အကြိုက်​နှင့်​စရိုက်

in #myanmar7 years ago (edited)

image
စုံလင်​​သော လု့အတန်းအလွှာ အမျိုးမျိုးကြားထဲတွင်​ လူတိုင်း၏အကျင့်​စရိုက်​နဲ့ စာရိတ္တတို့သည်​ မတူညီနိုင်​ကြ​ပေ။အချိုကိုကြိုက်​သူသည်​ အခါးကို ကြိုက်​သူနှင့်​ ဆန့်​ကျင်​ဖက်​ ဖြစ်​​နေ​ပေလိမ့်​မည်​။ထိုသူ နှစ်​ဦးသည်​ အစားအ​သောက်​တွင်​ ညှိယူ၍ရနိုင်​လိမ့်​မည်​မဟုတ်​ ထိုအခါ အခြား အကြိုက်​တစ်​ခုခု ဥပမာ အနီ​ရောင်​ကို ကြိုက်​တာချင်းတူ​သော အ​ရောင်​ကြိုက်​ခြင်းတွင်​သာ ​ပေါင်းစပ်​၍ ရ​ပေလိမ့်​မည်​။
လူအမျိုးမျိုး စိတ်​အ​ထွေ​ထွေ ဆိုတဲ့အတိုင်း ကျွန်​​တော်​တို့ သာမန်​လူ​တွင်​ မဆိုထားနှင့်​ စိတ်​ကို သတ်​​နေကြ​သော ရဟန်းသံဃာ များထဲတွင်​ပင်​ အကြိုက်​မတူကြ​သော​ကြောင့်​ ပျက်​စီးရခြင်း အ​ကြောင်းများစွာကို ​တွေ့နိုင်​ကြရပြီး ဖြစ်​​လေသည်​။ image
တစ်​ခါက ကျွန်​​တော်​တို့ဆီမှာ တရားစခန်းပွဲ ဖွင့်​ဖြစ်​​လေရာ တရားပြ ဆရာ​တော်​ နှစ်​ပါးအား ပင့်​မိလျက်​သား ဖြစ်​ကြရ၏။ ဆရာ​တော်​ နှစ်​ပါးလုံး သိက္ခာကြီးမားကြပြီး စာတတ်​ ​ပေတတ်​များပင်​ ဖြစ်​ကြရ​သော်​လည်း စာတတ်​ရဟန်း​တော်​များပီပီ တရား​ဟောကြရာမှာ ​အလွန်​​တော်​ကြ ​လေသည်​။
သို့​သော်​ အပြိုင်​သ​ဘောအရ ​ဟောကြသည့်​ တရားများမှာ ​ထေ့လုံး ​လေးများ ပါလာတတ်​ကြ၏။ အချို့ဆို တရား​အဓိပ္ပါယ်​ကို ​သေချာ သိရမှသာ ဪ ​ထေ့လုံး​လေးပါလား ​ငေါ့​လုံး​လေးပါလား ဟု သိကြရခြင်းပင်​..။
ထို​ထေ့လုံးတရားများကို ဦးစွာ သိသူမှာ ဘုန်းကြီးလူထွက်​ ဦး​လေးကြီး ဖြစ်​​လေသည်​။ ထိုဦး​လေးသည်​ သံဃာ​ကြောကို နပ်​သူဖြစ်​ပြီး ကျွန်​​တော်​နဲ့ ​ဆွေရိပ်​မျိုးရိပ်​မကင်းသူ ဖြစ်​​လေသည်​။
ထိုကဲ့သို့ ရဟန်း​တော်​များ၌ပင်​ ပြိုင်​ဆိုင်​ခြင်း မနာလို ဝန်​သိုခြင်းများ ရှိ​သေးသာ်​ ဖြစ်​ရာ ကျွန်​​တော်​တို့ သာမန်​ပုထုဇဉ်​​လောကတွင်​မူ ဆိုဖွယ်​ရာ မရှိ​တော့ပါ..။
အထူးသဖြင့်​ ကျွန်​​တော်​ ​ကျောင်းသားဘဝက မိန်းက​လေးများသည်​ ပို၍ ပြိုင်​ဆိုင်​တတ်​ကြသည်​။ စာပြိုင်​သည်​။ အဝတ်​အစားပြိုင်​သည်​။ အလှပြင်​ရာတွင်​လည်း ပြိုင်​ကြ​လေသည်​။ image
သို့ရာတွင်​ မိန်းက​လေးများသည်​ အုပ်​စုလိုက်​​နေကြပြီး အလွန်​ပင်​ စည်းလုံးကြ​လေသည်​။ ကျွန်​​တော်​တို့မှာ သူမတို့ကို အပြိုင်​ လိုက်​ကြရင်း သူငယ်​ချင်း ချင်းချင်း ရန်​သူများပင်​ ဖြစ်​ရ​လေကုန်​၏။
သို့ရာတွင်​ ထူးခြားချက်​မှာ အလွန်​စည်းလုံးလှ​သော အနှီ မိန်းက​လေးများသည်​ စာ​မေးပွဲခန်းဝင်​သည့်​အခါ တစ်​​ယောက်​နဲ့တစ်​​ယောက်​ အ​ခေါ်အ​ပြောမရှိ အလွန်​မာနကြီးသွားတန်​ကြပြီး စာ​မေးပွဲခန်းမှ ထွက်​သည့်​အခါမှသာ ​အရင်​ကလို ပြန်​ဖြစ်​သွားရခြင်း ဖြစ်​​လေသည်​။သူမတို့ ​မေးခွန်းလွှာများသည်​ တယုတယ တမြတ်​တနိုး သိမ်းဆည်းခံများဖြစ်​လာကြ​လေသည်​။
ကျွန်​​တော်​တို့ ​ယောက်ျာလေးများမှာမူ ဟိုတုန်းက မည်​မျှပင်​မုန်းတီး​နေ​စေကာမူ စာ​မေးပွဲခန်းဝ တွင်​ အလွန်​ချစ်​ခင်​ကြ​သော သူငယ်​ချင်းများ ဖြစ်​လာကြကာ စာ​မေးပွဲခန်းမှ အထွက်​တွင်​လည်း ချစ်​ခင်​မြဲပင်​ဖြစ်​သည်​။ ကျွန်​​တော်​တို့ ​မေးခွန်းလွှာများသည်​ကာ အလွန်​ရှုပ်​ပွ​သော အမှိုက်​များ အဖြစ်​သို့ ​ရောက်​ရ​လေသည်​။ကျွန်​​တော်​တို့ ပြန်​မတည့်​​တော့ချိန်​သည်​ ​ဘောလုံးကန်​ချိန်​တွင်​ ဖြစ်​​လေသည်​။
မတူညီကြသည့်​ သ​ဘောသဘာဝသည်​ ​ယောက်ျား​လေးနဲ့ မိန်းက​လေး ထိုမျှ ကွာခြား​လေသည်​။
မိတ်​​ဆွေသူငယ်​ချင်းများသည်​ တူညီ​သော အရာဖြင့်​ လက်​တွဲ ​ရှေ့ဆက်​ရသည်​ ဖြစ်​​သော်​လည်း..ကျွန်​​တော်​တို့ ​ယောက်ျား​လေးထုတွင်​မူ ​ကောင်​မ​လေးတစ်​​ယောက်​ကို အကြိုက်​တူကြပါက ရန်​သူ​တွေ ဖြစ်​ကြရ​လေကုန်​ သတည်း....

