ဆွမ်းဆန်ထဲက ကြွက်ချေး… ၁

in #myanmar6 years ago (edited)

အဖွဲ့အသင်းတခုမှာ အများသူငါက ကောင်းပေမယ့် မကောင်းတဲ့သူတဦးတယောက်ဟာ ပါလာတတ်စမြဲပါဘဲ ။

2999583_S.jpg

crd org source

ဆွမ်းဆန်ထဲ ကြွက်ချီးရောနေတတ်တယ်ဆိုတဲ့ စကားလိုပါဘဲ ။ ဆွမ်းဆန်ထဲရောနေတဲ့ကြွက်ချီးကို ကိုယ်က ဆွမ်းမချက်ခင် မြင်အောင် သတိထားကြည့်ပြီး ဖယ်ရှားသင့်မှပါ ။ သတိမထားဘဲ ဆွမ်းဆန်ကို အပေါ်ယံကြည့်ပြီး ကြွက်ချီးရောနေတာ မမြင်ဘဲ ဆွမ်းဆန်ကိုချက်မိလို့ ကတော့ ဆွမ်းတအိုးလုံး လွှင့်ပစ်ရတတ်ပြီး ဆုံးမှာပါ ။

တဦးတယောက်ထဲမဟုတ်တဲ့ အဖွဲ့အသင်းအတွက် မည်သူမဆို အများအကျိုးကိုကူညီပါဝင်နိုင်ကြတယ် ဆိုတော့ကား လူတန်းစားမရွေး အလွှာပေါင်းစုံက အကျင့်စရိုက်မျိုးစုံရှိတဲ့သူ အစုံအကုန်ပါဝင်နိုင်မှာပါဘဲ ။

2123970_S.jpg

crd org source

ပထမဦးစွာ သူများကို မည်သို့ မည်ပုံရှိမည်ကို မဆုံးဖြတ်ခင် မိမိကိုယ်ကို အရင်ပြန်စစ်ပါ ။ မိမိက ဘယ်လိုစိတ်ထားနဲ့ အများအကျိုးကို သယ်ပိုးသလဲဆိုတာ မိမိသာအသိဆုံးပါ ။

မိမိကိုယ်ကိုဆန်းစစ်ပြီးမှ သူများမည်သို့ သောစိတ်ထားနှင့် ရည်ရွယ်၍ အများအကျိုးကို ဆောင်ရွက်ရန် ပါဝင်ခဲ့သလဲဆိုတာကို သုံးသပ်ပါ ။

အားလုံးသော စတီးမစ်လုပ်ကိုင်ကြသူများ မင်္ဂလာပါ ။

1922476_S.jpg

crd org source

@အယ်းမီး

Sort:  

You got a 1.65% upvote from @postpromoter courtesy of @pyaesonekhinkhin!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

ညီမရေ ခေါင်းစဉ်ပါ ကြွက်ချီး ကို ကြွက်ချေး လို့ပြင်လိုက်စေချင်တယ်ဗျာ။ ချီး ဆိုတာ ချီးပင့်သည်၊ ချီးမြောက်သည်၊ ထောပနာပြုသည်တို့အတွက်သာလျှင်သုံးပါတယ်၊ မစင်ကိုတော့ (ချေး)လို့သုံးပါတယ်။

ဟုတ်ကဲ့ အခုမှမြင်တယ်အကို ပြင်မရဖြစ်သွားတာ sorry ပါ