စိတ်ဓါတ်တွေကိုမြှင့်ပေးပါ (KC Myanmar)

in #myanmar7 years ago (edited)

image

လူတွေရဲ့ morale "စိတ်ဓါတ်" လို့ပြောလိုက်ရင် သူတို့တွေ အလုပ်တွေအပေါ်မှာထားကြတဲ့ enthusiasm လို့ခေါ်တဲ့ စိတ်အားထက်သန်မှုရယ်၊ commitment လို့ခေါ်တဲ့ ဂတိပေးလုပ်ဆောင်တာဟာ ခေါင်းထဲကိုဝင်လာပါတယ်။

ဒါတွေဟာ သူတို့ရဲ့ အလုပ်အပေါ်မှာရှိတဲ့ motovation ဆိုတဲ့ အရာအပေါ်မှာ အများကြီး သက်ရောက်မှုရှိပါတယ်။ motivation ကောင်းတိုင် morale မြှင့်တယ်လို့ပြောလို့မရပေမယ့် morale ကောင်းတာနဲ့ motivation က တက်လာပါတယ်။

image

လုပ်ငန်းခွင်တိုင်းမှာ လူတွေဟာ တဦးနဲ့တဦး အကြားရှိတဲ့ ဆက်ဆံရေးဆိုတဲ့ relationship က trust ဆိုတဲ့ ယုံကြည်မှုအပေါ် အရမ်းမူတည်နေပါတယ်။ Morale စိတ်ဓါတ်မြင့်တဲ့ လုပ်ငန်းခွင်ကို trust ဆိုတဲ့ယုံကြည်မှုရယ်၊ integrity ဆိုတဲ့ ရိုးဖြောင့်မှုတွေနဲ့တည်ဆောက်ရပါတယ်။

ဒါပေမယ့် ကိုယ်ကကြီးပဲ သူတို့အပေါ်ယုံကြည်နေရုံနဲ့ မလုံလောက်ပါဘူး။ သူတို့ကလည်း ကိုယ့်အပေါ် ယုံကြည်မှုရှိနေရမှာဖြစ်ပါတယ်။ သူတို့အတွက် လူကြီးက စဉ်းစားပေးကြတဲ့အခါမှာ သူတို့တွေကလည်း အပြန်အလှန်သဘောအရ လူကြီးနဲ့ လုပ်ငန်းအပေါ် ပြန်စဉ်းစားပေးလာတတ်ကြပါတယ်။

🔹 ဒီနေရာမှာ လူကြီးတစ်ယောက်ဟာ ကိုယ်လုပ်မယ်လို့ပြောထားတဲ့အရာကို လက်တွေ့မှာလုပ်ဖို့လိုပါတယ်။ အပြောတခြား အလုပ်တခြားဆိုရင် ယုံကြည်မှုကို ရရှိနိုင်မှာမဟုတ်ပါဘူး၊ ရထားပြီးတဲ့ ယုံကြည်မှုတွေတောင် ပျက်စီးသွားပါလိမ့်မယ်။

image

🔹 ရိုးဖြောင့်မှုဆိုတဲ့အရာကို လုပ်ငန်းခွင်တစ်ခုရဲ့ အမြင့်ဆုံး ဆင်ခြင်တုံတရားအနေနဲ့ ရှိစေရပါမယ်။ ကိုယ့်မှာရှိတဲ့ အရာတွေအားလုံးကို ဆွဲဖယ်ပစ်လိုက်ရင်တောင် နောက်ဆုံးကိုယ့်မှာ ကျန်နေရမယ့်အရာဟာ integrity ဆိုတဲ့ ရိုးသားဖြောင့်မတ်ခြင်းပဲဖြစ်ပါတယ်။

🔹 အရှိအရှိအတိုင်း လူသားဆန်စွာ နေထိုင်ပါ။ ဟန်ဆောင်မှုတွေဟာ ကွာကျသွားတဲ့အခါတိုင်းမှာ အကျည်းတန်ပါတယ်။ ကိုယ်ဟောပြောတဲ့တရားကို ကိုယ်တိုင်ကျင့်ကြံပါ။ လူဆိုတာအမှားနဲ့ မကင်းပါဘူး။ အမှားလုပ်မိတဲ့ အခါတွေမှာ ရိုးသားစွာ ဝန်ခံပြီး အမှန်ကိုပြင်ဖို့ကြိုးစားပါ။

image

ဒီလိုတွေ ကိုယ့်ဖက်က လူကြီးတစ်ယောက်အနေနဲ့ လုပ်ဆောင်လာတဲ့အခါမှာ ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာရှိတဲ့ သူတွေရဲ့ morale လို့ခေါ်တဲ့ စိတ်ဓါတ်ရေးရာကို မြင့်တင်ပေးလာနိုင်မှာ ဖြစ်ပါတယ်။ ဒီအခါမှာ စိတ်အားထက်သန်မှု၊ ဂတိထားလုပ်ဆောင်မှုတွေများလာပြီး လူတွေရဲ့ motivation ကို တက်လာစေမှာဖြစ်ပါတယ်။

