ကျွန်တော်တို့ငယ်ငယ်လေးတုန်းက ရွာမှာဆိုရင်
လျပ်စစ်မီးလည်းမရ ခုခေတ်စားနေတဲ့ နေရောင်ခံ
ဆော်လာပြားတွေဆို အိပ်မက်မှာတောင်မမြင်ဖူးခဲ့ ညနေဝင်ပြီဆိုတာနဲ့ အိမ်တိုင်းအိမ်တိုင်းမှာ ဖယောင်းတိုင် ဒါမှမဟုတ် မီးအိမ်ကို အသုံးပြုလေ့ရှိကြပါသည်။
တနေ့မှာ ကျွန်တော် အိမ်ရှေ့ အခန်းလေးတစ်ခန်းမှာ ဖယောင်းတိုင်းတစ်ချောင်းကို အဖော်ပြုပြီး စာမေးပွဲအတွက် တစ်ယောက်တည်း စာဖတ်နေလေသည် စာဖတ်တယ်ဆိုပေမဲ့ အလွတ်ရထားတဲ့ စာတွေကို မမေ့ရအောင်ပြန်နွေးနေခြင်းသာဖြစ်သည်။ ကျွန်တော် စာနွေးတဲ့အခါ မျက်လုံးကိုမိတ်ပြီး နွေးမှအားရပါတယ်။ မိတ်ထားမှလည်း ကိုယ်ရထားတဲ့စာတွေကို အာရုံထဲသို့ တဖြည်းဖြည်းချင်း ခေါ်ယူလို့ရပါတယ်။ အဲ့ဒီလို မျက်လုံးမိတ်ပြီး စိတ်ပါဝင်စားစွာနဲ့ စာနွေးနေတဲ့ အချိန်မှာ အသံတခုကို ပပီမပြင်ကြားလိုက်ရပါသည် ပထမတော့ အာရုံကစာထဲရောက်နေလေတော့ သိပ်ပီး သတိမထားမိဘူး ဒုတိယတခါ ထပ်ကြားလာမိပြန်တယ် ကြားကြားချင်းပဲ မိတ်ထားတဲ့ မျက်လုံးအစုံကို အသာကလေး ဖွင့်ကြည့်လိုက်တာ မျက်လုံးရှေ့မှာ ကြေကွဲဝမ်းနည်းဖွယ်ရာ အဖြစ်ပျက်တခုကို မြင်တွေ့လိုက်ရတယ်။
အဲ့ဒါက ကျွန်တော့ စာဖတ်ခုံပေါ်မှာ ထွန်းညှိထားတဲ့ ဖယောင်းတိုင်မီးကို အဝေးမှ ပျံလာထိုးတဲ့ ပိုးကောင်းတွေရဲ့ လှုပ်ရှားမှုပင်။
တစ်ကောင်တစ်လေ အတောင်ပျံတွေ မီးလောင်ပြီး မပျံသန်းနိုင်ရှာဘူးဒါပေမဲ့ ဇွဲမလျော့သေးပေ မီးရှိရာသို့ မရောက် ရောက်အောင်တက်နေလေ၏။
တစ်ကောင် တစ်လေကျတော့ မပျံသန်းနိုင်ရုံသာမက အသက်ပင် ဆုံးရှုံးကြလေ၏။
ပျံသန်းနိုင်တဲ့ အကောင်တွေကတော့ သူတို့ခန္ဓာကိုယ်မှာ ရှိသမျှ အစွမ်းတွေကို ဒုက္ခရောက်စေနိုင်တဲ့ သည်အရေးကြီးကိစ္စအတွက် သူတို့ဖြုန်းတီးနေလေသည်။
ညံ့သထက် ညံ့လာသည့် သူတို့၏ လှုပ်ရှားပုံတွေက ကြေကွဲဖွယ် ကောင်းလှသည့် သူတို့တွေရဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြနေလေသည်။
ကြိုးစာ၍မအောင်မြင်လျှင်သည်ထက်ကြိုးစား ဟူသော အသိဥာဏ် ကင်းမဲ့ပြီး ဝီရိယလွန်ကဲတဲ့ လမ်းစဉ်ပင် သို့သော် လောလောဆယ်မှာ သည်လုပ်ရပ်တွေက အကျိုးမရှိလှပေ အသဲအသန် ကြိုးစားနေခြင်းကြောင့် သူတို့အတွက် ဒုက္ခစေသည့်အပြင် ရှင်သန်မည့်အလားအလားကို စိုးစဉ်မျှပင်မမြင်ရ။
