ကျနော်တို့သူငယ်ချင်းတစ်စု ရေနံချောင်းမှာ အဝေးသင်တက်နေကြသည် ပျော်ပျော်ရွှင်ရွှင်နဲ့ပေါ့ တစ်နေ့မှာ မကွေးက အကိုတစ်ယောက်က ကျနော့်ဆီကို ဖုန်းဆက်လာတယ် ဖုန်းကိုင်လိုက်တော့ ကျန်းမာရေးမှုးကြီးဖြစ်နေတယ် သူက ''ညေး ဒီတစ်ပါဒ် စနေနေ့ အကိုသို့ မကွေးကနေ ရေနံချောင်းကိုဆင်းလာမယ်ဟေ့'' ဆိုပြီးတော့ပေါ့ ကျနော်ကလည်းလာခဲပါဆိုပြီး ဖိတ်လိုက်တယ် သူက engineer ကျောင်းသားအကိုတစ်ယောက်ကိုပါအဖော်ခေါ်လာခဲ့တယ် ရေနံချောင်းရောက်တော့သူတို့ကို နေရာအနှံလ်ုက်ပို့တောပေါ့ 36 ;စကိတ်ကွင်း တောင်ပေါ်ကျောင်း စတဲ့နေရာတွေကို လိုက်ပ်ု့ဖြစ်တယ်
ဒီလိုနဲ့ညနေ ၄နာရီလောက်ရောက်သော် သူတို့ကမကွေးပြန်တော့မယ်ပြောတယ် မကွေးမှာ show ပွဲရှိကြောင်းပြောပြီး ကျနော်တို့ကိုပါ အလည်လိုက်ဖို့ခေါ်တယ် ကျနော်က မစ္စတာ ဇော် (ဇော်မျိုးနိုင်)နဲ့တိုင်ပင်ပြီး မကွေးကို အလည်လိုက်ဖို့ဆုံဖြတ်ကြတယ် လိုက်မယ့်လူတွေက၅ယောက်တောင် ဆိုင်ကယ်ကတစ်စီးထဲရှိတာ သူတို့ကလည်းနှစ်ယောက်တစ်စီးဆိုတော့ အခက်တွေ့နေတယ် ဒါပေမယ့်ကျန်းမာရေးမှုးအကိုကြီးက သူ့ဆိုင်ကယ်(click)ပေါ် လေးယောက်စီးဖို့ ဆုံးဖြတ်တယ် ဆိုင်ကယ်နှစ်စီး လူ၇ယောက်ပေါ့ ဒီလိုနဲ့ မကွေးရောက်တော့ ၇နာရီထိုးနေပြီ ရောက်တော့ showပွဲကြည့်ဖို့ လက်မှတ်ဖြတ်တယ် တစ်စောင်ကို ၂၀၀၀ ကျပ် ပေးရတယ် ၇ယောက်ဆိုတော့ ၁၄၀၀၀ပေါ့ သူကပဲပေးလိုက်တယ် လက်မှတ်ကိုကြည့်လိုက်တော့ ဝေလ မိုးမိုး နီနီခင်ဇော် စတဲ့ အဆိုတော်အများကြီးပါဘဲ showပွဲမှာ သူငယ်ချင်းတစ်စု ကလိုက်ခုန်လိုက် ဆိုလိုက်နဲ့ပေါ့ ပျော်ရွှင်စွာ့ဖြင့် တစ်ညတာကိုဖြတ်သန်းကြပါတယ် နံနက်၆နာရီိထိုးတော့ မကွေးမြို့က အထင်ရှားဆုံးဖြစ်တဲ့ မကွေးမြသလွန်ဘုရားဖူးလိုက်ပို့ပါတယ် ဘုရားရောက်တော့ ဘုရားဖူး ပန်းကပ် ပြီး သူငယ်ချင်းတစ်စု အမှတ်တရ ဓါတ်ပုံတွေရိုက်ကျတယ်
Enginner ကျောင်းသားအကိုကြီးက မြသလွန်ဘုရားရဲ့ အကြောင်းအရာတွေကို ရှင်းလင်းပြောဆိုပြလို့ သိရှိခွင့်ရခဲ့တယ် ဘုရားဖူးပြီးနောက် ထမင်းဆိုင်တစ်ဆိုင်သို့ဝင်ပြီး ထမင်းကြော် စားကြတယ် ထမင်းကြော်စားပြီး မကွေးတက္ကသိုလ်ကို လိုက်ပို့ပြန်တယ် အဲကအပြန် ဘောလုံးကန်ချင်တယ်လို့ ပြောလိုက်တော့ သူ(ကျန်းမာရေးမှုး)က ဘောလုံးကန်ဖို့ ဖုန်းဆက်ပြီးချိန်းတာပေါ့ fustal ဘောလုံးကွင်းရောက်တော့ တစ်ဖက်ကအကိုကြီးတွေက ကျနော်တို့လူကောင်တွေကိုကြည့်ပြီး၃၀၀၀၀ကြေးကန်ဖို့ပြောလာတယ် ကျနော်တို့ကရောက်တုန်းမို့အပျင်းပြေကန်ခြင်းတာဖြစ်ကြောင်းပြောတော့ ၂၀၀၀၀ကြေးနဲ့ ကန်ဖို့သဘောတူသွားသည် ဘောလုံးပွဲမှာ သူ(ကျန်းမာရေးမှုး)က တစ်ဂိုး မစ္စတာဇော်(ဇော်မျိုးနိုင်)ကတစ်ဂိုး ကျနော်က super hatric သွင်းပြီး ၆ဂိုး၁ဂိုးနဲ့အနိုင်ရခဲ့တယ် ဘောလုံးကန်ပြီး နေ့လည်စာ စားကြပြန်တယ် နေ့လည်စာစားပြီး မကွေးမြို့က အထင်ကရပန်းခြံတစ်ခုဖြစ်တဲ့ ဗိုလ်ချုပ်ပန်းခြံကို သွားကြတယ် ပန်းခြံမှာ အေးအေးလူလူ စကားလက်ဆုံပြောကြပြီးနောက် ရေနံချောင်းသို့ ပြန်ဖို့ ပြင်ကြပြန်တယ် ပျော်ရွှင်ဖွယ် ခရီးတစ်ခု ဖြစ်ခဲ့ပါတယ်
fbacc Nay Min Kha
Mscno လျှောက်ထားဆဲ
@kyawwintun
ပျော်စရာကောင်းတာပေါ့
ဟုပါ့အကိုရေ
ကြွားလိုက်တာညေးရယ်😂😂
ကြွားပါပု အယ်ကိုရယ်