အကြင်နာကင်းမဲ့သော

in #myanmar7 years ago

ချစ်လှစွာသော Steemit Friends မင်္ဂလာရှိသောနေ့သစ်လေးပါ..ကျွန်တော် Today’s post ရေးမှာကတော့ ဘုရားဇတ်တော်ကို အကြောင်းပြုရဲ့ရေးသားမှာဖြစ်ပါတယ်
(ပစ္စုပ္ပန်ဝတ္ထု)
bullying.jpeg
ဒေဝဒတ်၏ တစ်ဖက်သားအပေါ်၌ အနိုင်ကျင့်ခြင်း၊ စာနာထောက်ထားမှုမရှိခြင်း စသော အကြောင်းများနှင့် ဆက်စပ်ရဲ့ဒီအတိတ်ဇာတ်ကြောင်းကို ဆောင်တော်မှု၏..

(အတိတ်ဝတ္ထု)
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားအလောင်းသည် ဟိမဝန္တာ၌ ဆင်ပေါင်းရှစ်သောင်းကို အုပ်ချုပ်ရသော ဆင်မင်းဖြစ်ခဲ့၏။ တစ်နေ့သ၌ နှံစုတ်ငှက်မ တစ်ကောင်သည်ဆင်များသွားရာလမ်းကြောင်းပေါ်မှာ ဥများကို ဥချထားလေ၏။ ထိုဥများမှ ငှက်ကလေးများ ပေါက်ရဲ့ အတောင်အလက်မစုံမီ ဆင်မင်းနှင့် ဆင်များလာနေသည်ကို နှံစုတ်ငှက်မမြင်လျှင် သူ့သားငယ်များကို ချမ်းသာပေးပါရန် ဆင်မင်းအား တောင်းပန်လေသည်။
170626163050-06-cnn-malawi-elephants-exlarge-169.jpg
ဘုရားအလောင်းဆင်မင်းက “ မစိုးရိမ်လင့်” ဟုဆိုကာ ငှက်ကလေးများပေါ်မှာ ခွရဲ့ ရပ်နေပြီး ဆင်များကို ရှေ့သို့ကျော်တက်သွားစေ၏။ ဆင်များကျော်သွားပြီးသော် ဆင်မင်းက နှံစုတ်ငှက်မအား “ နောက်ကလာမည်ဆင်မှာ ငါတို့စကားကို နားမထောင်၊ သူ့ကိုလည်း တောင်းပန်လေလော့ ဟု မှာကြားသွား၏။
ထိုဆင်ရိုင်းရောက်လာလျှင် နှံစုတ်ငှက်မက “သားငယ်များ၏ အသက်ကို ချမ်းသာပေးပါ” ဟုတောင်းပန်ပြန်၏။ ဆင်ရိုင်းက သင့်သားငယ်များကို သတ်မည်။ သင်ဘာတတ်နိုင်မည်လဲ။ သင့်လိုငှက်မျိုးတစ်သိန်းကိုပင် ငါစာရင်း မသွင်း ဟုပြောပြီးငှက်ငယ်များကို နင်းသတ်ရဲ့ ကျင်ငယ်ရေမှာ မျောစေ၏။ ထို့နောက် ကျယ်လောင်စွာ မြည်တီးရဲ့ ထွက်သွားလေသည်။
နှံစုတ်ငှက်မလည်း ဆင်ရိုင်းအပေါ် နာကျည်းစိတ်ဖြင့် ကိုယ်အားထက် ဥာဏ် အား ကြီးကြောင်း သိစေရမည် ဟု ကြုံးဝါးကာ ကျီး ယင်မမဲရိုင်း ဖားတို့နှင့် မိတ်ဆွေဖွဲ့ကာ အကြံအစည်ပြုလေသည်။
maxresdefault.jpg
တစ်နေ့တွင် ကျီးက ဆင်ရိုင်းကြီး၏ မျက်လုံးအစုံကို နှုတ်သီးဖြင့် ထိုးဖောက်လိုက်၏။ ထို့နောက် ယင်မမဲရိုင်းက ဆင်၏မျက်လုံးအထဲသို့ ပိုးလောက်များ ထည့်ပေးလိုက်သည်။ မျက်စိကန်းသွားပြီဖြစ်သော ဆင်ရိုင်းကြီးသည် ရေငတ်လာရဲ့ ရေလိုက်ရှာသည်။ ဖားက တောင်ထိပ်ပေါ်တက်ရဲ့ အသံပြုသည်။ ဖားသံကြားရာ ရေရှိမည်အထင်ဖြင့် ဆင်ကန်းကြီး တောင်ထိပ်ပေါ်သို့ တက်လာ၏။ ထိုအခါ ဖားက တောင်ကမ်းပါးပြတ်မှနေရဲ့ အသံပေးပြန်သည်။ ဖားသံကြားရာသို့ လိုက်လာရင်း ဆင်ကန်းကြီး ကမ်းပါးပြတ်မှ လျောကျသေဆုံးသွားလေတော့၏။
lead_960.jpg
(အနှစ်ချုပ်။)
ကိုယ်အားထက် ဥာဏ်အားကြီး၏။

(သင်ခန်းစာ)
မိမိထက် အင်အားနည်းသူကို ညှာတာသင့်သည်။ ကိုယ်အင်းအားနည်းတိုင်းအကြံဥာဏ်အားနည်းလိမ့်မည်ဟု မမှတ်ယူသင့်။ ကိုယ်အင်အားနည်းသူအား စော်ကားလျှင် သူ၏ အကြံဥာဏ်အားကြောင့် ဒုက္ခရောက်တတ်သည် စ သော သင်ခန်းစာများကို ရရှိပါသည်။

(မီးသုံးပါးလောင်နေတဲ့ လောက)
images (1).jpg
မရှိလဲငတ်၊ ရှိလဲငတ်၊ မပြတ်အာသာ လောဘပါ။
မရှိလဲရှာ၊ ရှိလဲရှာ၊ လိုမြဲလိုတာ လောဘပါ။
လှတာတွေလဲ၊ လိုချင်မြဲ၊ မက်စွဲအာသာ လောဘပါ၊
ကောင်းတာကိုလဲ၊ ရချင်မြဲ၊ မခွဲနိုင်တာ လောဘပါ၊
အတောမသတ်၊ လောကဇာတ်၊ မောဖက်နေတာ လောဘပါ၊
လောဘနဲ့သေ၊ ပြိတ္တာပြေ၊ ရောက်လေမှန်စွာ မလွဲပါ၊
မခံလိုပဲ၊ အံကိုက်ခဲ့၊ ပေါက်ကွဲတတ်တာ ဒေါသပါ။
ဒေါသနဲ့သေ၊ ငရဲပြေ၊ ရောက်လေမှန်စွာ မလွဲပါ၊
အမှန်မသိ၊ ဥဏ်မရှိ၊ ဖုံးဖိနေတာ အဝဇ္ဇာ၊
မောဟနဲ့သေ၊ တိရစ္ဆာန်ပြေ၊ ရောက်လေမှန်စွာ မလွဲပါ၊
ဓမ္မစကား၊ အရှိသား၊ ဘုရားမိန့်မှာမှတ်စရာ။
လေးစားရပါသော Steemit Friends လေးဘဲ အမြန်ဆံုး အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့……

Photos from Google images
Wrote from ဇာတ်တော် by konyi

Sort:  

ဗဟုသုတရပါတယ်

ကျေးဇူးပါ

Very good

Thank bro for reading.