ပုံပြင်တစ်ပုဒ်ဆိုတာ ပြောတဲ့သူရောနားထောင်တဲ့သူရော နှစ်ဦးနှစ်ဖက်စိတ်ဝင်စားမှ ပုံပြင်ရဲ့အရသာကပေါ်လွင်စေမှာပါ။ဒီလိုပါဘဲ ချစ်ခြင်းတစ်ခုမှာ ချစ်တဲ့သူနဲ့အချစ်ခံတဲ့သူနှစ်ယောက်လုံး စိတ်သဘောထားခြင်း တစ်ထပ်တည်းကျမှ ချစ်ခြင်းတစ်ခုကအသက်ဝင်မှာလေ။
သီဟိုဋ္ဌ်ပန်းနံ့တွေသင်းပျံ့နေတဲ့မြေနီလမ်းလေးရဲ့အဆုံးမှာ မိုးတွင်းဆိုပျိုးပင်တွေနဲ့စိမ်းလန်းနေပီး နွေဦးပေါက်ဆို ရိုးပြတ်တွေကိုအဖော်ပြုနေရတဲ့ လယ်ကွင်းကြီးကိုမြင်တိုင်း အသားဖြူဖြူ နှာခေါင်းချွန်ချွန်နဲ့ နီကျင်ကျင်ဆံပင်တွေကိုပိုင်ဆိုင်ထားတဲ့ ခပ်ဆိုးဆိုးကောင်လေးကိုသတိရမိပြန်တယ်။သတိရတိုင်းလည်း ကိုယ့်စေတနာကို နားမလည်ခဲ့တဲ့သူ့ကို ပြင်းပြင်းပျပျမုန်းမိတဲ့စိတ်က ကိုယ့်ရင်ထဲမှာအသက်ဝင်လာပြန်ရော။
photo credit by facebook
နွေရာသီရဲ့ပူပြင်းတဲ့ညနေခင်းတွေမှာ ကိုယ့်သူငယ်ချင်းတွေနဲ့လေညှင်းခံဖို့လမ်းလျှောက်ထွက်ရင်း လယ်ကွင်းဘေးကအုတ်ခုံလေးပေါ်မှာဂစ်တာတီးနေတတ်တဲ့ သူ တစ်ယောက်ကိုသတိထားမိခဲ့တယ်။ကိုယ့်သူငယ်ချင်းကိုကိုမေးကြည့်တော့ "ငါတို့ကျောင်းကပဲလေ မေဂျာမတူလို့နင်မသိတာဖြစ်မယ် "ဆိုတဲ့ကိုယ့်သူငယ်ချင်းက တစ်ဆက်တည်းမှာပဲ "နင်သူနဲ့လုံးဝမပတ်သတ်နဲ့နော် အဲဒီကောင်ကသိပ်မိုက်ရိုင်းတာ" လို့ပြောလာခဲ့တယ်။ကိုယ့်သူငယ်ချင်းဘာကိုစိတ်ပူတာလဲဆိုတာနားလည်တာမို့ ကိုယ်ပြုံးမိတယ်။အားနည်းချက်ရှိတဲ့သူတွေ ကိုသနားတတ်တဲ့ကိုယ့်စိတ်ကို မာကျောအောင်လုပ်အုံးမှပါလေ။
ကိုယ့်သူငယ်ချင်းကအတန်တန်သတိပေးထားပေမယ့် ကိုယ့်အာရုံမှာမကြာမကြာပေါ်လာတတ်တဲ့ ခပ်နွမ်းနွမ်းမျက်နှာနဲ့ကောင်လေးကို နောက်ထပ်တွေ့ချင်မိခဲ့တယ်။ကိုယိ့စိတ်ရဲ့လှုံ့ဆော်မှုကို မငြင်းဆန်နိုင်ခဲ့တဲ့တစ်နေ့မှာတော့ ကိုယ့်သူငယ်ချင်းကို အသိမပေးဘဲ ကိုယ်တစ်ယောက်တည်းလမ်းလျှောက်ထွက်ခဲ့မိတယ်။
လယ်ကွင်းကြီးရဲ့အဆုံးတစ်ဘက်က အုတ်ခုံးလေးပေါ်မှာ ဂစ်တာထိုင်တီးနေတဲ့သူ့ကို တွေ့လိုက်ရတဲ့အချိန်မှာ ကိုယ့်လက်ဖျားခြေဖျားတွေအေးစက်လာခဲ့တယ်။ခြေတစ်လှမ်းရွေ့ဖို့အတွက် ပင်ပင်ပန်းပန်းကြိုးစားနေရတဲ့ ခံစားချက်ရဲ့အဆုံးမှာ သူရှေ့ကိုဖြတ်ပီးလျှောက်ဖို့ မဖြစ်နိုင်မှန်းသိခဲ့ရတယ်။ဒီလိုနဲ့ဘဲ နောက်ကိုပြန်လှည့်ခဲ့တဲ့အချိန်မှာတော့ ကိုယိ့စိတ်ထဲမှာစိုးရွံ့မှုတစ်ခုပါကပ်ပါလာခဲ့တယ်။
