သူငယ်ချင်း သို့
မိုးရွာချိန်တွေရောက်တိုင်း စိန်ပန်းပွင့်ချိန်တွေရောက်တိုင်း ကျွန်တော် လွမ်းတယ်။
Image source
လွမ်းရတာ ကဝတ္တရား မဟုတ်ပေမယ့် ကျွန်တော် အကျင့်တစ်ခုလို စွဲနေပြီ။မိုးရေတွေထဲ ဖိနပ်မပါ ထီးဗလာနဲ့ ဖြတ်လျှောက်ရတာ ကြိုက်တဲ့ သူလေးကို ကျွန်တော် သတိတရလွမ်းဆွတ်နေမိတယ်။
စံပယ်ပန်းဖြူလေးတွေကို အားပါးတရ ရှူရှိုက်ပြီးတိုင်း ကြည်လင်ရွှင်လန်းသွားတဲ့ သူ့မျက်နှာလေးကို ကြည့်ရင်း ကျွန်တော် နေ့စဉ်ရက်ဆက် ပန်းဆက်သမား ဖြစ်ခဲ့ဖူးတယ်။
မျက်နှာကြည်ကြည်လေးနဲ့ သွက်သွက်လက်လက်လေး နေတတ်တဲ့ သူလေးက စကားကလည်း များသေးတယ်။
ဒါပေမယ့် အားလုံးက သူ့ပုံစံလေးနဲ့ ချစ်စရာကောင်းနေခဲ့ပါသေးတယ်။
စာမရမှာပူတတ်တဲ့ သူလေးက ကြိုးစားသလောက်လည်း အရာထင်ပြီး စာတော်သူပါ။ဒါပေမယ့် သူမရတာတွေ ရှိရင် ကျွန်တော်လို့ သူမလောက် စာမရသူဆီမှာ မေးဖို့လည်း ဝန်မလေးဘူး။
ပြီးတော့ ဆရာမအတွက် သီသွားတဲ့ စံပယ်ပန်းတွေကို ဖြတ်ခုတ်ဖို့လည်း ဝန်မလေးဘူး။
မိုးရွာတဲ့နေ့တွေဆို သူက မိုးရေဆော့ချင်လို့ ယွစိနေတတ်တာ ငေါက်ယူရတဲ့အထိပါပဲ။
Image source
အစားအသောက်ဆို ဘက်မရွေးတတ်လို့ မကြာခဏ အစားမှားပြီး ဗိုက်နာလိုက် ဝမ်းလျှောလိုက် ဖြစ်တာလည်း သူပါပဲ။စားသလောက် ဝ မလာပေမယ့် ပြည့်တယ်ဆိုရုံ သူလေးက ပိန်ကျသွားရင် သိပ်သိသာလွန်းနေတတ်တယ်။
ကျွန်တော်က ဘာဖြစ်တာလဲလို့မေးလိုက်ရင် ကျွန်တော့်ကို ဖျံကျပြီး ညာတတ်တယ်။ဆေးဝယ်ခိုင်းတာတို့ အိမ်ကို ပြန်ပြေးပြီး ပြောခိုင်းတာတို့တွေ ပြီးကျ ကျွန်တော့်ကို မျက်နှာငယ်လေးနဲ့ တောင်းပန်နေတတ်ပြန်ရော...
