ကြက်ဟင်းခါးသီး၏ ရုက္ခဗေဒအမည်မှာ မိုမိုဒီကာ ကာရန်တီးယား (Momordica charantia) ဖြစ်ပြီး ကျူကာဘိုက်တွေစီယေး (Cucurbitaceae) မျိုးရင်းတွင် ပါဝင်သည်။ အခါးအရသာရှိသော အသီးများထဲတွင် အခါးဆုံးဖြစ်ပြီး နွယ်ပင်တစ်မျိုးဖြစ်သည်။ အင်္ဂလိပ်ဘာသာအမည်အားဖြင့် bitter melon, bitter gourd ဟုခေါ်ဆိုသည်။ ၎င်း၏ ဇာတိဒေသကို အတိအကျမသိရပေ။ အပူပိုင်းဒေသတွင် ပေါက်ရောက်သည်။ အိန္ဒိယ၊ နီပေါ၊ အရှေ့တောင်အာရှ၊ တရုတ်၊ အာဖရိကနှင့်တနှစ်ခံ ချုံယောင် နွယ်ပင်မျိုးပင်ဖြစ်သည်။
အကိုင်းအခက်များသည်။ ပင်စည်ရိုးတန် စိမ်းဖြော့ရောင်ရှိပြီး လေးထောင့်ဖြစ်သည်။ ပင်စည်တွင် အမွှေးနုများဖြင့် ဖုံးလွှမ်းနေ၍ နွယ်နှာမောင်းများရှိသည်။ရွက်လွှဲထွက်သည်။ အဝိုက် ၅-၇ ခုရှိ၍ အလွန်ဟိုက်ပြီး လက်ဝါးရွက်ပေါင်းကဲ့သို့ ဖြစ်နေသည်။ ရွက်နားပတ်လည် အတွန့်များရှိ၏။ ရွက်ရင်းမှစ၍ ရွက်ကြောဖြာသည်။ အောက်မျက်နှာပြင်၌ အမွှေးနုမလေးများ ရှိသည်။ ရွက်ညှာရှည်သည်။ အပွင့်သည် အဝါရောင်ရှိပြီး တလက်မခန့်ရှည်သည်။ ပွင့်ဖတ် ၅ ခုရှိသည်။ အဖိုပွင့် အမပွင့်ရှိ၍ အဖိုပွင့်၏ ပွင့်ညှာတံ ပိုရှည်သည်။ အမပွင့်တွင် မျိုးအိမ်ထင်ရှား၏။ အပင်ဖြစ်ပြီး ၂ လ၊ ၃ လ ကြာလျှင် ပွင့်၏။ အသီးသည် နုသောအခါ စိမ်း၍ ရင့်သောအခါ လိမ္မော်ရောင် ဖြစ်လာသည်။ အသီး အရင်း အဖျားသွယ်၍ မျက်နှာပြင် မညီမညွှတ် အဖုကလေးများရှိသည်။ အမြှောင်းငါးခုပါသည်။ အစေ့များသည်။ ကရစ်ဘီယံဒေသတို့တွင် ပေါက်ရောက်သည်။
မြန်မာနိုင်ငံ နေရာ အနှံ့အပြား၌ စိုက်ပျိုးသည်။ သဘာဝ အလျောက် ပေါက်ရောက်သော ကြက်ဟင်းခါးငယ်မျိုးလည်း ရှိသည်။ စိုက်ပျိုးပင် ဖြစ်သည်။အစေ့ကို တိုက်ရိုက်ချ၍ စိုက်ပျိုးနိုင်သည်။ စိုက်ချိန်မှာ မိုးဦးတွင် တန်ခူးမှ နယုန် ၊ မိုးနှောင်းတွင် သီတင်းကျွတ်မှ တန်ဆောင်မုန်းဖြစ်သည်။
ကြက်ဟင်းခါးသီးမှာ မျိုးသေချာစွာ ခွဲခြားထားခြင်း မရှိသေးပါ။ အကြမ်းအားဖြင့် အသီး၏ အရွယ်အစားကို လိုက်ပြီး အပုမျိုး၊ အရှည်မျိုးနှင့် အလုံးမျိုးဟုသာ ခေါ်ဝေါ်ကြသည်။ အပုမျိုးသည် (၇) စင်တီမီတာမှ (၁၀) စင်တီမီတာရှိပြီး အရှည်မျိုး သည် (၁၅) စင်တီမီတာမှ (၁၈) စင်တီမီတာအထိ ရှည်ပါသည်။ အလုံးမျိုးမှာမူ ကြက်ဟင်းခါးအရိုင်းမှ သီးသောအမျိုး ဖြစ်ပြီး လေးသော အရသာရှိသဖြင့် အချို့တောင်သူ များက အထူးကြိုက်နှစ်သက်ကြပါသည်။ အသီးအရောင်မှာ အဖြူရောင်၊ အစိမ်းရောင် ရှိနိုင်သည်။ ကြက်ဟင်းခါးပင်သည် ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ တောင်ပေါ်အေးသော အရပ်များတွင်မူ စိုက်ပျိုးဖြစ်ထွန်းနိုင် သည်။
ကြက်ဟင်းခါးပင်သည် ရေစီးရေလာကောင်းပြီး မြေသြဇာဓာတ်အသင့်အတင့်ရှိသော နေရာများတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ သဲနုန်းမြေ၊ နုန်းစနယ်မြေ၊ နုန်းမြေများတွင်လည်း များစွာဖြစ်ထွန်းပါသည်။ ကြက်ဟင်းခါးကို စီးပွားဖြစ်စိုက်ရန် အတွက် ထယ်တစ်စပ်ထိုးပြီး ထွန်(၆) စပ်မှ (၉၈) စပ်အထိထယ်ရေးကောင်းသည့်တိုင်ထွန်ယက်ပြီးနောက် ကြမ်းတုံးရိုက်ရမည်။ ထို့နောက် လေးကွက် ကြားစိုက် နိုင်ရန် တစ်တန်းနှင့်တစ်တန်း (၉၅) ပေ၊ တစ်ပင်နှင့်တစ်ပင် (၃)ပေ ရစေရန် ထွန်ဖြင့်ကြောင်းဆွဲပေးရမည်။ စင်တင်စိုက်ရန် စိုက်ဘောင်များ ပြုလုပ်ပေးရမည်။ အလျားပေ (၉၂၀)၊ အနံ (၃) ပေရှိသော မြေကွက်ကို ပေါက်တူးဖြင့် တူးဆ၍ မြေဆွေးဖြင့် ဆတူရောစပ်ပြီး အမြင့်(၁) ပေ၊ (၁) ပေခွဲခန့် စိုက်ဘောင်ပြုလုပ်ပေးရပေမည်။ သို့မဟုတ် စိုက်ကျင်းပြုလုပ်၍ လည်း စိုက်နိုင်ပါသည်။
နွားချေးမြေသြဇာကို တစ်ဧကလျှင် (၁၀) တန်မှ (၁၅) တန်အထိထည့်ပေးရန် လိုအပ်ပြီး ယူရီးယားဓာတ်မြေသြဇာ (၂၂၄) ပေါင်နှုန်း ထည့်ပေးရန် လိုအပ်သည်။ ဓာတ်မြေသြဇာကို ထည့်ရာတွင် မြေကြီးနှင့်သမသည့်တိုင် ရောမွှေထွန်ယက်ပေးရန် အရေးကြီးပါသည်။ တီစူပါဓာတ်မြေသြဇာ တစ်ဧကလျှင် (၁၁၂) ပေါင်နှုန်း ထည့်ပေးရန် လိုအပ်ပါသည်။ရင့်မှည့်၍ ရောဂါကင်းသောအသီး အစေ့များဖြင့် မျိုးပွားနိုင်သည်။
ကြက်ဟင်းခါးကို အစေ့မှ တိုက်ရိုက်စိုက်သော နည်းကို သုံးနိုင်သည်။ မိုးရာသီစိုက်မှာ မေလနှင့်ဇွန်လများတွင် စိုက်ပျိုးပြီး ဆောင်းရာသီစိုက်မှာ အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပါသည်။ စင်တင်စိုက်ပျိုးနည်းတွင် စိုက်ဘောင်(သို့မဟုတ်) စိုက်ကျင်းတွင် တစ်ပင်နှင့်တစ်ပင် (၂) ပေခွာပြီး မျိုးစေ့တစ်ကျင်းလျှင် (၃) စေ့ချစိုက်ရ ပါမည်။ အသန်စွမ်းဆုံးအပင်တစ်ပင်ကိုသာ ချန်ပြီး အပင်ကလေးများ စင်ပေါ်တွယ်တက်နိုင်ရန် ၀ါးခြမ်းကို ထောင်ပေးရပါမည်။ အညွန့်များ စင်ပေါ်ရောက်လျှင် အညွန့်ကို လက်ဖြင့်ဆိတ်ပေးရပါမည်။ သို့မှသာ အည့န့်များဖြာထွက်ပြီး စင်ပေါ်တက်ပေးမည်။
