တချိန်မှာ အလုပ်တခုပဲ အာရုံစူးစိုက်လုပ်ပါ

in #myanmar7 years ago (edited)

တချိန်မှာ အလုပ်တစ်ခုကိုပဲ အာရုံစူးစိုက်လုပ်ပါ
Once, a sufficient concentration of work
image

တစ်ခါတုန်းက တစ်နိုင်ငံလုံးမှာ မြားပစ်ချန်ပီယံဆု ရလာတဲ့ လူငယ်တစ်ယောက်ဟာ သှူ့ဇာတိရွာလေးကို ခဏပြန်လာတယ်။ ရွာမှာ အရင်က မြားပစ်ချန်ပီယံဖြစ်ခဲ့ပြီး အခုတော့ တရားထိုင်တာပဲ လုပ်နေတဲ့ အဖိုးကြီးကို သူက မြားပစ်ပြိုင်ဖို့ စိမ်ခေါ်လိုက်တယ်။ အဖိုးကြီးက သိပ်စိတ်မပါပေမယ့် လူငယ်ရဲ့ စိမ်ခေါ်မှုကို လက်ခံလိုက်ပါတယ်။

Once upon a time,national champion aiming for a young man returned his native village immediately. The former champion now sits in the village to make money in the process, the old called soaked. Removing a young, very sad, but accepted the challenge.

ရွာအပြင်နားက ကွင်းပြင်တစ်ခုမှာ ပြိုင်ပွဲစလုပ်တယ်။ လူငယ်က အရင်စပြီး မြားပစ်တယ်။ သူ့ရဲ့ ပထမဆုံး မြားဟာ ခပ်လှမ်းလှမ်းမှာ ထောင်ထားတဲ့ မြားပစ်စက်ကွင်းရဲ့ အလယ်ခေါင် ဗဟိုချက်မတည့်တည့်မှာ သွားစိုက်တယ်။ လူငယ်ဟာ နောက်ထပ် မြားတစ်စင်းကို ထပ်ပြီး ပစ်လွှတ်လိုက်ပြန်တယ်။ ဒုတိယမြားဟာ ပထမမြားတံကို နှစ်ခြမ်းဖြစ်သွားအောင်ခွဲပြီး စက်ကွင်းဗဟိုချက်မမှာ သွားစိုက်ဝင်ပြန်တယ်။ လူငယ်က အဖိုးကြီးကို ဘယ်လိုလဲဆိုတဲ့ မထိတထိ ပြုံးပြရင်း “ခင်ဗျားရဲ့ အလှည့်ရောက်ပြီ” လို့ ပြောလိုက်တယ်။ အဖိုးကြီးဟာ မြားမပစ်သေးဘဲ လူငယ်ကို သူ့နောက်ကို လိုက်ခဲ့လို့ ပြောလိုက်တယ်။ လူငယ်လည်း ဘုမသိ ဘမသိနဲ့ ရှေ့ကသွားတဲ့ အဖိုးကြီးနောက်က လိုက်သွားတယ်။

သူတို့ဟာ တောအုပ်ထဲက ချောက်အနက်ကြီးတစ်ခုရဲ့ အစွန်ဖျားကို ရောက်သွားကြတယ်။ အဖိုးကြီးက ချောက်နက်ကို ခွပြီး တံတားအဖြစ်ခင်းထားတဲ့ သစ်တုံးကြီးပေါ်ကို လျှောက်သွားတယ်။ သစ်တုံးဟာ လှုပ်နေတယ်။ သစ်တုံးအလယ်လောက်မှာ အဖိုးကြီးဟာ ရပ်လိုက်ပြီး လူငယ်ကို ပြောလိုက်တယ်။ ခတ်လှမ်းလှမ်းက သစ်ပင်ကြီးတစ်ပင်ရဲ့ ပင်စည်မှာ ပေါ်နေတဲ့ အ၀ိုင်းကွက်ကို ပစ်မှတ်ထားပြီး ပြိုင်မယ်လို့ ပြောလိုက်တယ်။ လူငယ်ကလည်း သဘောတူတယ်။ အဖိုးကြီးဟာ တည်တည်ငြိမ်ငြိမ်နဲ့ မြားတံတစ်ချောင်းကို မြားအိမ်ထဲက ထုတ်ယူပြီး ပစ်လွှတ်လိုက်တယ်။ မြားဟာ ပစ်မှတ်အဖြစ်ထားတဲ့ သစ်ပင်အ၀ိုင်းရဲ့ အလယ်ခေါင်တည့်တည့်မှာ စိုက်ဝင်သွားတယ်။ အဖိုးကြီးက လူငယ့်အလှည့်လို့ ပြောပြီး သစ်တုံးပေါ်က ဆင်းပေးလိုက်တယ်။

