Image source
အချစ်က၁၅၀၀ မေတ္တာက ၅၂၈တဲ့
ကျွန်တော် သူများပြောလို့လိုက်ပြောနေတာ အဲ့ဒီအရာတွေကို ဘာကြောင့်ပြောတာလဲ နားမလည်ခဲ့ဘူး။ မိဘနဲ့သားသမီးကြားက အချစ်ဆို ၅၂၈ ချစ်သူချင်းချစ်တဲ့အချစ်ဆို ၁၅၀၀တဲ့။
ကျွန်တော်လည်း သူများယောင်လို့ လိုက်ယောင်ရင်း ၁၅၀၀ အချစ်ကိုလည်း မြည်းခဲ့တယ်။ ၅၂၈မေတ္တာကိုလည်း ခံစားခဲ့တယ်။ ကိုယ့်ဘာသာ အမြင်နဲ့ပေါ့လေ။
အခုမှ သိရတာက ၁၅၀၀ အချစ်ဆိုတာ ကိလေသာမီး ထောင့်ငါးရာကို အလွယ်ပြောတာတဲ့..
၅၂၈ဆိုတာကတော့ သတ္တဝါများ ကျန်းမာကြပါေး ချမ်းသာကြပါစေဆိုတဲ့ ဘာမျှော်လင့်ချက်မှမပါတဲ့ မေတ္တာတဲ့ဗျာ။ တကယ်ဆို မိဘတွေရဲ့အချစ်တောင် ၅၂၈ထဲမှာ မပါပါဘူးတဲ့။
ဟုတ်ပေ့ပဲ။
ကျွန်တော်သိခဲ့ဖူးသမျှနဲ့ တက်တက်စင်အောင် လွှဲနေခဲ့တာကိုး။
ကျွန်တော်တွေးနေမိတယ်။
ဪ..ပူလောင်ရခြင်းနဲ့တွယ်ညှိတဲ့ ကိလေသာချစ်က အချစ်တဲ့..ဟုတ်များနေမလားလို့ တွေးလိုက်မိတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းက အတူကစားခဲ့ကြတဲ့ သူငယ်ချင်းမတချို့ကို ပြန်မြင်ယောင်လိုက်မိတယ်။
အထက်တန်းမှာတုန်းက ရုပ်ချောပြီး စာတော်သလို သဘောလည်းကောင်းတဲ့ မေဇင့်ကို သတိရတယ်။
အခုဆို မေဇင်က အိမ်ထောင်ကျနေခဲ့ပြီတဲ့။ သူယောကျာ်းယူသွားပြီဆိုတဲ့ နေ့က ကျွန်တော့်စိတ်တွေ သံရည်ပူလောင်းမိသလို ရှပ်ပြီးရှပ်ပြာ ဖြစ်ခဲ့ရသေးတာလည်း ဝန်ခံရပါတယ်။မေဇင်က ချစ်စရာ ကောင်းလွန်းတယ်လေ..။
ပြီးတော့ ကျွန်တော့်အစ်ကိုရဲ့ သမီးလေး ပုတ်ပုတ်လေးကိုလည်း သွားသတိရမိတယ်။ပုတ်ပုတ်လေးက ဖြူဖြူဖွေးဖွေး ဝဝတုတ်တုတ်လေးနဲ့ ချစ်စရာ သိပ်ကောင်းတာကိုး။သူတို့ ပြောင်းသွားကြတော့ ကျွန်တော် ရင်ကွဲနာကျခဲ့ရသေးတယ်လေ။
Image source
အချစ်ဆိုတာ အခွဲအခွာကို ခံနိုင်ရည်ရှိဖို့ လိုအပ်ပါလားလို့ ကျွန်တော် တွေးနေမိတယ်။အချစ်ကချစ်နေတုန်းမှာတော့ ပျော်စရာကောင်းတယ်။ ချစ်ပြီးသွားရင်တော့ မုန်းရင်မုန်းကြမယ်။ ဒါမှမဟုတ် ခွဲရင်လည်း ခွဲကြရမယ်။အချစ်ရဲ့အဆုံးတွေက အနားသတ်မလှတာတွေလည်း ရှိတာလေနော်။
ဒါဆို ၁၅၀၀အချစ်ထဲပါတဲ့ ကျွန်တော်တို့မိဘတွေက ဘာလို့ တစ်သက်လုံးမပြတ်ကြတာလဲ ဆိုတော့ သူတို့အချစ်က အချစ်ရော မေတ္တာပါ ရောနေတာတဲ့လေ..ပြီးတော့ သူတို့အချစ်က ဗြဟ္မစိုရ်တရားတွေနဲ့ချစ်တာတဲ့။မေတ္တာထားပြီးလည်းချစ်တယ်။ဂရုဏာထားပြီးလည်း ချစ်တယ်။မုဒိသာပွားပြီးလည်း ချစ်တယ်။ ဥပက္ခာထားပြီးလည်း ချစ်တယ်တဲ့။
ကျွန်တော်တို့တွေက လူတိုင်းအပေါ် အဲ့ဒီတရားတွေကို မထားနိုင်လို့ ပူလောင်နေကြရတာ ၁၅၀၀ စစ်စစ်ကြီးနဲ့ချစ်နေကြတာတဲ့ဗျာ..
