မင်္ဂလာပါခင်ဗျာ။
ဟိုတစ်ပတ်Proမှာ ကျနော် တင်ခဲ့တဲ့ လူမှန် နေရာမှန်နဲ့ စည်းကမ်း planရေးဆွဲခြင်းဆိုတာကို ဆက်လက်ပြီး ရေးသားတင်ပြချင်ပါတယ်။
ဝေဖန်အကြံပြုခြင်းများလည်း ပြုလုပ်ပေးကြပါအုံးခင်ဗျာ။
ပန်းချီဆရာတစ်ယောက်ဟာ ဆေးစက်ချရာ အရုပ်ထင်တယ်လို့ ဆိုထားခဲ့ပြီးသည့်အတိုင်းပဲ အမှန်တစ်ကယ်မှာလည်း အရုပ်ထင်နေတာကိုတွေ့ရမှာပါ။ သူ့မှာ အဲ့ဒီလိုဆေးစက်ချရာမှာအရုပ်ထင်နိုင်ဖို့အတွက်လည်း ကြိုးစားခဲ့ရတဲ့အချိန်တွေ လေ့ကျင့်ခဲ့ရတဲ့အချိန်တွေ ရုပ်ပုံတွေကိုကောင်းစွာမဆွဲတက်ခင်မှာ ဆုံးရှုံးခဲ့ရတဲ့အရာတွေလည်း အနည်းနဲ့အများတော့ရှိမှာပါ။ ပန်းချီပုံကိုရေးဆွဲလေ့ကျင့်ဖို့အတွက် စုတ်တံတို့စာရွက်တို့လိုအပ်တာပဲမဟုတ်လားဗျာ။
မဆွဲတက်ဆွဲတက်နဲ့ဆိုရင် လွှင့်ပစ်ရမယ့် စက္ကူစာရွက်တွေကလည်း ရှိနေမှာပါ။သို့ပေမယ့် သူဟာ ကျွမ်းကျင်တဲ့ပန်းချီဆရာ တစ်ဦးဖြစ်လာခဲ့တယ်။ ဘယ်လိုကနေဖြစ်လာရသလည်းဆိုရင် လူကလည်း မှန်ကန်တဲ့လမ်းကြောင်းကိုယုံကြည်ချက်ရှိစွာ လုပ်ဆောင်ခဲ့သလို၊ သူရွေးချယ်တဲ့အရာကိုလည်း မှန်ကန်တယ်လို့ ယုံကြည်ထားလိမ့်မယ်။ ဝါသနာအရလည်းဖြစ်နေနိုင်ပေမယ့်။ သူ့ရဲ့ဝါသနာကို သူယုံကြည်လို့လည်း သူရွေးချယ်တာကို အမှန်ပါလို့တွေးတက်လိမ့်မယ်။ သူရွေးချယ်တဲ့လမ်းကိုလည်း ရည်ရွယ်ချက်ရှိစွာနဲ့လျှောက်လှမ်းတယ် ကြိုးစားတယ်။
ကြိုးစားတယ်ဆိုရာမှာ သူလိုချင်တဲ့အရာတစ်ခုအပေါ်မှာကို ဘယ်လိုအရာကိုလုပ်ကိုင်ရင် ဘာဖြစ်လာနိုင်တယ်ဆိုတာမျိုးကိုပါ စဉ်းစားပြီး အကြံအစည်တစ်ခုplanတစ်ခုကို ချထားလိမ့်မယ်။ သူဟာ လိုက်နာရမယ့်အဓိကအချက်ဖြစ်တဲ့ စည်းကမ်းဆိုတာတွေကိုတော့ တသဝေမတိမ်း လိုက်နာဆောင်ရွက်ပါလိမ့်မယ်။
ဘာဖြစ်လို့ စည်းကမ်းဆိုတဲ့အရာသည်အဓိကနေရာမှာရောက်နေရသလည်းတိုရင် စည်းကမ်းရှိမှ နည်းလမ်းတွေကိုသိပြီး ဖန်တီးမှုအသစ်သစ်တွေကို ဖန်တီးလာနိုင်မယ်မဟုတ်ပါလားဗျာ။