စီးပွားဖြစ် စိုက်မည်ပါက တစ်တန်းနှင့်တစ်တန်း (၅) ပေခွာပြီး တစ်ပင်နှင့်တစ်ပင် (၃) ပေခွာ၍ စိုက်ပျိုးရန် လိုအပ်ပါသည်။ အချို့တောင်သူ များသည် မိမိခြံစည်ရိုးဘေးတွင် အစေ့များကြဲပက်ထားပြီး အပင်များကို ခြံစည်းရိုးပေါ်တွင် သီးစေသည်။ တစ်ဧကလျှင် မျိုးစေ့(၂-၃) ကီလိုဂရမ် လိုအပ်၏ က်ြဟင်းခါးစေ့ (၁၀၀) ဂရမ်လျှင် စေ့ပေါင်း (၇၀၀) ပါသည်။ မြန်မာပြည်အလယ်ပိုင်းတွင် မိုးရာသီစိုက် ကြက်ဟင်းခါးကို အထူးရေသွင်းပေးရန် မလိုပါ။ ဆောင်းရာသီစိုက် ကြက်ဟင်းခါးတွင်မူ မြေအနေအထားအရ (၁၀) ရက်မှ (၁၅) ရက်ကြာရေပေးရန် လိုအပ်သည်။
စီးပွားဖြစ်စိုက်သောအကွက်များတွင် အပင်ကလေးများ ငယ်စဉ်ကြားထွန်လိုက်ပေးရန် လိုသည်။ အပင်များမြေတွင် ဖြာလာလျှင် ကြားထွန် မလိုက်သင့်တော့ပေ။ အမြစ်နှင့်အညွန့်များ ထိခိုက်ပါက အထွက်ထိခိုက်နိုင်။ အပင်ခြေရင်းပေါင်းများကိုမူ လက်ပေါင်းလိုက်ပေးသင့် သည်။ ကြက်ဟင်းခါးပင်မျ ပန်းစပွင့်လျှင် အညွန့်များဖြတ်ပေးသင့်သည်။ သို့မှသာ အညွန့်ပိုင်းပိုမိုဝေဆာပြီး အသီးပိုမိသီးမည်ဖြစ်သည်။ ကြက်ဟင်းခါးသီးကို အပင်သက် (၇၅) ရက်မှ (၉၂) ရက်ကြာလျှင် ဆွတ်ခူးနိုင်သည်။ မရင့်မှည့်မီတွင် ဆွတ်ခူးသင့်သည်။ ရင့်မှည့်သော အသီးမှ အစေ့များရင့်မာသွားလျှင် စားသုံးရန်ကောင်းချေ။ အသီးများကို မရင့်မည့်မီ တစ်ရက်ခြား တစ်ကြိမ် ဆွတ်ခူးသင့်သည်။
အပင်အပြုစုကောင်းပြီး မြေကောင်းတွင် စိုက်ပါက ပိုမိုအထွက် ကောင်းပါသည်။တစ်ဧကလျှင် ကြက်ဟင်းခါးသီးလုံးရေ (၂၇၀၀၀) မှ (၃၀၀၀၀) ကီလိုဂရမ် ထွက်နိုင်ပါသည်။
ရင့်မည့်၍ ၀င်းဝါနေသော ကြက်ဟင်းခါးသီးများကို ဆွတ်ခူးပြီး အစေ့များကို ထုတ်ယူပါ။ ထို့နောက် ရေဖြင့် အချွဲများ စင်အောင်ဆေးပြီး နေ(၃) နေလှန်း၍ လေလုံဘူးတွင် သိုလှောင်ထားနိုင်ပါသည်။ ကြက်ဟင်းခါးသီးများကို ဆွတ်ခူးပြီးနောက် ကြာရှည်စွာ သိုလှောင်၍ မရပါ။ ဆွတ်ခူးပြီး အသီးများကို ဈေးသို့အမြန်ပို့၍ ရောင်းချ/ပေမည်။ အအေးဓာတ်ရှိပြီး လေ၀င်လေထွက်ကောင်းသောနေရာများတွင် အသင့်တော်ဆုံး သိုလှောင်ထားနိုင်ပေသည်။
