တိဗက်ဗုဒ္ဓဘာသာမှ ဘေသဇ္ဇဂုရုဗုဒ္ဓ ဆေးဘုရား (ဆန်ဂေမန်လ)

in #myanmar6 years ago

image

သကျမုနိ ရှင်တော်ဗုဒ္ဓက၏ ကနဦးသံဃာအဖွဲ့အစည်းကို ထူထောင်စက ရဟန်းတော်များကို ဆေးမကုရန် တားမြစ်ထားခဲ့၏။ ဝိနည်းတော်တွင်ပါရှိသော အရက်သေစာမသောက်စားရခြင်း နေ့လွဲညစာရှောင်ကြဉ်၍ တစ်နေ့လျှင် တစ်ထပ်တည်းသော ဆွမ်းကိုသာ စားရခြင်းတို့သည် ကျန်းမာရေးကို အကျိုးပြုသော်လည်း ကျန်းမာခြင်းသက်သက် ကို အလေးထားဦးတည် ညွှန်ကြားချက်များမရှိသလောက်ဖြစ်၏။ သာသနာတော်၏ အနှစ်သားအသက်မှာ သီလ သမာဓိ ပညာတည်းဟူသော သိက္ခာတကားများကို ကျင့်ကြံအားထုတ်၍ ဆင်းရဲဒုက္ခကင်းကုန်ရာ ငြိမ်းရာ အမတသစ္စာတရားကို ထိုးထွင်းသိမြင်၍ လွတ်မြောက်ရန်အတွက်သာ ဖြစ်၏။ ရှင်တော်ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုပြီးသည့်နောက်ဝယ် ဆေးပညာသည် သံဃာအဖွဲ့အစည်းတွင် အရေးပါသော အခန်းကဏ္ဍမှ နေရာယူလာသည်။

ဤသို့ပြောင်းလဲလာမှု၏ အရင်းအမြစ်သည် မဟာယာနဗုဒ္ဓဘာသာ အလိုအအရ မိမိတစ်ဦးတည်းအကျိုးအတွက်မဟုတ်ဘဲ အများဝေနေယျ သတ္တဝါတို့၏ ချမ်းသာခြင်းအကျိုးအတွက် ချမ်းသာခြင်းအတွက်လည်း ဖြည့်ကျင့်အားထုတ်ရမည်ဟု သွန်သင်သောကြောင့်ဖြစ်သည်။ အကျိုးဆက်အားဖြင့် ဘိက္ခူ ရဟန်းများနှင့် ဘိက္ခူနီရဟန်းမများသည် အာရှယဉ်ကျေးမှု၏ ရှေးဟောင်းအမွေအနှစ် ဆေးပညာရပ်မားကို လက်ဆင့်ကမ်း သယ်ဆောင်လာခ်ဲသူများဖြစ်သည်။ ရှင်တော်ဗုဒ္ဓ၏ မဟာကရဏာတရားဒေသနာတော်နှင့် ဆေးပညာတို့ကို တစ်သားတည်း ပေါင်းစပ်နိုင်မှုကြောင့် မဟာယာနဗုဒ္ဓဘာသာ နယ်ပယ်တွင် သမားတော် ဗောဓိသတ္တများ ထွက်ပေါ်လာခဲ့ပြီး ရိုသေကိုင်းညွတ်ရာ ဥာဏ်အလင်းကို ကိုယ်စားပြုသော အားလုံးအတွက် ဗုဒ္ဓအရှင်မြတ်များ ဖြစ်ပေါ်လာခဲ့၏ ၎င်းတိ့းအနက် ရှေးဦးမူလ အစပထမဆုံး ပေါ်ပေါက်လာခဲ့သည်မှာ ဆေးပညာ၏အရှင်သခင် အမြတ်ဆုံး သမားတော် (King of Remedies and Supreme Physician) ဖြစ်၏။ ၎င်းနောက်တွင် ဆက်လက်ထွန်းပေါ်လာသည်မှာ အခု ဒေါက်တာချို ပယ်လ် သင်ကြားပို့ချနေသော ဘေသဇ္ဇယေဂုရုခေါ် ဆန်ဂေမန်လ (ဝါ) ဆေးဘုရားသလင် ဗုဒ္ဓသခင်ဖြစ်၏။ ယင်းကျန်းမာခြင်းကိုဆောင်သော ဗောဓိသတ္တနှင့် ဘုရားရှင်တို့သည် အာရှဒေသ တစ်လွှားဝယ် အလွန်ကျော်ကြားလာပြီး ဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ယုံကြည်မှု ကမ္ဘာကိုဘကြွယ်ဝစေခဲ့၏။ နောက်ပိုင်းတွင် တိဗက်လူမျိုးတို့က. ဆန်ဂေမန်လ (ဝါ) ဆေးဘုရားရှင် ဗုဒ္ဓသခင်ကို ကျွန်တော့် ဆရာ၏ စားပွဲပေါ်တွင် ရှိမေသော ဆေးပညာအခြေခံ တန္တရကျမ်း လေးကျမ်း၏ ရေသောက်မြစ်အဖြစ် လက်ခံယုံကြည်ခဲ့ကြလေသည်။