စည်းကမ်းသည်ဘာလို့အရေးပါသလည်းဆိုရင်
ကျနော်တို့ steemitကို သုံးစွဲသူတွေအားလုံးနီးပါးသိကြတဲ့ cheetahမိရတယ် ဆိုတဲ့အကြောင်းလေးနဲ့ပြောပြချင်ပါတယ်။ cheetah ဘာလို့မိသလည်းဆိုရင် သူများရေးပြီးသားစာပေတွေကို ကိုယ့်ရဲ့ blogမှာတင်မိတဲ့အတွက်ကြောင့်ဆိုတာ သိကြမှာပါ။ steemitက သူများစာပေတွေကို Copyကူးယူခွင့်မပြုထားဘူးဆိုတော့ တစ်ကယ်လို့ copyစာသားတွေရှိလာခဲ့ရင် အလိုအလျောက်ရှင်းလင်းပေးနိုင်စေဖို့ သိမြင်လာကြနိုင်စေဖို့ cheetahဆိုတာကိုဖန်တီးခဲ့ကြတာပေါ့။ ဒါဟာ သူထုတ်ထားတဲ့ သူ့ရဲ့စည်းကမ်းပါပဲ။ နောက်ကနေမှ နည်းလမ်းတွေသုံးပြီး တိုးတက်လာအောင် မကောင်းမှုတွေပပျောက်အောင် လုပ်ဆောင်ကြိုးပမ်းနေကြရပါတယ်။
သို့ပေမယ့် Copyကူးတဲ့သူတွေကတော့ သိသိကြီးနဲ့ အရှက်မရှိ Copyကူးနေကြတုန်းပါပဲ။ထားပါတော့ ကျနော်ပြောချင်တာက စည်းကမ်းရဲ့အရေးပါပုံကို ပြောချင်တာပါ။ စည်းကမ်းရှိမှ လူမျိုးလည်းတင့်တယ်ရသလို ပညာရေးတွေမှာလည်း တိုးတက်ထွန်းကားလာရမှာပါ။ ကျနော်တို့ငယ်ရွယ်စဉ်အချိန်က ကျောင်းမှာ စတင်သင်ကြားပေးတဲ့ စာပေဆိုတာ " ဝလုံး ” ဆိုတဲ့အရာပါ။ ကကြီး ခခွေး ဆိုတာတွေကို အရင်သင်ပေးခဲ့ကြတာမဟုတ်ပါဘူး။ စည်းကမ်းတကျနဲ့ ”ဝလုံး” ဆိုတာကိုရေးတက်အောင်အရင်သင်ပေးတာပါ။ နောက်တော့မှ ကကြီး ခခွေးနဲ့ ABCDပေါ့။ ဒီလိုအရာလေးတွေကိုအရင်ဦးဆုံးသင်ကြားပြသပေးခဲ့ကြလို့ အခြေခံဆိုတာတွေ ကလေးသူငယ်တွေတက်မြောက်လာကြတော့ နောက်ပိုင်းအဆင့်မြင့်ပိုင်းတွေမှာ လွယ်ကူလာကြပါတယ်။
ကျနော်ရေးပြတဲ့အကြောင်းအရာတွေဖတ်ပြီး အခြေခံမရှိလည်း ရပါတယ်ကွာဆိုပြီး တွေးသူတွေလည်းရှိနိုင်ပါတယ်။ မတွေးပါနဲ့လို့ပဲပြောချင်ပါတယ်။