ကိုယ့်သူငယ်ချင်းတွေမသိအောင် ကိုယ်သူ့အကြောင်းကိုစုံစမ်းကြည့်မိခဲ့တယ်။နောက်ထပ်သိခဲ့ရတဲ့သူ့အကြောင်းက သူဆယ်တန်းဖြေပီးတဲ့နှစ်မှာ သူ့အမေဆုံးသွားတဲ့အကြောင်းနဲ့ ငယ်ငယ်ကတည်းကအမေနဲ့လက်ပွန်းတတီးနေခဲ့တဲ့သူက သူ့ရဲ့အမေရုတ်တရက်ဆုံးသွားတဲ့နောက်ပိုင်း ဘယ်သူ့စကားကိုမှနားမထောင်ဘဲ ဂျစ်ကန်ကန်နဲ့ ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ဖြစ်သွားတဲ့အကြောင်းတွေပေါ့။
ကိုယ်သူ့အကြောင်းကိုသိပီးတဲ့နောက်ပိုင်းမှာ သူ့အပေါ်သနားတဲ့စိတ်ဝင်ခဲ့မိတယ်။အဲဒီအချိန်တုန်းကကတော့ မိန်းကလေးတစ်ယောက်ရဲ့နူးညံ့တဲ့စိတ်ဆိုတာ အားငယ်နေတဲ့သူတွေအပေါ်ဖေးဖေးမမကူညီပေးတတ်တဲ့ စိတ်ထားမျိုးလို့ခပ်ကြောင်ကြောင်ယုံကြည်ခဲ့မိတယ်။ဒီလိုနဲ့ သံယောဇဉ်မထားသင့်တဲ့သူကို မှားယွင်းစွာသံယောဇဉ်ဖြစ်မိတယ်လေ။
လေပြေလေးခပ်သော့သော့တိုက်နေတဲ့ ညနေခင်းတစ်ခုမှာ ကိုယ်ငှားနေကျစာအုပ်ဆိုင်လေးရှေ့ကိုသူရောက်လာခဲ့တယ်။ကိုယ်နဲ့မျက်နှာချင်းဆိုင်တွေ့တဲ့အချိန်မှာတော့ ကိုဟ့်မျက်နှာကိုစေ့စေ့ကြည့်ပီး "မသက်ထားချိုက အရမ်းလှတာပဲ"လို့ပြောပီးထွက်သွားခဲ့တဲ့ သူ့ရဲ့ကျောပြင်ကို ကိုယ်အံ့သြပီးကြည့်နေချိန်မှာတော့ ကိုယ့်သူငယ်ချင်းရဲ့မျက်စောင်းတစ်ခုကိုယ့်ဆီရောက်လာလို့ ကိုယ် ကပျာကယာမျက်လွှာချမိခဲ့ရပေါ့။
ကိုယ့်သူငယ်ချင်းတွေမရှိတဲ့အချိန်တိုင်း ကိုယ့်နားကိုရောက်လာတတ်တဲ့ ခပ်ဆိုးဆိုးကောင်လေးကိုခင်မင်မိတဲ့နောက်ပိုင်း ကိုယ်သူ့ကိုပြုပြင်ကြည့်ဖို့ကြိုးစားခဲ့တယ်။သူ့ဘဝလေးအေးချမ်းစေချင်မိတဲ့ ကိုယ်စေတနာတွေ တစ်နေ့တော့အရာထင်လာမယ်လို့ ကိုယ်ယုံကြည်မိခဲ့တယ်။
ကိုယ်ပြောတဲ့စကားတိုင်းကိုပြုံးပီးခေါင်းညိတ်တတ်တဲ့ ခပ်ဆိုးဆိုးကောင်လေးက ကိုယ့်စကားအတိုင်း သူ့ရဲ့အပေါင်းအသင်းဟောင်းတွေနဲ့လည်းလမ်းခွဲခဲ့တယ်။မုန်တိုင်းပီးရင်လေပြေလာတယ်ဆိုတဲ့စကားအတိုင်း ကြမ်းတမ်းတဲ့ဘဝကိုထားခဲ့ပီး အေးချမ်းတဲ့ဘဝလေးမှာ ပျော်နေပါစေလို့ကိုယ်ဆုတောင်းပေးမိတယ်။
photo credit by facebook