မွေးကတည်းက ချစ်စရာ အမူအကျင့်လေးတွေကို ပိုင်ဆိုင်ထားတာ သူ့အတွက် ဘုရားပေးတဲ့ဆုဖြစ်မယ် ထင်တယ်။
ကျွန်တော့မျက်စိထဲမှာ သူမဘာလုပ်လုပ် အပြစ်လို့ မမြင်မိတာ ကျွန်တော်စိတ်ကောင်းရှိလွန်းလို့ မဟုတ်တာတော့သေချာတယ်လေ။လူတိုင်းကို အဲ့ဒီလိုမှ ကြည့်လို့မရတာ။
ကျွန်တော် သူ့ကို လွမ်းတယ်။
အခုလို တစ်နယ်စီအဝေးမှာ မဆုံဖြစ်ကြချိန်ဆို ပိုလွမ်းတယ်။
စိန်းပန်းတွေပွင့်တိုင်း ကျောင်းဖွင့်ရာသီရောက်တိုင်း သူ့ကို လွမ်းနေမိတယ်။
မိုးတွေရွာရင် စံပယ်ပန်းတွေ ဖွေးနေအောင်ပွင့်ရင် သူ့ကို တမ်းတမ်းတတကြီး လွမ်းနေမိတတ်တယ်။
ကျောင်းတွေပြီးလို့ တစ်နယ်စီကွဲကြရတဲ့သူငယ်ချင်းတွေထဲမှာ ကျွန်တော် သူ့ကို အလွမ်းဆုံးပါ။သူ့ဖုန်းနံပါတ်လည်း ကျွန်တော့်မှာ မရှိဘူး။သူမ ဘယ်ကျောင်းမှာ ဘာမေဂျာနဲ့ တက်နေလဲ ကျွန်တော် မသိဘူး။
Image source
ဒါပေမယ့် ကျွန်တော်မျှော်လင့်ချက်ရှိတယ်။
တစ်နေ့ သူနဲ့ဆုံကို ဆုံရမယ်။အဲ့ဒီတစ်နေ့ဟာ သူ့ဖက်က အိမ်ထောင်တွေ ကျရင် ကျနေမှာပေါ့..
ဒါပေမယ့် ကျွန်တော်....
ကျွန်တော့်ရဲ့ ချစ်စရာကောင်းတဲ့ သူငယ်ချင်းမလေးကို လွမ်းဆွတ်ခွင့်တော့ ရှိနေမှာပါ..
တိတ်တဆိတ်လေ်းဖြစ်ဖြစ်ပေါ့...
Msc 188Writter @htetnainglin
သူငယ်ချင်းလေးနဲ့ပြန်ဆုံပါစေ ဆုတောင်းပေးပါတယ်
ကျေးဇူးပါ
သူငယ်ချင်းနှင့်အမြန်ပြန်ဆုံတွေ.ပါစေလို့...
ကျေးဇူးပါ
သူငယ်ချင်းမလေး ကိုး...
friend?
😁😁😁😁
လွမ်းတယ်ဆိုတော့ ကာ 😆😆
😁😁မနောက်ရဘူးနော်
သူ အိမ်ထောင်ကျသွားပြီဗျ
😪😪😪
သူငယ်ချင်လေးပါတဲ့
သတိရနေတာ😀
သူငယ်ချင်းသို့ တမ်းချင်းပေါ့။လွမ်းလို့ ရတုန်း လွမ်းထားပါညီ။
တွေ့ချင်စိတ်လေးထားပါ တွေ့ကို တွေ့ရမှာပါ😊
တွေ့ချင်စိတ်လေးထားပါ တွေ့ကို တွေ့ရမှာပါ😊ဒါနဲ့ ပုံ crd ပေးတာတွေ သေချာ မလုပ်ပု အပေါ်ဆုံးတစ်ခုပဲ ပုံ link ရောက်တယ်။ နောက်ဟာတွေ မရောက် သေချာလုပ်ပါ။ စာဖတ်သူတွေကို စေတနာထားပါ😒😒
ဟုတ် မတ်မတ်😊
အော် ခွဲခွာရခြင်းနဲ့ကြုံရပြီ
သူငယ်ချင်းမလေးနဲ့ အမြန်ဆုံးပြန်တွေ့ပါစေနော်
စိုင်းစိုင်းသီချင်းလေးတောင် သွားသတိရမိတယ်
ဟုတ် အကို
အေးပါခွာ အဲ့လိုနဲ့ဘဲ
😁😁ဟုတ်
အယ် လွမ်းမောစရာလေးပါ