လူပီသတယ့်​လူ

in #myanmar7 years ago (edited)

FB_IMG_1505103477776.jpg
ဘဝမှာလူ​တွေရဲ့ လှည့်​ကွက်​​​တွေ ​ကောက်​ကျစ်​မူ​တွေ လိမ်​ညာမူ​ ဟန်​​ဆောင်​မူ​တွေ မာယာ​တွေကို ကိုယ်​တိုင်​ ကြုံ့တွေ့ဖူးကြမှာပါ။

လူ​တွေဆိုတာ အမြဲတမ်းမဟုတ်​​ပေမယ့်​ ​​တစ်​ခါတ​လေ​မှာ သိပ်​ကိုရက်​စက်​တတ်​ပြီး
တစ်​ခါတစ်​ရံမှာ သိပ်​ကိုညှာတာစာနာမူကင်းမဲ့တတ်​ကြတယ်​။

မိတ်​​ဆွေရင်းလို့ ကိုယ်က​စိတ်​ချယုံကြည်​ထားခဲ့​ပေမယ့်​ ကိုယ့်​ဘဝကို ရစရာမရှိ​အောင် ရိုက်​ချိုးဖျက်​ဆီးသွားရက်​ခဲ့တာ​တွေလည်း ကြုံဖူးရမှာပါ။

တချို့လူ​တွေ ​ရှေ့မှာ​တော့ အပြုံးပန်း​တွေတ​ဝေ​ဝေ ချီးကျုးစကား​တွေ ရွှန်းရွှန်း​ဝေ​အောင်​ ​​ပြောလို့ ​ကူညီ​တွေ​ပေးခဲ့ကြ​ပေမယ့်​ များမကြာမှီ​ ​နောက်​​ကျောကိုဓားနဲ့ ထိုးသွားကြတယ့်​ သူ​တွေလည်း ဒုနဲ့​ဒေး။

ရိုးသားမှုနဲ့ ကြိုးစားစွာ လမ်း​ကြောင်းမှန်​​​ပေါ်​ လျှောက်​လှမ်း​နေသူ​တွေကို ​တွေ့တဲ့အခါ အား​ပေးစကားမ​ပြောတဲ့အပြင်​ အား​လျော့ပြီး ရည်​မှန်း​​ချက်​​တွေ ​ပြောက်​ပျက်​သွား​အောင် ပြင်းထန်သည့် ​​​​​ စကားလူံး​တွေနှင့်​ အချို့်လူ​တွေ ​ပြောဆိုဆက်​ဆံတာ​တွေကို ကြုံ​တွေ့ ခဲ့ရဖူးတယ်​။
လူ......လူ......လူ​တွေကို ဘယ်​လိုနားလည်းရမလဲမသိ​တော့ဘူး။

ကမ္ဘာ​ပေါ်ရှိတယ့်​ အသက်​ရှိ အဟိတ်​တိရစ္ဆာန်​​တွေ အားလုံးထဲမှာ လူ​ဆိုတဲ့ သတ္တဝါဟာ အသိ ဥာဏ်​၊ အ​မြော်​အမြင်​ အရှိဆုံး သက်​ရှိ​တွေပဲ ဖြစ်​သည်​ မဟုတ်​ပါလား။

သို့​ပေမယ့်​ ကမ္ဘာ​ပေါ်မှာ အရိုင်းဆိုင်းဆုံး ​ကြောက်​မက်​ဖွယ်ရာ​​ သက်​ဖြတ်​မှု​တွေနှင့် ​​အပြစ်​ဒုစရိုက်​​​​ပေါင်းများစွာ​ကို ​နေ့စဉ်​နှင့်​အမျှ ကျူးလွန်​​နေကြတာလည်း ကျွန်​​တော်​တို့ လူသား​တွေပဲ မဟုတ်​လား။

အသိဥာဏ်​အရှိဆုံး အ​တွေးအ​ခေါ်အ​မြော်​အမြင်​အရှိဆုံးပါဆိုတဲ့ လူ​​တွေ ဘာလို့ ဒီ​လောက်​​တောင်​ ရက်​စက်​ကြမ်းကြုတ်​ရတာလဲ ဆို​တော့ကာ အတ္တ​တွေ ​​လောဘ​တွေ ​မောဟ​တွေ​ကြောင့်​ အသိဥာဏ်​ရှိတယ့်​ လူ​တွေဟာ တိရစ္ဆာန်​​တွေ​လောက်​​တောင်​ အကြင်​နာတရား မရှိတယ့်​ သူ​တွေ ဖြစ်​​​သွားကြတယ်။

