သဘာဝနှင့် ဘေးအန္တရယ် (ဆူနာမီ)

in #myanmar7 years ago

image

ဆူနာမီလို့ကြားလိုက်တာနဲ့ ၂၀၀၄၊ ဒီဇင်ဘာလ၊၂၆ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ရေအောက်မီးတောင် ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့သော ရေလှိုင်းတွေကို ပြေးမြင်မိလိမ့်မယ်လို့ ထင်ပါတယ်။ အိန္ဒိယသမုတ္တရာတွင် ၉.၁၅ ရစ်ချက်စတာကေးပြင်းအားကြောင့် ၅၇ပေခန့်မြင့်သောရေလှိုင်းများသည် မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်း၊ အိန္ဒိယနှင့် သိရိလင်္ကာနိုင်ငံများကို ၀င်ရောက်မှုကြောင့် သန်းပေါင်းများစွာ သေကြေပျက်စီးခဲ့ရပါတယ်။ ထိုရေလှိုင်းများကြောင့် များစွာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့တာ ရနေ့တိုင် မေ့မရသေးဘဲ စိတ်ထဲစွဲထင်နေ သေးတယ်။

image

၎င်းရေလှိုင်းများနေရာအနှံ့ကို ပြင်းထန်စွာဝင်ရောက်ခဲ့သော်လည်း မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများ ဖြစ်သော တနင်္သာရီတိုင်းတွင် ဆူနာမီလှိုင်းများ ၀င်ရောက်ခဲ့သော်လည်း ဒီရေများ တက်ကျခြင်းများသာ ဖြစ်ပေါ်ပြီး ပျက်စီးဆုံးရှုံးမှုများမရှိခဲ့သည်ကို ကြုံတွေခဲ့ပါသည်။ ဆူနာမီဖြစ်ပွာရာ အင်ဒိုနီးရှားနိုင်ငံနှင့် အိန္ဒိယ၊ သိရိလင်္ကာနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံတောင်ပိုင်းဖြစ်သော တနင်္သာရီတိုင်းသည် ၎င်းနိုင်ငံများထက် မိုင်ပေါင်းများစွာနီးသည်ကို သိရှိရပါသည်။ဘယ်ကြောင့် ထိခိုက်မှုမရှိခြင်းကို လက်လှမ်းမှီသလောက် တင်ပြသွားပါမည်။

image

ရေအောက်မီးတောင်ကြောင့် ဖြစ်ပွားလာသော ဆူနာမီရေလှိုင်းများသည် ဖြစ်ပေါ်လာပုံသည် ရေလှိုင်းများက ပင်လယ်ရေမြင့်သောနေရာများတွင် ဖြစ်ပေါ်ခြင်းမရှိဘဲ ပင်လယ်ရေ ၁၀ပေခန့်ရှိသော ကမ်းစပ်အနာသို့ရောက်မှ ရေလှိုင်းများတက်လာခြင်းဖြစ်ပါသည်။ ဆူနာမီဖြစ်သောဝင်ရောက်နေချိန်တွင် ပင်လယ်ရေမြင့်နေသောနေရာတွင် ဒီရေအတက်အကျ၊ အတက်အကျများကိုသာ အကြိမ်ကြိမ်ဖြစ်ပေါ်ပြီး ကြီးမားသောလှိုင်းလုံးများ ဖြစ်ပေါ်ခြင်းမရှိပါ။ ရေအောက်တွင် သန္တာကျောက်များရှိပါက ဆူနာမီရေလှိုင်းများသည် ၎င်းကျောက်တန်းများကို အဆင့်ဆင့် ဖြတ်ကျော်ရသောကြောင့် ကမ်းစပ်သို့ ရောက်သောအခါတွင် ရေလှိုင်းကြီးများ မဖြစ်ပေါ်ဘဲ ဒီရေအတက်၊ အကျကိုသာ ဖြစ်ပေါ်ခဲ့ပါသည်။ ထိုအချိန်က စာရေးသူသည် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်ရှိ ကျေးရွာလေးတစ်ရွာတွင် နေထိုင်ခဲ့ပါသည်။ တနင်္သာရီတိုင်းသည် ကျွန်းပေါင်း ၈၀၀ကျော်ရှိသည့်အပြင် ဆူနာမီဖြစ်ပွားသော အချိန်အခါက ဒီရေတောများ ပြုန်းတီးများများ မရှိသေးခြင်း၊ ရေအောက်တွင် သန္တာကျောက်တန်းများ ပျက်စီမှုများ မရှိသေးခြင်းကြောင့် ဒီရေလှိုင်းများ ၀င်ရောက် ဖျက်စီးမှုများကို သဘာဝက ပေးထားသော လက်ဆောင်များက တားဆီးပေးလိုက်ခြင်းကြောင့်ဖြစ်ပါသည်။

image

ထိုကြောင့် သဘာဝကပေးထားသော ဒီရေတောများ၊ သန္တာကျောက်တန်းများကို မပျက်စီးအောင် ထိန်းသိမ်း စောင့်ရှောက်ရန်လိုအပ်ပါသည်။

Auther – kopyayko
Myanmar steemit
Photo from google

Sort:  

Congratulations @kopyayko! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

ဪတော်သေးတာပေါ့ သန္တာကျောက်တန်းတွေရှိနေလို့ 😁