စိတ်ကူးပေါက်ရာ
”ဆောင်းအကုန် နွေအကူး
လေးရူးမြူးမြူးလေးကို ခံစားရှူရှိုက်ရင်း
ပြတင်းပေါက်က ဖြာအကျ
နီဖျော့ဖျော့ ရောင်နီအောက်မှာ
အတွေးများစွာနှင့် လေဟုန်စီးရင်း
နှလုံးသားနဲ့ရေးရမလား?
ဦးနှောက်နဲ့ရေးရတာကောင်းမလား?
စကားလုံးတစ်လုံးကျလာဖို့
စဉ်းစားနေရတဲ့ ခေါင်းဟာလည်း
ရေလောင်းလို့မငြိမ်း
မီးသာလျှင်တောက်စေခဲ့လေပြီ......။
ဟင်း.......မလွယ်ပါ့လား Steemit ရယ်”
ငါ ဒီနေ့ မန့်ရမှာပါ့လား.....။စဉ်းစားစမ်း...
စဉ်းစားစမ်း.....။ဘယ်လိုပုံစံမျိုးလေးရေး
လိုက်ရပါ့မလဲ....။ပြတင်းပေါက် ရှေ့လေးမှာ
ထိုင်နေရင်း....ကဗျာပုံစံလေး ရေးရမလား...
ဆောင်းပါးပုံစံရေးရမလား....။တွေးတောနေရင်း....မနက်ခင်းရဲ့ အလင်းတောက်တောက်
ရောင်နီအောက်မှာ ချစ်ကြိုးယှက်နွယ် လေရူး
လေးတွေကို တဝကြီးရှူရှိုက်ရင်း တဖျောဖျော
ကြွေကျနေတဲ့ သစ်ရွက်ခြောက်လေးတွေကို
ကဗျာဆန်ဆန်...နှလုံးသားလေနဲ့ ခံစားကာ...
ဟာ... ဟုတ်ပြီ...အခုချိန်က နွေရာသီကို ကူး
ပြောင်းတော့မယ်ဆိုတော့ နွေဦးရာသီရဲ့ လေရူးလေးအကြောင်း လေးရေးမယ်.....။
နွေရာသီ အကြောင်း.....လေပွေလေရူးလေး
တွေအကြောင်း.....စဉ်းစားစမ်း....ဘယ်ကစ
ရေးလိုက်ရပါ့မလဲ.......။နွေရာသီမှာ ပွင့်တဲ့
ပန်းလေးတွေကစရေးမယ်....။
အင်း....နွေရာသီမှာ လက်ပံပွင့်၊ ပြီးတော့
ပေါက်ပန်းပွင့် နီနီလေးတွေလဲပွင့်တယ်ဟ....။
ဆောင်းပါး အစလေးမှာ ဆွဲဆောင်မှု့ရှိရှိလေး
ရေးရမယ် ဆိုတော့.....
ဟာ....ဟုတ်ပီ....ကဲ.....စရေးပြီကွာ.....
”လက်ပံပွင့်ချိန် ခွေးရူးချိန်” ဟာ...ဟုတ်သေးပါဘူး.......။ပန်းလေးတွေနဲ့ ပါတ်သတ်တဲ့
စကားလုံးလှလှလေးတွေ... စဉ်းစားစမ်း.....
စဉ်းစားစမ်း....။အချိန်သာ ကုန်သွားတယ်
ရေးစရာ စကားလုံးက တစ်လုံးမျှကျမလာ....။
စိတ်ညစ်ညစ်နဲ့ ဖုန်းလေးကိုပိတ် မျက်လွှာလေး
ကိုမှိတ်....ဝေခွဲမရတဲ့စိတ်တွေနဲ့...ငါဘယ်လို
ပုံစံလေးရေးပြီး တင်လိုက်ရပါ့မလဲ.........။
ဟင်......မဖြစ်သေးပါဘူး.....စဉ်းစားအုံးမှ
.........မျက်လွှာလေးကို ဖွင့်ကြည့်လိုက်တဲ့
အခိုက်.....ဒိုင်းဆို.....ကောင်းကင်ပြာပြာ
ကြီးပေါ်က စကားလုံးလှလှလေးတွေ ကျွန်
တော့ နှလုံးသားထဲ သို့ ကျဆင်းလာ......
