အလုပ်သာ လုပ်နေတာ စိတ်ထဲတွင် ညတုန်းက မောင်ငယ် သရဲတစ်ကယ်ပဲဆွဲချတာ ခံရတာလား ကျနော် တွေးတောနေမိသည်
ဒီနေ့တော့ ပုစွန်ကားလာတာ နည်းတဲ့အတွက်ကြောင့် အလုပ်စောစောပြီးကြသည် လုပ်လက်စများ လက်စဖြတ်ကာ ပစ္စည်းများသိမ်း၍ နေတဲ့အခန်းသို့ ကျနော်တို့တွေ ပြန်လာကြသည်
အလုပ်မှာ လုပ်ခါစဆိုတော့ အကျင့်မဖြစ်သေးလို့နေမည် တစ်နေ့ကုန် မက်တက်ရပ်ရတော့ ခြေသလုံးကြွက်သားများမှာ တောင့်တင်းပြီး ဘယ်မှ သွားချင်စိတ်မရှိ၍ မနေ့ကလိုပဲ ချက်ပြုတ် လျှော်ဖွတ် ရေမိုးချိုး ထမင်းစားသောက်ပြီး ကျနော်တို့ သူငယ်ချင်းသုံးယောက် စောစောအိပ်ကြသည် သို့သော် မောင်ငယ်ဖြစ်သူမှာ သရဲကြောက်ဖြစ်မည် တော်တော်နဲ့ မအိပ်သေးပါ
"မောင်ငယ် မင်းမအိပ်သေးဘူး အလုပ်မှာ ဒီလောက် ပင်ပန်းတာ အိပ်တော့လေကွာ"
"အေးဘာကွာ အိပ်ပါပြီ"
သူငယ်ချင်း မောင်ငယ်သူအား ပြောသာပြောရသည် ကျနော်လည်း တော်ရုံနဲ့ အိပ်လို့မပျော်ပါ ဒီညကော သရဲလာခြောက်မလားဆိုပြီး တွေးနေမိသည်
"ရှပ် ရှပ် ရှပ်"
"ဟင် ဘာအသံတုန်းဟ"
ည12ကျော် သန်းခေါင်ကျော်လောက်တွင် ကျနော့်နားထဲတွင် ခြေသံလိုလို ကြားနေရသည် သူငယ်ချင်းတွေကို နိုးလိုက်ရင်ကောင်းမလား ကျနော်စဉ်းစားသည် သို့သော် သူတို့တွေ ကောင်းကောင်းကြီး အိပ်မော်ကျနေပြီ မနိုးတော့ပဲ ဒီတိုင်းနေလိုက်သည် ကျနော်လည်း ခြေသံလိုလို ဘာလိုလို အသံကြား၍ လူကသာ မထတာ မျက်လုံးမှိတ်ပြီး အိပ်ချင်ယောင် ဆောင်နေလိုက်သည်
"ရှပ် ရှပ် ရှပ်"
အသံက တစ်ဖြည်းဖြည်းနဲ့ နီးကပ်လာလို့ထင်သည် ကျနော့်နားထဲပို၍ကျယ်လာသည် ဘာဆက်ဖြစ်မလည်းဆိုတာ သိချင်၍ ကျနော်ဒီတိုင်းပဲ အိပ်ချင်ယောင် ဆက်ဆောင်နေလိုက်သည် ခဏလောက် အကြာတွင်....
ကျနော်ခြုံထားသောစောင်အား တစ်ယောက်ယောက်က ဆွဲချလိုက်တာဖြစ်မည် စောင်မှာ အောက်သို့ တစ်ဖြည်းဖြည်း လျှောကျသွားသည် သရဲလား ဘာလား ဘာလားဆိုတာ ကျနော်လည်း မသိပါ အိပ်ချင်ယောင်ဆောင်ရင်းနဲ့ လျှောကျသွားသောစောင်အား အသာလေး ကျနော်ပြန်ဆွဲတင်လိုက်သည် သို့သော်... ခဏလောက်အကြာတွင် စောင်ကိုထပ်ဆွဲချခြင်း ခံရပြန်သည်
ဒါဆို သေချာပြီ အမှန်ကန် သရဲခြောက်တာဖြစ်သည် ဒီနေ့တော့ သောက်သရဲက မောင်ငယ်အားမခြောက်ပဲ ကျနော့်အား လာခြောက်လေသည် ဒီသရဲ လူရွေးခြောက်တာ အကြီးကြီးမှားသွားပြီ...
သရဲခြောက်တာ ပို၍သေချာအောင် ဆက်ပြီးအိပ်ချင်ယောင်ဆောင်ပြီးတော့ စောင်ကိုအသာလေး ကျနော်ပြန်ဆွဲတင်လိုက်သည် သောက်သရဲက ပြန်ဆွဲချပြန်သည် ကျနော်ဆက်ပြီးတော့ ဒီသရဲကို သည်းမခံနိုင်တော့ပါ ဒီပုံစံတိုင်းဆို တစ်နေ့တစ်ယောက်အခြောက်ခရံရင် မနက်ဖြန် အနိမ်အလှည့်ဖြစ်မည် မနေ့ညနေ့ညကတောင် မောင်ငယ်အခြောက်ခံရသည် ဒီနေ့ကျနော်အလှည့်ဖြစ်သည် ကျနော်ပါသရဲအခြောက်ခံရမှန်း ကျနော့်သူငယ်ချင်းတွေသိရင် ဒီအလုပ်မှာ ဆက်မရဲလုပ်ပဲ အလုပ်ထွက်ရင် ကျနော်တို့တွေ ယောင်လည်လည် ဖြစ်ပေဦးမည် ဒီတော့....
ဆက်ခနဲ ကျနော်အိပ်ယာကနေထပြီး အခန်းမီးသွားဖွင့်လိုက်သည် ဘာသရဲမှ မတွေ့ပါ မတွေ့ဆို သရဲကိုလူကမြင်ရတာမှမဟုတ်တာ သရဲကတော့ ဒီအခန်းထဲမှာ ရှိတာသေချာသည် ကျနော်မီးဖွင့်လိုက်၍ မောင်ငယ်နဲ့အနိမ် နိုးလာသည်
"ကိုလင်း မီးလို့ဖွင့်တာတုန်းဟ"
"ဘာမှဟုတ်ပါဘူးကွာ ငါဗိုက်ဆာလို့ ထမင်းထစားဖို့ပါကွ"
"ဟာ မင်းကလည်း ဒီချိန်ကြီး ထမင်းထစားရတယ်လို့ကွာ"
"အေးဘာကွ ငါဆာလို့ပါကွာ"
အမှန်ကတော့ သူငယ်ချင်းတွေကို သရဲခြောက်တယ်ဆိုတာကို ကျနော်မပြောချင်၍ လှည့်ပတ်ပြောလိုက်ခြင်းဖြစ်သည်
ဒီလိုနဲ့ ကျနော်လည်း ဆက်မအိပ်တော့ပဲ ဟိုတွေး ဒီတွေး ဆေးလိပ်လေးဖွာရင်း(အခုတော့ ဆေးလိပ်မသောက်တော့ပါ) အချိန်ဖြုန်းနေလိုက်တာ ဘာလိုလိုနဲ့ မနက်လေးနာရီထိုးတော့မည် သရဲလည်း အခန်းမီးဖွင့်ထားလို့ဖြစ်မည် ကြက်ပျောက် ငှက်ပျောက် ပျောက်သွားသည် ခဏလောက်အကြာတွင် အလုပ်ရုံမှ ဘဲလ်အော်သံမြည်လာသည်
ကျနော် စဉ်းစားလိုက်သည် အိပ်ရေးလည်း ဝဝမအိပ်ရ သရဲကိုလည်း ကောင်းကောင်းပညာပေးမည်ဆိုပြီး ဒီနေ့တော့ အလုပ်မဆင်းတော့ဖို့အတွက် အောက်ဆင်းပြီး ဝဏ္ဏအား အကျိုးကြောင်းသွားပြောပြလေသည်(သရဲခြောက်ခံရတဲ့အကြောင်းမပါ)
သူငယ်ချင်းနှစ်ယောက်မှာ ကျနော်အလုပ်မဆင်း၍ သူတို့လည်း အလုပ်ကို သိပ်မသွားချင်ပုံရသည်(သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပါ)
