ဘဝရဲ့ အတွေအကြုံ

in #myanmar7 years ago (edited)

image

ကောင်းတဲ့ လောကဓံ ပဲဖြစ်ဖြစ်ဆိုးတဲ့ လောကဓံ ပဲဖြစ်ဖြစ်လောကဓံ မှန်သမျှဘယ်လောကဓံမှမတည်မြဲပါဘူး အကောင်းပြီးရင် အဆိုးလာနိုင်သလိုအဆိုးပြီးရင်လည်းအကောင်းလာနိုင်တာပါပဲ။အကောင်းနဲ့အဆိုး အကြောင်းအကျိုး ဆိုတာ အမြဲတမ်းဒွန်းတွဲလာတတ်တာ ဓမ္မတာပါ။အကောင်းဘဲလိုချင်လို့မရသလို အဆိုးလည်းမယူချင်လို့မရသော လောက။ဘာဖြစ်ဖြစ် ဇာတ်ဆရာ အလိုကျ စင်မြင့်ပေါ်မှာ ကပြဖျော်ဖြေနေရတဲ့ လောက။ဒီလောကကြီးမှာ ဘာမှအစိုးမရသလို ဘယ်အရာမှာလည်း ပိုင်ဆိုင်နိင်မှာ မဟုတ်ပါ။အမြဲတမ်းလည်း အဆိုးမရှိသလို အမြဲတမ်းကံကောင်းခြင်းတွေမရကြပါ။

မလုပ်သင့်တာလုပ်ရင် မရှုပ်သင့်တာ ရှုပ်မယ်။ဘာကြောင့်ပဲလုပ်လုပ် မလုပ်သင့်တာ လုပ်မိပြီဆိုရင်တော့မရှုပ်သင့်တာ ရှုပ်တော့မှာပါပဲ။တစ်ချို့ရှိပါကြပါတယ်။မိမိဘာသာ အေးအေးဆေးဆေးမနေဘဲ အရှုပ်ထုပ်ထဲကို လူတတ်ကြီးလုပ်ကာ ဝင်ပါတတ်ကြတယ်။ထိုသူမျိုးကိုတော့ ဝေဝေကရှောင်းရှားကြပါ။မိမိက သွားပြီးပတ်သတ်မိပြန်လျှင်လည်း မိမိဘက် အရှုပ်ထုပ်တွေ ရလာလိမ့်မယ်။နောက် ကြား(၃)ကြား မဝင်တာ အကောင်းဆုံးလို့ပြောချင်တယ်။ဘယ်ကြားတွေကို ပြောတာလဲဆို လင်းမယားကြား ချစ်သူကြား ညီအကိုကြား ထိုကြား(၃)ကြားဝင်မပါကောင်းပါ။ထို (၃)ကြားပါမိရင် အရှုပ်ထုပ်တွေရပြီး အလုပ်တွေရှုပ်လာလိမ့်မယ်။မလုပ်သင့်တာလုပ်ပြီးအချိန်ကုန်မဲ့အစား လုပ်သင့်တာတွေလုပ်ပြီး အရှုပ်ထုပ်တွေရှင်းပါ။

ကိုယ့်နေရာကိုသာကြည့်ပြီးသူနေရာကိုဝင်မကြည့်ရင်စာနာစိတ်ဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး။စာနာစိတ်လူတိုင်းရှိရင် ဘယ်လောက်ကောင်းမလဲ စဉ်းစားကြည့်ပါ။နှစ်ဦးနှစ်ဖတ်ကို မျှမျှတွေးပြီး ခံစားနာလည်းတတ်မယ်ဆိုရင် စာနာစိတ်က သူအလိုလိုဖြစ်လာပါလိမ့်မယ်။ဒါကြောင့် တစ်ဦးနဲ့တစ်ဦး စာနာစိတ်ထားပြီး လက်တွဲကာ ပန်းတိုင်ကိုလျောက်လှမ်းကြပါ။တစ်ဦးကိုတစ်ဦး ရန်ဖြစ် မနာလို ဝန်တိုနေရင် စာနာစိတ်မရှိဘူးလို့ မှတ်နိင်ပါတယ်။စာနာစိတ်ကိုလူတိုင်း ထားရှိနိင်ပါသည်။မွေးမြူနိင်ပြီး အပြန်အလှန်လေးစားကြပါ။

လူတစ်ယောက်ကို ကိုယ်ကချစ်ရင်လေးစားရမယ။်တန်ဖိုးထားတတ်ရမယ။်အပြန်အလှန် နားလည်မှုယုံကြည်မှု ရှိရမယ်သစ္စာရှိရမယ်။လေးစားမှုကို အမြဲရှိပါ။မိမိက တစ်ခြားသူကို လေးစားမှ မိမိကိုယ်လည်း ပြန်လေးစားသမှုရှိမှာပါ။မိမိကလည်း သူတို့လေးစားမှုခံထိုက်အောင်နေမှ သူတို့က တကယ်လေးစားကြမှာပါ။တစ်ယောက်နဲ့တစ်ယောက် တန်းဖိုးထားတတ်ဖို့လည်း လိုတယ်။တန်းဖိုးရှိသောသူဟာ စိန်ကောင်း ကျောက်ကောင်းလိုဘဲ မြတ်နိုးကြမှာပါ။နောက်ယုံကြည်မှုအပြည့်အဝထားပါ။လူတစ်ယောက်ရဲ့ယုံကြည်မှုပျက်စေတဲ့အမှုကိစ္စမျိုးမလုပ်ပါနဲ့။ယုံကြည်ချက်နဲ့ အသက်ရှင်ကြတဲ့သူများကြပါတယ်။မိမိကိုယ်ကို ယုံကြည်ချက်ထားသလို သူများတွေကိုလည်း ယုံကြည်ချက်ရှိလာအောင် လုပ်ပေးပြောဆိုကြပါ။

ချစ်ရသူရဲ့ စိမ်းကားရက်စက်မှု၊မြတ်နိုးရသူရဲ့ သစ္စာကင်းမဲ့မှုဟာ စိတ်ထားတတ်သူအတွက်တော့တန်ဖိုးမဖြတ်နိုင်တဲ့ ဘဝလွတ်မြောက်မှုဆုလာဘ်ကြီးပါပဲ။အသုံးချတတ်သူတစ်ယောက်အတွက် အချစ်ကံခေတာဟာ
အနှစ်ကျန်စေဖို့ပါပဲ။ဘာမှတော့စိတ်မပျက်နဲ့။မိမိဘက်က အကောင်းမြင်တတ်အောင်ကြည့်ရင် ကျေနပ်စရာအများကြီးတွေ့လာလိမ့်မယ်။ဒါက မိမိရဲ့ဘဝသင်ခန်းစာအသစ်လိုသဘောထားပြီးရှေ့ဆက်လျောက်လှမ်းပါ။မိမိဘက်က တစ်ဘဝလုံးလက်မတွဲနိင်ရင် ချစ်တယ်ဆိုတဲ့စကား မပြောမိအောင် ထားပါ။တကယ်ချစ်တဲ့သူတွေအတွက် စိတ်ခံစားတတ်မှုဒဏ်တွေ ရတတ်ကြလို့ပါ။ဒါက ကျွန်တော်ရဲ့ အထွေထွေမှတ်စုလေးတစ်ခုပါ။

kokonaing
msc.185

Sort:  

ဒါဆို မရှုပ်မလုပ်ရဘူးပေါ့နော်