(အပိုင်း ၁ ဖတ်ရန်)[https://steemit.com/myanmar/@htetwaihin/aky-tha]
(အပိုင်း ၂ ဖတ်ရန်) [https://steemit.com/myanmar/@htetwaihin/aky-tha-2]
(အပိုင်း ၃ ဖတ်ရန်)[ https://steemit.com/myanmar/@htetwaihin/aky-tha-3]
ထို့နောက် သူအကြိမ်ကြိမ် နားထောင်နေကျ
ဖြစ်သောNick Vujicic ၏
Something More သီချင်းခွေလေးကို
သူ၏ dvd player လေးထဲထည့်ပြီး
နားထောင်မိပြန်သည်။
ဒီတစ်ကြိမ် နားထောင်ပြီးနောက် ဖြစ်ပေါ်လာသော
ခံစားချက်တို့မှာ ယခင်အကြိမ်များစွာ
နားထောင်ခဲ့စဉ်ကနှင့်မတူပဲ
တမူထူးခြားလို့နေသည်။စိတ်ထဲ
အသိဉာဏ်ထဲတွင် လင်းခနဲဖြစ်သွားသည်။
သီချင်းလေးထဲက အတိုင်း ဘ၀ကို
အနိုင်မခံအရှုံးမပေးလိုသောစိတ်များ
ပြန်လည်မွေးဖွားလာသည်။
တည်ငြိမ်စွာထိုင်နေရင်းမှ သူ့ဘဝ
ရှေ့ဆက်နိုင်ရန် ဘယ်အရာကို
စိတ်အားထက်သန်မှုရှိသည်ကို
သေချာစဉ်းစားကြည့်မိသည်။ဘယ်အရာက
သူ့ကိုပျော်ရွှင်စေသလဲ အကြိမ်ပေါင်းများစွာ
မိမိကိုယ်ကိုမေးမြန်းရင်းအဖြေရှာမိတော့....
၁၅နှစ်ခန့်ကြာသော်
" မြန်မာနိုင်ငံလုံးဆိုင်ရာမသန်စွမ်းသူများအသင်း၏ ရွေးကောက်ခံ ဥက္ကဌနှင့် အဖွဲ့ဝင်များအား ဂုဏ်ပြုပွဲ "
Photo credit - Google image
နိုင်ငံတကာအဆင့်မီ ကြီးကျယ်ခမ်းနားလှသော
Hilton Hotelကြီး၏ Grand Ballroom တွင်
လာရောက်သော ဧည့်သည်များဖြင့်
အလွန်ပင် စည်ကားလို့နေသည်။
တက်ရောက်လာကြသောသူများမှာ
နာမည်ကြီး အနုပညာရှင်များ၊
နယ်ပယ်အသီးသီးမှ အောင်မြင်သော
စီးပွားရေးလုပ်ငန်းရှင်များ၊နိုင်ငံရေးနယ်ပယ်မှ
အောင်မြင်သူများ၊ခန္တာကိုယ်မသန်သော်လည်း
နယ်ပယ်အသီးသီးတွင် အောင်မြင်စွာ
စွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်များနှင့်
သတင်းဌာနအသီးသီးမှ သတင်းသမားများလည်း များစွာတက်ရောက်ကြလေသည်။
ထိုအထဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ
မသန်စွမ်းသူများအသင်း၏ ဥက္ကဌအဖြစ်
ရွေးကောက်ခံရသော ကိုဇေယျလည်း
အပါအ၀င်ဖြစ်၏။
ငယ်ငယ်ရွယ်ရွယ်နှင့်အောင်မြင်သော
စွန့်ဦးတီထွင် စီးပွားရေးသမားလေးလည်းဖြစ်၊
မိမိနှင့်ဘ၀တူ မသန်စွမ်းသူများကိုပါ
အထူးတလည်ကူညီထောက်ပံ့မှုများအပြင်
လူမှုအကျိုးပြုလုပ်ငန်းများစွာပြုလုပ်လေ့ရှိသော သူ၏လုပ်ဆောင်ချက်များကြောင့်