"ကိုလင်း မင်းဘာလို့ အလုပ်မဆင်းတာလည်းကွာ"
"ဘာမှ မဖြစ်ပါဘူးကွာ ငါနေသိပ်မကောင်းချင်လို့ ပြီးတော့ ခြေသလုံးတွေလည်း အရမ်းအောင့်နေတယ်"
"ဟာကွာ မင်းအလုပ်မဆင်းရင် ငါတို့လည်း မဆင်းဘူးဟေါင့်"
ဒီကောင်တွေ ကျနော်ဘယ်လိုပဲ လှည့်ပတ်ပြောပြောမရပါ ပေကပ်ကပ်နဲ့ ကျနော်အလုပ်မသွားရင် ဒီကောင်တွေ သွားမယ့်ပုံ မပေါ်ပါ
"ဟာ ဟေါင့်တွေ မင်းတို့ကလည်းကွာ အဲ့လိုမလုပ်နဲ့လေ အလုပ်လုပ်တာ တစ်ရက်နဲ့တစ်ပိုင်းပဲရှိသေးတယ် ငါတို့သုံးယောက်လုံး အလုပ်မဆင်းရင် အလုပ်ပြုတ်သွားမှာပေါ့ကွ"
ဤသို့ ကျနော်ပြောလိုက်မှ ကျနော့်သူငယ်ချင်း နှစ်ကောင်သား ကုတ်ကုတ်လေး အလုပ်သွားဆင်းကြသည် ဒီလိုနဲ့ သူငယ်ချင်းတွေလည်း အလုပ်သွားဆင်းကြတော့ မိုးလည်းလင်ယတော့မှာ ဖြစ်သည့်အတွက် တစ်ရေးလောက် ကျနော်ပြန်အိပ်လိုက်သည်
မနက်9နာရီမထိုးခင်လောက်တွင် ကျနော်အိပ်ယာမှ နိုးလာသည် ညကဖြစ်ပျက်ခဲ့တဲ့အကြောင်းကို ပြန်တွေးရင်း ကျနော်လုပ်စရာရှိတာ လုပ်ဖို့ဆုံးဖြတ်လိုက်သည်
အောက်သို့ ဆင်းသွားပြီးတော့ အလုပ်သမားတွေနေတဲ့ အခန်းတန်းလျားဘက်သို့ ကျနော်သွားပြီးတော့ အလုပ်မဆင်းတဲ့သူ ဘယ်သူရှိမလဲ လိုက်ကြည့်လိုက်သည် ဘယ်သူမှ မရှိပါ အကုန်လုံး အလုပ်ဆင်းတယ်ဖြစ်မည် ဒါနဲ့ ကျနော်ဈေးဆိုင်သို့သွားလိုက်သည် ကျနော်တို့ အလုပ်သမားတွေနေတဲ့ ခြံဝင်းထဲတွင် မြန်မာကုန်စုံဆိုင်လေး တစ်ဆိုင်ရှိသည် ဆိုင်ထဲတွင်တော့ အမျိုးသမီးတွင် အသက်25ဝန်းကျင်လောက်တော့ရှိမည်ထင်သည်
"မောင်လေး အလုပ်မဆင်ဘူးလား"
"ဟုတ် ကျနော် ဒီနေ့ အလုပ်နားတယ်အစ်မ"
"ဘာဖြစ်လို့ကွဲ့"
"ညက အိပ်ရေးပျက်လို့ပါအစ်မ"
ညက အဖြစ်ပျက်အား ကျနော်ပြောပြရင် ကောင်းမလား စဉ်စားမိသည်
"သြော် ဟုတ်လား ဘာလို့လည်း အိပ်ပျော်တာလား အိပ်မရတာလား ခ်ခ်"
အမျိုးသမီးဖြစ်သူမှာ ကျနော့်အား ရိသဲ့သဲ့နဲ့ ပြောလေသည်
"ဟုတ်ပါတယ် အိပ်မရလို့ပါအစ်မ"
"အင်းး အစ်မထင်တာ မလွဲရင် မောင်လေး ညက သရဲခြောက်ခံရတာဖြစ်မယ်"
"ဗျာ..."
