Wai Yan

in #myanmar7 years ago (edited)

FB_IMG_1505103579630.jpg

"ကလင်……ကလင်……ကလင်"

စာရေးစားပွဲခုံပေါ်မှ နာရီနှိုးစက်သံကြောင့် ​ဝေယံ ​တစ်​​ယောက်​ ​အိပ်နေရာမှ လန့်နိုးသွားသည်။ နာရီကိုယူပြီး ကြည့်လိုက်တော့ အချိန်ကား နံနက် ၁၀နာရီ ထိုး​တော့မည်​။ အိပ်ယာပေါ်မှ ဆက်ခနဲ့ ထလိုက်ပြီး မျက်နှာသစ်ဖို့ရန် ရေချိုးခန်းထဲသို့ ဝင်ခဲ့သည်။ ရေပိုက်ခေါင်းကို ဖွင့်လိုက်တော့ ရေကားတစ်စက်မျှ မကျ။

"ဟင်…ရေကုန်နေပြီထင်တယ်၊ ဒေါ်လေးကလဲ ရေကုန်နေတာတောင် ဖြည့်ထားဖော်မရဘူး။ လူကြီးဖြစ်ပြီး တော်တော် အပျင်းကြီးလိုက်တာနော်"

မြင့်​​မောင်​ တစ်​ စိတ်ပျက်စွာဖြင့် ငြီးတွားရေရွတ်ရင်း သောက်ရေအိုးစင်ရှိရာသို့ ခြေလှမ်းခဲ့ပြန်သည်။ အနားသို့ ရောက်သည့်အခါ အိုးအဖုံးကို ဖွင့်၍ ရေတစ်ခွက် နှိုက်ခက်လိုက်သည်။

"ဂျစ်…ဂျစ်…ဂျစ်"

အိုးဖင်နှင့် စတီးခွက် ပွတ်တိုက်မိသံသာ ထွက်ပေါ်လာသည်။ ခွက်ထဲတွင် ရေကား ပါမလာ။

"ဟိုက်…သောက်ရေအိုးထဲမှာလည်း ရေတစ်စက်မှ မရှိဘူး၊ ဒုက္ခပါပဲ၊ ကားထွက်ဖို့ကလဲ နီးနေပြီ၊ ငါကလဲ မျက်နှာမသစ်ရသေးဘူး။ ဘောလုံးပွဲ…ဘောလုံးပွဲ…အဲ့ဘောလုံးပွဲ ဒုက္ခပေးလို့ ငါ မနက် စောစော မထနိုင်တာ၊ ဘောလုံးပွဲသာ မကြည့်ဘဲ ညဘက်စောစော အိပ်ခဲ့ရင် အခုလောက်ဆို ငါ ကားဂိတ် ရောက်နေလောက်ပြီ"

ဝေယံ တစ်ယောက်တည်း ငြီးငြူရင်း ညက ဘောပွဲကြည်ခြဲ့မိသည့်အဖြစ်ကို ပြန်၍ အပြစ်တင်နေမိသေးသည်။ ထိုစဉ် အနောက်ဘက်မှ ဒေါ်ကြီးမြ၏ ကျယ်လောင်စူးရှသော အသံသည် ဝေယနားထဲသို့ သာယာနာပျော်ဖွယ် မရှိစွာ တိုးလျှိုး ဝင်ရောက်လာ၏။ံ
"ဟဲ့…ကောင်လေး၊ ငါ ညက နင့်ကို ရေဖြည့်ခိုင်းထားတာ ဘာလို့ မဖြည့်တာလဲ…ပြောစမ်း"

"ဗျာ…ကျ…ကျနော့်ကို ဖြည့်ခိုင်းထားတာလား"

"ဟယ်…ဒီကောင်လေး ဘာကို ငူကြောင်ကြောင် လုပ်နေတာလဲ၊ နင့်ကို ည၇နာရီ ထမင်းမစားခင်ကတည်းက ရေဖြည့်ခဲ့ဖို့ ပြောခဲ့တယ်လေ"

ဟုတ်ပေ၏။ ညနေ၆နာရီကတည်းက ဝေယံ သင်တန်းမှ အိမ်ပြန်ရောက်လာသည်။ ရောက်ရောက်ချင်းပင် ကြည်းမေမြက တစ်အိမ်လုံး သုံးစရာ ရေကုန်နေ၍ ရေဖြည်ထြားပေးဖို့ ပြော၏။ အားကစား လုပ်ရာမှ ပြန်လာလျှင် ဖြည့်ပါမည်ဟု ဝန်ခံကတိပြုပြီး ဝေယံ ဘော်ဒါများနှင့် အားကစားကွင်းသို့ ထွက်ခဲ့သည်။ အားကစားပြီး၍ ပြန်အလာတွင်လည်း လမ်းထိပ်တွင်ရှိသော အများသုံး ရေကန်တွင် ဝင်၍ ရေချိုးခဲ့၏။ ထိုအထိ ဒေါ်ကြီးမြ ခိုင်းထားသည့်ကိစ္စကို ဝေယံ မမေ့သေး၊။

