Steemit သို့ချည်းကပ်​ခြင်း

in #myanmar7 years ago

#steemit
#steem
#steemdollar

Steemit သို့ချည်းကပ်ခြင်း

ကျွန်တော်တို့ steemit ကိုစသိခဲ့စဉ်က ကိုဟင်နရီရဲ့
ကျေးဇူးနဲ့ ပရိုမိုးရှင်းဆိုတဲ့ အရသာကို ကောင်းကောင်း
ကြီးခံစားခဲ့ရပါတယ် နောက်တော့ သူတို့ရဲ့ msc အပေါ်
မှာထိခိုက်တာတွေ ဖျက်လိုဖျက်ဆီးမှုတွေ ပါဝါဒေါင်းတာ
မျိုး အစရှိတဲ့ အဖွဲ့နဲ့မကိုက်ညီတာတွေကြောင့် ပရိုမိုးရှင်း
ကိုရပ်နာပြီး အသစ်တစ်မျိုးထပ်မံပေးခဲ့ပါတယ်။သို့သော်
ကျွန်တော်သည် ယခင်ပရိုများ၌သာပါဝင်ခဲ့ပြီးယခုအသစ်
တွင်ပါဝင်ခြင်းမရှိတော့ပါ။ထို့အတွက်လဲ များစွာစိတ်
မကောင်းဖြစ်မိပါသည်။အဘယ့်ကြောင့်ဆိုသော်
Steemit ဟူသော ဆိုရှယ်ပလက်ဖောင်းပေါ်မှာ မြန်မာ
ဟူသော တက်ဂ်ျ တစ်ခုရဖို့ မိမိတို့ မြန်မာလူမျိုးများ
အတူတကွကြိုးစားခဲ့ကြ၍ ဖြစ်ပါသည်။မည်သို့ပင်
ဆိုစေကာမူ အသစ်အသစ်သော လူများစည် steemit
ကိုသိရှိပြီး စိတ်ပါဝင်စားစွာ ဝင်ရောက်လာပါက မိမိ
အနေဖြင့် စည်းကမ်းချက်များကိုလိုက်နာနိုင်ပါလျှင်
MSC သို့သာလမ်းညွှန်ပေးပါမည်။ပရိုမိုးရှင်းသည်
ကျွန်တော်တို့ မပေးနိုင်သော ပမာဏကို နေ့စဉ်နှင့်အမျှ
ပေးနေ၍ ဖြစ်ပါသည်။ထို့ကြောင့်steemit ကိုထိတွေ့
ချင်သူ မြန်မာပြည်သူများအတွက်ရည်ရွယ်လျက် ယခု
စာကိုရေးရပါသည်။ အမှားများ လိုအပ်ချက်များရှိခဲ့ပါ
က ကျွန်တော်၏ မပြည့်စုံမှု ဉာဏ်ရည်နိမ့်ကျမှုသာဖြစ်
ပါသည်ဟု ဦးစွာ တောင်းပန်အပ်ပါသည်။

Steemit ဆိုတာ ဘာလဲ?
ဟုတ်ပါသည် ယခု ပြောမည်မှာ steemit အကြောင်း
ဖြစ်သောကြောင့် steemit ဆိုတာကို သိဖို့လိုသည်။
Steemit ဆိုသည်မှာ ဖေ့ဘွက်တစ်ခုကဲ့သို့ ပိုစ့်များ
ကွန်မန့်များ လိုက်များနှင့်ပြည့်စုံသော ဆိုရှယ်မီဒီယာ
တစ်ခုဖြစ်ပါသည်။သို့သော်steemit ဆိုသည်မှာချက်
ဘောက်ကဲ့သို့ မိမိနှစ်သက်သောသူကိုစကားပြော၍
ရနိုင်သောအခြေနေသို့မရောက်ရှိသေးပါ။ယခုအချိန်
မှာစမ်းသပ်ဆဲအဆင့်သာထားရှိပါသည်။ထိုအရာကို
Beta ဟုခေါ်ပါသည်၊ထို့ကြောင့်ယခုလက်ရှိ ပိုစ့်များ
တင်ခြင်း ကွန်မန့်များရေးခြင်း လိုက်များလုပ်ခြင်းဖြင့်
Steemit မှပေးသော အခကြေးငွေကိုရရှိပါလိမ့်မည်။
ဖေ့ဘွက်ကဲ့သို့သော အခြားဆိုရှယ်မီဒီယာများသည်
ဖော်လိုဝါ ဖရန့် နှင့် လိုက်များသာရရှိနိုင်ပေမဲ့ ယခု
Steemit မှာဖြင့် ထို့ထက်ပို၍ ရရှိမှာက အများသူငှါ
ကြိုက်တဲ့ ပိုက်ဆံပါ။ထိုအရာပို၍ရရှိပါလိမ့်မည်။ထို
အရာသည် steemit ပဲဖြစ်ပါတော့သည်။

တကယ်ရောပေးရဲ့လား ?

