Scam သံသရာကို ​တွေးဆကာကြည့်​ခြင်း....... Part-2

in #myanmar7 years ago

2015---------->2016------------->2017

12-53-17-scam-artist-_KAR_-_Fotolia_large.jpg

Scam ဆိုက်​မှာပင်​ထိထားခဲ့ကြပီမို့်​ Mining ဆိုက်​ဆိုရင်​ကို
လက်​က တွန့်​တတ်​လာ​လေသည်​။Investment site ဆို​ရင်
တော့မ​ပြောနှင့်​​တော့၊MMM Globle မှာတင်​ကိုယ်​တိုင်​မကြုံ
ဖူး​ပေမင့်​ ကြားဖူးနားဝဆိုသလို အချို့ ဆိုလျှင်​ အိမ်​​တွေ
လယ်​​တွေ​ရောင်း၊ထည့်​ရင်းနှီးသူရင်းနှီးကြ၊​နောက်​ဆုံး
Scam ဖြစ်​တဲ့အချိန်​​ရောက်​​သော်​ အရင်းပင်​ပြန်​မရ၊ငိုကြီး
ချက်​မဖြင့်​လူ​တွေကတစ်​ဖုံ၊လယ်​ယာ​တွေ​ရောင်းချပီးကာမှ
မရင်းနှီးလိုက်​ရလို့ ​တော်​ပါ​သေးရဲ့ခုမှအလုံးကြီးကျသွားလို့
ရင်​​အေးပါပီဆိုတဲ့ သူ​တွေကတစ်​မျိုး အဲသလိုဖြစ်​ပုံအစုံစုံ
တွေ​ကြောင့်​ ကျွနု​ပ်​သည်​ investment ဆိုပါလျှင်​ စိတ်​ပင်
မကူးဝံ့။ပြောရင်းဖြင့်​ပင်​ကျွနု​ပ်​အ​တွေးခံယူချက်​​လေးကို
ထည့်​သွင်းရပါချိမ့်​အုံးမည်​။ကျွနု​ပ်​ငယ်​စဉ်​ကကျွနု​ပ်​မိခင်
သည်​ ခံ​တောင်း​ခေါင်းရွက်​ပြီး ရွာစဉ်​​လျောက်​ကာ ဟင်းသီး
ဟင်းရွက်​၊ပဲငပိ၊ပုဇွန်​​ခြောက်​၊လ္ဘက်​အစရှိသည်​တို့ကို လှည့်
လည်​​ရောင်းချ ပြီး မိသားစုကိုလုပ်​ကျွေးပြုစုခဲ့ပါသည်​။

12-51-16-1a22.jpg

ကျွန်ုပ်​သည်​ကား မိဘအလုပ်​ကို ကူညီသည်​လဲရှိသလို၊
မကူညီသည်​က ခပ်​များများပင်​။ကျွနု​ပ်​မိခင်​ဖြစ်​သူက​တော့
ဈေးသမတို့ထုံးစံအတိုင်း အ​ကြွေးများများကျခဲ့တဲ့ရက်​​တွေ
ဆိုလျှင်​​ဈေးပင်​ဆက်​မထွက်​နိုင်​ပါ​ချေ။အ​ကြွေးစုလိုက်​၊စား
လိုက်​​သောက်​လိုက်​ဖြင့်​ပင်​ တစ်​ခါတစ်​​လေဆိုရင်​ အရင်း
ပြုတ်​လို့ ​ရှေ့​ဈေးနှင့်​​နောက်​​ဈေး မဆက်​မိတတ်​ပဲ ရက်​အ-
တော်​ကြာနားရတဲ့​နေ့လည်းရှိသည်​။ထို့သို့အခါမျိုးတွင်​မူ
ကျွန်ုပ်​မှာကား ဆရာကြီးလုပ်​ပြီး​မေးတတ်​​လေသည်​။

