crypto အကြောင်း ဆောင်းပါးကောင်းတစ်ပုဒ်

in #myanmar7 years ago

crypto အကြောင်း လေ့လာမယ်ဆို facebook မှာ လိုက်လေ့လာနိုင်တဲ့ ပိုစ်တွေလည်းအများကြီးရှိကြပါတယ်။ ဒါပေမဲ့ တကယ့်ကို ပညာရှင်ဆန်ဆန် ပိုစ်တစ်ခုထဲမှာ အပြီးအပြတ် အချက်အလက်အစုံနဲ့ ရေးထားတဲ့ပိုစ်ကတော့ အတော်ရှားမှာပါ။
ကိုယ်တိုင် လိုက်ပြီး googling ရင်လည်း အတော်လေး စုံလင်အောင်လေ့လာဖို့က ခက်ပါလိမ့်မယ်။
မြန်မာပြည်မှာဆိုရင် Crypto နဲကပတ်က်ပြီး ပြည်သူရော အစိုးရ ရောမှာ မကောင်းမြင်ဘက်ကိုအားသန်ကြတာ တွေ့ရပါတယ်။
အစိုရ ပိုင်သတင်းစာမှာကအစ အချက်အလက်အမှားတွေနဲ့ မကောင်းမြင်ဘက်ကို အားစိုက်တွန်းပို့ထားတာ အတော်များများဖတ်ပြီးသားလည်းဖြစ်မှာပါ။ အွန်လိုင်းအခြေပြု anti-mlm သမားအများစုကလည်း Blockchain နည်းပညာကို အားပေးပါတယ်ဆိုပေမဲ့ တစ်ဘက်က crypto ကိုတော့ mlm နဲ့ဆွဲချိတ်တာရယ် crypto ရဲ့ ဈေးအတက်အကျကြမ်းတာကိုထောက်ပြပြီး anti-crypto ဘက်ကိုယိမ်းတဲ့စာတွေရေးကြတာကြောင့် အများစုက ပိုပြီးမကောင်းမြင်လာကြပါတယ်။ ဒါပေမဲ့ ပြည်တွင်းက ထုတ်တဲ့ စီးပွားရေးသမားတွေဖတ်လေ့ရှိတဲ့စာစောင်မှာတော့ crypto အကြောင်းအသေးစိတ် ရေးထားတဲ့ ပညာရှင်အဆင့် ဆောင်းပါး ရှည်တစ်ခု ပါလာပါတယ်။ ကျွန်တော်ဖတ်ကြည့်တော့ ကိုယ်မသိသေးတာတောင် သိလာရတယ်။ crypto သမိုင်းတလျှောက် timeline သတင်းကိုအောက်ခြေမှာပြထားပြီးတော့ ဆောင်းပါးကိုယ်ထည်မှာ ပြည်တွင်း နည်းပညာနယ်ပါယ်က ပညာရှင် တွေကို အင်တာဗျူးထားတာရေးထားပါတယ်။ နောက် အားနည်းချက်အားသာချက်တွေကို နိုင်ငံတကာက သတင်းအမှန်တွေနဲ့ အတော်လေးပြည့်ပြည့်စုံတင်ဆက်ထားတာမြင်ရပါတယ်။
ဖတ်ပြီးသလောက် အတော့ကို အစွဲကင်းကင်း နဲ့ ရေးထားပါတယ်။
ပြည်တွင်းက နည်းပညာသမားတွေ ( အိပ်ချိန်းသမားမဟုတ်) ကိုမေးထားတာဖြစ်တဲ့အတွက် အမှန်နဲ့ပိုနီးစပ်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာ နယ်ပါယ်အစုံက လူတွေရဲ့ အမြင်ကို ထည့်ဖော်ပြထားတယ်။ အရင်ကမကောင်းမြင်ခဲ့သူတွေ အကြောင်း ထည့်ပြောရင်တောင် ခု သဘောထားပြောင်းနေပြီဆိုတာထည့်ပြောထားလို့ သတင်း update ဖြစ်တယ်။
၂၀၁၃ ကနေခုထိ ဖြတ်သန်းလာတဲ့ သမိုင်းတလျောက်သတင်းလေးတွေပါ လိုက်ရှာစုပေးထားတယ်။
အချို့နေရာမှာ ပိုရှင်းအောင်ရေးစေချင်တာတော့ရှိတယ်။ ဥပမာ ပြည်တွင်းပေးချေမှုကို ban တာနဲ့ ကိုင်ဆောင်ရောင်းဝယ်မှုကိုပိတ်တာလေး ပိုခွဲပေးစေချင်တယ်။ တရုတ်ကပိတ်တယ်ဆိုတဲ့အကြောင်းမှာ ပိတ်ပေမဲ့ တရုတ်ထုတ် coin တစ်မျိုးရှိတာ ထည့်ရေးစေချင်တယ် ။
အဲ့လောက်ကလွဲရင် တော်တော့်ကို ပြည့်စုံအောင်ရေးထားပါတယ်။ ကျနော်တော့သဘောကျပါတယ်။ စိတ်ဝင်စားလို့ လေ့လာချင်ရင် ကျန်တာတွေ ဟိုတစ်စ ဒီတစ်စဖတ်မဲ့အစား ဒီဆောင်းပါးကိုဖတ်ရင် အတော်များများ ရှင်းသွားပါလိမ့်မယ်။
CEO မဂ္ဂဇင်း 2018 မေလထုတ်ပါ ခင်ဗျာ။

Kyaw Thu Ra
Khit Online General Service
Khit Marketplace
MSU N0 056

CEO MAY.jpg

Sort:  

online ဖတ်လို့ရလားဗျ ခုလို အရမ်းကောင်းတဲ့ စာမျိုး ဝေမျှတာ ကျေးဇူးကမ္ဘာပါ

Good knowledge

MSU 042