ဒီရက်ပိုင်းအတွင်း ကျွန်တော်တို့ ဆိုင်၏အမိုးများ အသစ်လဲခြင်း၊ ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ရာတွင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို အနည်းငယ်မျှဝေပေးချင်ပါတယ်။
အခက်အခဲဟုဆိုရာ၌ သိပ်ကြီးကြီးမားမားတော့မဟုတ်ပါ။ လက်သမားဆရာများ ကတိမတည်ခြင်းသာ ဖြစ်သည်။ အလုပ်မအပ်ခင် လက်သမားဆရာနှင့် အမိုး မိုးမည့် မြေနေရာအကျယ်အဝန်းတိုင်းခြင်း၊ ဈေးညှိနှိုင်းခြင်းများ အရင်လုပ်ကြပါသည်။ ထိုသို့ ဈေးစကားပြောဆိုညှိနှိုင်း၍ နှစ်ဦးနှစ်ဘက်သဘောတူပြီဆိုမှ အလုပ်စမည့် ရက်ကို အချိန်းအချက်လုပ်ရပါသည်။ ထိုသို့ပြောဆိုပြီး စကားလက်စသတ်၍ လက်သမားဆရာလည်းပြန်သွားလေသည်။
သို့နှင့် ရက်ချိန်းပေးထားသည့် ရက်သို့ ရောက်သော် လက်သမားဆရာကား ပေါ်မလာတော့ချေ။ ဖုန်းဆက်ကြည့်သော် ဖုန်းမကိုင်။ ဒီလိုနဲ့ ထိုနေတစ်ရက်တော့ စောင့်ကြည့်လိုက်သည်။ နောက်နေ့ ဖုန်းအဆက်အသွယ်ရ၍ မေးကြည့်တော့ အခြားတစ်နေရာမှာ အလုပ်မပြီးသေးလို့ သွားလုပ်ပေးနေရသဖြင့် မရောက်လာနိုင်ကြောင်းသိရသည်။ ဒီလိုနဲ့ မနက်လာမယ်ပြောလိုက် ညနေလာမယ်ပြောလိုက်နှင့် သုံးလေးရက်ခန့်ရောက်မလာခဲ့ချေ။ ရောက်လာပြန်တော့လည်း အလုပ်မတွင်ပြန်၊ လာရင်လည်းမူးနေတတ်သေးသည်။
ဒီလိုစိတ်ပျက်စရာတွေနှင့် နောက်ဆုံးတော့ ဆိုင်အမိုးလည်း ဆောက်လုပ်ပြီးစီးသွားခဲ့သည်။ ထိုလက်သမားတွေနှင့် ပတ်သတ်၍လည်း အတော်ကို စိတ်ကုန်သွားခဲ့သည်။ ကျနော်တွေ့ဘူးသမျှ လက်သမားတိုင်း (အားလုံးကိုမဆိုလိုပါ) အမြဲတမ်းစိတ်ကျေနပ်အောင် ဆောက်လုပ်ပေးသည်ဟု၍မရှိ စိတ်ပျက်စရာ တစ်ခုမဟုတ်တစ်ခု ထားသွားခဲ့ကြသည်။ အဆိုးဆုံးကတော့ ကတိတွေ အကြိမ်ကြိမ်ပေးပြီး ကတိဖျက်တာပါ။
ကျနော်တို့တွေ သူငယ်ချင်းတွေ၊အပေါင်းအသင်းတွေကြားမှာ အတော်များများကြုံဖူးကြမှာပါ။ ဘယ်နေ့ဘယ်ချိန် ဘယ်နေရာကို လာခဲ့မယ်ပြောသွားပြီး ရောက်မလာတာပဲ။ တစ်ဖက်လူကတော့ လာနိုးလာနိုးနှင့် စောင့်ရတာဟာ အတော်ကို စိတ်ပျက်ဖို့ကောင်းပါတယ်။ အကယ်၍ အကြောင်းကြောင်းကြောင့် မလာဖြစ်ခဲ့ရင်လည်း ဖုန်းဆက်တာတို့ လူကြုံပါးတာတို့လုပ်သင့်ပါတယ်။ သေချာပြန်စဉ်းစားကြည့်ရင် ဒီလို ကတိပေးပြီး ကတိဖျက်တာဟာ လူတစ်ဖက်သားကို မလေးစားတာ၊စော်ကားတာနှင့် အတူတူပါပဲ။
ဒါကြောင့် ကတိစကားတစ်ခွန်းကို လွယ်လွယ်နှင့် မပေးသင့်ပါ။ ကိုယ်တကယ်တည်နိုင်သည့် ကတိမျိုးကိုသာပေးပါ။ အကယ်၍ ကတိပျက်စေမည် အကြောင်းကိစ္စ တစ်ခုခုပေါ်လာလျှင်လည်း ကတိပေးထားသူကို ဖုန်းဖြင့်သော်လည်းကောင်း၊ လူကြုံဖြင့်သော်လည်းကောင် အကျိုးသင့်အကြောင်းသင့် ရှင်းပြပြောပြသင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
Author By Jhon
MSC-046
Photo By Google Image
ဟုတ်တေ ဟုတ်တေ ခေး လည်းမုန်းတယ်😞😞😞
ဟုတ်ကဲ့ပါ။
wow that is beautiful
Yeah
ဟုတ်တယ် အဲ့တာတော့အမှန်ပဲ
ဟုတ်
ဟုတ်
လူသားများအားလုံးဂတိတည်နိုင်ရင်အားလုးံကောင်းစေပါသည်
ဟုတ်ပါတယ်
လွယ်လွယ်ကတိပေးပီး လွယ်လွယ်ပျက်တဲ့သူတွေကို အမုန်းဆုံး
ကတိမတည်တဲ့သူနဲ့ ဆက်ဆံရတာ အတော် စိတ်ပျက်ဖို့ကောင်းတယ်ဗျာ......။
ဟုတ်ပါတယ်။ကတိပျက်တာ မကောင်းပါဘူး။အထူးသဖြင့် မိတ်ဆွေသူငယ်ချင်းကြား ကတိပျက်ရင် ခင်မင်မှု့ပါပျက်တတ်ပါတယ်။
ဟုတ်ပါတယ်အမရေ
မင်းမှာကတိ လူမှာသစ္စာပါတဲ့ဗျာ
Right
ကတိမတည်တဲ့လူကြောင့် စိတ်ညစ်ရတယ်
ဟုတ်တယ်အကိုရေ
ဂတိလည်းတည် reply တွေလည်းပြန်ပေးလိုက်ဦး
ဟုတ်ကဲ့ ဦး
ကတိကိုလွယ်လွယ်မပေးသင့်ဘူး
ဟုတ်အကို
You got a 50.00% upvote from @bearwards courtesy of @jhonnight!
Thank
Release the Kraken! You got a 4.35% upvote from @seakraken courtesy of @jhonnight!
Thz😀
မိမိပေးသောကတိကိုမိမိတည်နိုင်အောင်ကြိုးစားရပါမည်။
ဟုတ်ပါတယ် မအိ