ဒုစရိုက်​နဲ့ သုစရိုက်​၁၀ပါး

in #myanmar7 years ago

အမှတ်စဉ် ၇၅။

ဒုစရိုက် နဲ့ သုစရိုက် ၁၀ပါး(အပြား ၄၀)

ဒုစရိုက် ၁၀ပါး

ကာယကံ ၃ပါး ရှိပါတယ်‌။

၁။သတ္တဝါ‌တွေရဲ့ အသက်ကို သတ်‌ခြင်း၊
(သတ္တဝါတွေကို နှိပ်စက်ခြင်း၊ရိုက်နှက်ခြင်း၊ထိခိုက်
နာကျင်စေခြင်း စတာတွေရော မလုပ် ရပါ။)

၂။သူတပါးပစ္စည်း ခိုးခြင်း၊
(အ လေးခိုးခြင်းစတဲ့ မပြည့်သော အ လေး၊မမှန်ကန်
သော ချိန်ခွင်၊တင်းတောင်းစတာတွေ အသုံးပြု၍
ခိုးခြင်း၊ကိုယ် မရ သင့်၊မရ ထိုက်တာကို မတရားရ ယူ
ခြင်း၊တန် ရာတန်ကြေးထက် ပိုယူခြင်း တွေရော ပါဝင်
ပါတယ်။)

၃။သူတပါးရဲ့ သားပျို၊သမီးပျို၊အိမ်‌ထောင်‌ရှိသူ
စသူတို့ကို စော်ကား ဖျက်‌ဆီးခြင်း၊
(အမိ၊အဖ၊ဆွေမျိုး၊ညီအစ်ကို၊မောင်နှမတို့က
စောင့်ရှောက်ထားသူ၊ဆွေမျိုး မရှိ၍ ရပ်ရွာက စောင့်
ရှောက်ထားသူ၊တ ယောက်ယောက်ရဲ့ အုပ်ထိန်းမှု
အောက်မှာ ရှိနေသူ၊ကိုယ့်ရဲ့ တရားဝင် ဇနီး၊ခင်ပွန်း
မဟုတ်သူကို စော်ကားခြင်း)

ဝစီကံ ၄ပါး ရှိပါတယ်‌။

၁။မဟုတ်‌၊မမှန်‌ လိမ်‌ညာ ပြောခြင်း၊

၂။ကုန်းတိုက်‌ပီး ညီညတ်‌မှုပြိုကွဲအောင်‌ လုပ်‌ခြင်း၊

၃။ဆဲ‌ခြင်း၊ညစ်‌ညမ်းသောစကား၊ကြမ်းတမ်း
သောစကားတွေကို ပြောခြင်း၊

၎။အကျိုးမရှိ၊သိမ်‌ဖျင်းတဲ့စကားတွေ ပြောခြင်း၊

မ နောကံ ၃ပါး ရှိပါတယ်‌။

၁။သူတပါးပစ္စည်း၊ပိုက်‌ဆံတို့ကို မတရား ရယူလိုခြင်း၊
ရာထူး၊အာဏာ စသည်‌ကို မတရား ရယူလိုခြင်း၊
တန်ရာတန်ကြေးထက် ပိုယူလိုခြင်း၊ရသင့်တာထက်
ပိုယူလိုခြင်း၊

၂။သတ္တဝါ‌တွေကို ပျက်‌စီးစေလိုခြင်း၊ထိခိုက်နစ်နာ
စေလိုခြင်း၊

၃။အယူဝါဒမှားပီး ကိုးကွယ်‌ခြင်း(ထေရဝါဒနဲ့ မဆိုင်‌
တာတွေကို ကိုးကွယ်‌ခြင်း၊ယုံကြည် လက်ခံခြင်း၊
ကျင့်သုံးခြင်း)

ကာယကံ ၃ပါး၊ဝစီကံ ၄ပါး၊မ နောကံ ၃ပါးဆိုတော့
အားလုံးပေါင်းလိုက်‌ရင်‌ ဒုစရိုက်‌ ၁၀ပါး ဖြစ်‌သွား
ပါတယ်‌။ဒုစရိုက်‌ ၁၀ပါးကို ထပ်‌ပွားလိုက်‌ရင်‌.....

၁။ကိုယ်‌တိုင်‌ ကျူးလွန်‌ခြင်း ၁၀ပါး၊

၂။သူတပါးကို ကျူးလွန်‌ခိုင်းခြင်း ၁၀ပါး၊

၃။သူတပါး ကျူးလွန်‌နိုင်‌ဖို့အတွက်‌ အားပေး၊
ထောက်‌ပံ့၊ကူညီခြင်း၊သွယ်‌ဝိုက်‌ပီး ကူညီခြင်း ၁၀ပါး၊

၎။သူတပါး ကျူးလွန်‌တာကို ဝမ်းမြောက်‌၊ဝမ်းသာ
ဖြစ်‌ခြင်း၊ကျေနပ်‌နေခြင်း ၁၀ပါး
ဆိုတော့ အားလုံးပေါင်းရင်‌ ဒုစရိုက်‌ အပါး ၄၀
ရှိပါတယ်‌။

