ပုံမှန်လမ်းမှရုန်းထွက်ပါ

in #myanmar7 years ago

Steemit Platform ပေါ်မှာလျှောက်နေတဲ့သူတွေကို လေ့လာကြည့်လိုက်ရင် လမ်းကြောင်း၂ခုမှ လျှောက်နေကြတာကိုတွေ့နေရမှာပါ။ တစ်ခုက ရိုးရိုးပုံမှန်လမ်း၊ တစ်ခုက အမြန်လမ်း ဖြစ်ပါတယ်။
steemit-money-graph.jpg
Msc no ယူပြီး Pro ရနေသူတွေရော pro မရတဲ့သူတွေရော ဘာရင်းနှီးမှုမှမရှိပဲ ပိုစ့်လေးတွေပုံမှန်တင်ပြီးသွားနေတဲ့သူတွေက ရိုးရိုးပုံမှန်လမ်းကလျှောက်နေကြတာ ဖြစ်ပါတယ်။ ပုံမှန်လမ်းကနေရုန်းထွက်နိုင်ပြီး အမြန်လမ်းကြောင်းပေါ်ကို ရောက်ရှိသွားသူဟာ အောင်မြင်မှုရနိုင်ပါတယ်။ အမြန်လမ်းဆိုတာ ငွေကြေလွတ်မြောက်မှသာ ရောက်ရှိနိုင်တဲ့ လမ်းကြောင်းတစ်ခုပါ။
လူရယ်လို့ဖြစ်လာရင် အိပ်မက်ကိုယ်စီရှိကြပါတယ်။ Steemit လုပ်နေကြတဲ့သူတွေမှာလည်း ကိုယ့်ဘ၀မှာ ဖြစ်ချင်တဲ့အိပ်မက်တွေရှိကြမှာပါ။ ကမ္ဘာအနှံ့ခရီးသွားချင်တာတို့၊ ကိုယ်ပိုင်ဆိုင်ကြီးတွေဖွင့်ချင်တာကို့ ကိုယ်ပိုင်စာကြည့်တိုက်ကြီးဖွင့်ချင်တာတို့ အံ့ဖွယ်ရှေ့ဟောင်းမြို့တော်ကြီးတွေကို သွားရောက်လည်ပတ်တာတို့ စသည်ဖြင့် ကိုယ်သာငွေကြေးလွတ်မြောက်သွားရင် ဘာတွေလုပ်ချင်သလဲဆိုတဲ့ အိပ်မက်တွေပေါ့။ ကိုယ်ဖြစ်ချင်တဲ့အိပ်မက်ကို မှန်ကန်ဖြစ်မြောက်အောင် အကောင်အထည်ဖော်နိုင်မှ ဘ၀မှာ အောင်မြင်သူဟုဆိုရမှာပါ။
ကိုယ်ချမှတ်ထားတဲ့ အိပ်မက်တွေကို ငွေကြေးအောင်မြင်မှုရှိမှသာ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ Steemit Platform ပေါ်မှာ ပုံမှန်လမ်းကပဲလျောက်လှမ်းနေရင် အိပ်မက်တွေပြည့်ဝအောင် လုပ်ဆောင်ဖို့ ကြံ့ကြာနေမှာပါ၊ ဘာကြောင့်လဲဆိုတော့ steemit သည် နေ့ချင်းညချင်း အောင်မြင်နိုင်သော platform တစ်ခု မဟုတ်သောကြောင့်ပင်။ ဒါကြောင့် မိမိတို့ရဲ့အိပ်မက်တွေကို အကောင်ထည်ဖော်နိုင်ဖို့ ပုံမှန်လမ်းကနေရုန်းကန်ပြီး အမြန်လမ်းပေါ်ကိုရောက်အောင် အရင်ဆုံးကြိုးစား လုပ်ဆောင်ရမှာဖြစ်ပါတယ်။
အမြန်လမ်းဆိုတဲ့အတိုင်း ဒီလမ်းကြောင်းပေါ်ကိုရောက်နေတဲ့သူတိုင်းဟာ ချမ်းသာပြီးရင်း ချမ်းသာနေမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အမြန်လမ်းပေါ်မှာ steem token, steem power ဆိုတဲ့ ရင်းနှီးမြုပ်နှံမှုတွေကို များစွာ ၀ယ်ယူနိုင်ခဲ့လို့ပဲ ဖြစ်ပါတယ်။
U5dsmsJ1TRzxdZqSGbe4YAQ7mAkAatb_1680x8400.png
ငွေကြေးအရ အောင်မြင်လို့ အမြန်လမ်းပေါ်ကိုရောက်ရှိလာတယ်။ အမြန်လမ်းပေါ်ရောက်တော့ ရင်းနှီးမြုပ်နှံမှုတွေလုပ်တယ်။ ရင်းနှီးမြုနှံမှုတွေလုပ်လေ power တွေများလာလေလေ sbd တွေတိုးပွားလာလေ ဖြစ်ပါတယ်။ sbd တွေတိုးပွးလာတော့ ရင်းနှီးမှုတွေထပ်လုပ်တယ်။ ဒီတော့ sbd တွေက ဆတိုးပွါးလာတယ်။ ရသမျှကို power up တယ်။ power တွေများလာတော့ သူ့ vote ကိုလိုချင်တဲ့သူတွေ ငွေပေးပြီးတန်းစီနေကြရတယ်။ နောက်ဆုံးမှာ ထိုသူဟာ ကိုယ်ဖြစ်ချင်တဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်တော့မှာပါ။ ဥပမာ @jerrybanfield @minnowbooster တို့ကိုကြည့်ပါ။