Englishလိုအရာတွေကို Subject,Verbs,Object,etc....စတာတွေကိုမသိရင် ဘယ်လိုနည်းနဲ့မှအဆင်ပြေလွယ်ကူနိုင်မှာမဟုတ်ပါဘူး။ အခြေခံလေးတွေသိရှိနေခဲ့မယ်ဆိုရင်တော့ လွယ်ကူနေမှာပါ။
ကျောင်းသားတွေဟာ ဆရာတစ်ဦးဆီမှာ စာတွေသင်ယူတဲ့အခါ ဆရာရဲ့စကားအတိုင်း သေချာစွာလုပ်ကိုင်တယ် သင်ယူကျက်မှက်တယ်ဆိုရင် သူတို့ရဲ့တာဝန်ကျေပါတယ်။ ဒီလိုတာဝန်ကျေနေသူတစ်ဦးကိုလည်း ဆရာသမားတွေ အကြီးအကဲတွေက အပြစ်မပြောကြပါဘူး ပြောစရာလည်း လိုမှမလိုအပ်တာလေ။ သို့ပေမယ့် ကျောင်းသားတိုင်းက လူတော် မဖြစ်နိုင်သလို လူကောင်းလည်းမဖြစ်နိုင်ပါဘူး။ ဒီ့အတွက် ဆရာတွေက ဆုံးမတဲ့အခါ တစ်ဦးတစ်ယောက်နည်းကိုမပြောပဲ အကုန်လုံးကို သိမ်းကြုံးပြီးပြောဆို ဆုံးမလေ့ရှိကြတယ်။ အပြစ်ရှိတဲ့ကျောင်းသားကတော့ သူ့ကို ဆုံးမတာပဲဆိုတာသိရှိပြီး ပြုပြင်သွားကြသလို မိမိရဲ့တာဝန်ကျေပွန်စွာနဲ့ စာတွေ သင်ယူကျက်မှက်ပြီး ဆရာ့စကားနားထောင်ကြသူတွေကလည်း ဆရာဆုံးမတဲ့စကားတွေကိုနားထောင်ပြီး ဆရာကတော့ ငါတို့ကို ပြောဆိုနေတာမဟုတ်ဘူးဆိုတာကို သိပြီး အေးအေးလူလူပဲနေကြလို့ရပါတယ်။ တစ်ခါတစ်လေ မိမိကို ပြောတယ်လို့အထင်ရှိရင်လည်း ချက်ချင်းဆိုသလိုမေးမြန်းပြီးဖြေရှင်းလိုက်တာအကောင်းဆုံးပါပဲ။ မဟုတ်ရင် ထင်ယောင် ထင်မှားဆိုတဲ့ ထင်တစ်လုံးကနေ အထင်တွေလွဲပြီး မဖြစ်သင့်တာတွေဖြစ်လာကြရမှာပါ။ ဒါဟာ စာသင်ကျောင်းတွေမှာတင်မဟုတ်ပဲ ကျနော်တို့ Gpတွေမှာလည်းဖြစ်တက်တာတွေရှိပါတယ်။ ဟိုတစ်လောကဆိုရင် ညီငယ်တစ်ဦးရဲ့အထင်လွဲမှုကြောင့် တစ်ဦးနဲ့တစ်ဦးထင်မြင်တွေထပ်ပြီးမှားကြရာကနေ gpကနေထုတ်တဲ့အထိဖြစ်ခဲ့ရပါတယ်။ အဲ့ဒီလိုဖြစ်သွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီးကျတော့ ဥပမာလေးတစ်ခုနဲ့ သွားပြီး ဆင်တူတယ်လို့မြင်မိပြန်ပါတယ်။ ဘာလည်းဆိုရင် ဖဲကစားတဲ့ ဖဲသမားတွေရဲ့စကားလေးတစ်ခွန်းပါ။
ဖဲဝိုင်းက ကိစ္စ ဖဲဝိုင်းမှာပဲရှင်းတာကောင်းတယ်တဲ့..