ဒုစရိုက် ၁၀ ပါးကို ပြောင်းပြန် ကျင့်သုံးရင် သုစရိုက်
၁၀ ပါး ဖြစ်ပါတယ်။
ဒုစရိုက် အပါး ၄၀ ကို ပြောင်းပြန် ကျင့်သုံးရင် သုစရိုက်
အပါး ၄၀ ဖြစ်ပါတယ်။

ဒုစရိုက်‌ ၄၀ကို သိလို့ပဲဖြစ် ဖြစ်၊မသိလို့ဘဲ ဖြစ် ဖြစ် ပြုလုပ်‌နေကြတဲ့သူတွေ အများကြီးပါပဲ။အကုသိုလ်‌
တွေ ဖြစ်‌နေမှာ စိုးလို့ သတိပေးတာပါ။လိုက်‌နာတာ၊
မလိုက်‌နာတာက မိတ်‌ဆွေရဲ့ သ ဘောပါပဲ။

ကိုယ်‌ကြည့်‌မရတဲ့သူ ဒုက္ခရောက်‌ရင်‌၊အခက်‌
အခဲ တစုံတရာကြုံ‌တွေ့နေရရင်‌ တချို့လူတွေက
ဝမ်းသာနေတတ်‌ကြပါတယ်‌။ကောင်းတယ်‌၊
နည်းတောင် နည်းသေးတယ်‌ စသည်‌ဖြင့်‌
ဝမ်း‌မြောက်‌ဝမ်းသာ ဖြစ်‌နေတတ်‌ကြပါတယ်‌။

ကိုယ်‌ကိုယ်‌တိုင်‌ ဘာမှ မလုပ်‌ရဘဲ၊ဘာမှ မရလိုက်‌ဘဲ
အကုသိုလ်‌တွေပဲ ရ နေမှာဆိုတော့ ဝမ်းသာမ နေ
သင့်‌ပါဘူး။အထူးသတိပြုစရာပါ။

သူတပါး အကုသိုလ် ပြုလုပ်နိုင် ဖို့ အားပေးခြင်း၊ကူညီ
ခြင်း၊သွယ်ဝှက်သော နည်းနဲ့ ကူညီခြင်း စတာတွေက
ကိုယ်ကိုယ်တိုင် ဘာမှ မလုပ် ရဘဲ၊ဘာမှ အကျိုးခံစား
ခွင့် မရလိုက်ဘဲ အကုသိုလ်တွေပဲ ရ နေမှာပါ။

သူတပါးကို အကုသိုလ်ပြုခိုင်းတာဟာလည်း
ကိုယ်က မရလိုက်ဘဲ အကုသိုလ်ပဲ ရ နေတာပါ။

သူတပါးကို အရက်၊မူးယစ်ဆေး စတာတွေ သုံးစွဲနိုင်
ရန်၊သောက်သုံးနိုင်ရန် ငွေကြေး အကုန်ကျခံခြင်း

ဥပမာ-အရက် ဝယ်တိုက်ခြင်း၊အရက် ဝယ်ပေးခြင်း၊
မူးယစ်ဆေး ဝယ်ပေးခြင်း၊ကာမ ကိစ္စအတွက် ငွေကြေး
အကုန်ကျခံခြင်း(ကာမ လှူခြင်း) စတာတွေ
ပြုလုပ်မိတတ်ကြပါတယ်။ပိုက်ဆံလည်း ကုန်သေး
တယ်၊အကုသိုလ်လည်း ရ သေးတယ်။ဒီတော့
သေချာ စဉ်းစားစေလိုပါတယ် မိတ်ဆွေ။

အကျိုးမရှိ သိမ်ဖျင်းတဲ့ စကားဆိုတာ ပြောသူအတွက်
ရော၊နားထောင် သူ အတွက်ရော၊တခြား ဘယ်သူ့
အတွက်မှ တစုံတရာ ဘာမှ အကျိုးမရှိသော စကား
များကို ပြောဆိုခြင်း ဖြစ်ပါတယ်။

၁။မှန်ကန်ရမယ်၊မိမိအတွက် အကျိုးရှိရမယ်၊
သူတပါးအတွက်ရော အကျိုးရှိရမယ်၊သူတပါးလည်း
လက်ခံနိုင်တဲ့ စကားကို ပြောပါ။

၂။မှန်ကန်ရမယ်၊မိမိအတွက် အကျိုးရှိရမယ်၊
သူတပါးအတွက်ရော အကျိုးရှိမယ့်စကား ဖြစ်မယ်
ဆိုရင် သူတပါး လက်မခံနိုင်တဲ့ စကားဖြစ်နေရင်လည်း
ပြောပါ။

ဘုရားရှင်က ဒီလို စကား ၂မျိုးကိုပဲ မိန့်တော်မူပါတယ်။

အားလုံးပဲ သုစရိုက် ၁၀ပါး(အပြား ၄၀)ကို ကျင့်သုံးနိုင်
ကြပါ စေးးးး