ဥယျာဉ်မှူး
...................
ဥယျာဉ်မှူးလိုပြောတာနဲ့ ကျနော်တို့ဟာအပင်စိုက်တဲ့ သူကိုဘဲ ပြေးမြင်မိကြပါတယ်။အဲ့ဒါ ဟာလဲမှန်ပာတယ်။ဒါပေမဲ့ အမှန်တကယ်တန်းတော့
မိဘ၊ဆရာများကို ရည်ညွန်းမည်လို့ကျနော်ထင်မိပါတယ်။ဘာကြောင့်လဲ ဆိုတော့ မိဘဆိုတာမျိုကလဲ ကိုယ့်သားသမီးအပေါ်ကို ပေးဆပ်ချင်းဆိုတဲ့ မေတ္တာနဲ့ ချစ်တာပါ။ ပြန်လယ်ရယူဖို့ဆိုတာ ရှိမည်မထင်ပါ။မိဘတွေဟာ အနေအထိုင်အစားအသောက် ဘယ်လောက်ဘဲ ပျက်လပ်နေပါစေ သူ့သားမီး တွေအဝတ်အစားလှလှလေးတွေ ၊အစားအသောက်ကောင်းကောင်းတွေ စားတာကိုမြင်လျှင် ရင်ထဲမှာပီတိဖြာပြီး ဗိုက်ပြည့်နေသူပါ။ထို့နည်းသူ ဆရာများဟာလဲ ပေးဆပ်သောသူတစ်ယောက်တာဖြစ်ပါတယ်။ ဆရာများသည် အခုလိုမိုးတွင်အချိန်တွေမှာဆိုလျှင် နေမကောင်းမှု၊ဖျားနာမှုတွေဖြစ်လာရင်တောင် "ငါ့ကလေးတွေ ငါကျောင်းမသွားရင် သူတို့ကိုစာဘယ်သူသင်မလဲ"ဆိုတဲ့ အတွေနဲ့ ဖျားသော်ငြားလဲမနေသာသူပါ။ကျောင်းတို့ရောက်လာခဲ့ရပြန်ပါသည်။ ကျောင်းတို့ရောက်သောအခါ တပည့်ကလေးများ၏တီတီတာတာ ပြောသော စကားလေးတွေကြောင့် ဝေသနာ တစ်ဝက်လောက်ပျောက်သွားသလို ခံစားမိတယ်။စာသင်ချိန်တွင်လည်း သူတို့ရဲ့ အပြစ်မဲ့ တဲ့ မျက်နှာလေးတွေမှာ ကြည်လင်ရွှင်ပြလှပါသည်။ အတန်းချိန်ပြီးလို့နုတ်ဆက်ချိန်မှာဆိုရင်လဲ "မင်္ဂလာပါဆရာ ကျေးဇူးတင်ပါတယ်ဆရာ"တို့တဲ့ အသံလေးမှာလဲကြည်နူးစရာကောင်းလှပါတယ်။ ထို့ကြောင့် ဆရာများသည် ကလေးများအပေါ်သံယောဇဉ်ဆိုတဲ့ နောင်ကြိုကြီးက သွယ်ဆက်လျက်ရှိပါသည်။ ပထမ မိဘက အဖေနဲ့အမေ ၊ဒုတိယ မိဘက ဆရာ/မ ပင်ဖြစ်သည်။ဗုဒ္ဓဘာသာတွင်လဲ ဆရာသမားကို မိဘနဲ့ တစ်ဂိုဏ်းထဲ ထားပါသည်။ သူတို့ပေးလိုက်သမျှကို အကြွေးရှင်လိုလိုနဲ့ ပြန်မတောင်းတာ ဆရာနဲ့မိဘဘဲရှိပါတယ်။ ထို့ကြောင့် ဆရာများကို ဥယျာဉ်မှူးများဟုတင်စားချင်ပါသည်။ဥယျဉ်မှူးဆိုတာ သူပျိုးသောပန်းကို ဘယ်တော့ခါမှ မခူးဆွတ်ဖူး။ အမြဲလန်းဆန်းပြီး လှပနေသူကိုဘဲ မြင်ချင်နေသူပါ။
#ဦးရာလူ
I give a vote to you.
Thank
အရေးအသားကောင်းပါတယ် ကျွှန်တော့အထင် ကြားထဲမှာ မိသားစုပုံတစ်ခုနဲ့ စာသင်နေတဲ့ပုံတစ်ခုလောက် ဒါမှမဟုတ်သင့်တော်ရာ copyright လွှတ်တဲ့ပုံလေးထည့်နိုင်ရင် ပိုအဆင်ပြေမယ်ထင်မိပါတယ်ဗျာ
ဟုတ်ကဲ့ပါ
ဆက်လက်ြုးစားပါ bro
အရမ်းကောင်းပါတယ်
ဟုတ်
ကောင်းတယ်အကို...ထိတယ်...
ကျေးဇူးပါ