ယခုကဲ့သို့ ဥက္ကဌအဖြစ်
ရွေးကောက်ခံခဲ့ရခြင်းဖြစ်၏။
Photo credit - Google image
ပွဲစတင်ပြီး မကြာမီမှာပင် ဖျော်ဖြေပွဲ
အခမ်းအနားများ၊အစီအစဉ်များစွာနှင့်
လာရောက်သည့်ပရိသတ်များကို
ဖျော်ဖြေပြီးနောက် ရွေးကောက်ခံရသော
အဖွဲ့ဝင်များအား ဂုဏ်ပြုလက်ဆောင်များ
ပေးအပ်ခြင်း၊အမှတ်တရ စကားများ
ပြောဆိုခြင်းများပြုလုပ်ပြီးနောက်ဆုံး
အစီအစဉ်အနေဖြင့် မသန်စွမ်းသူများ
ဥက္ကဌအဖြစ် ရွေးကောက်ခံရသော
ကိုဇေယျအား သတင်းသမားများ၏
မေးမြန်းမှု အစီအစဉ်ပြုလုပ်ရန်
အချိန်ကျရောက်လာလေသည်။
သတင်းသမားများက သူတို့သိချင်သည့်
အကြောင်းအရာများကို မေးမြန်းကြလေသည်။
ထို့နောက် သတင်းသမားတစ်ဦးမှ
ကိုဇေယျအား ငယ်ဘ၀အချိန်မှစ၍
ယခုအောင်မြင်လာချိန်အထိ ဖြတ်သန်းခဲ့ရသော ဘ၀ဇာတ်ကြောင်းအား အနည်းငယ်
ပြောကြားပေးရန်တောင်းဆိုလိုက်သည်။
ထိုအခါ ကိုဇေယျမှ ...
"ကောင်းပါပြီး ကျနော်ဖြတ်သန်းလာခဲ့ရတဲ့
ဘ၀ဇာတ်ကြောင်းကို အတိုချုံ့ပြီး
ပြောပြပါမယ်" ဟုပြန်ပြောလိုက်တော့
လာရောက်သော ပရိသတ်များမှ
လက်ခုပ်တီး၍ အားပေးကြလေသည်။
(ဇာတ်သိမ်းပိုင်းအားနောက်တပတ်တွင် ဆက်လက်တင်ပြပါမည်။)
ကောင်းတယ်ဗျာ။စိတ်ဓါတ်ကျနေတဲ့သူတွေSLရဲ့ပိုစ့်ကိုလာဖတ်ဗျို့။ကိုယ်တွေကသန်စွမ်းတာတောင်ခုထိဘာမှဖြစ်မလာသေးဘူး။မသန်စွမ်းကဥက္ကဌတောင်ဖြစ်နေပြီ။လ၀က်တောင်မပြည့်သေးဘူး။ကိုယ်တွေလဲလုပ်နိုင်ရမယ်။ကြိုးစားကြမယ်G4ရေ။
ငင့်...၁၅နှစ်ခန့်ကြာသော် ပါဆိုမှပဲ။ဘယ်က လ၀က်မပြည့်ရမှာတုန်း။ခြေထောက်တေ ဖြတ်လိုက်ကြမလား။ဝှီးချဲနဲ့သွားရင် မြန်မြန်ပိုရောက်မယ်ထင်တယ်။ :P
Sl ရေးသားဖော်ပြချက်တွေက စိတ်ခွန်အားရစေပါတယ် ကောင်းပါတယ်
အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။
မသန်စွမ်းသူတွေတောင်အောင်မြင်အောင်ကြိုစားနိုင်ကြသေးတာ ကျွန်တော်တို့လို ခြေလက်အင်္ဂါ ပြည့်စုံကြသူများက ပိုလို့အောင် အောင်မြင်အောင်ကြိုးစားသင့်တာပေါ့ဗျာ
အမှန်ပါပဲ ညီလေးရေ။
မသန်ပေသိ စွမ်းကြသည်
စိတ်ဓာတ်ခွန်အားပေးသောပိုစ်လေး good
ဟုတ်ကဲ့ဦးထွေး။
ကျေးဇူးပါ။
ဇာတ်သိမ်းပိုင်းမျှော်နေပါမယ် အစ်ကိုရေ..ဒါပေမယ့်
ဖတ်ရတာ မဝသေးဘူးဗျ .. ဘယ်တတ်နိုင်မလဲလေ နော့် ....
