လူတော်တော်များများ ချမ်းသာကြွယ်ဝချင်ပါလျက်နဲ့ ဆင်းရဲတွင်းထဲကမတက်နိုင်တာ ချမ်းသာကြွယ်ဝရေးအပေါ် အာရုံစိုက်ထားရမယ့်အစား ဆင်းရဲတာကိုပဲလက်ခံ အာရုံစိုက်နေလို့ဖြစ်ပါတယ်။ ယုံကြည်မှုတွေရှိရမယ့်အစား သံသယတွေပဲရှိနေကြလို့ ဖြစ်ပါတယ်။ သံသယအတွေးတွေ၊ စကားလုံးတွေဟာ အောင်မြင်မှုနဲ့ဝေးစေမယ့်အရာတွေဖြစ်ပါတယ်။
"ဖစ်မှဖြစ်ပါ့မလား''
''ရှုံးသွားရင် ဘယ်လိုလုပ်မလဲ''
''ငါတော့ ချမ်းသာမယ့်ထဲမှာ ပါမှာမဟုတ်ပါဘူး
''ငွေရဖို့ဆိုတာ ခက်တယ်၊ ချမ်းသာဖို့ဆိုတာ လွယ်တာမှတ်လို့''
''ရိုးရိုးသားသားရှာတဲ့သူကတော့ ဆင်းရဲမှာပဲ၊ ဆင်းရဲတာကို ငါဂုဏ်ယူတယ်''
''မချမ်းသာရင်နေပါစေ၊ မဆင်းရဲရင် ကျေနပ်ပါပြီ'' ဟူသော အတွေးများသည် ကြီးပွားချမ်းသာရေးကို ဘောင်ခတ်ပြီး ကန့်သတ်လိုက်ခြင်ပင်ဖြစ်ပါသည်။
အောင်မြင်မှုဆိုတာ အကန့်အသတ်မရှိပါဘူး။ ကိုယ့်အတွေးတွေကသာ အောင်မြင်မှုကို ကန့်သတ်လိုက်တာပါ။ လောကရဲ့ သဘာဝက "မဖြစ်နိုင်ဘူး" လို့ထင်ရင် မဖြစ်ပါဘူး။" ဖြစ်နိုင်တယ်" လို့ထင်ရင် ဖြစ်ကိုဖြစ်ပါတယ်။ အဓိကကတော့ "စိတ်" ပဲ ဖြစ်ပါတယ်။
အောင်မြင်ချမ်းသာသူတွေဟာ ဆုံးရှုံးနိုင်မဲ့အန္တရာယ်တွေကို ကြိုတင်တွက်ဆတယ်၊ ကာကွယ်မှုတွေပြုလုပ်တယ်၊ စွန့်စားမှုနည်းနည်းနဲ့ ရင်းနှီးမြုတ်နှံနိုင်အောင် အစီအစဉ်ကောင်းတွေ ချမှတ်တတ်ကြပါတယ်။ စီမံကိန်းကောင်းကောင်းတွေကို လက်ကိုင်ထားတတ်ကြပါတယ်။ ဘယ်တော့မှ "မဖြစ်နိုင်ဘူး" လို့ မတွေးပါဘူး၊ "ဖြစ်အောင် ဘယ်လိုလုပ်ရင်ရမလဲ" ဆိုတာကိုသာ အာရုံစိုက်ပါကြတယ်။
steemit ချစ်သူမိတ်ဆွေများလည်း သံသယအတွေးများကိုဖယ်ရှားကာ ခရီးဆက်လျှောက်ရင်း အကန့်အသတ်မဲ့အောင်မြင်မှုရကြပါစေဗျာ
@kyawhlaing
တကယ်ဖြစ်ချင် တကယ်လုပ်
အဟုတ်ဖြစ်ရမည် ဆိုသည့်အတိုင်း
စိတ်ကိုဖြစ်ရမည်ဟု စိတ်ကိုဆုံးဖြတ်နိုင်ကြပါစေ။
ဟုတ် ကျေးဇူးပါ
မဖြစ်သေးရင် ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်လေးတွေ ပိုင်ဆိုင်ထားရင် အောင်မြင်လာကြမှာပါဗျ
မှန်တာပေါ့ဗျာ
လောကတွင် လူတွေ ဆင်းရဲရခြင်းအကြောင်းထဲမှ အောင်စိတ် မရှိခြင်းသည် အရေးကြီးသော အချက် ဖြစ်ပေမည်။
အမှန်ပါပဲ
အတွေးလေး တစ်ချက်မှားတာ့ ခံစားလိုက်ရတာက တစ်နှတြစ်ပိုး
သတိထားစရာပေါ့
steemit မှာလုပ်ကိုင်နေကြတဲ့သူတွေအကုန်လုံးတွက်အကျိုးရှိစေတဲ့post ကောင်းတစ်ခုပါ
ဖတ်ပေးတာကျေးဇူးပါ
This post has received a 1.36 % upvote from @booster thanks to: @kyawhlaing.
This post has received gratitude of 1.82% from @appreciator courtesy of @kyawhlaing!
သံသယ က အကုန်ဖျက်စီးတတ်တယ်ဗျ
ကောင်းတယ် bro.
ဟုတ်တာပေါ့ဗျာ
ကောင်းပါတယ်သံသယကရည်မှန်းချက်ကိုပျက်ပြားစေနိုင်ပါတယ်
You got a 2.27% upvote from @buildawhale courtesy of @kyawhlaing!
If you believe this post is spam or abuse, please report it to our Discord #abuse channel.
If you want to support our Curation Digest or our Spam & Abuse prevention efforts, please vote @themarkymark as witness.