ကျွန်တော် ဒီနေ့ညနေ အပြင်ထွက်တုံးက
ညကြီးမှာလမ်းခင်းနေတဲ့ လုပ်သားတွေကို
မျက်နှာအစွပ်သွားလှူပေးတာကို
အဒေါ်ကြီးတစ်ယောက်က သူတို့တွေ အကျင့်ဖြစ်နေပြီ
ဒါတွေမလိုတော့ဘူးဆိုပြီးပြောလို့ စိတ်ပေါက်ပေါက်ရေးလိုက်ပါတယ်။
လူတွေရဲ့ စိတ်ဟာ အမျိုးမျိုးရှိပါတယ်။
အချို့လူတွေက အလုပ်ကြမ်းလုပ်တဲ့သူကို
ဒီလူအသုံးမကျလို့ ဒီလိုအလုပ်မျိုးလုပ်နေရတာ။
ကိုယ့်ထက်နိမ့်ကျတဲ့သူတွေ၊ ကိုယ့်ထက်ဆင်းရဲတဲ့သူတွေလည်း
သူတို့တွေ အသုံးမကျလို့ ပညာမတတ်လို့ ဒီလိုလုပ်နေရတာဆိုပြီး
အပြစ်တင်ပြောလေ့ရှိကြတယ်။
အချို့တွေက အပြစ်တင်ပြောတာထက် ရှုံ့ချပြောတာ၊
အခြားအောင်မြင်တဲ့သူနဲ့ နှိုင်းပြီးပြောတာတွေရှိပါသေးတယ်။
ကျွန်တော် ဥပမာတစ်ခု ပြောပြကြည့်မယ်
အိမ်ရှေ့မှာ အမှိုက်လာလှည်း သန့်ရှင်းရေးလာလုပ်တဲ့ လူတစ်ယောက်ကို
"ဒီလူစာမတတ်လို့ ပညာမတတ်လို့" ဆိုပြီး သူ့ကိုပြောမယ်ဆိုပါဆို့
တကယ်တမ်းရှက်ရမှာက သန့်ရှင်းရေးလာလုပ်တဲ့သူမဟုတ်ဘူး
အဲ့ဒီအမှိုက်ပစ်တဲ့သူကသာ ရှက်ရမှာပါ
သူ့မှာရှက်စရာ အမှိုက်ပစ်တာ အပြင်
ပညာတတ်ရဲ့သားနဲ့ အသိစိတ်မရှိတာပါ ရှက်စရာဖြစ်သွားပါပြီ။
အမှိုက်လာလှည်းတဲ့သူဟာ ဘဝပေးကံကြောင့် ဒီလိုဖြစ်နေပေမဲ့
သူသည် အသုံးမဝင်သောသူ အသုံးမကျသောသူမဟုတ်ပါ။
အမှိုက်ပစ်တဲ့သူကလဲ အသုံးဝင်တဲ့သူ ဟုတ်မဟုတ် မသိပေမဲ့
အသုံးကျတဲ့သူတော့ မဖြစ်နိုင်လောက်တော့ပါဘူး။
သူ့ရဲ့ အမှိုက်လာလှည်းတဲ့ လူအပေါ်မှာ ထားတဲ့စိတ်ဓာတ်ကို
ကြည့်ခြင်းအားဖြင့် ဒီလူက အဆင့်အတန်းဘယ်လောက်မြင့်မြင့်
စိတ်ဓာတ်အောက်ကျတဲ့သူ ဖြစ်နေပါပြီ။
ပြီးတော့ အချို့လူတွေဟာ လူကသာဆင်းရဲပေမဲ့
စိတ်ဓာတ်တွေက မထင်ရအောင် မြင့်မြတ်လွန်းပါတယ်။
ရှားပါးတယ်ဆိုပေးမဲ့ ဒီလိုမျို စိတ်ဓာတ်မြင့်မြတ်တဲ့သူတွေ
အများကြီးရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတောင်
ဟိုတလောက Taxi ကားပေါ် သိန်းပေါင်းထောင်ချီ တန်ဖိုးရှိတဲ့
လက်ဝတ်ရတနာတွေ မေ့ကျန်ခဲ့တာကို Taxi ဆရာက
ရိုးရိုးသားသားနဲ့ အိမ်တိုင်ယာရောက် ပြန်သွားပေးခဲ့တာပါ။
လူကသာ မချမ်းသာပေမဲ့ စိတ်ဓာတ်ကတော့
တော်ရုံလူမထားနိုင်တဲ့ စိတ်ဓာတ်မျိုးပါ။
အပေါ်ကပြောခဲ့တဲ့ Taxi ဆရာနဲ့ ဘဝချင်းတူပြီး
စိတ်ဓာတ်ကျ ပြောင်းပြန် ဖြစ်နေတဲ့သူတွေလဲရှိပါတယ်။
သူများဆီ အချောင်ရ အချောင်လိုချင်တဲ့လူမျိုးပေါ့ဗျာ။
အချို့က လိုချင်ရင် ကြိုးစားမယ်ဆိုတဲ့စိတ် မထားဘူး