ဟုတ်လည်းဟုတ်ပါတယ် ဖဲဝိုင်းမှာ ချေးလိုက်တဲ့ငွေကြေးကို ဖဲဝိုင်းမဟုတ်တဲ့အခြားနေရာမှာသွားပြီးတောင်းလို့မရပါဘူး။ ဖဲဝိုင်းမှာပဲရှင်းကြပါတယ်။
ပိုပြီးထိရောက်တဲ့ဖြေရှင်းနည်းပါပဲ။ဖဲဝိုင်းမဟုတ်တဲ့ အခြားနေရာမှာသွားပြီးတောင်းရင် ဖဲဝိုင်းကိစ္စ ဖဲဝိုင်းမှာကျန်ခဲ့ပြီဆိုတာမျိုးကိုအပြောခံရတာပါ။
ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာလို့တောင်းလို့မရရမှာလည်းလို့ စောဒက တက်ချင်စရာတွေရှိနေအုံးမှာပါ။
သို့ပေမယ့် ကျနော် ကြုံခဲ့တွေ့ခဲ့ဖူးတာတွေကတော့ ဖဲဝိုင်းမှာပိုက်ဆံချေးတဲ့သူတွေက ပြောလိုက်ရင်အကြီးကြီးပါ။ နောက်ပိုင်းအချိန်တွေ သွားပြီးလိုက်တောင်းမှ ပြောလိုက်ရင်အကြီးကြီး လုပ်လိုက်ရင် ရမ်းဖြီးဆိုတာတွေဖြစ်ကုန်ပါတယ်။ ဒါကြောင့် အပြင်မှာအဲ့ဒီလိုတောင်းတယ်ဆိုတာခပ်ရှားရှားပါ။ ဝိုင်းမှာပဲ တစ်ချက်ထဲကိစ္စပြတ် ရှိတာထုတ်ပေါင် ဆော့ကြတာပါ။ ပေါင်ထားတဲ့ပစ္စည်းလည်း အချိန်အကြာကြီးမထားပါဘူး မရွေးနိုင်အဆုံးပါပဲ။ အဲ ပြောရင်းနဲ့ ဖဲကစားတဲ့ဆီတောင်ရောက်တော့မယ်😁😁
ကျနော်ပြောချင်တာက ကိစ္စတစ်ခုကို ပွင့်လင်းမြင်သာစွာတိုင်ပင်သင့်ကြပါတယ်လို့ပြောချင်တာပါ။ဒါမှလည်းမဖြစ်သင့်တာမဖြစ်ကြရမှာပေါ့ဗျာ။
ကျနော်ဆိုရင် gpထဲပြောထားတဲ့စာတွေကို ကိုယ်မဖတ်ရသေးရင် ဟိုးအပေါ်ထိပြန်ဖတ်ကြည့်လိုက်တယ်။ အဲ့ဒီလိုဖတ်ကြည့်လို့ ပြောထားတဲ့အကြောင်းအရာတွေသိနေပြီဆိုတော့ အဲ့ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး စကားပြောလာရပြီဆိုရင် ကျနော့တာဝန်ကျေနေပြီဖြစ်တဲ့အတွက် အပြစ်တင်မယ်ဆိုရင် စာတွေကုန်အောင်မဖတ်ကြတဲ့ Activeမဖြစ်တဲ့သူတွေကိုပြောတယ်လို့ပဲမှက်လိုက်တယ်။အေးဆေးပဲလေ အဲ့ဒီအချိန် ၊ ကိုယ်နဲ့ဘာဆိုင်တာမှက်လို့။
အဲ ဒါပေမယ့် စာတွေလိုက်မဖတ်မိ ကျန်နေခဲ့တဲ့အချိန်နဲ့ အပြောခံရပြီဆိုပြန်ရင်လည်း ကိုယ်ဘက်က တာဝန်မကျေခဲ့လေတော့ အမြှီးကုပ်ပြီးညိမ်နေလိုက်ရတာပဲဗျ အဲ...အဲ😁။ ဒါဟာလည်း စိတ်ဆိုးစရာမှမဟုတ်တာပဲလေ။ အဖွဲ့အစည်းတစ်ခုကို မိသားစုတစ်ခုလို့သဘောထားတက်ရင် အရာအားလုံးအဆင်ပြေသွားမယ်ထင်တယ်ဗျ။
လူကလည်း မှန်ကန်စွာ လုပ်ဆောင်မယ်ဆိုရင် နေရာမှန်မှာရှိနေတယ်လို့သတ်မှက်လို့ရပါတယ်။
နေရာမှန်မှာ ရှိနေသူတစ်ဦးရဲ့ မှန်ကန်တဲ့အလုပ်တွေကို အထောက်အပံ့ပေးနိုင်စေဖို့ ကျနော်တို့အားလုံးက စည်းကမ်းတွေ နည်းလမ်းတွေကိုလိုက်နာကျင့်သုံးကြဖို့လိုအပ်တာပေါ့ဗျာ။