လူငယ်ဟာ သစ်တုံးပေါ်ကို လျှောက်သွားတယ်။ သစ်တုံးဟာ လှုပ်နေတယ်။ အောက်မှာလည်း ချောက်က အနက်ကြီး။ အောက်ကို ပြုတ်ကျရင် သေမှာ သေချာတယ်။ လူငယ်ဟာ ကြောက်နေတယ်။ ဒါပေမဲ့ သူဟာ သူ့ကိုယ်ကို သစ်တုံးပေါ်မှာ တည့်မတ်အောင် ကြိုးစားထိန်းရင်း မြားတစ်စင်းကို ပစ်လွှတ်လိုက်တယ်။ မြားဟာ ပစ်မှတ်အ၀ိုင်းနဲ့ အဝေးကြီးကို လွဲချော်သွားတယ်။ အဖိုးကြီးက လူငယ်ကို ခုလို ပြောလိုက်တယ်။

  • "မင်းဟာ မြားပစ်ရာမှာ အလွန်ကျွမ်းကျင်ပါတယ်။ ဒါပေမဲ့ မင်းရဲ့ အာရုံစူးစိုက်မှုက အားနည်းတယ်” တဲ့။

အာရုံစူးစိုက်မှုဆိုတာကို စိတ်ထဲ စွဲမှတ်သွားစေချင်လို့ ဒီပုံပြင်လေးကို ရေးပြလိုက်တာပါ။ ကဲ ဒါဆို အာရုံစူးစိုက်မှုဆိုတာ ဘာလဲ။

ရှင်းမပြခင် ဒီအခြေအနေလေးကို ဖတ်ကြည့်လိုက်ပါအုံး။ သင်လည်း ကြုံဖူးမှာပါ။
ကျောင်းသားတစ်ယောက်ဟာ စာမေးပွဲနီးကပ်လာလို့ စာကြည့်ဖို့ စားပွဲမှာ ထိုင်လိုက်တယ်။ ခဏကြာတော့ ဗိုက်ဆာလာတာနဲ့ မီးဖိုချောင်ကို သွားပြီး စားစရာတစ်ခုကို ရှာပြီး စားလိုက်တယ်။ စားပြီးတာနဲ့ စားပွဲကို ပြန်လာပြီး စာကို စဖတ်တယ်။ စဖတ်လို့ မကြာခင်မှာ အိမ်အပြင်ဖက်က လူတွေ စကားပြောသံကြားလို့ နားထောင်နေမိတယ်။ သတိရလို့ စာကို ပြန်ဖတ်တယ်။ ဖတ်လို့ ခဏအကြာမှာ ပျင်းလာတာနဲ့ အခန်းထဲက ရေဒီယိုကို ဖွင့်ပြီး သီချင်းနားထောင်တယ်။ သီချင်းနှစ်ပုဒ်ပြီးတော့ ရေဒီယိုကို ပိတ်လိုက်ပြီး စာကို ဆက်ဖတ်တယ်။ ဒီအချိန်မှာ နေ့လည်က သူ့ရည်းစားကောင်မလေးကို သတိရလို့ ဖုန်းဆက်လိုက်တယ်။ ၁၅ မိနစ်လောက် စကားပြောလိုက်တယ်။ အခု စာပြန်ဖတ်မလို့ လုပ်ရင်း စားပွဲတင်နာရီကို ကြည့်လိုက်တော့ သူ စားပွဲမှာ ထိုင်နေတာ တစ်နာရီရှိသွားပြီ။ အခုထိ စာတစ်မျက်နှာတောင် ပြီးအောင် မဖတ်ရသေးဘူး။ အဲဒါ အာရုံစူးစိုက်မှု မရှိလို့ ဖြစ်တာပါ။ သူ လုပ်ချင်တဲ့ စာဖတ်ခြင်းဟာ အာရုံစူးစိုက်မှုမရှိလို့ အချိန်သာ ကုန်သွားတယ်။ မပြီးမြောက်ခဲ့ဘူး။ အာရုံစူးစိုက်မှု မရှိတဲ့ အလုပ်ဟာ ဘယ်တော့မှ မအောင်မြင်ပါဘူး။ တနည်းအားဖြင့် အာရုံစူးစိုက်လုပ်တဲ့ အလုပ်ဟာ အမြဲတမ်း အောင်မြင်ပါတယ်။