စင်စစ် မဆင်မခြင်ကြိုးစားအားထုတ်နေမှုကြောင့် သည်ထောက်ချောက် အတွင်းမှသူတို့မလွတ်မြောက်ခြင်းပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ သူတို့ကတော့ သူတို့ရဲ့ ရည်မှန်းချက်အတွက် အသက်ပင်သေသေဟူသော စိတ်ဓါတ်မျိုးဖြင့် ပျံသန်းအားထုတ်နေလေ၏။
ကြေကွဲစရာကောင်းတဲ့ သူတို့တွေရဲ့ ဘဝနိဂုံးကိုမြင်နေရသည်။ သူတို့သည် ဖယောင်းတိုင်ကြောင့် သေပွဲဝင်ရမှာ သေချာလျက်ရှိနေလေသည်။ သူတို့ရှေ့က သေပွဲဝင်ခဲ့ကြတဲ့ သူတွေကို နမူနာယူပြီး အကျိုးမရှိတဲ့ လုပ်ရပ်တွေကို ရပ်တန့်ခဲ့ရင် သည်လို အဖြစ်ပျက်ကို ကြုံရမှာ မဟုတ်ပါဘူး။ ဇွဲကြီးလှတဲ့ သူတို့သည် ဘာကြောင့် ရှေ့လေးတင် ဒုက္ခကြုံခဲ့ရတဲ့ သူတို့တွေကို စံနမူနာ မယူကြသနည်း။
သူတို့ရွေးချယ်ခဲ့တဲ့ လမ်းစဉ်တွေကို ဘာကြောင့် သဲသဲမဲမဲစွဲလမ်းနေရသနည်း။ သေချင်သေပါစေ ဟူသော သည်နည်းလမ်းကို စွဲစွဲမြဲမြဲ အားထုတ်သွားမည်ဟူသော စိတ်ဓါတ်မျိုးသည် အဘယ်သို့သော ကျိုးကြောင်း ဆင်ခြင်မှုမှ ပေါက်ဖွားခဲ့သနည်း။ ပိုးကောင်တွေ အနေနဲ့တော့ သူတို့၏လုပ်ငန်းသသည်ပင် အကောင်းဆုံးဖြစ်ချင်ဖြစ်နေပါမည်။
သို့သော် ဝမ်းနည်းကြေကွဲဖွယ်ကောင်းသည်က သူတို့အယူဆနဲ့ သူတို့လုပ်နည်းလုပ်ဟန်သည် အသက်ဆုံးခြင်းဖြင့် နိဂုံးချုပ်ရမည့် အယူအဆမျိုး လုပ်နည်းလုပ်ဟန်မျိုး ဖြစ်နေခြင်းပင်တည်း။ သူတို့သည် ဝီရိယအားကောင်းပေမဲ့ ဥာဏ်မယှဉ်တဲ့အတွက် အရှေ့က ဒုက္ခရောက်ခဲ့တဲ့အတိုင် ဒုက္ခရောက်နေမြဲပင်။
လောကမှာအမှားကင်းတဲ့လူရယ်လို့မရှိပါဘူး အမှားကိုအမှားမှန်းသိတဲ့အခါ အမှန်ပြင်သင့်ကြောင်းနှင့်ဘယ်အရာမဆို မကြိုးစားမီ ကျိုးကြောင်းဆီလျော်အောင် စီးစစ် ဆင်ခြင် သုံးသပ်သင့်ပါကြောင်း ထင်မြင်ချက်လေးတွေပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။အမှားပါရင် ခွင့်လွတ်ကြပါ အားလုံးကျမ္မာကြပါစေ။
photos from google
written by konaing
Nice article
Thanks
တကယ်ကောင်းတဲ့ ideas တွေပါ
ကျေးဇူးအများကြီးပါတယ် ကိုညီ