သင်ဟာ အဖွဲ့တခုခုရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး စိတ်ဝင်စားတယ်ဆိုရင် ဖြေကြည့်ပါလေ...

🔹 သင်ဟာ နေရာတကာဝင်ပါနေတတ်ပြီလား။ လူတွေက သင့်ကို micromanage အရမ်းလုပ်တယ်လို့ ကွယ်ရာမှာ ပြောရလောက်အောင်ဖြစ်နေပြီလား။

🔸 သင်လူတွေရဲ့ အမှားတွေကိုပဲ အပြစ်မြင်နေတတ်ပြီလား။ ကောင်းတာတွေအများကြီးလုပ်ပေးကြပေမယ့် အမှားလေးရှိခဲ့မိရင် ခွင့်မလွတ်နိုင်အောင်ဖြစ်နေတတ်ပြီလား။

🔹 သင်လူတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို တက်လာတာနဲ့ တောက်ချတတ်နေပြီလား။ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေဟာ မဖြစ်နိုင်တာတွေပါဆိုပြီး လက်ခံစဉ်းစားမပေးပဲနေနေတတ်ပြီလား။

🔸 သင်ဟာ မလိုအပ်ပဲ အစည်းအဝေးတွေ အများကြီး လုပ်နေမိပြီလား။ တနေ့တနေ့ အစည်းအဝေးတွေကျင်းပပြီး အလုပ်လုပ်ဖို့ အချိန်မရှိလောက်အောင်ဖြစ်နေပြီလား။

🔹 သင်ဟာ အလွယ်တကူ ဂတိတွေပေးနေတတ်ပြီလား။ empty promises လို့ခေါ်တဲ့ တကယ့်ကိုရင်ထဲမှာ မရှိပဲ ပြီးပြီးရော ကတိပေးလိုက်တတ်နေပြီလား။

🔸 သင်ဟာ အခြေအနေ အချိန်အခါနဲ့ မသင့်တော်တဲ့ ရီစရာ ဟာသတွေ ပြောတတ်နေပါသလား။ သင့်အနေနဲ့ ရီစရာလို့ ထင်ပေမယ့် အခြားသူအတွက် အနှောက်အယှက်ဖြစ်စေနိုင်တဲ့ ဟာသတွေ ပြောနေတတ်ပြီလား။

🔹 သင်ဟာ ကိုယ်ပြောထားတဲ့ စကားကို ကိုယ်မတည်တဲ့သူဖြစ်နေပြီလား။ သင်ဟာ ကတိမတည်သူတယောက်အဖြစ် လူတွေက မြင်နေကြပြီလား။

🔸သင်ဟာ အလုပ်ကိုအပြီးလုပ်ကြဖို့ မဖြစ်နိုင်တဲ့ ရက်စွဲတွေကို သတ်မှတ်နေတတ်ပြီလား။

🔹 သင်ဟာအလုပ်မှာ လူမွေးတာတွေ လုပ်နေပြီလား။ ကိုယ့်လူကိုယ်မျက်နှာသာပေး ဘက်လိုက်ခြင်းတွေ လုပ်နေတတ်ပြီလား။

အဖြေတွေဟာ "Yes" ဖြစ်နေတယ်ဆိုရင် ကျိန်းသေပါတယ်...သင်ဟာ သင့်လူတွေရဲ့ တက်ကြွမှုတွေကို ရှင်သန်ခွင့် ရုတ်သိမ်းလိုက်နေတာပဲ ဖြစ်ပါတယ်...နောက်ဆုံးမှာ အဆိုးတွေကို ရင်ဆိုင်ဖို့သာ ပြင်ဆင်ထားလိုက်ပါတော့...

Author: KC Myanmar
photo: google imagr

Sort:  

အတွေးသစ်တခုရရှိသွားပါ၏ ကျေးဇူးပါ

ကောင်း၏ 😊

မှတ်​သားထားပါတယ်​ဆရာ

သတိပြု ဆင်ခြင် မိပါတယ် ဆရာ