မိသားစုတစ်ခုလိုသဘောထားကြမယ်ဆိုရင် မလိုချင်တဲ့အချက်တွေရှိရင်လည်း ဆွေးနွေးတိုင်ပင်ကြရမယ်။လိုချင်တဲ့အရာတွေ၊ ဖြည့်စွတ်ရမယ့်အရာတွေရှိရင်လည်း ပြောဆို ဆွေးနွေးနိုင်ကြရမယ်။ အပွင့်လင်းဆုံးပြောဆိုပေးကြမယ်ဆိုရင် ဘယ်လိုပြဿနာမျိုးမှ ဖြစ်မလာနိုင်လောက်ပါဘူးဗျာ။
အပွင့်လင်းဆုံးနဲ့အမှန်ကန်ဆုံးဆိုပေမယ့်လည်း
နှုတ်ခမ်းရွဲ့နေနဲ့လူကြီးတစ်ဦးကို ဟေး နှုတ်ခမ်းခပ်ရွဲ့ရွဲ့နဲ့ဦးလေးကြီးလို့ လှမ်းခေါ်သလိုမျိုးတော့လည်းမဖြစ်စေနဲ့ပေါ့ဗျာ။ စာရေးသားမှုများလာကြတဲ့ညီကို မောင်နှမတွေ ဒီလောက်ကတော့ အေးဆေးဆိုတာသိပါတယ်ဗျာ။ကျနော်ရေးတယ်ဆိုတာက ကိုယ့်ကိုယ်ကိုပြန်ပြန်ပြီး သတိပေးရင်းရေးတာပါ😁😁။
လူမှန်နေရာမှန်ဆိုလို့ တိုက်ဆိုင်လိုက်ပုံများဗျာ
ဒီနေ့လာတဲ့ နေတိုးဇာတ်ကားအမည်က ချိန်း တဲ့ ဘာတွေချိန်းသွားတာလည်းဆိုရင် မင်းသားနဲ့မင်းသမီးရဲ့ စိတ်နှစ်ခုကိုချိန်းပစ်လိုက်တာဗျာ။ နေတိုးရဲ့ ခန္ဓာကိုယ်ထဲ အိန္ဒြာကျော်ဇင်ရဲ့စိတ်ကရောက်ပြီး
အိန္ဒြာကျော်ဇင်ရဲ့ခန္ဓာကိုယ်ထဲ နေတိုးရဲ့စိတ်ဝင်သွားတာပေါ့။ စဉ်းစားပြီးသာ တွေးကြည့်ပါတော့ဗျာ။ ယောကျာ်းလေးက မိန်းကလေးလိုနေရပြီး မိန်းကလေးက ယောကျာ်းလေးလိုနေရတယ်ဆိုတော့ လူမှန်နေရမှန်မဟုတ်ပဲ သဘာဝတရားကြီးနဲ့ဆန့်ကျင်သွားတော့ ဒုက္ခတွေရောက်ကုန်ကြရတာပေါ့။ သူတို့နှစ်ဦး လူမှန်နေရာမှန်လည်း ပြန်ရသွားရော အားလုံးအဆင်ပြေသွားကြရောပဲလေ။
ဘာတွေအဆင်ပြေသွားတာလည်းတော့ပြောမပြတော့ပါဘူးဗျာ😁😁
Steemitပေါ်မှ ဆရာသမားများနှင့် ညီကိုမောင်နှမအပေါင်း ကိုယ်စိတ် နှစ်ပါးစလုံး ကျန်းမာချမ်းသာကြပါစေဗျာ။
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
အဓိပ္ပါယ်လေးတွေ ပတ်ချာလည်နေရင်လည်း
မသောက်ပဲမူးတယ်လို့ပဲသဘောထားပေးပါဗျနော့😁😁
လူမှန်နေရာမှန် ဖြစ်ဘို့လိုသလို။ စည်းကမ်းမှန် လမ်းမှန် ကလဲ လူရယ်လို့ဖြစ်လာရင် မရှိမဖြစ် လိုအပ်ပါတယ်ဗျ။ ကိုမိုးဇော်ရေ စည်းကမ်းတကျ အသိတရားရှိဘို့ ကျနော်တို့ မြန်မာတွေ အတော်လေး ဂရုစိုက်ကြရအုန်းမယ်နော်။
မှန်တာပေါ့ ကွီးရွှေရေ
စည်းကမ်းရှိဖို့ပြောနေကြပြီး
အသိစိတ် ကင်းလွတ်သွားကြသူတွေကလည်း FBမှာ အများကြီးပဲ။
နေတိုးနဲ့အိန္ဒြာကျော်ဇင် တော်တော်လေး ဒုက္ခရောက်ခဲ့မှာပဲဗျာ😁
အကိုဆိုလိုရင်းကို ရောက်ပါတယ်ကိုမိုး ....