သိမ်းပါတော့မယ်ဗျာ.. :D
နောက်တပုဒ်ဆိုသိမ်းပါပီ.. hee
အောင်မြင်လာချိန်ကြတော့ မှလူတွေကစိတ်ဝင်စားကျ
ဒါနဲ့ ပရိုဖိုင် ချိန်းထားတာလား
ဟုတ်ပါတယ်အမ။ပရိုဖိုင်ချိန်းထားတာပါ။
မအောင်မြင်ခင်ဆိုရင်တော့ အဖတ်မလုပ်ကြပါဘူးဗျာ..
ကောင်းမွန်လှပါ၏ အပိုင်းတွေ မျှော်နေပါတယ်ဗျ
အားပေးတာကျေးဇူးပါ...ကိုညီရေ
ဘယ်လိုအောင်မြင်အောင်ဖြတ်သန်းခဲ့ရလည်းသတိမထားကျဘူး အောင်မြင်ရင်သာအားကျကျတာ လူတွေ လူတွေ
ဟုတ်တယ်ကိုအောင်ကြီးရေ။အောင်မြင်မှုရရှိဖို့ဖြတ်သန်းနေတဲ့အချိန်ကြုံရတဲ့ ဒုက္ခတွေကို မမြင်ကြဘူး
ကဲ ကိုဇေယျရဲ့ ဘဝအကြောင်းလေးကို သိချင်နေမိပြီ slကြီးရေ
မကြာမီ လာမည်..မျှော်...ပါဗျို့..
စိတ်ဝင်တစားနားထောင်နေပါတယ်
ပြောတော့မယ်။မိုက်စမ်းနေလို့..hee
ဇာတ်ကောင်ကတော့ ဥက္ကဋ္ဌ ဖြစ်နေပြီ ဖန်င်္တီးသူက ဘယ်တော့ ဆယ်အိမ်ခေါင်းဘဝက တတ်မလဲ ဟိဟိ
အဲဒါကလည်း ဖန်တီးသူအပေါ်ပဲ မူတည်ပါတယ်။ဗီလိန်မဖြစ်ပဲ ဆယ်အိမ်ခေါင်းဖြစ်သွားတာတော်သေးတယ်ပြောရမယ် ဦးဇင်းရေ..
တိုတိုလေးရယ်
ဟိုတပတ်က ရှည်တယ်ဆိုလို့ ပြန်တိုလိုက်တာ..ဟိ..
တော်တယ်ဗျာ အသားမည်းလို့လား မသိဘူး :P
ငင့်..ညိုချောလေးပါ။
ကိုဇေယျက ဘာတွေပြောမှာပ....
သူ့ဘ၀ဇာတ်ကြောင်းကို ပြောပြမှာပါ။
မသန်ပေမယ့် စွမ်းတယ်ဆိုတာ ဒါမျိုးကိုပြောတာ။
ကြိုးစား မှု
က အဓိကပဲ။
မှန်ပါတယ် အမ။ကြိုးစားအားထုတ်မှုကောင်းလို့ အောင်မြင်မှုလည်းရရှိခဲ့တာပါ။
စိတ်ဓါတ်ကျနာလေး ပြန်ကောက်ယူသွားပီနော်။
ဟုတ်ကဲ့ပါ..ဦးညီရေ။