ကြက်ဟင်းခါးစိုက်ရာတွင် အောက်ပါအချက်များကို အထူးဂရုစိုက်သင့်သည်။ ကြက်ဟင်းခါး၊ ဘူး၊ ဖရုံ အမျိုးအနွယ်ဖြစ်သဖြင့် ဆေးဖျန်းရာတွင် ဒီဒီတီ၊ ဘီအိပ်ခ်ျစီ၊ အင်ဒရင်းဆေးများ မပက်ဖျန်းရပါ။ ကြက်ဟင်းခါးပင် ကလေးများ ကြီးလာပြီး အညွန့်စင်ပေးတက်လျှင် အညွန့်ကို ဖြတ်တောက်ပေးပါ။ သို့မှသာ အညွန့်ခွပြီး ပိုမိုသီးပါ သည်။ ကြက်ဟင်းခါးပင်ကို ရေလောင်းရာတွင် ရေပေးမလွန်ရန် အရေးကြီးပါသည်။ ရေပေးလွန်က အမြစ်ပုပ်ပြီး အပင်သေနိုင်ပါသည်။
ကြက်ဟင်းခါးအပင်ဖြင့် ပတ်သက်သည့် ဆေးနည်းပေါင်းများစွာလည်းရှိပါသည်။ မြန်မာ ဆေးကျမ်းများ အလိုအရ ခါး၏။ စပ်ရှားရှားရှိ၏။ အေး၏။ ကြေကျက်လွယ်၏။ ဝမ်းကို သက်စေ၏။ ပိုးကိုနိုင်၏။ ဆာလောင်ခြင်းကို ဖြစ်စေတတ်၏။ သည်းခြေသလိပ် ကိုနိုင်၏။ မျက်စိရောဂါ၊ ယောနိ၌ ဖြစ်သော ရောဂါများ၊ သွေးအားနည်းခြင်း၊ ဆီးနှင့်စပ်သော ရောဂါများကို ပျောက်စေသည်။
ကြက်ဟင်းခါးရွက်ကို ဆား၊ ထန်းလျက်ထည့်၍ ၃ ခွက် တခွက်တင် ကျိုသောက် တုံဖျား၊ ချမ်းဖျား ပျောက်သည်။ အရွက် ကြိတ်ညှစ်ရည်ကိုသောက်လျှင် အူတွင်းရှိ ရောဂါပိုးများ သေကြေပျက်စီးသည်။ ကြက်ဟင်းခါးရွက်ရည်ကို ဖန်ခါးသီးနှင့် သွေးသောက်သော် အသဲရောင်၍ အသားဝါသော ရောဂါပျောက်ကင်းသည်။ မူးမော်ခြင်း ပျောက်ရန်၎င်း၊ ညှော်ခံ ဆေးအဖြစ်၎င်း ကြက်ဟင်းခါးရွက်ကို ချေ၍ ရှူပေးရသည်။
အဖျားကို နိုင်သောသတ္တိရှိသဖြင့် အရွက်ကို ကြိတ်၍ ရသောအရည်ကို တိုက်ပေးခြင်းဖြင့် သွေးလွန်တုတ်ကွေးရောဂါ ပျောက်သည်။ ခွေးရူးကိုက်သော နေရာတွင် အရွက်ကိုကြိတ်၍ အုံပေးခြင်း၊ အရည်ညှစ်ထည့်ပေးခြင်း၊ သောက်ပေးခြင်းဖြင့် ပျောက်ကင်းသည်။
ကြက်ဟင်းခါးသီးအခြောက်ကို ကျောက်ပြင်တွင် သွေးလူးသော် လည်ချောင်းရောင်သော ရောဂါ ပျောက်ကင်းသည်။ကြက်ဟင်းခါးသီးရည်ကို ဆီနှင့် ရောသောက်က ကာလဝမ်းရောဂါ ပျောက်ကင်းသည်။ ၎င်းအရည်တွင် ပျားရည်အနည်းငယ် ရောသောက်လျှင် ရေဖျဉ်းရောဂါ ပျောက်ကင်းသည်။ အသီးနုအရည်ကို မီးပေါ်၌ နွှေး၍ လိမ်းပေးလျှင် အဆစ်ရောင်ရောဂါပျောက်သည်။