ပြီးခဲ့တာတွေလည်ပြီးသွာပြီဆိုတော့ ကျနော်တို့ group လေးကို
အရင်လို ပြန်ပြီးစည်းလုံးစေချင်တယ်ဗျာ
အင်း ပြန်စည်းလုံးစရာမလိုပါဘူးညီရာ ညီအစ်ကိုတွေလိုစိတ်ဓာတ်ရှိသူတွေက အရင်ကတည်းကစည်းလုံးပြီးသား ညီညွတ်ပြီးသားပါ
ပြန်လည်ဆွေးနွေးလိုက်ကြရင် အားလုံးOkဖြစ်သွားမှာပါ။
ဟုတ် ကိုမိုး
Congratulations! This post has been upvoted from the communal account, @minnowsupport, by KoMoeZaw from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Thank you 😍😁
စည်းကမ်းသည် ထိန်းသိမ်းရခက်ခဲသည်ဟုထင်ရသော်လည်း
အောင်မြင်မှုသို့ ပို့ပေးနိုင်သောအရာ ဖြစ်သည်။
ဟုတ်တယ်ကိုဟိန်းရေ ပြောချင်တာလေးတွေကလည်း အဲ့ဒါတွေပါပဲ
ပြောရင်းလမ်းတွေခြော်ကုန်တာ😁😁
သား..ကိုမိုးဇော်
ဖတ်ရင်းနဲ့မူးခြင်လာတယ်။သုံးခေါက်လောက်ဖတ်ရတယ်။
စကားလုံးတွေက..ဖောင်းပွတာမဟုတ်ဖူး။သိပ်သည်းလွန်းနေတာ။ဆိုတော့..အန်တီမြင်မိတာလေးပေါ့နော်..ရေးလိုက်မယ်။
၁=အလုပ်ကိုဘာကြောင့်လုပ်ရတာလဲ..မလုပ်ခင်မှာရွေးချယ်ခွင့်ဆိုတာရှိတယ်..
၂=ဘာအလုပ်ဘဲလုပ်လုပ်..အခြေခံfoundationကောင်းရမယ်..ဝလုံးရေးတဲ့ဥပမာတွေ..နောက်တခုဥပမာ..အဆောက်အဦဆောက်ရင်..မြေကြီးနက်နက်တူးပီး..
၃=စည်းကမ်းရဲ့အရေးကြီးပုံ..ရှင်းပြ။စည်းကမ်းဆိုတာကန့်သတ်ချက်၊သတ်မှတ်ချက်တွေဖြစ်ပီး..အကျိုးတရားကိုမသိသူက၊ဝန်ထုတ်ဝန်ပိုးကြီးသဖွယ်ဖြစ်နေပေမဲ့၊အောင်မြင်ခြင်သူ..အောင်မြင်နေသူတွေကိုလေ့လာကြည့်လိုက်ရင်..သူတို့လက်ကိုင်ပြုနေတာဟာစည်းကမ်းပါဘဲ။
Steemitကတော့..အစိုးရရဲ့တရားဝင်ဌာနအဖွဲ့အစည်းမဟုတ်ဘဲ၊ချစ်ခင်ရင်းနှီးမူ့ကိုအခြေခံပီး.ဖွဲ့စည်းထားသည့်အတွက်.ချမှတ်ထားသောစည်းကမ်းများကို..မိမိရဲ့အသိတရားကိုယ်စီဖြင့်လိုက်နာဆောင်ရွက်မှသာ၊အောင်မြင်နိုင်မဲ့အကြောင်း။
အကယ်၍ပြသနာဖြစ်လာခဲ့သော်၊ရင်းနှီးမူ့ကိုအခြေခံပီး၊ပွင့်
လင်းစွာအဖြေရှာခြင်းဟာ၊အောင်မြင်မူ့ရဖို့နည်းလမ်းဖြစ်ကြောင်း။စသဖြင့်...အကြံပြုလိုက်ပါသည်။မှားသွားရင်လည်း
စိတ်မဆိုးနဲ့နော်။
😍😍😍😍
အခုလို ဂရုတစိုက်နဲ့ ဖတ်ရှုပြီး အကြံ ဥာဏ်တွေပေးတာကိုပဲကျေးဇူးတင်မိနေပါပြီအန်တီရေ။ စိတ်ဆိုးပါဘူး။
ကျနော်က ရေးချင်တာကို ရေးရင်း လိုရင်းမရောက်ဖြစ်နေရတာပါ။စကားတွေရဲ့ အယူအဆနဲ့အဓိပ္ပါယ်တွေကို သေချာမဖွင့်ဆိုပြတက်သေးတာ။
အန်တီပြောတဲ့နည်းလမ်း အကြံပြုချက်တွေကို မှက်သားထားပါ့မယ်။
နောက်ထပ်postတွေများမှာလည်း အလျင်းသင့်သလို ဆုံးမလမ်းညွှန်ပေးပါလို့တောင်းဆိုပါတယ်။
ကျေးဇူးတင်ပါတယ် အန်တီရေ.