"Eyes are the window of heart"
”မျက်လုံးတွေဟာ နှလုံးသားရဲ့ တံခါးပေါက်
တဲ့”......သိပ်မှန်တာပဲဗျာ.............။
ဟင်.....စဉ်းစားမရတဲ့ နွေရာသီ ရဲ့အ
ကြောင်းတော့ မရေးတော့ဘူး..........။
မိုးကောင်းကင် ပြာပြာကြီး အကြောင်းကိုပဲ
နှလုံးသားလေးနဲ့ ခံစား လက်ဖျားကကျဆင်း
လာတဲ့ စကားလုံးလေးတွေကိုပဲ ချရေးလိုက်
တော့မယ်...........။
ကောင်းကင်ပြာပြာကြီးရဲ့ အလှတရားဆိုတော့
”ကောင်းကင်ပြာကို ဘယ်သူများ ဆေးရောင်
ခြယ်........” ဟင်....ဒါလဲ မဟုတ်သေးပါ
ဘူး.....သီချင်ကြီးဟ........။စဉ်းစားစမ်း
......စဉ်းစားစမ်း......။မိုးကောင်းကင်ကြီး
အကြောင်းရေးထားတဲ့ စာအုပ်တွေကလဲ များ
များစားစား မဖတ်ဖူးနဲ့.......ဆွဲဆောင်မှု့ ရှိ
ရှိလေးရေးဖို့ စကားလုံးလှလှလေးတွေက ထွက်
မလာ.......။ဟင်း......စကားလုံးတစ်လုံးမျှ ကျလာဖို့အရေး မလွယ်ပါ့လား...။
နောက်ဆုံးတော့.......မထူးတော့ပါဘူး ဘာမှ
စဉ်းစားမရအတူတူတော့.......ဘာမှစဉ်းစား
မရတဲ့ အကြောင်းကိုပဲ ရေးလိုက်တော့မယ်....
.....................။
MSC: 078
Writer:@htetlinaungg
Photo credit google
ဒါလဲဖြစ်တာပါဘဲ
အင်… အာ့ဆို နွေဦးမှာ ဇီးယို စားဖို့လိုနေပီ
တကယ်ပဲလိုနေလားမသိပါဘူးဗျာ
ရေးဖို့ တွေးနေရင်းကို စာတပုဒ်ဖြစ်နေပြီ
ဟုတ်လား.......စာတပုတ်ဖြစ်သွားတာတောင်မသိလိုက်ဘူး
လွယ်တော့မလွယ်ဘူး
ဉာဏ်ကူရတာပေါ့ အဲ့လိုလား bro 😀😀😀
စာဖတ်အားလဲ လိုတာပေါ့ bro
ရေမယ်ြံရင် ဘာကောက်ရေးရမှန်းမသိဘူး
လွယ်တော့မလွယ်ဘူး ရေးတတ်ရတာပေါ့
ဟုတ်
ရူးချင်ချင် ဖြစ်သွားတယ်
ဒါလည်း ပိုစ့်ဖြစ်သွားတာပဲပေါ့ဗျာ
ဖြစ်တော့ ဖြစ်သွားတာပဲ ဘာpost မှန်တော့ ကိုယ်ကိုယ်တိုင်တောင်မသိလိုက်ဘူး ဘုန်းဘုန်းရေ
တွေးမိတွေးရာရေးမီရေးရာ စဉ်းစာမိတာအကုန်သာချရေးပေတော့
ဟုတ်
တည့်ရာဖြတ် ပေါက်ရာထွက်ပိုစ့်ဟ..good ထဟေ့
Good တယ်လား ထင်ရဘူးနော် bro
တွေးရင်းပို့စ် တခုရတယ် အကြံကောင်းပါ့bro
ဟုတ်ပ bro ရေ
မြင်တာတွေ့တာရေးပါ
ဟုတ်
ဇီးချဉ်သီးများ ရှားပါးပြီ မမရေ့
စားဖို့လိုပြီထင်တယ်
ရေးကျငိ့မရှိရင်အတော်လေးခက်တယ်ဗျာ
စဉ်းစားစမ်း...ဘာမန့်ရင်ကောင်းမလဲ..နောက်ဆုံးတော့.......မထူးတော့ပါဘူး ဘာမှ
စဉ်းစားမရအတူတူတော့.......ဘာမှစဉ်းစားမရတဲ့ အကြောင်းကိုပဲမန့်လိုက်တော့မယ်....
စဉ်းစားမရတာနဲ့ပဲ တပုဒ်ရသွားပီ...
ဟင် ဖတ်ပြီလို့ ဘာမန့်ရမှန်း မသိတာနဲ့ ဘာမှမသိတာဘဲ မန့်သွားတော့တယ် ဟဲ
Good
ကောင်းပကွာ Rolling writing သဘောသက်ရောက်တယ်
ဟုတ် ကျေးကျေး