ကြက်ဟင်းခါးသီးအရည်ဟာ သွေး ဆိပ်သင့်တာကြောင့်ဖြစ်တဲ့ အနာနဲ့ ယား ယံမှုတွေကို ကုသရာမှာ အလွန်အကျိုး ကျေးဇူးများပါသည်။ လတ်ဆတ်သည့် ကြက်ဟင်းခါးသီး အရည်ကို သံပရာရည်နဲ့ ရောကာ အစာမရှိချိန် ဖြည်းဖြည်းချင်း ငုံပြီး နေ့စဉ်သောက်ပေးရင် (၄-၆)လ အကြာမှာ သိသာသည့် တိုးတက်မှုကို တွေ့ရပါသည်။ ကာလဝမ်းရောဂါအစောပိုင်း အဆင့်မှာ ကြိတ်ခြေထားတဲ့ ကြက်ဟင်းခါး ရွက် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက်သွန်နီအရည် လက်ဖက်စားဇွန်း နှစ်ဇွန်း၊ သံပရာရည် လက်ဖက်စားဇွန်း တစ်ဇွန်း တို့ကို ဆတူရောပြီး နေ့စဉ် သောက်ပေး ပါ။
ကြက်ဟင်းခါးသီးမှာ ပါတဲ့ အပင် ထွက်အင်ဆူလင်ဟာ ဆီးနဲ့ သွေးထဲက သကြားဓာတ်ကို လျော့ကျစေတဲ့ အကျိုး ကျေးဇူး ရှိပါသည်။ ကြက်ဟင်းခါးသီးဟာ သွေးတွင်းအင်ဆူလင် အဆင့်ကို တိုးစေတာမျိုး မရှိဘဲ ဂလူးကို့စ် ခံနိုင်ရည်ရှိမှုကို သိသိသာသာ ကောင်းမွန်စေတာ ဖြစ်ပါသည်။ယကြက်ဟင်းခါးသီး အရည်ကို ပုံမှန် သောက်ပေးတာကြောင့် စွမ်းအင်နဲ့ သက်လုံကို ကောင်းမွန်စေပါသည်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျစေပါသည်။
ကြက်ဟင်းခါးသီးမှာ ဘီတာကယ်ရို တင်းနဲ့ တခြားအာနိသင်တွေ ပါဝင်မှု မြင့် မားတာကြောင့် မျက်စိပြဿနာတွေကို ကင်းဝေးစေပြီး အမြင်အာရုံကို တိုးတက် ကောင်းမွန်စေပါသည်။ူကြက်ဟင်းခါးသီးအရည်ဟာ အရက်နာကျတဲ့ ဝေဒနာကို ကုသရာမှာ ကောင်းကျိုး ရှိပါသည်။ယအရက်သောက် တာကြောင့်ဖြစ်တဲ့ အသည်းဝေဒနာ တွေကို ပြုပြင်ပေးပြီး အသည်းကို သန့်စင်စေပါသည်။ယကြက်ဟင်းခါးသီးအရည်ဟာ ကိုယ် ခံစွမ်းအားစနစ်ကို ကောင်းမွန်အောင် တည်ဆောက်ပေးပြီး ခန္ဓာကိုယ်ရဲ့ ရောဂါ တွန်းလှန်နိုင်စွမ်းကို ကောင်းမွန်စေပါသည်။
ကြက်ဟင်းခါးရွက်ကရတဲ့ အရည် လက်ဖက်စားဇွန်း သုံးဇွန်းကို ထောပတ်၊ နို့ တစ်ဖန်ခွက်နဲ့ ရောကာ နံနက်တိုင်း အစာမရှိချိန်မှာ သောက်ပေးရင် တစ်လအကြာမှာ သက်သာသွားပါလိမ့်မည် လိပ်ခေါင်းက နာကျင်နေရင် ကြက်ဟင်းခါးပင်ရဲ့ အမြစ်ကို စေးပျစ်အောင် ကြိတ်ပြီး လိပ်ခေါင်းပေါ်မှာ အုပ်ပေးပါ။