ဘေသဇ္ဇဂုရုဗုဒ္ဓ ဆေးဘုရား (ဆန်ဂေမန်လ) ဟူသည်မှာ တိဗက် မဟာယာနဗုဒ္ဓဘာသာဝင်တို့ အထူးလေးမြတ် ကိုးကွယ်ကြသော ဈာနိဗုဒ္ဓ တစ်ဆူဖြစ်ပြီး သတ္တဝါတို့၏ ကျန်းမာရေးနှင့် ဆေးကုခြင်းအတတ်ပညာကို စောင့်ရှောက်၏။ သကျမုနိဗုဒ္ဓအပါအဝင် ရှစ်ပါးသော ဆေးဘုရားဗုဒ္ဓရှင်တော်များ အနက်တစ်ဆူဖြစ်ပြီး အုပ်စုကို ဦးဆောင်သူလည်းဖြစ်၏ တိဗက်လူမျိုးတို့ကလည်း ဘေသဇ္ဇဂုရုဗုဒ္ဓ ဆေးဘုရား(ဆန်ဂေမန်လ) ဟူသည်မှာ တိဗက်ရိုးရာ ဆေးပညာကို လူသားတို့အား သင်ကြားပေးခဲ့သည့် ဘုရားရှင်အဖြစ် ယုံကြည်လေးမြတ် ပူဇော်ကြ၏။

image

ဘေသဇ္ဇဂုရုဗုဒ္ဓ ဆေးဘုရား (ဆန်ဂေမန်လ) ၏ ရုပ်ပွားတော်များကို ထုလုပ်ပူဇော်ကြရာတွင် ဘုရားရှင်၏ ကိုယ်ခန္ဓာကို လက်ပိလာဇူလိ အပြာရောင်ကျောက်၏ အရောင်မျိုးဖြင့် ထုလုပ်ကြသလို တစ်ခါတစ်ရံတွင်လည်း ရွှေဝါရောင် ဝင်းပသော အသားအရေတော်ဖြင့် ပူဇော်ကြသည်လည်းရှိ၏ ဘိက္ခုရဟန်းတို့၏ သင်္ကန်းကို ဆင်မြန်းထားသော ဘေသဇ္ဇဂုရုဗုဒ္ဓ ဆေးဘုရား(ဆန်ဂေမန်လ)၏ ဈာနမုဒြာဟန် လက်ဝဲဘက်လက်တော်တွင် အမြိုက်ရည်အိုးကို တင်ထားပြီး လက်ယာဘက် လက်တော်ကမူ ဖန်ခါးပင်၏ အခက်အလက်တစ်ခုကို ကိုင်ထားဟန်ဖြင့် ဖော်ပြလေ့ရှိကြ၏။

ရှင်တော်ဗုဒ္ဓကို သမားတော်ဆရာကြီး(ဘေသဇ္ဇဂုရု) အနေဖြင့် တင်စားခေါ်ဆိုခဲ့ကြသည်မှာ သမိုင်းဝင် ဂေါတမဗုဒ္ဓ၏ လက်ထက်တော်ကတည်းကဖြစ်၏။ ဗုဒ္ဓ၏အရိယာသစ္စာ(၄)ပါး တရားတော်သည် ဆေးပညာ၏ဖွဲ့စည်းတည်ဆောက်ပုံ ဖြစ်သောရောဂါအမည်ဖော်ထုတ်ခြင်း ရောဂါ၏ အကြောင်းတရားကို ဖော်ထုတ်ခြင်း ရောဂါ၏ပျောက်ကင်းသက်သာခြင်းနှင့်ရောဂါပျောက်ကင်းစေသော ဆေးကုထုံးတို့နှင့် ဆင်တူစွာ ဒုက္ခ ဒုက္ခ၏ချုပ်ငြိမ်းရာ နိရောဓနှင့် ဒုက္ခ၏ချုပ်ငြိမ်းကြောင်း အကျင့်မဂ်လမ်းစဉ် စသည်တို့ကို ဖော်ပြထားသောကြောင့်ဖြစ်၏။

အရှင်သန္တိဒေဝမထေရ် ရေးသားစီရင်တော်မူသော မဟာယာနဗုဒ္ဓဘာသာ၏ အဓိကကျမ်းစာတစ်ခုဖြစ်သည့် ဗောဓိစာရ ဝတာရကျမ်းတွင်လည်း ရှင်တော်ဗုဒ္ဓကိုသဗ္ဗညုတဉာဏ်နော်အားဖြင့် အရာရာကို သိနိုင်စွမ်းသောသမားတော်ကြ်ီးအဖြစ် ရောဂါဝေဒနာဟူသမျှတို့ကို ပျောက်ကင်းစေကြောင်း ရေးသားပူဇော်ထားသည်ကိုတွေရ၏။ ငါသည် နာမကျန်းသူတို့အတွက် ဆေးဝါးဖြစ်ပါစေ။ သမားတော်ဖြစ်ပါစေ။ ဝေနေယျသတ္တဝါတို့၏ အနာရောဂါများ ထပ်မံမဖြစ်ပွားတော့သည် အထိ ငါသည် နာမကျန်းသူတို့ကို ပြုစုစောင့်ရှောက်ရသည့်သူနာပြုပမာ ဖြစ်ပါစေ ဟူ၍လည်း အဓိဋ္ဌာန်ပြု ရေးသားခဲ့၏။ ဤသို့အားဖြင့် ဘေသဇ္ဇဂုရုဗုဒ္ဓ ဆေးဘုရား (ဆန်ဂေမန်လ) သည် အဆူဆူသောမြတ်စွာဘုရားရှင်တို့၏ မဟာကရုဏာတော်ကို သင်္ကေတပြုထားသော နိမိတ်ပုံတစ်ခု ဖြစ်လာခဲ့၏။