စိတ်ချ..ဖတ်ပီးတော့..သိသလောက်ဝေဖန်အကြံပေးမယ်။
ဒါကလဲ..တကယ့်စေတနာတွေပါ။မရသေးဘူးဆိုပီး..နောက်မဆုတ်ပါနဲ့။ရှေ့ကိုရဲရဲသာတိုးပါ။ရေးရင်းနဲ့ရေးဟန်တွေ
စာရေးနည်းပရိယာယ်တွေသိလာလိမ့်မယ်။ကိုယ့်ရေးထားသောစာတွေ..သူများရေးသောစာတွေကိုဖတ်ပေးပါ။
အန်တီဆိုရင်..စာရေးသူဖြစ်သလိုစာဖတ်တဲ့ပရိသတ်တဦး
လဲဖြစ်ပါတယ်။
ဟုတ်
နောက်မဆုတ်ပဲရေးသားပါ့မယ်😍
မှတ်သားထားပါ့မယ်ဗျ။ ကြိုးစားပါ့မယ်ဗျ။
ဟုတ်
ကြိုးစားနေသူတွေကိုတော့ပြောတော့ပါဘူးလေ😁😁
ပထမတစ်ခါဖက်လိုက်တယ် အပေါ်က အန်တီကြီးပြောသလိုပဲ နည်းနည်းမူးသွားတယ်😁😁
နောက်တစ်ခါထပ်ဖက်တယ် အပေါ်စာပိုဒ် နဲ့ အောက်စာပိုဒ်ပဲ ရွေးဖက်လိုက်တယ် ပိုမူးသွားတယ်😁😁😁
မကျေနပ်သေးဘူး နောက်ထပ်တစ်ခါ အလယ်စာပိုဒ်ကို ကွက်ပြီးတော့ ဖက်လိုက်မှပဲ လိုရင်းကို သဘောပေါက်တော့တယ်😁😁😁
ဒါနဲ့ ဖဲဝိုင်းကိစ္စ ဖဲဝိုင်းမှာ မရှင်းပဲနဲ့ အဲ ဟုတ်ပါဘူး အဲ့ကိစ္စနဲ့ ပက်သက်ပြီးတော့ ဂရုထဲက ထုတ်လိုက်တာ ဘယ်သူလည်းဟင် သိတောင်မသိလိုက်ဘူး ကိုဇော်...😁
ဟီး
အခုလို မူးနောက်နောက်ဖြစ်သွားရတဲ့postကို ဂရုတစိုက်ဖတ်ပေးတာကိုပဲဝမ်းသာရပါပြီကိုလင်းရေ။
Groupထဲက ဆိုတာ ကျနော်တို့ထဲဟုတ်ပါဘူး
အခြားကပါ😁😁
သေချာပြန်ဖက်ရမယ် 😁နားလည်အောင်
😁😁😁
အိမ်း သေချာပြန်ဖတ်😂😂😂
စည်းကမ်း ဆိုတာ လူရဲ့ တန်ဖိုးပါဗျာ
ဟုတ်ပါတယ်ဗျာ
ကိုမိုးဇော်ရဲ့စာထဲမှာ ပြောချင်တာတွေက များနေတော့ ဆင်ခြင်စရာတွေ အများကြီး ရလိုက်ပါတယ်
ဟုတ်ကိုစော ခေါင်းလည်းတော်တော်မူးသွားမယ်ထင်တယ်😁😁
ဟုတ်ကိုကြီးမိုး အားပေးခဲ့ပါတယ်ဗျ
ဟုတ် ကျေးဇူးတင်ပါတယ် ကိုညီညီရေ😍
အိန္ဒြာကျော်ဇင်ထဲ နေတိုးက ဘာဝင်တာတုန်းကိုမိုးဇော်
စိတ်ပါ ကိုသန့်ရ😁😁😁