"ဟုတ်တယ်ကွဲ့ အဲ့အခန်းမှာ နေတဲ့သူတိုင်း ဘယ်သူမှ ကြာကြာမခံဘူး အကုန်ပြန်ပြေးကုန်တာကွဲ့"
"အစ်မက ကျနော်သရဲခြောက်ခံရမှန်း ဘယ်လိုလုပ်သိလည်း ပြီးတော့ အစ်မက ဘယ်သူလည်းဟင်"
"အစ်မက ဝဏ္ဏရဲ့အမျိုးသမီးပါ ဒီမှာနေတာ သုံးလေးနှစ်လောက်ရှိပြီ အဲ့ဒီ အခန်းမှာ သရဲခြောက်ကြမ်းတာ အစ်မသိတာပေါ့ကွယ် မောင်လေးတို့က စရောက်ခါစဆိုတော့ သရဲကခြောက်တာ သိပ်မကြမ်းသေးဘူး နောက်ဆိုပိုကြမ်းလာလိမ့်မယ်"
"ဟေ့ မိသဲ ကောင်လေးကို နင်ဘာတွေ လျှောက်ပြောနေတာလဲ"
"ဘာမှ ပြောပါဘူး ကိုကြီးရဲ့ သရဲကြောင်းပြောပြနေတာ"
"တယ် ဒီမိန်းမ ပြောလေကဲလေ ငါလုပ်လိုက်ရ"
ထိုအမျိုးသမီးနဲ့ ကျနော်စကားပြောနေစဉ် ဘယ်ချိန်က ဘယ်လို ဝဏ္ဏရောက်လာမှန်းမသိပါ ဝဏ္ဏဖြစ်သူမှာ သရဲကြောင်းပြောရမလားဆိုပြီး သူ့မိန်းမဖြစ်သူအား ဆူငေါက်နေလေသည် (ဝဏ္ဏက အသက်ငါးဆယ်ဝန်းကျင် ဝဏ္ဏမိန်းမ ထိုအမျိုးသမီး အသက်အစိတ်လောက်သာရှိသေးသည် မသိရင် သားဖတိုင်းပါပဲ မြန်မာစကားပုံတောင်ရှိသေးတယ် ယောင်္ကျားမှပုဇဉ်း မိန်းမပုခက်တွင်းတဲ့လေ အားကျပါဘိ ဝဏ္ဏရယ်)
"ညီလေး မင်းဘာမို့လဲ"
"ဘာမှ မဝယ်ပါဘူး ဝဏ္ဏ ကျနော် ဘုရားစင်နဲ့ ဘုရားပန်းအိုး/ပန်း သောက်တော်ရေခွက် ဆွမ်းတော်တင်တဲ့ပန်ကန်လေးတွေ လိုချင်လို့ ဘယ်နားမှာ ဝယ်လို့ရနိုင်မလဲ လာမေးတာပါ"
ဝဏ္ဏဖြစ်သူမှာ ကျနော်နဲ့သူ့မိန်းမ စကားပြောနေတာ သိပ်သဘောကျဟန်မရှိပါ သဝန်တိုတာလည်းဖြစ်နိုင်တယ် ဟိုက သူ့သမီးအရွယ်ဆိုတော့ ကျနော်တွေးရင်း သဘောကျမိသည် ခွိခွိ
"သြော် အေး ကျန်တာတွေကတော့ ဒီနားမှာဝယ်လို့ရတယ် ဘုရားစင်ကတော့ ဈေးထဲသွားဝယ်မှ ရမှာညီ"
"ဟုတ် ဈေးကို ဘယ်လိုသွားရမလဲ ဝဏ္ဏ"
"အေး အေးး နေဦး ခဏစောင့် ညီမသွားနဲ့ ဘုရားစင်ဝယ်မှာဆိုတော့ အစ်ကိုသွားဝယ်ပေးမယ် ညီက ဒီကိုအခုမှစရောက်တဲ့ လူသစ်ဆိုတော့ ဒီနယ်မြေအကြောင်း သိပ်မသိသေးဘူး"
အံ့မယ် ဝဏ္ဏက သူ့အသက်ရွယ်နဲ့ ကျနော့်အား ညီတွေ အစ်ကိုတွေလုပ်နေတာ(အဲ့အချိန်းက ကျနော့်အသက်က 22/23ဝန်းကျင်သာ ရှိသေးသည်)
"ဝူး ဘွန်း ဘွန်းး"
