ဦးနှောက်ကိုလည်း အစာကျွေးကြပါ (KC Myanmar)

in #myanmar7 years ago (edited)

IMG_9694.JPG

အချိန်တန်လို့ ဂရုမစိုက်မိရင် တဂွီဂွီမြည်တတ်တဲ့ ဒီ ရွှေဗိုက်...အံသြစရာလည်း အရမ်းကောင်း...ဘယ်လောက်ဖြည့်ဖြည့် ခဏပဲပြည့်ပြီး အချိန်မှန်ပြန်ဆာလာတတ်တဲ့နေရာမှာအရမ်းသစ္စာရှိတယ်...မဆာတော့ဘူးဆိုပြီး တခါတလေလေးတောင် မပျက်ကွက်ရှာဘူး...

ဒါကြောင့်မို့လည်း သမုဒ္ဓရာ ဝမ်းတထွာ ဘာညာဆိုပြီး နှိုင်းယှဉ်တတ်ကြတာကိုး...ဘာတဲ့ ငါ့ဝမ်းပူဆာ မနေသာ ဆိုပြီး ဆာလာတဲ့အခါတိုင်း၊ ဒါမှမဟုတ် မဆာခင်ကတည်းက ကြိုဖြည့်တတ်ကြတာ ကျွန်တော်တို့တွေပဲ မဟုတ်ပါလား...

IMG_9695.JPG

ဒီခန္ဓာကိုယ် ရှင်သန်ကြီးထွားဖို့ရာ အစာအဟာရကို မှီဝဲကြရပါတယ်...အချိန်နဲ့အမျှ ပျက်စီးနေကြတဲ့ ကိုယ်ခန္ဓာအထဲက ဆဲလ်တွေကိုအသစ်ပြန်လှယ်တည်ဆောက်ပေးဖို့...လှုပ်ရှားသွားလာ အားအင်ပြည့်ဖို့ နေ့စဉ်နဲ့အမျှ ဘယ်သူကမှ တိုက်တွန်းစရာမလိုပဲ အစဉ်ဖြည့်တင်းနေတတ်ကြပါတယ်...

ဒီခန္ဓာကိုယ်ကြီးလိုပဲ အရေးကြီးတဲ့နေရာမှာ ပိုရင်သာပိုမယ် မလျော့တဲ့ ဦးနှောက်အထဲကို အသိဉာဏ်တွေ ဖြည့်တင်းပေးဖို့ကိစ္စမှာရော ဆာလောင်မှုတွေရှိကြရဲ့လား...ဒါဟာစဉ်းစားစရာမေးခွန်းတစ်ခုဖြစ်ပါတယ်...

ကိုယ်ခန္ဓာရှင်သန်ကြီးထွားဖို့ အစာအဟာရဖြည့်တင်းပေးရသလို၊ လူတစ်ယောက်ရဲ့ အတွေးအခေါ်အမျှော်အမြင်တွေကို ရှင်သန်ကြီးထွားဖို့ကိုရော လိုအပ်တဲ့ အစာအဟာရတွေ ဖြည့်တင်းပေးဖို့ အရေးကြီးတယ်လို့ မထင်မိကြဘူးလားဗျာ...

IMG_9691.JPG

လူတစ်ယောက်ကို ထမင်းစားဦးလေလို့ သတိမပေးရင်တောင် အချိန်တန်စားသောက်ဖို့ပြင်ဆင်တတ်ကြရစမြဲပါ...ဒီလိုမျိုးသာ ကိုယ့်ရဲ့ အတွေးအခေါ်အမျှော်အမြင်တွေကို ရှင်သန်ကြီးထွားဖို့ကို ဦးနှောက်ကိုအစာကျွေးနိုင်တယ်ဆိုရင် အောင်မြင်ခြင်းဟာ လက်တကမ်းကို ရောက်ရှိလို့လာမှာဖြစ်ပါတယ်...