မန္တန်ရွတ်ဆိုပုံအား ဒီတွင်နားထောင်ပါ။

https://m.youtube.com/results?q=medicine%20buddha&sm=3

နမော ဘဂဝတော ဘေသဇ္ဇဂုရု ဝိဓူရပဘာရာဇာယ တထာဂတာယ အရဟတေ သမ္မာသမ္ဗုဒ္ဓါယ တဓျာထာ ဥုမ် ဘေသဇ္ဇယေ ဘေသဇ္ဇယေ မဟာဘေသဇ္ဇယေ သမုဂတေ သွာဟာ ဟူသော ဂါထာသည် ဘေသဇ္ဇဂုရုဗုဒ္ဓ ဆေးဘုရား (ဆန်ဂေမန်လ)ကို ရှိခိုးပူဇော်သော မန္တန်ဖြစ်ပြီး အရဟံ သမ္မာသမ္မုဒ္ဓေါစသည့် ဂုဏ်တော်များနှင့် ပြည့်စုံတော်မူသော ဆေးပညာအသိဉာဏ်အပေါင်းတို့၏ ဘုရင် ဆေးဘုရားရှင်ကို ရှိခိုးပူဇော်ပါ၏။ အိုကြီးမြတ်သော သမားတော်ကြီး ဖြစ်တော်မူထသော ဆေးကုသမှု ပညာ၏ အရှင်သခင် ဘုရင်မင်းမြတ် ဆေးဘုရားရှင် ကိုယ်တော်မြတ်သည် (တပည့်တော်ထံသို့) ကြွရောက် တော်မူပါစေသတည်း။ ဟူသည့် အနက်အဓိပ္ပါယ် ရှိလေသည်။

မှီငြမ်း ။ ။
၁။ http://www.khandro.net/deities_ sangyemenla.htm
၂။ https://en.m.wikipedia.org/wiki/Bhaisajyaguru

Photo Source -
1.https://davidmichie.com/a-few-words-on-medicine-buddha/

  1. http://www.qigongandlongevity.com/gallery/

MSC - 226
@linnhyotaryar
@လင်းညို့တာရာ

Sort:  

ဆေးဘုရားအကြောင်းသိခွင့်ရလို့ ကျေးဇူးပါ။

ဟုတ်ကံ့

ထေရဝါဒတော့ တော်တော်ကွာခြားပါတယ်

ဟုတ်တယ်

မဟာယာနနဲ့​ထေရဝါဒအရမ်းကိုကွာခြားပါတယ်​ရှင်​။

ဟုတ်ပါတယ်

မစု နှင့်​ အိခင်​​ပြောတဲ့အတိုင်း ပါ

ဟုတ်တာပေါ့

ထေရဝါဒ ဗုဒ္ဓဘာသာ စစ်စစ် ဆိုတာ မြန်မာ မှာဘဲရှိပါတော့တယ်

အရမ်းကြီူမစစ်တော့ပါဘူး မြန်မာထက် သီရိလင်္ကာက ပိုစစ်ပါတယ်

တော်တော်ကွာခြားပါတယ်

ခြားပါတယ်

တော်တော် မတူကွဲပြား ပါတယ်

ဟုတ်ပါတယ် မတူပါဘူး

ပိဋကတ်တော်လာ ဘုရားရှင်ရဲ့ လက္ခဏာတွေသာ စစ်မှန်ပါတယ် တိဗက်လို မဟာယာနတွေက ကွန့် မြူးပြီး ဆန်းသစ်ထားတဲ့ ဘုရားရုပ်ထုတွေက အနည်းငယ် ကွဲလွဲပါတယ်

တင်ပါ့ အရှင်ဘုရား မဟာယာနရော တိဗက်ရော ဇင်ရော မတူကွဲပြားတဲ့ နည်းနာတွေရှိနေတာပဲ ဘုရား

ကောင်းပါ့ဗျား .. သုတတိုးပါတယ်​ဗျ ..

ဟုတ်ကဲ့

ဗဟုသူုတရပါတယ်ဗျာ

HOTE ကျေးဇူး

မက်မက်စု မက်မက်အိနဲ့ ကွီးထွေးပြောသလိုပဲဗျာ။

တိန်

ကျေးဇူးပါ