pvc pipe ဆင်တာတွေ၊ metal trunking ဆင်ခြင်း

in #myanmar6 years ago

မြင်းထီး..လား၊ မြင်းမ..လား

image

တစ်နေ့ထက် တစ်နေ့ အတွေ့အကြုံလေးတွေ
ရလာတာနဲ့ အမျှ မီးနဲ့ပတ်သတ်တဲ့ pvc pipe ဆင်တာတွေ၊ metal trunking ဆင်တာတွေမှာ အဆင်ပြေစွာလုပ်ဆောင်လာနိုင်ပါတယ်။

image

မီးအလုပ်စပြီး လုပ်စတုန်းကလို ဘာမသိ ညာမသိ မဟုတ်တော့ပဲ ဟိုဟာလဲသိလာ ဒီဟာလဲ သိလာဆိုတော့ လုပ်ငန်းခွင်မှာလဲ ပျော်ရွှင်
လာတာပေါ့ ကိုယ့်ဆရာတို့ရာ။

ကျနော်တို့ မီးသမားတွေမှာကလည်း level လေးတွေရှိနေတယ်ဆိုတာ ကိုယ့်ဆရာတွေလဲ
သိကြတာပေါ့။ ဥပမာ ဆရာတို့ရာ ရိုးရိုး Gang switch တွေနဲ့ ခလုတ်တွေဆင်တတ်မယ်၊ နောက်တစ်ခါ လှေကားခွင် two way switch တွေဆင်တတ်လာမယ်၊ ပြီးတော့ intermediate switch တွေ နဲ့ မီးတွေကို အဖွင့်အပိတ်တွေဆင်တတ်လာမယ်။ နောက်ပြီး
တော့လည်း sensor တွေ ၊ remote တွေ၊
timmer တွေနဲ့လည်း မီးတွေကို ဆင်တတ်လာမယ် ။ စသဖြင့် level တွေ အမျိုးမျိုးရှိနေတတ်တာ ကျနော့ဆရာတွေ အသိပါ။
image

image

နောက်ပြီး Installation မှာဆိုလဲ ခွဲထွင်း ခွက်ထိုင်၊ ပိုက်မြုပ်တွေ နားလည်မယ်၊ pvc trunking တွေ piping တွေဆင်တတ်မယ်။
နောက်ထပ် metal trunking တွေ cable ladder တွေ လည်းလုပ်တတ်လာမယ်။ စသဖြင့် အမျိုးမျိုး ပေါ့ ကိုယ့်ဆရာတို့ရာ ။

Termination တွေကို connection လုပ်ကြမယ်ဆိုရင်လဲ 1.5mmsq, 2.5mmsq ကနေ 300,400,500,600... mmsq စတဲ့ ကြိုးအကြီးတွေအထိ termination တွေကို လုပ်နိုင်လာတယ်ပေါ့။

ဒီလိုပုံစံအမျိုးမျိုး level အမျိုးမျိုးတွေထဲကမှ ကျနော်က piping ဆင်တတ်တယ်၊ metal trunking တွေ ဆင်တတ်လာတယ်ဆိုတော့လည်း ကိုယ့်ကိုကိုယ် လက်မထောင်ချင်လာတာပေါ့ ကိုယ့်ဆရာတို့ရာ။ metal trunking ဆင် ပိုက်ဆင်ပြီဆိုရင်လည်း ကျနော်က အတွေ့အကြုံများလာတော့ လှလှပပ သပ်သပ်ရပ်ရပ် ဖြစ်လာတာပေါ့ ။

ဒီနေ့တော့ ကျနော်တို့ metal trunking တွေ
Piping တွေဆင်ပြီးလို့ ကြိုးစဆွဲနေကြတာပါ။
ကျနော်တို့ ကြိုးဆွဲနေတုန်း ဆရာရောက်လာပြီး၊ ဟာ..ညီ.. မင်းဆင်ထားတဲ့ pipe တွေ trunking တွေက မလိုအပ်တဲ့နေရာတွေမှာ ပိုကြီးမနေဘူးလားလို့ မေးပါတယ်။ ဟုတ်တယ်ဗျာ ဆရာမေးမယ်ဆိုလဲ မေးစရာပါပဲ တစ်ချို့နေရာတွေမှာ မီးကြိုးတွေက အရမ်းနည်းနေပြီး
ပိုက်တွေ Trunking တွေက မလိုအပ်ပဲ ပိုကြီး
နေတာပါ။ ကျနော်တို့ကလဲ ပိုက်တွေ trunking တွေဆင်ပြီဆိုရင် အထဲမှာထည့်မယ့် ကြိုးတွေ မဆံ့မှာဆိုးလို့ဆိုပြီး size တွေကို
တတ်နိုင်သမျှ ပိုကြီးကြီးနဲ့ ဆင်ထားမိတာ ကိုယ့်ဆရာ တို့ရေ။

ကျနော်လဲ ဆရာ့ကို အကြောင်းစုံရှင်းပြမိတော့ ။ အေး အဲဒီလိုမျိုး မလိုအပ်ပဲ pipe တွေ
trunking တွေရဲ့ size တွေကို ကြီးထားမိရင်
ပိုင်ရှင်တွေအတွက် နစ်နာမှုတွေ ရှိတယ်။ ဒီလိုမဖြစ်အောင် ကိုယ်သုးံမယ့် မီးကြိုး size အမျိုးမျိုး နဲ့ pipe တွေ trunking တွေရဲ့ capacity factor တွေကိုသိရင် မီးကြိုးsize
ပေါင်းစုံရဲ့ အရေအတွက်နဲ့ကိုယ်ဆင်မယ့်
pipe ၊ trunking တွေရဲ့ size ကို မှန်ကန်အောင်ရွေးချယ်နိုင်မယ်။ ဆိုပြီး ပြောပြပါတယ်။

image
ဟုတ်တယ်ကိုယ့်ဆရာတို့ရေ ကျနော်လဲ မီးကြိုး တွေ၊ pipe တွေနဲ့ trunking တွေရဲ့ capacity factor ကို သိလာပြီးနောက်ပိုင်းမှာ
ုကြိုးအရေအတွက်နဲ့ pipe, Trunking တွေရဲ့
Sizeကို မှန်ကန်စွာ ရွေးချယ်လာနိုင်ခဲ့ပါတယ်။
ကိုယ်စီးမဲ့မြင်းကို အထီးလား အမလား သေသေချာချာ အခုမှသိလာတော့တယ် ကိုယ့်ဆရာတို့ရေ။

MyatMin ThuyaKyaw