အိမ်ပြန်ရောက်သောအခါ အဝတ်အစားလဲပြီး မီးဖိုချောင်သို့ ဝင်၍ ဒေါ်ကြီးမြ ချက်ပြုတ်ထားသည့် ထင်းမင်းနှင့် အချည်ရည်စပ်စပ်ကို ခူးခပ်၍ ဗိုက်စာစာဖြင့် စားပစ်လိုက်သည်။ ထိုအထိလည်း ဒေါ်ကြီးမြ ခိုင်းထားသည့်ကိစ္စကို မမေ့သေးချေ။ မမေ့ပင် မမေ့သော်လည်း ရေကား မဖြည့်မိ။ ဘယ်အချိန်ချိန် လုပ်လုပ် ရသည်ဟု သဘောထားကာ အေးဆေးပင် နေခဲ့မိသည်။ ဤလိုနှင့် အချိန်၇နာရီမျှ ရှိသောအခါ အိမ်ခြံတံခါး ရှေ့မှ ဆိုင်ကယ်သံ ကြားရ၏။ ဘော်ဒါတွေ လာခေါ်ခြင်း ဖြစ်မည်ဟု ဝေယံ သိလိုက်သည်။ ကြည်းမေမြကလဲ မရှိ၊ သူ့ အသိမိတ်ဆွေ တစ်ယောက်၏ မွေးနေ့အလှူအတွက် ညသွားအိပ်ပေးရသည်။

"ဟျောင့်…သားရီး၊ ဒီည မန်ယူနဲ့အားဆင်နယ် ပွဲကောင်းတယ်။ မင်းလိုက်မှာလား"

သီဟက ခြံရှေ့မှ ရပ်၍ ဝေယံကို လှမ်းအော် မေးလိုက်ခြင်းဖြစါသည်။ ဘောပွဲဆိုလျှင် ဝါသနာဗီဇကြီးသော ဝေယံအဖို့ ငြင်းရန် အကြောင်းမရှိ၊ ချက်ချင်းပင် အဖြေပြန်ပေးလိုက်မိ၏။

"လိုက်မှာပေါ့ကွ၊ ဒါနဲ့ မင်းတို့က ဘယ်ဆိုင် သွားကြမှာလဲ"

"သွားနေကျ ဒိုးလေး ဆိုင်ပဲပေါ့ကွ၊ မင် လိုက်မယ်ဆို အခုဆင်းခဲ့တော့ကွာ"

"အေးကွာ…ငါ ဆင်းလာပြီ"

ဘောပွဲဆိုလျှင် ရှေ့ဆုံးမှ ကြည့်တတ်သော ဝေယံအဖို့ ကြည့်ချင်လွန်းအားကြီးသော စိတ်ကြောင့် အိမ်ပေါ်မှ အပြေးကလေး ဆင်းခဲ့သည်။ ထိုအခိုက် ဒေါ်ကြီးမြ ခိုင်းထားသည့် ကိစ္စကိုလည်း မေ့သွားခဲ့လေပြီ။ ဘောပွဲပြီး၍ အိမ်ပြန်ရောက်သည့် အချိန်မှာ နာရီပြန် ၂နာရီရှိပြီ။ မျက်ခွံများလည်း ဖွင့်၍ မရတော့လောက်အောင် လေးလံနေပြီဖြစ်၍ အိမ်သို့ ပြန်ရောက်ရောက်ချင်း အိပ်ယာပေါ် အရုပ်ကြိုးပြက် လှဲချ၍ အိပ်ပစ်လိုက်တော့သည်။ နာရီနှိုးဆက်သံကြောင့် ပြန်နိုးလာသည့် အချိန်မှာ နံနက်၉နာရီဖြစ်ပြီး ထိုမှစ၍ ရေမဖြည့်မိခြင်း ကိစ္စနှင့်စပ်၍ ဒေါ်ကြီးမြ၏ မြည်တွန်တောက်တီးခြင်းကို ခံလိုက်ရခြင်းသာဖြစ်​​ပေ​တော့သည်​။။FB_IMG_1505103552587.jpg
Google image
Writer by လင်းလက်​ #အွန်​လိုင်းစာ​ရေးသူ တစ်​ဦး

Sort:  

ဘောလုံးပွဲ တယ်ကြိုက်သကိုး

ဘောမင်းသားကြီးလား

သေချာတာ​ပေါ့

မေ့တာကလည်း အမေ့ကောင်းပါလား။

ဖြစ်​တတ်​ပါတယ်

အော် ဘောပွဲ ဘောပွဲ

ဟီး

တချိန်တုန်းကတော့ ဘောလုံးပွဲတွေ စွဲလန်းခဲ့ဖူးတယ်။မနည်းပြန်ဖြတ်ယူရတယ်ဗျို့။

Me too bro

good post

ဘောလုံးပွဲကိုအတော်ကြိုက်သည်ထင်ပါ့ဗျာ

အသဲစွဲ​ပေါ့

so which team win?