Thëniet-më-të-mira-të-suksesit-ndër-dekada.jpg
steemit platform ပေါ်မှာ အမြန်လမ်းပေါ်ရောက်နေတဲ့သူတွေကို မြင်တွေ့နိုင်သလို လက်တွေ့ဘ၀မှာလည်း တွေ့မြင်နိုင်မှပါ။ ငွေကြေးချမ်းသာပြီးသားသူတွေဆီမှာ အခွင့်အလန်းကောင်းတွေ တန်းစီနေတာပါပဲ။ သူတို့တွေဟာ ပုံမှန်လမ်းမှာ လျှောက်နေစရာမလိုတော့တဲသူတွေပါ။ အမြန်လမ်းမှာပဲ ပိုင်ဆိုင်မှုတွေ တစ်ခုပြီးတစ်ခု လိုက်ဝယ်နေကြတဲ့သူတွေဖြစ်ပါတယ်။ ပုံမှန်လမ်းမှာ ရုန်းကန်နေရတဲ့သူတွေမှတော့ အခွင့်အလမ်းကောင်းဆိုတာ ကိုယ်နဲ့မဆိုင်သလိုပဲ လက်ပိုက်ကြည့်နေရပါတယ်။ အမြန်လမ်းပေါ်ကလူတွေ power up နေသမျှ ပါးစပ်အဟောင်းသားနဲ့ လက်ပိုက်ကြည့်နေရုံနဲ့ မပြီးသေးပါဘူး။ ကျွန်တော် တို့အားလုံးလည်း အမြန်လမ်းပေါ်ရောက်အောင် ရုန်းထွက်ရမှာဖြစ်ပါတယ်။
Steem plotfoum ပေါ်မှလူအားလုံးဟာ ဒီးလမ်းကြောင်းကြီး နှစ်ခုပေါ်မှာလျှောက်လှမ်းနေကြပါတယ်။ တစ်ခုက လူချမ်းသာတွေလျှောက်တဲ့ အမြန်လမ်း။ တစ်ခုက သာမန်လူတွေရုန်းကန်နေရတဲ့ ရိုးရိုးပုံမှန်လမ်း။
ကျန်ရှိနေတဲ့ ကိုယ့်ရဲ့အချိန်တွေကို ပုံမှန်လမ်းမှာပဲ ပြေးလွှားရင်းအကုန်ခံမှာလား။ ပြောသာပြောရတာပါ၊ အမြန်လမ်းပေါ်ရောက်နေတဲ့ မြန်မာဆိုတာ အကိုဟင်ကလွဲရင် လက်ရေချိုးရလောက်အောင် ရှားပါတယ်။ အများအားဖြင့်တော့ ပုံမှန်လမ်းကနေ ရုန်းထွက်ခဲ့ကြသူတွေချည်းပါပဲ။ ဒီလိုရုန်းထွက်တဲ့သူတွေထဲမှာ သင်လဲတစ်ယောက် အပါအ၀င်ဖြစ်ဖို့ လိုပါတယ်။
အမြန်လမ်းကြောင်းပေါ်ကို မရောက်သရွေ့ ကျွန်တော်တို့ဟာ ပုံမှန်လမ်းမှာပဲ လည်ပတ်လျှောက်လှမ်းနေရဦးမှာ ဖြစ်ပါတယ်။ ဒီလမ်းပေါ်မှာ ကျွမ်းကျင်စွာနဲ့ လှုပ်ရှားနိုင်ပါမှ လွတ်မြောက်အောင်မြင်ပြီး အမြန်လမ်းပေါ်ကိုရောက်ရှိနိုင်မှာပါ။ ဒီတော့ ကိုယ်လျှောက်နေတဲ့လမ်းကို သိရှိနားလည်ထားရပါမယ်။ ဒါမှလည်း ကိုယ်ရောက်ချင်တဲ့ခရီးကို ထိထိရောက်ရောက်နဲ့ သွားနိုင်မှာပါ။
ယခုလောလောဆယ် ပုံမှန်လမ်းမှာ ပြေးလွှားရုန်းကန်နေရလို့ စိတ်ဓာတ်မကျပါနဲ့။ ဒီလမ်းပေါ်ကလွတ်အောင် ဘယ်လိုထွက်ရမလဲဆိုတာသာ စဉ်းစားပြီး ရုန်းကန်ရမှာပါ။
1_7u9pcC7QyepCO4A04qtTvA.jpeg
လက်ရှိမှာ ဘာတွေပဲဖြစ်နေပါစေ၊ အတိတ်မှာ ဘာတွေပဖြစ်ခဲ့ပါစေ၊ ကျွန်တော်တိုအားလုံး နေ့စဉ်ချီတက်နေတာကတော့ အနာဂတ်ဆီကိုပဲဖြစ်ပါတယ်။ အနာဂတ်မှာ သင်ဟာ ပုံမှန်လမ်းမှာပဲ ဆက်လျှောက်မလား၊ ဒါမှမဟုတ် ပုံမှန်လမ်းကနေ လွတ်အောင်ရုန်းထွက်ပြီး သက့်အိပ်မက်တွေကို အကောင်အထည်ဖော်သွားမှာလား၊ အရှည်ကြီးစဉ်းစားမနေပါနဲ့၊ အခုချက်ချင်းပဲ ပုံမှန်လမ်းကနေ ရုန်းထွက်ကြရအောင်. . . .။

@kyawhlaing
MSC - 015
photo - google images

Sort:  

အခုတော့ ပုံမှန်လမ်းလေးမှာပဲရှိပါသေးတယ် . . စိတ်ဓာတ်တက်ကြွေးတဲ့အတွက် ကျေးဇူးပါ အစ်ကိုရေ

ဖတ်ပေးတဲ့အတွက် ကျေးဇူးပါ

တစ်‌‌ယောက်‌အားနဲ့မရရင်‌ အများအားနဲ့ ဖိုက်‌ကြတာ‌ပေါ့။အဓိက က Plan ပါဘဲ။

plan ကောင်းရင် ရပါတယ်

ကောင်းတယ်​​ဗျာ အမြန်​လမ်း​ပေါ်တက်​နိုင်​​အောင်​ကြိုးစားမယ်

ကြိုးစားနေပါတယ်

အဲ့အမြန်လမ်းက ဆိုင်ကယ်တက်လို့မရဘူး

လမ်းတွေကောင်းနေပါပီ ဆရာရယ်

အိမ်နောက်ဖေး လမ်ကြားကနေ မှီအောင် လိုက်ခက်မေ😁

ငင့် နောက်ဖဲလမ်းက ဗွက်ဒေနက်

အမြန်​လမ်း​ပေါ်​ရောက်​ဖို့ စည်းလုံးဖို့လည်းလိုတယ်​အကို​ရေ့

မှန်ပါတယ်

အမြန်လမ်းပေါ်ကီလို၁၀၀နဲ့မောင်းကြတာပေါ့

ချမယ်လေ

အမြန်လမ်းပေါ်တော့ လျှောက်ချင်သား။ဒါပေမဲ့ powerမရှိ။

ဖြည်းဖြည်းပေါ့

အမြန်​လမ်းကို​လျောက်​ရဲဖို.လဲလိုမယ်​ ကိုချစ်​​ရေ အဲအတွက်​အချိန်​နည်းနည်း​တော့​ပေးရမယ်​ထင်​တယ်​ ကျွန်​​တော့အမြင်​ပါ

ကျွန်တော်ကတော့ ရုန်းနေတာပဲဗျိုးးး

အမြန်​ဆုံးspeedနဲ့​မောင်းဖို့ကြိုးစားဆဲပါ။အမြန်​လမ်း​ပေါ်တက်​ဖို့လည်းအားယူ​နေပါတယ်

အမြန်လမ်းပေါ် အမြန်ရောက်ပါစေနော်

Good post 👍

ဒါပေါ့ဗျာ ပုံမှန်လမ်းက ရုန်းထွက်ကြစို့

အမြန်​လမ်းကသရဲ​ခြောက်​တယ်​ဆို။

တခါတလေတော့လဲရှိမှာပေါ့

ချမယ်ဗျာ

ကြိုက်ပီလေ စိတ်ဓာတ်ကို

ပစ္စုပ္ပါန်​ သာအဓိကပါဗျာ

ပစ္စုပ္ပန်မှာလှုပ်ရှားနေကြတာ အနာဂတ်အတွက်ပါ

ကြိုးစာနေဆဲပါအစ်ကိုရေ

ဟုတ် ကြိုးစားကြတာပေါ့ဗျာ

ဖတ်ရတာအကျိုးရှိလိုက်တာ

ကျေးဇူးတင်ပါတယ်

အခု speed တပြီး မောင်းနေပါတယ် bro ရေ

သ ဘော ကျ တယ် ဗျာ