တကယ်ပေးပါသည်၊ကျွန်တော့နှင့် ယခုsteemit
များမှာကျင်လည်ရေးသားနေကြသူများသည် steemit
၏အရသာကိုကောင်းကောင်းသိနေကြပါသည်။
ထို့ကြောင့်ယခုဆိုလျှင် လူသစ်များပင်ပေါ်ထွက်၍လာ
နေပါသည်။နောက်လဲထို့ထက်ပို၍ပေါ်ထွက်လာမည်
မှာအသေချာပင်ဖြစ်ပါသည်။

ဘယ်လိုပေးသလဲ?

မှန်၏ ထိုအရာသည်အရေးကြီးလေသည်။ဘယ်လိုပေး
သလဲဆိုပါက steem dollar ဟုခေါ်သော ငွေကြေးတစ်
မျိုးနှင့် steem token ဟုခေါ်သော token နှစ်မျိုးခွဲကာ
ပေးပါသည်။steem token သည်ယခုလက်ရှိ 4 usd
အထက်မှာရှိနေကာ steem dollar မှာ 7,usd အထက်
၌ ရှိနေပါသည်။ထိုသို့ရှိနေပါလျက် အပေးနည်းသည်
ဟု သင်ယူဆပါသလား? အန်ကယ်ကတော့ No ပါ။
ပေးပုံပေးနည်းမှာ မိမိအထဲတွင် 5 ဒေါ်လာရထားသည်
ဆိုပါစို့ ထိုအခါ မိမိကို ( facebook တွင် like ကဲ့သို့
Steemit တွင် upvote ဟုသုံးပါသည် ) upvote လုပ်
သူများအား ထို 5 dollar ထဲက ပြန်၍ 25 % ပြန်ခွဲပေး
ပါသည်။ထိုအရာသည်နှစ်ဦးနှစ်ဖက် အကျိုးရှိစေရန်
သင့်တင့်မျှတစွာ ပြန်လည်ပေးထားခြင်းဖြစ်ပါသည်။
ထိုအခါမိမိသည် ထို 5 dollar ထဲမှာ 25 ရာခိုင်နှုန်းနှုတ်
လိုက်သည်ဖြစ်၍ 3.75 dollar ကျန်ပါမည်။ထို 3.75
Dollar ကိုတော့ မိမိအကုန်ရပါမည်။သို့ရာတွင် steem
Token နှင် steem dollar ဟု နှစ်မျိုးလိုချင်ပါက မိမိပိုစ့်
တင်စဉ်တွင် ထားခဲ့သည့်အတိုင်း 50-50 % ထားခဲ့ရပါ
မည်။ထိုသို့ထားခဲ့ပါက steem dolllar နှင့် steem
Token ကို နှစ်မျိုးခွဲ၍ ပေးပါလိမ့်မည်။သို့မဟုတ်ပဲ
100 % ထားခဲ့ပါကလည်း steem token တစ်မျိုးတည်း
ကိုသာ ထည့်ပေးပါလိမ့်မည်။အကယ်၍ 50-50 % ထား
ခဲ့သည်ဆိုပါစို့။ယခင် မိမိရထားသည့် 3.75 ထဲရှိသော
50 % သည် 1.875 steem dollar ရရှိမည်ဖြစ်ပါသည်။
ထို့ကြောင့် လက်ရှိ steem dollar သည် 7 usd ရှိနေပြီ
ဖြစ်ရာ မြန်မာငွေတစ်သောင်ကျပ်ခန့် ပိုစ့်တစ်ခုအားရရှိ
ပါမည်။ကျန်သော steem token ကိုတော့ steem
Power ဟုခေါ်သော စနစ်ထဲသို့ထည့်ပါလိမ့်မည်။
ယခုဥပမာသည် 5 usd နှင့်သာဖြစ်ပြီး promote ရပါက
ထို့ထက်ပိုပါသည်။

Steem Power ဆိုတာ ဘာလဲ?

Steem power ဆိုသည်မှာ steem token များကို
Power Up ဟုခေါ်သော ၎င်းတို့စနစ်ထဲသို့ ထည့်ထား
ပေးရခြင်းဖြစ်ပါသည်။ထိုသို့ထည့်ထားပါက ပြန်ထုတ်ရန်
၇ရက်ကြာပါသည်။ပြန်ထုတ်ရာ၌လည်း အနည်းငယ်ဆီ
သာထုတ်ခွင့်ပေးပါသည်။အကုန်လုံးထုတ်ခွင့်ပေးပါက
စနစ်တစ်ခုလုံးယိုင်နဲ့သွားလိမ့်မည်စိုးသောကြောင့်
အနည်းငယ်စီသာ ထုတ်ခွင့်ပေးသည်ဟု ယူဆပါသည်။
Steem power Up ထားလျှင် မိမိလည်း အခြားသူများ
အား vote လုပ်ရာ၌ ငွေရရှိစေပါသည်။steem power
များလျှင် များသည့်အလျောက် ပိုမိုပိုက်ဆံရပါသည်။
ထို့ကြောင့်mscမှာလည်း sdb များကို မဖြစ်မနေ ပါဝါup
သည့်စည်းကမ်းထည့်ထားပါသည်။

မည်ကဲ့သို့ အစပြု ဝင်ရောက်ရမည်နည်း?