တော်သေးတယ် စိတ် ဆိုတာကြီး ကယ်ပေလို့😂😂
မမူးဘဲဖတ်လိုက်နိုင်သောကြောင့်
ကိုယ့်ကိုယ်ကိုဘဝင်မြင့်ချင်လာပြီ
တော်တယ်ဒါဆို 😁😁😂
လူ့ဘဝ တိုးတက်ဖို့ စည်းကမ်းသည်သာ အဓိကပါဗျာ
ဟုတ်တယ်ညီရေ
ဒီအဖွဲ့ထဲမှာ စည်းကမ်းသာထုတ်လိုက် အားလုံးက လိုက်နာဖို့အသင့်ပါပဲဗျာ ပြန်လည်ဆွေးနွေးလိုက်ရင် နွေးထွေးသွားကြမှာပါ အားလုံးက စည်းလုံးပြီးသားပဲကို
ဒါပေါ့ဗျာ ပြန်လည်ဆွေးနွေးရင် နွေးထွေးသွားရမယ့် ညီကိုတွေပါ။
ဟီးညီလည်းဂိမ်းလျော့တော့မယ်😁
လျှော့ပါကွာ
လုံးဝမဆော့နဲ့လို့တော့တားပါဘူး
အချိန်က့န်သတ်ချက်ထားပြီး ကိုယ့်စိတ်ကိုပိုင်းဖြတ်ထားပေါ့
ကိုမိုးရေ တော်တော်စုံးသွားတာဘဲဗျာ
အလောင်းကစားလောကရောရုပ်ရှင်လောကရော
အဖွဲ့ အစည်းလောကရော နှိုင်းရှင်ပြထားတာတွေ အလွန်ကောင်းပါတယ်ဗျာ
ဟုတ်တယ်ကိုဇော်ထွေးရေ
တော်တော်လေးမှ မူးသွားရဲ့လား😁😁
အရင်ဆုံးတော့ကို့ကိုယ်ကိုစည်းကမ်းတကျနေထိုင်သွားလာပြောဆိုတတ်ဖို့ပြန်ဆုံးမနေရတယ်ကိုမိုးရေ
ဟုတ်တယ် အတူတူပဲဗျိုး😁😁
ကိုမိုးလည်း နေရာလည်းကြည့် ချင်နေတယ်ထင်တယ်။ 😂😁
လဲရဲဘူး မိန်းကလေးခန္ဓာကိုယ်ထဲ ကိုယ့်စိတ်ရောက်သွားရင် တေပီ😬😬😬😬😁😁😁
ပထမဆုံးအရေးကြီးတဲ့ ဆရာသမားတွေကတော့ လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယမိနှင့်ဖ လို့ဆိုခဲ့တာပဲ၊ ယနေ့ခေတ်မှာ သင်ကြားမှုမရခင် မိဘဖြစ်ကုန်ကြတော့ မိဘကလည်းမတတ်၊ သားသမီးကလည်းမသိ၊ နောက်မျိုးဆက်အတွက် စိတ်ပျက်စရာတွေဖြစ်ကုန်တာပေါ့ကိုမိုးဇော်ရာ။
ဟုတ် ဆရာ့ရဲ့ ဆုံးမစကားက
တိုတိုလေးနဲ့ ထိရောက်လွန်းတယ်
ကျနော့ကိုယ်ကျနော် ခုထိအားမရသေးဘူးဆရာ
အများကြီးကြိုးစားဖို့လိုမှန်းပိုပိုသိလာရတယ်။