ကျွန်တော်တို့သိတဲ့ ၅၂၈ကျတော့ အဲ့ဒီဗြဟ္မစိုရ်တရားရနံ့တွေနဲ့ မေတ္တာမှ မေတ္တာစစ်စစ် သန့်သန့်လေးပါပဲတဲ့။
သတ္တဝါအပေါင်းကျန်းမာကြပါစေ ချမ်းသာကြပါစေဆိုတဲ့ မေတ္တာပို့လို၊ ကိုယ်နဲ့မသိတဲ့ လူတစ်ယောက် ထိခိုက်နာကျင်တဲ့အခါ ဪသနားစရာကောင်းလိုက်တာ ဆိုတဲ့ စိတ်ကလွှဲရင် သူ့အတွက် ကျွန်တော်ကို နာကျင်မပေးကြဘူး ကိုယ့်လမ်းကိုယ်လျှောက်သွားလိုက်တာပဲ လိုက်ခံစာပေးမနေတော့ဘူး..အဲ့ဒါ ဥပက္ခာတစ်ခု ၅၂၈မေတ္တာထဲက တစ်ခုမို့ ကိုယ်ကလိုက်ခံစားပေးမနေတော့ လိုက်ပြီး နာကျင်မနေရတော့ဘူးတဲ့ဗျာ..
Image source
ဘာပဲပြောပြော ကျွန်တော်ကတော့ ၁၅၀၀ သမားပဲ ဖြစ်နေသေးတာ သေချာတယ်ဗျာ။ ပုထုစဉ်လည်း ဟုတ်တယ်။အချစ်ကလည်း ကြီးသူကိုး..
ကျွန်တော် မသိသေးတဲ့အရာတွေ ကျွန်တော် ခွဲခြားမတတ်သေးတဲ့အရာတွေထဲမှာ အချစ်တွေမေတ္တာတွေ ပါနေခဲ့တာ ကျွန်တော်ကိုယ်တိုင်တောင်မသိခဲ့တာ ဝန်ခံပါတယ်လေ..
ကျွန်တော်ကတော့ ၁၅၀၀ အချစ်သမားကြီး သက်သက် အဖြစ်နဲ့ အခုထိ ပူလောင်နေရတုန်း...
Writter @htetnainglin
Msc 188
ပူလောင်အချစ်ရဲ့အရသာကလည်းတမျိုးပေါ့ကွယ်
ဟုတ်ပါတယ်ဗျာ
အချစ်က ပူလောင်ပါတယ်ဗျာ
ဟုတ်တယ်ဗျာ
အားလုံးထဲမှာမိဘမေတ္တာက အအေးချမ်းဆုံးဘဲ
ဟုတ်တယ်ခဗျ
အယ်လဲ့ အချစ်ကြောင်းရေးတာ မမထက် သာပီဟေ့😊
ဟီး..မကြည် ကလဲ သာပါပုဗျာ
အလို အချစ်သမားစစ်ဆြာကြီး
ဟီး
အချစ်ဆိုတာ ပုလောင်တတ်တဲ့သဘော ရှိသည်
ဟုတ်တယ်နော်
ငယ်တုန်းချစ်ခွင့်ရတုန်း တစ်ဝကြီးချစ်ပစ်လိုက်စမ်းပါညီရာ။
ဟုတ်😁
528 လေးဘဲ ကောင်းပါတယ်
ဟုတ် အမ လူတိုင်း မလွန်ဆန်နိုကြဘူးလေ😁😁
မသိဘူး ၁၅၀၀ နဲ့ ချစ်မယ် 😆😆
ပူလောင်တာကမကောင်းပါဘူးလေ...အေးမြတာဘဲကောင်းပါတယ်...