လွယ်ကူသည်ဟုပြော၍မရသလို ခက်သည်ဟုလည်း
ပြောလို့မရပြန်ပါ။အဘယ့်ကြောင့်ဆိုရသော် msc team
ရှိသော leader သုံးယောက်၏ထောက်ခံချက်ရမှသာ
Msc No. ပေးမည်ဟု စည်းကမ်းသတ်မှတ်ထားသော
ကြောင့်ဖြစ်ပါသည်။သို့သော် မိမိအနေဖြင့် အမှန်တစ်
ကယ် စိတ်ပါဝင်စားစွာ စည်းကမ်းများအားလိုက်နာမည်
ဆိုပါက လွယ်ကူပါသည်။msc team များ၏ profile
များအားအောက်၌ ထည့်သွင်းပေးထားပါသည်။

အကောင့်ဖွင့်ရာ၌ ခက်ခဲပါသလား ?

မခက်ခဲပါ။အကောင့်ဖွင့်ရာ၌ လိုအပ်ချက်သုံးခုရှိပါသည်
နံပါတ်တစ် ၎င်း၏စည်းမျဉ်းများအားသဘောတူလိုက်နာ
ပါမည့်ဟု ဖော်ပြထားချက်။agree လုပ်ပြီး ရှေ့ဆက်သွား
ရပါမည်။နံပါတ်နှစ် ဖုန်းနံပါတ် နှင့် နံပါတ်သုံး gmail
အကောင့်တစ်ခု ရှိရပါမည်။ဖုန်းနံပါတ်အားမိမိလက်ရှိ
အသုံးပြုနေသော နံပါတ်ကို ထည့်သွင်းပေးရပါမည်။
ထိုမှသာ steemit ဆီမှ ကုတ်ပို့လိုက်လျှင် ပြန်လည်
ထည့်သွင်းပေးရပါမည်။တစ်ချို့ အသုံးပြုသူများအကောင့်
ဖွင့်ပါက နေ့ချင်းရသူများရှိသလို၊သုံးရက် တစ်ပတ်ကြာ
သူများလည်းရှိပါသည်။ထိုအခါအကောင့်ကို approve
လုပ်လိုက်ပါသည်ဟု စာပြန်လာသော အခါ မိမိဖွင့်ခဲ့
သော gmail ထဲကိုဝင်ကြည့်ရပါမည်။ထို့ကြောင့် တစ်
နေ့တစ်ခါဝင်ကြည့်သင့်ပါသည်။ထိုအခါမှ ပက်စဝက်ကို
ထုတ်ပေးပါလိမ့်မည်။ထိုပက်စဝက်သည်အလွန်အရေး
ကြီးပါသည်။အခြားသော ဝက်ဆိုက်များကဲ့သို့ forgot
Password ဟုမပါပေ။အကောင့်ဖွင့်စဉ်ကသတိပေး
ချက်ပါအတိုင်း ပြန်လည်တောင်းယူလို့ရလိမ့်မည်မဟုတ်
ပါ။အထူးသတိထားစေလိုသည်။ထို ပက်စဝက်ကိုမိမိ
၏ note ထဲသို့ ကူးထဲ့ပါ အခြားစာရွက်မှာလည်း ရေး
သားထားပါ အခြားသော လုံခြုံသည့် နေရာတစ်ခုခုသို့
Backup လုပ်ထားပါ။

နိဂုံး

ထိုမျှ လောက်ဖြင့်နီးစပ်လိမ့်မည်ဟု ထင်မြင်မိပါသည်။
မိမိမှာလည်း ယခုမှလေ့လာသောသူတစ်ယောက်
ဖြစ်သည့်အတွက် မပြည့်စုံသည်များရှိခဲ့ပါကအထူး
တောင်းပန်အပ်ပါသည်။အကယ်၍ပြည့်ပြည့်စုံစုံသိလို
ပါကလည်း အောက်မှာ ကိုဟင်နရီ၏ ပိုစ့်လင့်နှင့်
Steemit white paper တို့ဒေါင်းယူဖတ်ကြည့်ကြပါ
ရန်တိုက်တွန်းပါသည်။မြန်မာလူငယ်များ လူကြီးများ
ကလေးများ မိမိစိတ်ဝင်စားသည့်အလုပ်ဆိုပါက
မည်မျှပင်ခက်ခဲနေပါစေ စွန့်စွန့်စားစား တက်ညီလက်
ညီ လုပ်ကိုင်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါကြောင်း...

ကိုဟင်နရီ ပိုစ့်လင့်

https://steemit.com/life/@kachinhenry/steemit-platform-ep-tyngeyaakyawundefinedn-ketha-yamnmalungyundefined-atyk-1

ကိုဟင်နရီ ပရိုဖိုင်လင့်

https://www.facebook.com/profile.php?id=100010435153240

ဆရာ Tin Hlaing Link

https://www.facebook.com/profile.php?id=100016806793354

Go To Read and Give Me Upvote

👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇

https://steemit.com/myanmar/@julybrave/steemit-thokhyaikatkhyinScreenshot_2018-01-24-13-03-55-696_com.facebook.katana.png