12-54-40-FB_IMG_1464523456131.jpg

" အ​မေရာ အ​မေကသာ​ဈေး​ရောင်း​နေတာ အမြတ်​လဲမရ
ဘူး ဒီကြားထဲအရင်း​တောင်​ ပြုတ်​​နေတယ်​" အဲသည်​လို
ပြောလိုက်​တဲ့အခါမှာ အ​မေကသူ့နဖူး​လေးကို ပြန်​လည်
ကုတ်​ရင်း​ပြောလိုက်​သည်​မှာ " ဟဲ့နနာ​လေး(နွားနာ​လေး)
နင်​ဘာသိလို့လဲဟဲ့ နင်​မသိပဲဝင်​မပါစမ်းပါနဲ့ အမြတ်​မရ
အရင်း​မရ​ပေနှင့်​ အိမ်​စားဝတ်​​နေ​ရေးရ​သေးတယ်​ဟဲ့" အဲ
သလို ပြန်​အ​ငေါက်​ခံရဖူးပါသည်​။အဲသည်​အချိန်​တုန်းက
ပေါ့​ပေါ့​ပြောလိုက်​သလိုရင်းနှီးမြု ပ်နှံမှုဆိုတာကို သိလည်း
မသိခဲ့ ရင်းနှီးမှုလဲ မရှိခဲ့ပါ။သို့​ပေမဲ့ ယခုအခါမှာဖြင့်​ Scam
များနှင့်​ နဖူး​တွေ့ ဒူးတွေ့ကြုံလာရသည့်​အချိန်​မှာ​တော့
ကျွန်ုပ်​မိခင်​၏ စကားကိုထပ်​တလဲလဲ မြင်​​ယောင်​​နေမိပါ
တော့သည်​။အဘယ့်​​ကြောင့်​ဆိုရပါမူ မျက်​မြင်​လက်​​တွေ့
လုပ်​ကိုင်​​နေကြရ​သော အရာများသည်​ပင်​ ကျိန်း​သေစိတ်
ချ ဖြစ်​လာနိုင်​မည်​ဟု ယူဆ၍ မရနိုင်​​ပေ။ယူဆ၍ မရနိုင်
ကြောင်းကို ဥပမာဆိုရ​သော်​ ​တောင်​သူလယ်​သမားများ
သည်​ ကိုယ်​လယ်​ဧက ရှိလျှင်​​သော်​မှ ရာသီဥတုအ​ခြေ​နေ
ပိုးမွှားအ​ခြေ​နေ၊စရိတ်​စကများစွာ စသည်​ဖြင့်​ အရင်းအနှီး
အတွက်​ ကုန်​ကျရပါလိမ့်​မည်​။

12-52-37-405x250xpaddies-405x250_jpg,Mic_KkdHX3itYe_jpg_pagespeed_ce_a-31KBbT09.jpg