စာမေးပွဲတွေပီးသွားတဲ့အချိန်မှာ ကျောင်းပိတ်ရက်မှာလိမ်လိမ်မာမာနေဖို့ ကိုယ်အထပ်ထပ်မှာကြားရင်း ကားကြီးပေါ်ကနေကိုယ်လက်ပြမိတယ်။ကျောင်းပိတ်ရက်တွေမှာတော့ ခပ်ဆိုးဆိုးကောင်လေးကိုကိုယ်မမေ့ခဲ့ပါဘူး။သူအဆင်ပြေပြေမှရှိပါ့မလားဆိုပီးစိတ်ပူနေခဲ့မိတယ်။ကျောင်းတွေပြန်ဖွင့်တဲ့အချိန်မှာတော့ ကိုယ့်စိတ်ကူးတွေ သဲထဲရေသွန်လိုက်သလိုပါဘဲ ခပ်ဆိုးဆိုးကောင်လေးက အရင်လိုခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ပြန်ဖြစ်နေခဲ့ပီလေ။
ကိုယ့်သူငယ်ချင်းတွေရဲ့အပြစ်တင်စကားသံတွေကို ကိုယ်ခေါင်းငုံ့နားထောင်ရုံကလွဲပီး ဘာမှမတတ်နိုင်ခဲ့အချိန်မှာ ကိုယ့်နားကိုသူပြန်ရောက်လာခဲ့တယ်။သူမှားသွားတယ်ဆိုတဲ့အကြောင်းကိုတွင်တွင်ပြောရင်း နောက်မဖြစ်စေရပါဘူးလို့ကတိတွေအကြိမ်ကြိမ်ပေးနေပေမယ့် ကိုယ်သူ့ကိုမယုံကြည်ပေးခဲ့တော့ပါဘူး။တစ်ခါကတိဖျက်ဖူးတဲ့သူတစ်ယောက်က နောက်တစ်ခါကတိဖျက်ဖို့အတွက် ခက်ခဲမှာမဟုတ်ဘူးဆိုတာကိုယ်နားလည်တယ်လေ။စိတ်ဓါတ်ခြင်းမတူတဲ့ လူနှစ်ယောက်ကဘယ်လိုချစ်ခြင်းမျိုးကိုမှ ရေရှည်မတည်ဆောက်နိုင်ဘူးဆိုတာ ကိုယ်နားလည်ခဲ့ပီမို့ ကိုယ့်စိတ်ကိုအချိန်မီထိန်းသိမ်းရမယ်လေကွယ်။
MSC-230@leeshang
မမ ရင်ထဲငိုနေတာ ဘယ်သူ သိနိုင်ပါ့မလဲ
ခေး သိစေချင်လိုက်တာ
ဖက်လို့ကောင်းပါတယ်
ကျေးဇူးပါ
မှန်ပါတယ်။ ချစ်တဲ့သူနဲ့အချစ်ခံတဲ့သူနှစ်ယောက်လုံး စိတ်သဘောထားခြင်း တိုက်ဆိုင်မှ ချစ်ခြင်းတစ်ခုကအသက်ဝင်မှာပါ။
base တူမှ power ခြင်းပေါင်းလို့ရတယ်တဲ့ sai sai ကပြောတာ
အေ၇းအသားgood တယ်ဗျာ
အေးဗျာ
အဓိပါယ်တောင်တောင်မသိပဲခကိဆစ်ဖွဲ့နေသေးတယ်:-)
အသွင်မတူရင် အတူရှိဖို့မရဘူး
အသွင်မတူအိမ်သူမဖြစ်ဘူးကွဲ့
Right
အေးနော်
Very good post 😍😍😍
တိတ်တခိုး လေးစားနေတယ်မလား
လူတိုင်းလူတိုင်းမှာလွမ်းမောဖွယ်အတိတ်တွေကိုယ်စီကိုယ်စီရှိကြမှာပါ။
ဘဝပေးအခြေအနေ၊စိတ်ဓာတ်အဆင့်အတန်းညှိမရရင်ပေါင်းဆုံဖို့မလွယ်ကူပါ။
ဆင်းရဲတာချမ်းသာတာထက် စိတ်ဓါတ်ခြင်းမတူရင်သွားရောပဲ
ဖတ်လို့ကောင်းတယ်
ကျေးဇူးတင်ပါတယ်
ချစ်ခြင်းမေတ္တာဖွဲ့လေးပေါ့..ဖတ်ရတာအရေးအသားကောင်းတယ်..
နောက်လည်းအားပေးပါအုံး
ဖတ်လို့အရမ်းကောင်းပါတယ်
ဖတ်ပေးတာကျေးဇူးပါ
အရေးအသား ကောင်းတယ်။
နောက်လည်းကြိုးစားပါ့မယ်
အသွင်မတူအိမ်သူမဖြစ်ပေါ့
သေချာတာပေါ့
အရေးအသားကောင်းပါတယ် bro ရေ
Goodတယ်ဗျာ
အရေးအသားတွေပြောင်မြောက်လာပီ