တချို့ ငယ်ငယ်တုန်းက ဒီစမ်းသပ်မှုလေးမျိုး လုပ်ခဲ့ဖူးကြမှာပါ။ နေရောင်အောက်မှာ စာရွက်တစ်ရွက်ကို မြေကြီးပေါ်မှာ ချထားလိုက်တယ်။ တစ်နာရီ နှစ်နာရီကြာလာပေမယ့် စာရွက်ဟာ ခြောက်သွေ့သွားရုံပါပဲ၊ မီးမလောင်ပါဘူး။ ဒါပေမဲ့ လက်ကိုင်မှန်ဘီလူးတစ်လက်ကို စာရွက်အပေါ်မှာ ထားလိုက်ပြီး စာရွက်ပေါ်ကို မှန်ဘီလူးရဲ့ ဆုံချက် (focus) ကျအောင် ထားလိုက်ပါ။ ဘာဖြစ်မလဲ။ မိနစ်ပိုင်းအတွင်း ဆုံချက်ကျတဲ့ စာရွက်နေရာမှာ မီးစလောင်လာတာကို တွေ့ရပါလိမ့်မယ်။ ဘာကြောင့်လဲ။ မှန်ဘီလူးဟာ နေရောင်ခြည်ကို စုစည်းပေးလိုက်လို့ မီးလောင်နိုင်တဲ့ စွမ်းအားတစ်ခုကိုဖြစ်လာစေပါတယ်။ ထို့နည်းတူပါပဲ၊ အတွေးစိတ်ကူးတွေကို မပျံ့လွင့်စေဘဲ မိမိလုပ်နေတဲ့ အလုပ်တစ်ခုတည်းပေါ်မှာပဲ အာရုံစူးစိုက်လိုက်ရင် အဲဒီအလုပ်ဟာ အောင်မြင်ပါလိမ့်မယ်။ စောစောက ကျောင်းသားဟာ ညစဉ်စာကြည့်တိုင်း အာရုံစူးစိုက်မှု မရှိရင် စာမေးပွဲကျမှာ သေချာပါတယ်။ ထို့နည်းတူပဲ စီးပွားရေးလုပ်ငန်း လုပ်သူတစ်ယောက်ဟာ လုပ်ငန်းတစ်မျိုးကိုပဲ အာရုံစိုက်မလုပ်ဘဲ ဟိုအလုပ်လုပ်လိုက် ဒီအလုပ်ပြောင်းလုပ်နေရင် အောင်မြင်မှုရမှာ မဟုတ်ပါဘူး။

အာရုံစူးစိုက်မှုနဲ့ ပတ်သက်လို့ နေ့စဉ်မြင်တွေ့နေရတဲ့ ဥပမာလေးတွေကို ပြောပြချင်ပါတယ်။

  • ကလေးတွေ အိမ်ပြင်မှာ ဆော့ကစားနေတုန်း အမေဖြစ်သူက သူတို့ကို ထမင်းစားဖို့ အော်ခေါ်နေတာကို သူတို့ မကြားကြဘူး။ ဘာဖြစ်လို့လဲ။ ကလေးတွေဟာ ကစားနေတာကိုပဲ စိတ်ဝင်စား အာရုံစိုက်နေကြလို့ပါ။

X X X X X X X X X X X X

အောင်မြင်ချင်ရင် အလုပ်တစ်ခုတည်းကို အာရုံစူးစိုက်လုပ်ပါ။ တချို့က ပြောကြတယ်။ ဒီခေတ်မှာ multi-skill ဆိုတာ ခေတ်စားနေလို့ အလုပ် နှစ်ခု သုံးခုကို တပြိုင်တည်း လုပ်နိုင်ရမယ်တဲ့။ ဒါဟာ လွဲမှားတဲ့ အယူအဆပါ။ multi-skill ဆိုတာ ကျွမ်းကျင်မှုတွေ အများကြီးတတ်တယ်လို့ ဆိုလိုတာပါ။ ဥပမာ - ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်သမားတစ်ယောက်ဟာ ပန်းရံ၊ လက်သမား၊ ရေပိုက်ဆက်စတာတွေ အကုန်လုပ်တတ်တာကို ပြောတာပါ။ ဒါပေမဲ့ သူဟာ တချိန်တည်းမှာ အုတ်စီပန်းရံကိုင်လိုက်၊ သစ်သားကို ရွေဘော်ထိုးလိုက်၊ ရေပိုက်ကို ဖြုတ်တပ်စမ်းတာ မလုပိနိုင်ပါဘူး။ အဲဒီလို လုပ်ရင်လည်း သူလုပ်ပြီးတဲ့ အလုပ်တွေဟာ အရည်အသွေး ကောင်းမွန်မှာ မဟုတ်ပါဘူး။ ဒါကြောင့် multi-skill ဆိုတာကို အာရုံစူးစိုက်မှုနဲ့ နားလည်မှု မလွဲစေချင်ပါ။

(စာအပြည့်အစုံကိုတော့ စာအုပ်မှာပဲ ဖတ်ကြည့်ကြပါ ခင်ဗျာ)။
2500 ပဲရှိတယ် ဝယ်ဖတ် ;) ;)
image
cerdit to **
ဗန်းမော်သိန်းဖေ

Sort:  

you witten language is unsupported..check it again

good bro v& com follow

I am interest reading books. I get idea from your writing post. Very good

သူရေးတာမှတ်လို့ ချီးမွမ်းမလို့လုပ်တုန်း ဝယ်ဖတ်တဲ့ အီ...ေ

ဟဟဟ ၂၅၀၀ ပဲရှိတယ် Ocean မှာရောင်းတယ် :P