ခန္ဓာကိုယ်အတွက်အစားအစာကို ပါးစပ်နဲ့ဖြည့်ကြသလို ဦးနှောက်အတွက်အစားအစာကိုတော့ မျက်စိ၊နားစတဲ့ အာရုံငါးပါးအားဖြင့်ဖြည့်ဆည်းရမှာဖြစ်ပါတယ်...စာအုပ်များဖတ်ရှူခြင်း၊ ဆရာသမားများ၏ သွန်သင်သင်ကြားခြင်းတွေကို ကြားနာ နာယူခြင်း...လူကောင်းလူတော်များ၏ အပြုအမူကို ဆင်ခြင်သုံးသပ်နမူနာယူခြင်းစတာတွေဟာ ကျွန်တော်တို့ဦးနှောက်တွေအတွက် အစာအဟာရပဲ ဖြစ်ပါတယ်...

IMG_9692.PNG

နေ့စဉ် ခန္ဓာကိုယ်အတွက် အစားအသောက်မပျက်သလို...ဦးနှောက်ကိုလည်း အစာကျွေးဖို့ရာ မမေ့သင့်ပါဘူး...ဒီကိစ္စဟာ စီးဆင်းနေတဲ့ မြစ်တစ်ခုလိုပါပဲ...ရပ်တန့်နေလို့ မရပါဘူး...ရပ်တန့်လိုက်တာဟာ ရှင်သန်ကြီးထွားခြင်းကို ရပ်တန့်လိုက်တာနဲ့မခြားပါဘူး...နေ့စဉ်နဲ့အမျှ အသစ်အသစ်သော အရာတွေ သင်ယူလေ့လာ ဆည်းပူးဝေငှသွားရမှာပဲ ဖြစ်ပါတယ်...မဟုတ်ရင်တော့ yesterday success ဆိုတဲ့ ကုန်လွန်ခဲ့တဲ့ကာလတစ်ခုမှာ ရွှေထီးဆောင်းခဲ့ရတာပဲ စမြုံ့ ပြန်နေရင် လက်ရှိအခြေအနေမှာတော့ တိုးတတ်မှုရပ်တန့်နေရတဲ့ဘဝကို ကြုံတွေ့ရမှာပဲဖြစ်ပါတယ်...စဉ်ဆက်မပျက်သင်ယူလေ့လာနိုင်ကြပါစေ...

IMG_9693.JPG

Never stop growing....

Author: KC Myanmar

Photo: Google Image

Sort:  

အရေးအသားတွေပြောင်မြောက်တယ်လေးစားအားကျမိပါတယ်အကို

ကျေးဇူးပါ 😊

အင်မတန်ကောင်းတဲ့ ထိုက်သင့်သလောက်တော့ ကျွေးနေပါတယ်ဆရာ ကျေးဇူးပါခင်ဗျာ

အားပေးပါတယ် 😊😊

အရမ်းကောင်း ကျွှေးတော့ကျွှေးနေပါတယ် အများကြီးမကျွှေးဖြစ်ဖူး သူလည်း အများကြီး မစားနိုင်ဘူး တစ်ခါတစ်လေကျ မတည့်တာလေးတွေ အဆိတ်အတောက်လေးတွေ ပါလာလို့ ပြန်ဖြည်နေရတယ် တစ်ချို့လဲ ဖြေနိုင်သေးဘူး

စာတွေရေးတဲ့သူအနေနဲ့ စာတွေဖတ်မှ အားပြန်ပြည့်မှာလေ...😊😊😊

စောင့်မျှော် ဖတ်ရှု လျက်ပါ ဗျ

ကျေးဇူးပါ 😊

အကျိုးရှိ​သောစာ​ပေများဖတ်​ရှုရလို့​ကျေးဇူးပါရှင့်

ဝမ်းသာပါတယ် 😊

Thanks for sharing bro,Good writting.

thank you 😊

Good Post

thank you 😊

Excellent post ..

Thank for sharing!

thank youv😊