုက်မိတယ်။
အရပ် ၁၀ မျက်နာ အကုန်လုံး ဘာမှကို မမြင်ရပါလား
ဘာမှ မမြင်ရဆို မြူခိုးတွေ ဝေ့နေတာကိုး မကြာခင် ဆောင်းတောင် ရောက်တော့မှာပါလားလို့ တွေးမိသေးတယ်။
အေးစက်စက် နှင်းငွေ့ တွေက တစ်ကယ့် ဆောင်းရောက်သွားသလို စိတ်ထဲမှာ ခံစားမိတယ်ဗျာ။
ဘာလိုလိုနဲ့ ဒီ တစ်ပတ်ထဲနဲ့ ကျွန်တော်ကတော့ နှစ်တစ်နှစ်ရဲ့ အနှစ်သာရကို ခံစားကြည့်မိတယ်ဗျာ။
တစ်နှစ်မှာ ၃ လ နေမှ ကြုံရတဲ့ နွေ မိုး ဆောင်း ရာသီ ၃ ဥတု ကို ကျွန်တော်ကတော့ တစ်ပတ်နဲ့ ဖြတ်ကျော်ရတာ
ဘယ်လို ပြောရမလဲ ဖီလင် ပေါ့ဗျာ 😁😁။
ဒါနဲ့ နေပူရင်တော့ ပန်ကာ အသစ်လေးတွေ အလုပ်ပေးအုံးမယ်ဗျာ 😁😁။
MSC 045@lwanwai
You got a 1.55% upvote from @booster courtesy of @lwanwai!
NEW FEATURE:
Quick Delegation: 1000| 2500 | 5000 | 10000 | 20000 | 50000You can earn a passive income from our service by delegating your stake in SteemPower to @booster. We'll be sharing 100% Liquid tokens automatically between all our delegators every time a wallet has accumulated 1K STEEM or SBD.
ဟုတ်နေနာပဲ😁😁
ဟုတ် တယ် မမကြည်ရေ 😁😁
ဆရာမကြာခင် ဆောင်းဝင်ခိုက်ခိုက်တုန်တေှာ့ာမှာပါဆရာ
Posted using Partiko Android
ဆောင်းအရသာလေးကို ကြိုက်တယ်ဗျာ 😊😊
ဆရာအရင်ရက်ကပရိုမတင်ဖြစ်ဘူးနော်မတွေ့လို့
ဟုတ်တယ် ကိုယုရေ အလုပ်လေးတွေရူပ်နေတော့ စာမရေးဖြစ်လို့😊😊
ရာသီဥတုကြမ်းတာဆို ကလေးတွေ အရမ်း ဂရုစိုက်နေရတယ်
ဟုတ်တယ် မမစု ကလေးတွေက သိပ်တော့ ဒဏ်မခံဘူးရယ်😊
Congratulations @lwanwai ! You received a 0.58% upvote from @kryptoniabot & @kryptonia for your task of 10 SUP Today.
Remember to receive votes from @kryptoniabot
Run a task on Kryptonia.*Join free here Kryptonia Account
Use the tags KRYPTONIA or SUPERIORCOIN in your Steemit post.
Delegate to the Kryptonia Upvote by clicking links: 10SP , 50SP , 100SP , 500SP , 1000SP
Due to an increased amount of tasks, we have changed up the voting power to evenly spread out the Upvote amount.
Thanks for your support 😍😍
လွဲတဲ့အခါလည်း လွဲပေမပေါ့ဗျာ
ဟုတ်ပ ကိုဟိန်းရေ လွဲလွဲ လေးလည်းကောင်းပါတယ်ဗျာ
ကျနော့ထဲမှာ ခေါင်းစဉ်ကဒီလိုတွေပေါ်နေတယ် ကိုလွမ်းဝေရေ
ဖောင့် မမှန်တာ ကိုတိုးတက်ရေ 😀😀
ဟုတ်တယ် အညာက အပူလွန် အအေးလွန်။
ဟုတ်ပဗျာ အညိုးညိုးပဲ 😁😁
Posted using Partiko Android
အဲယားကွန်းသာဝယ်ပါဗျာ
😁😁 အဲ့တာ အကောင်းဆုံးပဲ ကြည့်တော့ကြည့်နေတယ်😁
Posted using Partiko Android
နေပူပါစေ ဆုတောင်းနေတော့မှာပဲ ပန်ကာအသစ်လေးနဲ့ဆိုတော့... 😄😄
နေပူတော့လဲ လေပူတွေ အဟေးဟေး😆
Posted using Partiko Android
ရာသီဥတုကပူလိုက်၊အေးလိုက်၊မိုးရွာလိုက်နဲ့...မဆိုးဘူး...အချိန်ခဏလေးနဲ့ဥတုသုံးပါးခံစားရတာ😁
Posted using Partiko Android
အေးအေးဆေးဆေးလေးပဲ တစ်နစ်စာကို 😁😁
Posted using Partiko Android
ဖောက်လွှဲဖောက်ပြန် ရာသီတွေဖြစ်နေတာပဲဖြစ်မှာပဲဗျ ငယ်စဉ်က ရာသီဥတုနဲ့ အခု ရာသီဥတု မတူတော့တာတော့ သေချာပါတယ် အဲဒီမှာ အလုပ်မဖြစ်ရင် ဒီပို့လိုက်တော့ ဒီမှာတော့ နေ့တိုင်းပူနေတာပဲ မိုးရွာလည်း ပူတုံး နေပူရင်ပိုဆိုးတာပေါ့
ကိုစိုးရေ တော်ကြာ မိုးက ရေအေးမကျပဲ ရေနွေးတွေကျနေပါ့မယ် 😁😁
Posted using Partiko Android