ဒီရက်ပိုင်းမှာ ဘယ်တီဗွီလိုင်းကိုပဲ ကြည့်ကြည့် နေရာယူထားတဲ့ သတင်းတစ်ပုဒ်က ဗြိတိန်နိုင်ငံက ဘုရင်မကြီးရဲ့ မြေးငယ် ခြောက်ယောက်ေုမာက် ထီးညွှန့်နန်းလျာမင်းသား ဟယ်ရီနဲ့ သူ့ချစ်သူ အမေရိကန်မင်းသမီး မီဂန်မာကယ်လ်တို့ရဲ့ လက်ထပ်ပွဲက အတော်လေး ဟစ်ဖြစ်နေခဲ့ပါတယ်..။
Crd-org-source
ဗြိတိန်နိုင်ငံရဲ့ မင်းသားတစ်ပါးက သာမန်အရပ်သူမိန်းကလေးဆိုတာထက် နိုင်ငံချင်း လူမျိုးချင်း ဘယ်လိုမှ မတူညီတဲ့ မိန်းကလေးတစ်ယောက်ကို လက်ထပ်လိုက်တယ်ဆိုတာ အံ့အားသင့်စရာပါပဲဗျာ..အထူးသဖြင့် မိန်းကလေးက အိမ်ထောင်ကွဲတစ်ယောက် ဖြစ်နေလိုက်ပြန်ပါသေးတယ်...။
အများတကာက ချမ်းသာဖို့ မနေမနားမတရား ရုန်းကန်နေရချိန်မှာ မွေးကတည်းက စည်းစိမ်ပုံကြားမှာ ရွှေဇွန်းကိုက်မွေးလာကြတဲ့ လူချမ်းသာဇာတာရှင် တော်ဝင်မင်းသားရဲ့ ဇနီးဆိုတဲ့ အိမ်မက်တွေကို မက်နေကြမဲ့ မိန်းကလေးတွေကတော့ အသည်းတဗြန်းဗြန်းကွဲကောင်းကွဲနေကြမှာပေါ့ဗျာ..
Crd-org-source
ကျွန်တော်မြင်တာတစ်ခုကတော့ သူတို့မင်္ဂလာဆောင်တာက ကျွန်တော်တို့ဆီကတွေလို ထုံနေ မွှန်းနေအောင်လည်း မပြင်ကြဘူး...ဘယ်လို စင်တင်အဆိုတော်ကြီးတွေရဲ့ တီးဝိုင်းမှလည်း မတွေ့ရဘူး...
ရိုးစင်းသလို ရိုးရှင်းတဲ့ပုံစံနဲ့ မင်္ဂလာဆောင်သွားကြတာမှ ဘာမှကျွေးတာလည်း မတွေ့ရဘူးဗျ..
ဒါပေမဲ့ သူတို့တိုင်းသူပြည်သားတွေရဲ့ အပြုံးတွေကတော့ တောက်ပနေကြတယ်..လူတွေကလည်းကြွနေကြတယ်။အဲ့ဒီမင်္ဂလာပွဲကို သူတို့အမျိုးတွေဆောင်သလိုကို ဝင်နွှဲပြီး ပျော်နေကြတာက ဘေးကနေကြည့်ပြီးတောင်အားကျစရာပါ။
ရွှေမလို ငွေမလိုတဲ့ဘဝမှာမှ ချစ်ခြင်းမေတ္တာတွေကိုပါ ရနေခဲ့ကြတဲ့ မင်းသားလေးတွေလေ..။
ဒါကြောင့် တချို့က မီဂန်မာကယ်လ်ကို စင်ဒရဲလား မင်းသမီးနဲ့တောင် နှိုင်းနေကြလေရဲ့..။ဟုတ်လောက်တာကိုး..