Writter @htetnainglin
Photo from google
Msc-188

Sort:  

ဖတ်​​ကောင်းပါတယ်​...good post

ကျေးဇူးပါ

အကြံတူတော့ ရန်သူဆိုတာရှိသလို အသွင်တူမှ အိမ်ထောင်ဖြစ်ဆိုတာလည်းရှိပေသကိုးဗျ

ကောင်းပါတယ်​ အစ်​ကို

ကျေးဇူးပါဗျာ

ရန်ဖြစ် ပြန်ချစ် ဘဝတွေပေါ့ဗျာ

အရေးအသားကောင်းတယ် မသိရင် ကော်ပီဘဲ ဟိဟိ

ကျနော်လည်း အရေးသားတော့ မကောင်းဘူးဗျ ဒါပေမယ့် copy ဘဲဗျ note ထဲမှာရေးပြီး မှ steemit မှာ copy လာတင်တာ ဟီးဟီး အာ့လိုဘဲ ပွင့်ပွင့်လင်းလင်း ဝန်ခံတာ

အဲ့တာဆို အကုန်​ copy​ သမား​တွေ​ပေါ့😏

အသာလုပ်​ပါဗျာ

ဟုတ်​တယ်​ မိန်း ​လေး​တွေ က အပြိုင်​ အဆိုင်​ စိတ်​ များကြတယ်

ဟုတ်​တယ်​​နော့

ဘယ်ကသာ အဲ့ဒါ အူတိုတာ 😁😁😁😁😁

အားပေးသွားပီနော် အကို

ကျေ​ကျေးပါ😁

ခုလို ဖတ်ကောင်းတဲ့ post လေးတွေရေးလို့ ကျေးဇူးပါ

Hote kah bro

အ​ရေးအသား​ကောင်းတယ်​ bro

😁 thz bro

ဗဟုသုတရပါတယ်​ဗျာ အား​ပေးလျှက်​ပါ

အကြံတူ ရန်သူတဲ့ မိမိအကြံက အများအကျိုးရှိစေရင် မိမိနှင့်တူသူ ပေါ်လာလဲ မုဒိတာ ပွားနိုင်ရပါမယ်။

ဟုတ်​ မမ

Thank you for your sharing

လူစိတ်ဆိုတာ မှန်းရခက်သလို စိတ်ဆိုတာလည်း ဖြစ်တတ် ပျက်တတ်သဘောရှိပါတယ်။အကြိုက်ခြင်းတူရန်သူစကားလည်းရှိသလို အဆိုးအကောင်းလည်းဒွန့်တွဲနေတတ်တာရှိတယ်။ဒါကြောင့် လူဆိုတာ ညီပြောသလိုပါဘဲကွယ်။စာလုံးပေါင်းစစ်ကြည့်ပါအုံးညီ

ဟုတ်