ကျွန်​​တော်​တို့ အနီးအနားပတ်​ဝန်းကျင်​ `​ခွေး´ ​တွေကိုပဲ အရင်​ဆုံးကြည့်​လိုက်​ပါ။
ခွေး​တွေဟာ သူတို့နှစ်​သက်​တဲ့ ​ခွေးမတစ်​​ကောင်​​တွေ့ပြီဆို ​ခွေးထီးအားလုံး ထို​ခွေးမကို ပိုင်​ဆိုင်​ဖို့ ​ခွေးမတစ်ေ​ကာင်​အတွက်​ အချင်းချင်း ​​ကုတ်​ဖဲ့တိုက်​ခိုက်​ကြတယ်​။ ထိုအပြင်​​ ​ခွေး​တွေဟာ အစားအ​သောက်​အတွက်​၊ ​နေရာထိုင်​ခင်းအတွက်​လည်း တစ်ေ
အဲ့ဒီလို တစ်​​ကောင်​နဲ့တစ်​​ကောင်​ တိုက်​ခိုက် ကြပါ​သေးတယ်​။ အဲ့ဒီလို ​ခွေးအချင်းချင်း ကုတ်​ဖဲ့ တိုက်​ခိုက်​ရာမှာ တစ်​ကောင်​ ​ကောင်​ ​​​သေဆုံးသွား​အောင်​ ဘယ်​​​တော့မှ ​မတိုက်ခိုက်​​ကြပါဘူး။ ဒဏ်​ရာရရုံ ​ခြောက်​လှန့်​ရုံမျှသာ တိုက်​ခိုက်​ကြပါတယ်​။

ကျွန်​​တော်​တို့ လူသား​တွေက​တော့ ဤသို့မဟုတ်​​ပေ။ အချစ်​တစ်​ခု မိန်းမ​တစ်​​ယောက်​ကို ရယူပိုင်ဆိုင်ဖို့​​အတွက်​နှင့်​ တစ်​ယောက်နဲ့တစ်​ယောက်​​​​​​ ​သေ​ကြေပျက်​စီးသွားရ​လောက်​​အောင်ကို တိုက်​ခိုက်​ခဲ့ကြတယ်​ဆိုတာ ခင်​ဗျားတို့ ကျွန်​​တော်​တို့် ​နေတိုင်းလိုလို မြင်​​တွေ့ ​နေကြရတာ မဟုတ်​ပါလား။

ထို့အပြင်​ ကျွန်​​တော်တို့ လူသား​တွေဟာ ​မြေ​နေရာအတွက်​ ပစ္စည်းဥစ္စာအတွက်​ တစ်​နိုင်​ငံနှင့်​တစ်​နိုင်​ငံ လက်​နက်​မျိုးစုံနဲ့ စစ်​ပွဲ​တွေအလီလီ တိုက်​ပွဲ​တွေ အဖုံဖုံဆင်​နွဲကာ တိုက်​ခိုက်​ခဲ့ကြတယ်​။
ပထမကမ္ဘာစစ်​​နှင့်​ ဒုတိယကမ္ဘာစစ်​​ကြောင့်​ လူသားမျိုးစိတ်​ သန်း​ပေါင်းများစွာ ​သေ​ကြေပျက်​စီးဆုံးရှုံးခဲရသည်​​ မဟုတ်​ပါလား။

ကျွန်​​တော်​​တို့ လူသား​တွေဟာ ​ခွေး​တွေထက်​ အသိဥာဏ်​ ဆင်​ခြင်​နှုံတရားရှိ​သူ​တွေ ဖြစ်​ပြီး အဘယ်​​ကြောင့်​ ​ခွေး​တွေထက်​ ယုတ်​မာရိုင်း​ဆိုင်း​နေရတာလဲဆိုတာလဲဆိုတာ နားမလည်​နိုင်​​အောင်​ပဲဗျာ။

လူတိုင်းဆီမှာသာ ကိုယ်​ချင်းစာတရား ရှိခဲ့ပါမူ ဤသို့ ဖြစ်​လာ စရာမ​ကြောင်းမရှိပါ။ ငါ့အတွက်​၊ ငါ့မိသားစုအတွက်​၊ ငါ့အကျိုးစီးပွားအတွက်​ စတယ့်​ ငါတည်းဟူ​သော အတ္တ​တွေကို ရင်​ဝယ်​ပိုက်​လျက်​ အခြားသူ​တွေ အခွင့်​အ​ရေး​တွေကို အပြည့်​အဝမ​ပေးပဲ ​တဖက်​ပိတ်​အမြင်​​တွေနှင့်​ ​လိပ်​ကဲ့သို့ ကိုယ်ဘက်​​​ကိုယက်​သည့်​ သူ​တွေမရှိလျင်​ ဒီကမ္ဘာကြီး ဒီထက်​ပိုပြီး ​အေးချမ်းသာယာ လာပါလိမ့်မည်​။
ကိုယ့်​အတွက်​လို့ မစဉ်းစားခင်​ သူတစ်​ပါးအတွက်​ အရင်​စဉ်းစားကြည့်​ပါ​။
လူဆိုတာ ကိုယ်​တိုင်​မျက်​ရည်​ကျဖူးမှ အခြားသူရဲ့ ဝမ်းနည်းပူ​ဆွေးမှု​တွေကို နားလည်​နိုင်​တာပါ။