ကြက်ဟင်းခါးရွက်အရည်ကို ပုံမှန် သောက်ပေးရင် ဆိုးရီးယေးစစ်နဲ့ တခြား ဖန်းဂပ်စ်မှိုစွဲတဲ့ အရေပြားအနာတွေကို သက်သာပျောက်ကင်းစေမှာပါ။ လတ်ဆတ်သည့် ကြက်ဟင်းခါးသီး အရည် နှစ်အောင်စနဲ့ ရေရောထားတဲ့ ပျားရည်တစ်ခွက်ကို ရောသောက်ပေးရင် ပန်းနာရင်ကျပ်၊ လေပြွန်ရောင်တာ စတဲ့ အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။ သတိပြုရန် ဆီးချိုကုသဆေးသောက်နေတဲ့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကြက်ဟင်းခါးအရည် မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကြက်ဟင်းခါးသီးကို အလွန်အမင်း စားသောက်တာမျိုး ရှောင်သင့်ပါသည်။
ကြက်ဟင်းခါးသီးအရည်ဟာ သွေး ဆိပ်သင့်တာကြောင့်ဖြစ်တဲ့ အနာနဲ့ ယား ယံမှုတွေကို ကုသရာမှာ အလွန်အကျိုး ကျေးဇူးများပါသည်။ လတ်ဆတ်သော ကြက်ဟင်းခါးသီး အရည်ကို သံပရာရည်နဲ့ ရောကာ အစာမရှိချိန် ဖြည်းဖြည်းချင်း ငုံပြီး နေ့စဉ်သောက်ပေးရင် ၄-၆လ အကြာမှာ သိသာတဲ့ တိုးတက်မှုကို တွေ့ရပါသည်။ ကာလဝမ်းရောဂါ အစောပိုင်းအဆင့်မှာ ကြိတ်ခြေထားတဲ့ ကြက်ဟင်းခါးရွက် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက်သွန်နီအရည် လက်ဖက်စားဇွန်း နှစ်ဇွန်း၊ သံပရာရည် လက်ဖက်စားဇွန်း တစ်ဇွန်း တို့ကို ဆတူရောပြီး နေ့စဉ် သောက်ပေးပါ။
ကြက်ဟင်းခါးသီးမှာ ပါသော အပင်ထွက်အင်ဆူလင်ဟာ ဆီးနဲ့ သွေးထဲက သကြားဓာတ်ကို လျော့ကျစေတဲ့ အကျိုးကျေးဇူး ရှိပါသည်။ ကြက်ဟင်းခါးသီးဟာ သွေးတွင်း အင်ဆူလင် အဆင့်ကို တိုးစေတာမျိုး မရှိဘဲ ဂလူးကို့စ်ခံနိုင်ရည်ရှိမှုကို သိသိသာသာ ကောင်းမွန်စေတာ ဖြစ်ပါသည်။ ဒါကြောင့် ဆီးချိုသမားတွေအတွက် သင့်တော်လှပါသည်။ ကြက်ဟင်းခါးသီး အရည်ကို ပုံမှန် သောက်ပေးတာကြောင့် စွမ်းအင်နဲ့ သက်လုံကို ကောင်းမွန်စေပါသည်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျစေပါသည်။
ကြက်ဟင်းခါးသီးမှာ ဘီတာကယ်ရိုတင်းနဲ့ တခြားအာနိသင်တွေ ပါဝင်မှု မြင့် မားတာကြောင့် မျက်စိပြဿနာတွေကို ကင်းဝေးစေပြီး အမြင်အာရုံကို တိုးတက် ကောင်းမွန်စေပါသည်။ကြက်ဟင်းခါးသီး အရည်ဟာ အရက်နာကျတဲ့ ဝေဒနာကို ကုသရာမှာ ကောင်းကျိုး ရှိပါသည်။ အရက်သောက် တာကြောင့်ဖြစ်သော အသည်းဝေဒနာတွေကို ပြုပြင်ပေးပြီး အသည်းကို သန့်စင်စေပါသည်။