လိုချင်ရင် ခိုးမယ် ခိုလို့မှ မရရင် လုမယ်
ကဲ လုလို့မှ မရရင် ဓားပြတိုက်မယ် လူကိုရိုက်ပြီးယူမယ်
အဲ့လိုမျိုးတွေလဲရှိပါတယ်။ အဓိက က ရိုးသားတဲ့စိတ်မရှိလို့ပါ။
အချို့တွေကျတော့လဲ ချမ်းသာတာမှလွန်ရော။
ဒါပေမဲ့ သူတို့ချမ်းသာတာကို မတင်းတိမ်နိုင်ပါဘူး။
အချိန်ရရင် ရသလို သူများဆီ ဘယ်လိုအမြတ်ထုတ်ရမလဲဆိုတာပဲ
သူတို့တွေထိုင်တွေးနေပါတယ်။ ဘယ်သူဘာဖြစ်ဖြစ်
သူချမ်းသာရင်ပြီးရော ဆိုတဲ့စိတ်နဲ့ သူများဘဝကို
သူအထက်ကိုတက်ဖို့အတွက် လှေကားထစ်တွေလုပ်ပြီး
တက်တဲ့မဲ့ လူစားမျိုးပေါ့။
ချမ်းသာတာချင်းတူပြီး စိတ်ဓာတ်တွေကွာတဲ့သူတွေလဲ
အများအပြားရှိပါတယ်။ သူတို့တွေကျတော့ ဝမ်းဝရင်ရပြီ
ဇိမ်ခံပစ္စည်းမလိုဘူး။ ဒီဟာတွေ ဝယ်မဲ့အစား မရှိဆင်းရဲသားတွေ
ဒုက္ခရောက်နေတဲ့သူတွေကို ကူညီမယ်။ ဒီလိုလူတွေမှာကျတော့
သူတို့ဘဝမှာ ပျော်ရွှင်ခြင်းတွေနဲ့ပဲ အမြဲပြည့်နေတယ်။
သူတို့မှာ ဘယ်သူ့ဆီက ဘယ်လိုအမြတ်ထုတ်ရမလဲဆိုတဲ့
အကုသိုလ်စိတ်မရှိလို့ပါပဲ။
ပရဟိတ လုပ်တဲ့သူချင်းအတူတူတောင်
စေတနာမပါပဲ နာမည်ကောင်းလိုချင်လို့
လုပ်တဲ့သူတွေလဲ ရှိပါသေးတယ်။
တကယ်တမ်းကျတော့
သူတစ်ပါးကိုကူညီဖို့ ငွေကြေးကအဓိက မဟုတ်ပါဘူး
သင့်ရဲ့ ကူညီချင်တဲ့စိတ် ရှိဖို့သာ အဓိကပါ။
လူသားတိုင်း အားလုံး တစ်ယောက်ကိုတစ်ယောက်
အဆင့်အတန်းမခွဲခြားပဲ တန်းတူဆက်တူဆက်ဆံနိုင်ကြပါစေ။
Written By Kyaw Kyaw Naing
ကောင်းလိုက် တာ ဟုတ်ပါရဲ့ဗျာ အဆင့် အတန်းမခွဲခြားဘဲနေနိုင် ရင်တော့ အကောင်းဆုံးပါဗျာ
ဟုတ်ပါ့ အစ်ကိုရေ
ခွဲခြားခံရတဲ့သူတွေ ကြားရရင်
သူတို့လဲ တော်တော်စိတ်အားငယ်ကြမှာ
တခါတလေက ကိုယ်ချင်းစာနာစိတ်လေးပဲ
လိုအပ်တာဗျ။ အားမပေးချင်ရင်တောင်
မရှုံ့ချသင့်ဘူး။
ကောင်းပါတယ်ဗျာ ဒီလိုစာမျိုးတွေများများရေးတင်ပါ အားပေးနေပါတယ်
ဟုတ်ကဲ့ ကိုစိုး ကြိုးစားနေဆဲပါ
ကျေးဇူးတင်ပါတယ်ခင်ဗျ
သန့်ရှင်းရေးဝန်ထမ်းများအား စာနာခြင်းအားဖြင့်
ကိုသက် ဘာကိုပြောတာလဲဗျ
ကျွန်တော် သဘောမပေါက်လို့
တချို့ နေရာတွေမှာ ရေးထာတာလေ အထူးသဖြင့် အမြန်လမ်းက toilet တေမှာရေးထားတာလေး သဘောကြလို့ပါ။
ကိုကျော်ပြောတာ မှန်ပါတယ် ကျနော်တွေးမိတာလေး ဝင်ရေးတာ အဆုံးမပါပဲ ထားခဲ့တာ။ တချို့တလေ ရဲ့စိတ်ဓာတ်တွေ အလုပ်အကိုင်နိမ့်ကျတယ် ဆိုပြီး အဆင့်အတန်း ဆိုပြီးခွဲခါးအထင်သေးတာတွေ မဖြစ်သင့်တော့ဘူး။
ဟုတ်တယ် အစ်ကိုသက်
အာလုံးသွားရမဲ့လမ်းက အတူတူကို
ခွဲခြားနေကြတာ