ဆိုင်ကယ်မောင်းပြီး ဝဏ္ဏထွက်သွားလေသည် ပြောတာပြောရတယ် ဝဏ္ဏဖြစ်သူမှာ အသက်ကြီးလို့လားမသိ ဘာသာရေးလိုက်စားပုံရသည် အခုလည်းကျနော်အား ဘုရားစင်ကို သူကိုယ်တိုင်သွားဝယ်လေသည်
ခလောက်အကြာတွင် ဝဏ္ဏပြန်ရောက်လာလေသည်
"ရော့ ညီ ဒီမှာ ဘုရားစင်"
"ဟုတ် ဝဏ္ဏ ဘယ်လောက်ကျလဲခင်ဗျာ"
"ညီတို့နေမယ့်အခန်းမှာ ဘုရားစင်ထားမှာမှတ်လား ရတယ် ပိုက်ဆံမပေးနဲ့ အစ်ကိုဝယ်ပေးတာ ပြီးတော့ ရော့ ဒီမှာ အစ်ကိုဆီကနေ တူတွေ သံတွေပါ တစ်ခါတည်းယူသွားညီ"
ဘုရားစင် ရလာ၍ ကျနော်အတော်လေး ကျေနပ်သွားသည် ဘုရားစင်ယူ၍ အခန်းသို့ ကျနော်ပြန်တက်လာပြီး ဘုရားစင် ရိုက်လေတော့သည် ရိုက်နေရင်းနဲ့....
သောက်သရဲ ဒီည ဒင်းး ဆက်ပြီးခြောက်နိုင်မလား ကြည့်ကြသေးတာပေါ့ကွာ ကျနော် စိတ်ထဲတွင်တော့ သရဲအားကြုံးဝါးနေမိသည်
နေတဲ့အခန်းတွင် ဘုရားစင်ရိုက်ပြီးသည်နှင့် ဘုရားပုံတော် ပန်းအိုးစသည်များကို အောက်သို့ပြန်ဆင်းပြီး ကျနော်သွားပြန်ဝယ်လေသည် ကျနော်တို့နေတဲ့အနီးနားတွင် ကျနော်လိုချင်တာတွေ ဝယ်လို့ရသဖြင့် ဝယ်ယူပြီးအခန်းသို့ပြန်လာသည်
ဘုရားပုံတော် ပန်းအိုး သောက်တော်ရေခွက် ဆွမ်းတော်ပန်ကန်များအား သရော်ကင်ပွန်းနဲ့ သေချာဆေးကြော တိုက်ပွတ်ပြီးတော့ ဘုရားစင်တွင် စနစ်တကျ ထားလိုက်လေသည်
အားလုံး အစီစဉ်တစ်ကျ လုပ်ပြီးတာနဲ့ တစ်ခါတည်း ကျနော့်အဖိုးပေးလိုက်သော အဆောင်ကြိုးအား အဝတ်စားအိပ်ထဲကနေထုတ်ယူလိုက်လေသည် အဖိုးပေးလိုက်သော အဆောင်အား ဒီနေရာတွင် အသုံးချရတော့မည်
အဆောင်ကြိုးအား ထုတ်ယူပြီးတာနဲ့ သရောကင်ပွန်းရေနဲ့ သေချာဆေးကြောလိုက်လေသည် ပြီးတာနဲ့ အဆောင်ကြိုးအား ပန်ကန်လုံးထဲထည့်ပြီး ထိုပန်ကန်လုံးထဲအား အဆင်သင့်ဝယ်ယူထားသော ရေသန့်အား လောင်းထည့်လိုက်လေသည် ပြီးတာနဲ့ ဘုရားစင်ပေါ်သို့ တင်ထားလိုက်ပြီး အားလုံးလုပ်ဆောင်ပြီးတာနဲ့ ကျနော်လည်း ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီးတာနဲ့ ဘုရားစင်တွင် ဖယောင်းတိုင် အမွှေးတိုင်များအား မီထွန်းညှိပြီးတော့ ကျနော်ဘုရားဝတ်ပြုလေသည် ငါးပါးသီလခံယူပြီး ပရတ်ကြီး၁၁သုတ် ရွတ်ဖက်ပူဇော်သည်(အလွတ်မရ စာအုပ်ကြည့်ဖက်သည် ပရိတ်ကြီး၁၁သည် သန်းခေါင်ယံအချိန်နဲ့ မနက်စောစော ရွတ်ဖက်ပူဇော်လျှင် ပို၍ အစွမ်းထက်တယ်ဆိုပေမယ့် သက်ဝင်ယုံကြည်လျှင် သို့ အရေးကြုံလာလျှင် အချိန်မရွေး ရွတ်ဖက်ပူလို့ရပါသည်) ပြီးတာနဲ့ သတ္တဝါဝေနေယျအားလုံးကိုလည်း မေတ္တာပို့သ အမျှပေးဝေလိုက်သည် ထိုမှတစ်ဆင့် ဘုရားရှိခိုးပြီးတာနဲ့ ဘုရားစင်တွင် တင်ထားသော အဆောင်ကြိုးထည့်ထားသော ပန်ကန်လုံးအားယူ၍ ပန်ကန်လုံးထဲမှရေသန့်(ရေမန်းဟုခေါ်သည်)ကို အဆောင်ကြိုးနဲ့ တစ်ပြိုင်တည်း အခန်းထဲတွင် နေရာအနှံ့ လိုက်ပြီးတော့ ပက်ဖြန်းလိုက်သည်
အားလုံးပြီးသွားပြီမို့ သူငယ်ချင်းတွေ ပြန်လာရင် အဆင်သင့်စားဖို့ရန် ထမင်း ဟင်းများကို ကျနော်ချက်ပြုတ်လေသည် ဒီလိုနဲ့ အချိန်တွေ ဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ပါ မိုးတောင်ချုပ်သွားလေသည် အလုပ်ရုံထဲမှ အလုပ်သမားများလည်း အလုပ်ပြီး၍ ပြန်လာကြလေသည်။
"
"
"
"
"
အပိုင်းဆက်အား
စောင့်မျှော် အားပေးကြပါရန်....
ကျေးဇူးတင်ထိုက်သူများနှင့်တစ်ကွ steemit myanmar အဖွဲ့သားများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။
MSC 160
Author: @KoLinn (ထိုင်းနိုင်ငံရောက် အတွေ့ကြုံများ)
စိတ်ဝင်စားစရာ အရမ်းကောင်းနေပြီ ကိုလင်းရေ
ကိုလင်းရဲ့ ယုံကြည်မှုကိုလည်း လေးစားမိပါတယ်ဗျာ
သရဲဘာဖြစ်မလည်း စောင့်မျှော်နေပြီဗျိုး👍👍👍
ကျေးဇူးတင်ပါတယ်ကိုဇော်
ဒါနဲ့ မသိလို့မေးပြစေ ဘာလို့ ကိုဇော့် မန့်မှာ အဲ့လောက်voteတွေ ရတာလည်းဟင်😁😁😁
ဟီး အဲ့ဒါ ဟိုလို လုပ်ထားလို့ ကိုလင်းရေ
သိချင်ပြောပြပေးမယ်လေ
ဒါပေမယ့် အရင်းအနှီးထည့်ရတော့ မြတ်ဖို့မသေချာသေးဘူး
ခုမှ စမ်းသုံးကြည့်နေတုန်းပဲ
Gpထဲမှာပြောပြပေးမယ်နော် ကိုလင်း။
မြန်မာပြည်ပြန်လာသေးဘူးလားဗျို့ကိုလင်းရေ အမြန်ပြန်လာတော့ ကိုဟင်လာတော့မယ် :D
ကျနော်က
တန်ခူးလလောက်မှ
ပြန်ဖြစ်မှာပါ လူပျိုကြီးတွေက
စိတ်သွားတိုင်း ကိုယ်ပါပေမယ့် ကျနော့်မှာ
မယားနဲ့ သားနဲ့မို့ ဝုန်းဒိုင်းပြန်လို့မဖြစ်သေးဘူး😁😁
ကောင်းခန်းရောက်မှဗျာ အပြီးသာရေးလိုက်ပါဗျာ စောင့်နေရတယ် hee hee