ထိုအရင်းအနှီးအတွက်
အမြတ်​သည်​ကား ထိုစပါး​ပေါ်ထွက်​ချိန်​၌ ​ဈေးကျဆင်း​နေခဲ့
သော်​ ထို​တောင်​သူ တစ်​နှစ်​ပတ်​လုံး ပင်​ပင်​ပန်းပန်း လုပ်​ခဲ့
သမျှ သည်​သဲထဲ​ရေသွန်​ဘိသကဲ့သို့ ခွက်​ခွက်​က​လေး
တောင်​ ကျန်​မည်​မဟုတ်​ပါ​ချေ။ဤ ကဲ့သို့​သော တစ်​ကယ့်
လက်​​တွေ့ယုံကြည်​စိတ်​ချရပါသည်​ဆို​သောအရာများသည်
ပင်​ ရင်းနှီးမြု ပ်​နှံမှုအတွက်​ အကျိုးအမြတ်​ကို ကျိန်း​သေကံ-
ချ တွက်​ချက်​လို့ မရနိုင်​သည်​မို့ အွန်​လိုင်းတွင်​ရှိကြ​သော မ-
မြင်​မသိရ​သော ရင်းနှီးမြု ပ်​နှံ မှုများအတွက်​ဆိုပါမူ အဘယ်
မျှ ယုံကြည်​စိတ်​ချရပါအံ့နည်း။ကျွန်ုပ်​၏မိခင်​​ဈေး​ရောင်းသ-
လိုပင်​လုံးလည်​ချပ်​ပြားလိုက်​​နေ​သောရင်းနှီုးမြု ပ်​နှံမှုသည်
ပင်​မ​သေချာမ​ရေရာနိုင်​သကဲ့သို့အွန်​လိုင်းများ၌ရင်းနှီးမြု ပ်
နှံမှုများဝယ်​Scam များမှာမူအဘယ်​ဆိုဖွယ်​ရာရှိနိုင်​ပါအံ့
နည်း။မှန်​ကန်​စွာအလုပ်​လုပ်​​နေကြ​သောသူများလည်းရှိ
နေပါ​သေးသည်​။မည်​သို့ပင်​ဆို​စေကာမူ ရဲဝံ့စွာစွန့်​စား​နေ
ကြတုန်းပင်​ဖြစ်​ပါသည်​။ကျွန်ုပ်​မူကား ဤအထက်​ပါဥပမာ
များဖြင့်​ပင်​ ​ကျေနပ်​နှစ်​သိမ့်​မှုအ​တော်​အတန်​ရပီးဖြစ်​ရကား
Scam များ​ကြောင့်​ Spam များ​ကြောင့်​ဟုဆို​သောအခါဝယ်
နှလုံးတုန်​ရင်​ခုန်​မူး​ဝေ​မောပန်းခြင်းမျိုးမဖြစ်​ရ​တော့ပါ​ချေ။
သို့​သော်​ကျွန်ုပ်​သည်​ပင်အွန်​လိုင်း​ပေါ်တွင်​​အေး​ဆေးသက်
သာစွာ​ချမ်းသာကြွယ်​၀ချင်​​သောစိတ်​ဓာတ်​အခံ​လေးရှိ​နေရ
ကား အင်​တာနက်​​ပေါ်တွင်​အဆက်​မပြတ်​အထိ​တွေ့များ
စွာရှာ​နေစမြဲပင်​။

12-55-39-Search.jpg

အဘယ့်​​ကြောင့်​ဆို​သော်​ရှာ​ဖွေ​လေ​တွေ့
ရှိ​လေပင်​မဟုတ်​ပါလား။မဟုတ်​ပါဟု​ပြောလျှင်​လည်းပြန်
လည်​​ချေပနိုင်​မည်​မဟုတ်​သလို ဟုတ်​သည်​ဟု​ပြောမည်
ဆိုပါက ကျွန်ုပ်​လက်​မ​ထောင်​မိပါမည်​။ယခုမူ​တွေ့ခဲ့ရ
သော အရာသည်​ကား.................................................။

အပိုင်း၃ဆက်​လက်​ဖတ်​ရှု​ပေးပါရန်

Original Writer By July Brave

MyLogoArt20170826160927.png

Write Ending - 12:47 PM

Post By Wed-Sep-13-17

Image By Google-Image

Sort:  

ကြိုက်​တယ်

ကျေးဇူးပါဘဒို ကြိုက်​ရင်​ ​နောက်​ခါ လာကွန်​​ပေးအုံး​နော်
😀😀😀

Good story bro

ခုလိုအား​ပေးတဲ့အတွက်​ ​ကျေးဇူးပါ

ကောင်းတယ်နော်

ကျေး​ကျေး

Good post

ခုလိုဖတ်​ရှု​ပေးတဲ့အတွက်​ ​ကျေးဇူးကမ္ဘာပါ aster

ကိုယ်တိုင်ရှာဖွေတွေ့ရှိမှုတွေကို အခုလိုမျှဝေပေးလို့ ကျေးဇူးတင်ပါတယ်။ online money အကြောင်းသိတာမကြာသေးပေမယ့် စိတ်ဝင်စားပါတယ်။

ဆက်​လက်​ကြိုးစားပါအုံးမည်​ အား​ပေးတဲ့အတွက်
အတိုင်းမသိဝမ်းသာပါ၏

nice post,brother

ကျေးဇူးပါ Friend

Congratulations @julybrave! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Thank. Steemboard