ဘဝမှာ ​အောင်​မြင်​ခြင်း,​ကျော်​ကြားခြင်း,ချမ်းသာခြင်း​ စတဲ့အရာ​တွေဟာ ကိုယ်​တစ်​ဦးတစ်​​ယောက်​တည်းက ကြိုးစားပြီးတည်​​ဆောက်ယူ​​လို့ ရချင်​ရ​မယ်​။

ညှာတာမူ,စာနာမူ,​ဖေးမမူ,ဆိုတဲ့စိတ်​ထားကောင်း​​တွေ ထားရှိဖို့ မကြိုးစားခဲ့ရင်​ ခင်​ဗျားတို့ ကျွန်​​တော်​တို့်​ဟာ ဘယ်​​တော့ လူပီသတယ့်​ သူ​တွေဖြစ်​လာကြမှာမဟုတ်​ပါဘူး။

ရေးသားသူ @kodolay
Photo by google image FB_IMG_1505103552587.jpg

Sort:  

ကြိုးစားနေတယ် "လူ " ဖြစ်ဖို့ 

အဲလို ကိုယ့်အကြောင်းအရင်မစဉ်းစားဘဲ အတင်းလိုက်ပြောတဲ့သူတွေကိုခနခနတွေ့ဘူးတယ်

အဲ့ဒီလို​ပြောတဲ့သူ​တွေနှင့်​ ခပ်​ကင်းကင်း​နေပါ။

ဟုတ်ကဲ့အကို သူမရှောင်လည်း ကိုယ်ရှောင်ရမယ့်အရာပါလို့မြင်ပါတယ်

ကိုယ်​ချင်းစာတရားရှိဖို့ အ​ရေးကြီးတယ်​။ သူ့​နေရာမှာ ငါသာဆိုရင်​ ဆိုပြီးဝင်​ပြီးခံစားကြည့်​သင့်​တယ်​။

ဟုတ်​တာ​ပေါ့ friရယ်

Thank you so much for sharing all this information! that's great! All the best! Waiting for more posts! :)

ဘဝမှာ လူပီသတဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားရင်း လူမပီသတဲ့လူတွေနဲ့လည်း တွေ့ခဲ့ကြုံခဲ့ဖူးပါတယ်။

thank for sharing

အရေးအသားကောင်းပါတယ် ဗဟုသုတလည်းရပါတယ်
တဲ့ ကို တယ့် ရေးထားတာတွေတွေ့ရပါတယ်
ပြန်ပြင်လိုက်ရင်ကောင်းသွားမှာပါ
အပြုသဘောပြောပြတာပါ
ကျေးဇူးတင်ပါတယ် ခင်ဗျား

လူပီသတဲ့ လူတဲ့လားဗျာ။
ခုထိတော့ ကြိုးစားဆဲပါ။

လုတွေ များပြီး လူတွေနည်း တယ်ဗျ ။ လူပီသအောင် ကြိုးစားကြတာပေါ့ ဗျာ ။

စာအရေးအသားလေးတွေကောင်းပါတယ် အကြံတစ်ခုပြုပါရစေ စာလုံးတွေကို စေတနာ စကားလုံးလေးတွေအဖြစ်ပြောင်းလဲလိုက်မယ်ဆိုရင် အတိုင်းအထက်အလွန် ကောင်းသွားမယ်လို့ထင်ပါတယ်ဗျာ။ ဒေါသ စကားလုံးတွေဖြစ်နေသလိုပါဘဲ။ အကြံ့ပုတာဖြစ်လို့ မကြိုက်ရင် တောင်းပန်ပါတယ်။ နောက် ပီး Profile မှာ ပုံလေးထည့်စေချင်ပါတယ်။

လူအမျိုးမျိုး စိတ်အဖြာဖြာပါ
လူလူချင်းလှည့်ပတ်ခြင်းကင်းကြပါစေ

လူအုးးစိတ်ေ​ထွေ
ဘေ​သေကြတယ်
ဘ​တွေရှင်​ကြတယ်
...
နင်​​ကြေတယ်​ ဖျက်​ဆီကြတယ်
တာဝန်​ယူစိတ်​ကြတယ်​။
ကျေးဇူးတရာ​ကြေတယ်​။

"လူ"

လူဘဝမှာနေပေမဲ့ လူမဖြစ်သူလဲရှိ

nice post

ဟုတ်