လမင်းချစ်သူ

in #myanmar7 years ago

လမင်းချစ်သူ

image
ညစဉ်ညနက် လမ်းမထက်ဝယ် ...
ကူးလာသန်းချည် ပြုနေသူ တစ်ယောက်
ညစဉ်တွေ့မြင်နိုင်၏။

ကောင်းကင်ထက်ယံ တမျှော်မျှော်နှင့် ငေးကာကြည့်ကာ
ဂနာမငြိမ် ရှိချေ၏...။

ကောင်းကင်လမင်း ထွက်လာချေပြီး
လရောင်ဖြန့်ကျက် တောက်ပချိန်တွင်
ထိုသူမျက်နှာ ပြုံးပျော်၏...။

တိမ်တွေဖုံးအုပ် လမင်းပျောက်ချိန်
ကာဆီးပိတ်ပင် ထိုတိမ်စိုင်ကို
နှုတ်မှတတွတ်တွတ် ဆဲကာဆိုကာ ပြစ်တင်ကာဖြင့်
ထိုင်မရ ထမရ ချီတုံချတုံ ရှိချေ၏။

ပြည့်စက်ဝန်းယှက် လပြည့်နေဝယ်
ပြုံးကာရွှင်ကာ မြူးတူးစွာဖြင့်
တောင်မှတဖန်မြောက်သို့တလှည့်
ရှေ့နောက် တစ်ချီ ပတ်ကာ မွေ့ကာ
လရောင်ကိုကြည့် ပီတိဖြာရင်း
ဤညထိုည အိပ်စက်ခြင်းငှာမပြုချေပြီ။

သုံးဖြာဥတု နွေ မိုး ဆောင်း ဝယ်
နွေနှင့်ဆောင်းသာ
သူကြိုက်၏။အဘယ်ကြောင့်မူ
ဥတုနှစ်ဖြာ
နွေနှင့်ဆောင်းသာ
လမင်းကြီးကို ဝလင်ပြည့်ဝ တွေ့နိုင်သော
ကြောင့်..။

လမင်းမသာ မိုးဥတုဝယ်
ငြိုးငယ်မျက်နှာ မကြည်သာစွာဖြင့်
ငိုင်ငေး ထိုင်းဆွေး သူရူးသမာ ဖြစ်ချေ၏...။

လမင်းကြီးကိုသူချစ်၏...။
လမင်းကြီးထံမှာဖြာထွက်လာသော လရောင်လေး
တွေမြတ်နိုး၏..။
လရောင်လေးတွေ ပျောက်ကွယ်ခဲ့သော်
လွမ်းဆွတ်စွာဖြင့် နှမြောတသဖြစ်၏...။

ထိုသူကား လမင်းချစ်သူကျွန်ုပ်ပင်တည်း...။
image

လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein

Sort:  

ရေးချင်စိတ်ရှိတာ၊ ရေးချရဲ့တာကို အားပေးပါတယ်၊ သို့သော်လည်း မော်ဒန်ကဗျာလည်းမဟုတ်၊ လင်္ကာလည်းမဟတ် ဖြစ်နေတယ်သားရေ။ ဆရာရေးတဲ့ မြန်မာစာမြန်မာစကား ဆောင်းပါးများကို ယူထားပြီးဖတ်စေချင်တယ်။ အတွေးရှိရင် လေ့ကျင့်လို့ရပါတယ်။

ဟူတ် နားလည်ပါတယိဆရာ စာမရေးဖြစ်ကြာလို့ တွေးမိတာလေးရေးတင်လိုက်မိပါတယ် ဆရာ

Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.Congratulations! This post has been upvoted from the communal account, @minnowsupport, by kyawthuyein from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

goodတယ်အကိုရေ