ကြက်ဟင်းခါးသီးအရည်ဟာ ကိုယ် ခံစွမ်းအားစနစ်ကို ကောင်းမွန်အောင် တည်ဆောက်ပေးပြီး ခန္ဓာကိုယ်ရဲ့ ရောဂါ တွန်းလှန်နိုင်စွမ်းကို ကောင်းမွန်စေပါသည်။ ကြက်ဟင်းခါးရွက် ကရတဲ့ အရည် လက်ဖက်စားဇွန်း သုံးဇွန်းကို ထောပတ်၊ နို့ တစ်ဖန်ခွက်နဲ့ ရောကာ နံနက်တိုင်း အစာမရှိချိန်မှာ သောက်ပေးရင် တစ်လအကြာမှာ သက်သာသွားပါလိမ့်မည်။ လိပ်ခေါင်းက နာကျင်နေရင် ကြက်ဟင်းခါးပင်ရဲ့ အမြစ်ကို စေးပျစ်အောင် ကြိတ်ပြီး လိပ်ခေါင်းပေါ်မှာ အုပ်ပေးပါ။ကြက်ဟင်းခါးရွက်အရည်ကို ပုံမှန် သောက်ပေးရင် ဆိုးရီးယေးစစ်နဲ့ တခြား ဖန်းဂပ်စ်မှိုစွဲတဲ့ အရေပြားအနာတွေကို သက်သာစေပါသည်။
လတ်ဆတ်တဲ့ ကြက်ဟင်းခါးသီး အရည် နှစ်အောင်စနဲ့ ရေရောထားတဲ့ ပျားရည်တစ်ခွက်ကို ရောသောက်ပေးရင် ပန်းနာရင်ကျပ်၊ လေပြွန်ရောင်တာ စတဲ့ အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါသည်။ သတိပြုရန် ဆီးချိုကုသဆေးသောက်နေတဲ့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကြက်ဟင်းခါးအရည် မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကြက်ဟင်းခါးသီးကို အလွန်အမင်း စားသောက်တာမျိုး ရှောင်သင့်ပါသည်။
@လင်းညို့တာရာ
@linnhyotaryar
MSC - 226
မှီငြမ်း ။ ။
(က) မြန်မာ့ဟင်းသီးဟင်းရွက်စိုက်ပျိုးရေး
(ခ) ရှင်နာဂသိန်ပုံပြဆေးအဘိဓါန်
(ဂ) ရှုတော်မူဆေးကြမ်း
(ဃ) ရခိုင်သဒ္ဒါနှင့်အလင်္ကာ
(င) မြန်မာ့ဆေးဖက်ဝင်အပင်များ
(စ) အခြားဆေးမှတ်တမ်းများ
Thanks for sharing ..
HOTE ဗျ
ကျန်မာရေး ဗဟုသုတ ရပါတယ် ကျေးဇူပါ
ဟုတ်ကဲ့ဗျာ
ဗဟုသုတ ရပါတယ်ဗျ
ဟုတ်ကဲ့
ဗဟုသုတဖြစ်စေလို့ ကျေးဇူးပါ ကြက်ဟင်းခါးသီးလေးကို ပုဇွန်ခြောက်လေးနဲ့ ဆီ အိအိလေး ကြော်စားရင် အင်မတန် ထမင်းမြိန်စေပါတယ်
လာပြန်ဘီ အစားတလိုင်း :D
စားတောင်စားချင်လာပြီ
Nice post
ဟုတ်ကဲ့
Good post bro..
ကျေးဇူး
pro လဲပြောသေး replybမပြန်တော့လိုလုပ်ရပါ့
ရလာမှာပေါ့ဗျာ
အဟမ်းအဟမ်း
အဟွတ် အဟွတ်
Good
ဟုတ်ကဲ့ဗျ
ကျေးဇူးပါခမျ…ကိုယ်တွေအကြိုက်လည်းဖြစ်တော့…ပျော်ပီလေ…
ဟုတ်ကဲ့ပါဗျ
အစာလည်းဆေး
ဆေးလည်းအစာ
ဟုပဗျာ
Good tal
ဟု bro