သူမဘဝမှာ ဘယ်တုန်းကမှ မမက်ခဲ့ဖူးတဲ့ အိမ်မက် အမေရိကန်သူဆိုတဲ့ဘဝကနေ ခင်ပွန်းတစ်ယောက်ယူလိုက်တာ ဗြိတိန်နိုင်ငံသားတွေရဲ့ အချစ်တော်ခံ ဖြစ်သွားခဲ့ရပြန်တယ်။
အဲ့ဒီတော်ဝင်မင်္ဂလာပွဲကို မြင်ချိန်မှာ ကျွန်တော် မင်းသားဝီလျံနဲ့မင်းသားဟယ်ရီတို့ရဲ့ မိခင် ဝေလမင်းသမီး ဒိုင်ယာနာအကြောင်းတွေကို ပါ ရှာဖွေလေ့လာဖြစ်ခဲ့ပါတယ်။
အတော်စိတ်ဝင်စားစရာကောင်းသလို အတော်သနားစရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘဝတစ်ခုလို့ပဲ ကျွန်တော်ထင်မြင်လိုက်မိတယ်။
အချစ်ကိုမသိသေးခင် လက်ထပ်ရတယ်။ သာမန်အရပ်သူမိန်းကလေးတစ်ယောက်ရဲ့ လွတ်လပ်ခြင်းတွေက တော်ဝင်မင်းသမီးဂုဏ်တွေထဲမှာ သူမ မြှုပ်နှံလိုက်ရတယ်။အစစအရာရာ လိုတရနေတဲ့ဘဝပေမဲ့ သူမရဲ့ လွတ်လပ်တဲ့ ရှင်သန်နေထိုင်မှုတွေကို ဒိုင်ယာနာက ပိုမက်မောပုံရပါတယ်။ ပြီးတော့ ချားလ်မင်းသားကလည်း သူ့အချစ်ဦးဆီကိုသာ ခြေဦးလှည့်နေခဲ့တာတဲ့..။
နန်းတော်ထဲမှာ အထီးကျန်နေမဲ့ မိန်းမတစ်ယောက်ကို ကျွန်တော် မြင်ယောင်ကြည့်နေမိတယ်။ ချားလ်မင်းသားနဲ့ ကွဲပြီးချိန်မှာတော့ ဒိုင်ယာနာမင်းသမီးက သူလုပ်ချင်တဲ့အလုပ်တွေကို လုပ်ချင်သလို လုပ်နေသလားလို့ ထင်မှတ်ရပါတယ်။
လှူဟယ်...တန်းဟယ်နဲ့ တော်ဝင်အသိုင်းအဝိုင်းက ထွက်ခွာခဲ့ရပေမဲ့ ပြည်သူ့အချစ်တ်ာတော့ ဖြစ်ခဲ့ရပါတယ်။
ချောမောလှပတဲ့ ရုပ်ရည်နဲ့ သူမရဲ့လုပ်ရပ်တွေကြောင့် ဒိုင်ယာနာဆိုတဲ့ မင်းသမီးတစ်ယောက်ရဲ့ဘဝကို လူတွေအခုထိ စိတ်ဝင်စားနေကြတာ ဖြစ်မယ် ထင်ပါတယ်။
Crd-org-source
အခုထိ ဒိုင်ယာနာရဲ့အငွေ့အသက်တွေဟာ တော်ဝင်ထီးနန်းမှာ လွမ်းမိုးနေဆဲလို့ ကျွန်တော်တော့ ထင်မိပါတယ်။ တော်ဝင်ထီးနန်းဟာ ဒိုင်ယာနာကြောင့် တစ်ကမ္ဘာလုံးကလူတွေ ပိုပြီး စိတ်ဝင်စားလာကြသလိုတောင် ထင်ရပါတယ်။ကျွန်တော် ရှာဖွေလေ့လာမိသလောက်ပေါ့လေ..။
အခုဆို ဝေလမင်းသမီးဒိုင်ယာနာရဲ့ သားနှစ်ယောက်လုံးဟာ အိမ်ထာင်ကိုယ်စီကျကုန်ကြပါပြီ..။
ဒိုင်ယာနာရဲ့ ဖက်ရှင်တွေကို မင်းသားဝီလျံရဲ့ဇနီး ကိတ်မယ်ဒယ်လ်တန်က ပြန်လည်အသုံးပြုတာတွေကိုလည်း တွေ့ရပါတယ်။
ဒီတစ်ခါ မင်းသားဟယ်ရီရဲ့ ဇနီး မီဂန်မာကယ်လ်ကရော ဘယ်လိုတွေများ ဖြစ်လာမှာလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
ဒီတော်ဝင်မင်္ဂလာကို အကြောင်းပြုပြီး ဒီတစ်ခါတော့ ဗြိတိန်နိုင်ငံရဲ့ တော်ဝင်အသိုင်းအဝိုင်းအကြောင်း ဝေလမင်းသမီးအကြောင်းတွေကို ကျွန်တော် ရှာဖွေလေ့လာ ဖတ်ရှု့လိုက်မိတာတွေပါ။