ကြိုးစားပြီးရေးပါ့မယ်ခင်ဗျာ😁
သရဲတိုက်ပွဲရောက်ခါနီးမှ တပိုင်းမျှော်ရပြန်ပြီ
သရဲကြောက်ပြီး စိတ်ဝင်စားတယ်
ကျနော်လည်း ကြောကြောက်နဲ့ ရေးနေရတာ ကိုဟိန်းရေ😁
ညီကိုတို့ရေ ကျနော်ရေးတဲ့စားများ စာလုံးပေါင်းမှားတာ သက်ပုံမမှန်တာ စာလုံးကျန်ခဲ့တာများရှိရင် သည်းခံပြီး ပြင်ဖက်ပေးကြပါခင်ဗျာ အလုပ်မအားကြားထဲက အလောသုံးဆယ် ရေးမိလိုက်လို့ အမှားပါတာ ရှိခဲ့ရင် တောင်းပန်တယ်ခင်ဗျာ
သတ်ပုံတောင် သိပ်မဖတ်အားဘူး
စာထဲကိုဈန်ဝင်သွားလို့ 😁😁😁
သရဲက အေးလို့ ခြုံစရာစောင်လေး ဆွဲတာကို အခန်းထဲကနေ ရက်ရက်စက်စက် နှင်ထုတ်မယ်ပေါ့
ခိခိ ဟူတ်ရပါဘူးဗျာ နေရာရွေ့ခိုင်းတဲ့ သဘောလောက်ပါပဲ ကိုစောရေ 😁
ဟာဂျာ အစ်ကိုကတော့လုပ်ချလိုက်ပြန်ပြီ
ဒီမှာတော့ဖတ်နေရင်းညရောက်ရင်တော့ ဒီသူရဲတော့နာတော့မည်ဆိုပြီး ဝမ်းသာအားရဖတ်နေတာ ခုတော့ကောင်းခန်းရောက်မှ
😁😁😁😁 ကျနော်လည်း ဆက်မရေးရဲတော့လို့ပါ
နောက်တခါ သရဲ ခံရမဲ့အလှည့်လား ဆက်ရေးပါဗျ
ကျေးဇူးတင်ပါတယ် 😁
ကောင်းခန်းရောက်နေပီဗျ
😁😁😁
စောင့်မျှော်ရမှပေါနော် bro
ကျေးဇူးတင်ပါတယ်
ပိုဆိုးလာမလား ထွက်ပြေးသွားမလား စောင့်မျှော်
ကျေးဇူးတင်ပါတယ်😁
သရဲက အမလား အထီးလား စိတ်ဝင်စားနေပြီဗျို့
အထီးကောအမကော 😁
သရဲပါ လာပြီဟိဟိကောင်းပြီပေါ့ကွာ😁😁
😁😁😁
အရမ်းစိတ်ဝင်စရာကောင်းတဲ့ကိုယ်တွေ့အဖြစ်အပျက်တွေဖတ်ရတာ ကျေးဇူးပါ ကိုလင်း
ဟုတ်ကဲ့ ကိုထွေးရေ ဖက်ပေးတာ ကျေးဇူးတင်ပါတယ်ဗျ
Good post.
မျှော်နေတယ်ပါတယ်bro
ကျေးဇူးတင်ပါတယ်
စိတ်ဝင်စားစရာတော့ကောငိးနေပြီ ...တဝက်တပျက်ကြီးကိုလင်း
ကြိုးစားပြီးရေးပါမယ်😁
ဖတ်လို့ကောင်းနေခါမှမျှော်ရဦးမည်
ကျေးဇူးတင်ပါတယ်
ဖတ်လို့ကောင်းမှကောင်းဗျာ။
😁😁😁
ကောင်းခန်းရောက်နေပီ။သရဲနဲ့ ဘယ်လိုတေ နှစ်ပါးသွားကြအုံးမယ်မသိ။စောင့်နေပါတယ် အကိုရေ။။
ဟုတ်ကဲ့ အခုလို လာရောက်ပြီး ဖက်ပေးတာ ကျေးဇူးတင်ပါတယ်bro
ကိုလင်း ရေ.. ဒီ ဆောင်းပါး ခန်းဆက်ပြီး ရင်တော့ ကိုလင်း အဖိုးအကြောင်းကို ဖေါ်ပြ ပေးပါ။ သိချင်လို့ပါ။
ဟုတ်အစ်ကို
ကျနော်ရေးပါ့မယ်ခင်ဗျာ