စိတိဝင်စားစရာများစွာနဲ့ လူချမ်းသာတွေကြားမှာလည်း အခက်အခဲတွေ ပြဿနာတွေ ထောင်သောင်းနဲ့ပါလားလို့တောင် ကျွန်တော် တွေးလိုက်မိပါတယ်။
Writter @htetnainlin
Msc 188
"ရှင်ဘုရင်တွေကြွလာဖို့ သာမန်လူတွေလမ်းဖယ်ပေးရတယ်"ဆိုတဲ့ စကားပုံလိုပေါ့
ဒီလိုပါဘဲ ၊သူတို့အခက်အခဲနဲ့ သူတို့ပါဘဲ။
ဟုတ်ပါတယ်😃
စိတ်ဝင်စားစရာတွေရှာပြီးရေးပေးတာကျေးဇူးနော်
ခုမှသေချာဖတ်ဖြစ်တော့တယ်
စိတ်ဝင်စားစရာ ကောင်းတယ်နော်
ကျေးဇူးပါ
စိတ်ဝင်စားစရာကောင်းပါတယ်
ဒီလိုမျိုးဆက်တင်ပေးပါဦး
အင်း အဲ့ပွဲကို fb ကနေကြည့်လိုက်ရတယ် Megan Markle ပုံကြည့်ရတာ သိမ်ငယ်မှုနည်းနည်းရှိသလိုပဲ ဘာလို့လဲဆိုတော့ divorce ဖြစ်ထားတဲ့သူတစ်ယောက်ကိုး တကယ်တမ်းစိတ်ဝင်စားစရာကောင်းတာက သူတို့အိမ်ထောင်ရေးတည်မြဲပါ့မလား ဆိုတာပဲ သူကအမည်းစက်ကြီးနဲ့ကိုး ဒါက ကိုယ့်အမြင်နော် ဘာလို့လဲ ဆိုတော့ သူဝင်ဆန့်ရမည့်အသိုင်းအဝိုင်းက တော်ဝင် မျိုးရိုး ကိုး
တည်မြဲမယ်လို့ထင်တယ်...မင်းသားကသိရက်နဲ့လက်ထပ်တာဆိုတော့...ပြီးတော့မီဂန်ကဒီအသိုင်းအ၀ိုင်းထဲဝင်တယ်ဆိုကတည်းကသူ့ကိုယ်သူယုံကြည်မှုရှိပုံဘဲ...ထင်တာပြောကြည့်တာ😁
အင်း ကျနော့်အထင်တော့ မတည်မြဲရင်တောင်မှ divorceုဖစ့်မလွယ်ဘူး အမ ပြောတာက မှန်ပါတယ် Megan က ယုံကြည်မှုရှိပေမည့် Harry ဘက်ကအသိုင်းအဝိုင်းက တစ်ချို့ကိုပြောတာပါ မလွှဲမရှောင်သာလို့လက်ခံလိုက်ရတဲ့သူရှိရင် သူ့ကို မျက်စိထောက် ထောကြည့်နေတော့မှာလေ ။ သို့ပေမည့် မပြိုကွဲလောက်ပါဘူး တော်ဝင်ုးရိုးဆိုတော့ ဘယ် အမည်းစက်အဖြစ်ခံမလဲ ဥပမာ Diana လိုပေါ့ မချစ်သော်လည်းအောင့်ကာနမ်းပေါ့ ...ဒါကျွန်တော့်အမြင်ပါ
😆😁😁
ဒိုင်ယာနာအကြောင်းဆိုခုထိစိတ်ဝင်စားတုံး 😆😆
အဲလို လူမျိုးတွေရှားတယ်ဗျာ။
ခုခေတ်ယောက်ျား တော်၂များက လက်ရှိလူထက် လက်ရှိလူရဲ့အတိတ် ကိုအပြစ်မြင်ပြီး အမှားကို ခွင့်မ လွှတ်နိုင်ကြပု
ဟုတ်ပါတယ်
စိတ်ဝင်စားစရာကောင်းပါတယ် good postပါ
မင်းသမီး ကံကောင်းချက်နော် တခုလပ်ဖြစ်နေတာတောင် မင်းသားနဲ့ ဖူးစာဖက်ခွင့်ရတယ်..။ စဉ်းစာကြည့်ရင် တော်ဝင် မင်းသမီးဖြစ်ဖို့ သာမန်လူတွေ လမ်းဖယ်ပေးခဲ့ရသလားလို့ စဉ်းစားမိတာလေး😊
ဟုတ်တယ်မမ
လူတိုင်းကတော့ အခက်အခဲဆိုတာ အနည်းအများစီရှိကြတာပါဘဲဗျာ
ဒိုင်ယာနာက သနားစရာမင်းသမီး ဘဝအဖြစ် ရှင်သန်ဖြတ်သန်းခဲ့ရတာပေါ့နော်