Steemit မှ သူငယ်ချင်းအားလုံး မင်္ဂလာပါခင်ဗျာ ။ ကျွန်တော် ဒီတစ်ပတ်ရေးသားမယ့် အကြောင်းအရာလေးကတော့ မိမိဟာ မကောင်း တဲ့သူ ယုတ်ညံ့နဲ့ ပေါင်းသင်းမိရင် ထိုသူထံမှ ကံမကောင်းမှူတွေ မိမိထံသို့ ကူးစက်ရောက်ရှိလာတတ်တယ် ဆိုတဲ့အကြောင်းအရာလေးပါ ။ ကျွန်တော်ငယ်ငယ်တည်းက ကြားဖူးနေကြပြီးသား စကားပုံလေးဖြစ်တဲ့ " ကံသာလျှင် အမိ ကံသာလျှင်အဖ " ဆိုတဲ့ကားကို ပြစ်ပယ်ထားလို့မရပါဘူး ။ ဒါပေမယ့် အဲ့ဒီစကားပုံနှင့်ပြိုင်ကာ"အသက်ကို ညဏ်စောင့်တယ် " ဆိုတဲ့စကား ပုံလည်း ရှိပါသေးတယ် ။ "အသက်ကို ညဏ်စောင့်တယ် " ဆိုပေမယ့်လည်း အသက်ရှင် နေထိုင်စဉ်အတွင်းမှာ မကောင်းမှုတွေကို ရှောင်ရှား ကောင်းမှုတွေကို ပြုလုပ်ပြီး ညဏ်နှင့်ယှဉ်ကာ မိမိနှင့် ပေါင်းသင်းဆက်ဆံ နေထိုင်ဖို့ ပတ်ဝန်းကျင်ကောင်း မိတ်ဆွေကောင်း ဆရာသမားကောင်းတို့နှင့် ဆီးကပ်ပူဇော် ပေါင်းသင်းနေထိုင်ရမှာပါ ။ "ဆရာမကောင်း တပည့်တစ်
သောင်း အပယ်သွား၏" ဆိုတဲ့စကားပုံလည်းရှိပါသေးတယ် ။
ဥပမာတစ်ခု ပြရမယ်ဆိုရင်တော့ ဂေါဓမ္မဘုရားရှင်
လက်ထက်တော် အခါက အဇာတသတ်ကို ပြရမှာပါ ။ အဇာတသတ်ဟာ ရဟန္တာဖြစ်ဖို့ ကုသိုလ်ကံ သမာဓိ ပါပါလျှက်နဲ့ မကောင်းတဲ့ဆရာနဲ့ ပေါင်းမိလို့ လမ်းမှားသို့ရောက်သွားခဲ့ရပါတယ် ။ သူ့၏ဆရာ ဒေဝဒတ် ကြောင့် သူ၏ဖခင်ကိုတောင် ပြန်ပြီး သတ်တဲ့အထိ အမိုက်မဲဆုံးဖြစ်ခဲ့ပါတယ် ။ ဒါကြောင့်အပေါ်မှာ ပြောခဲ့တဲ့အတိုင်းပါပဲ မကောင်းတဲ့သူနဲ့ ပေါင်းရင် ထိုသူဆီကနေ မကောင်းတဲ့ အကျင့်စာရိတ္တ ၊ ပညာတွေနဲ့ ထိုသူရဲ့ ယုတ်နိမ့်နေတဲ့ ကုသိုလ် ကံတွေ မိမိဆီကို ကူးစက်လာတာပါပဲ ။ ဒါကြောင့် လူ့ဘဝမှာ ဆရာကောင်းသမားကောင်းနဲ့တွေ့ဖို့ကလည်း အန်မတန် အရေးကြီးပါတယ် ။ယုတ်နိမ့်သူ နဲ့ပေါင်းမိရင် မိမိသည်လည်း ဘေးဒုက္ခ္ခတွေကြုံတွေ့ရတတ် ပါတယ် ။ တစ်ချို့သူတွေကတော့ သာမာန်ယုတ်နိမ့်ကြရုံမဟုတ်ပဲ မကောင်းအကုသိုလ် ကံလဲကြီးကြပါတယ် ။
မိတ်ဆွေ အပေါင်းအသင်းတွေ ဆိုရင်လည်း မိမိ
နှင့်ဝါသနာတူ သူ့ဘက်ကို့ဘက်ကြည့်ပြီး စနာတတ်တဲ့သူများကို ပေါင်းသင်းနေထိုင်ကြရမှာပါ ။ မတတ်သာလို့ ပေါင်းသင်းကြရမယ်ဆိုရင်လည်း လူပေါင်းစိတ်ခွာ ပေါင်းသင်းတတ်ရင် မိမိအတွက် အကောင်းဆုံးဖြစ်မှာပါ ။ စိတ်ထားယုတ်ညံ့ပြီး ကိုယ့်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေအပေါ်ကို စာနာ စိတ်မရှိ သူတွေကို အချိန်ကြာကြာ ပေါင်းသင်းမိရင် မိမိလည်း ထိုသူထံမှ ကူးစက်လာနိုင်ပါတယ် ။ ဒါ့အပြင် အကုသိုလ်ကြီးပြီး ကံမွဲတဲ့သူတွေကို တရင်းတနှီးမိမိရဲ့ မိတ်ဆွေသဖွယ် ကလေးတွေကိုဆိုရင် မိမိရဲ့သားသမီးသဖွယ် စိတ်
ထဲထည့်ပြီး ပေါင်းသင်းမိရင်တော့ အကုသိုလ်တွေ ကူးစက်
လာမယ်ဆိုတာ ကျိန်းသေသလောက်ပါပဲ ။ သူတပါးထမ်းပိုးနေတဲ့ အပြစ် အကုသိုလ်ဆိုး ဝန်ထုပ်ဝန်ပိုးကို ကူညီပြီး ဝိုင်းဝန်းထမ်းပေးရင်တော့ မိမိရဲ့ ပခုံး ပေါ် ကို လည်း ထိုဝန်ထုပ်ရဲ့ အလေးက ကျရောက်လာမယ်ဆိုတာ ကျိန်းသေ နေပါတယ် ။ ဒါကြောင့် အဲ့ဒီလို ဝန်ထုပ်ထမ်းရမယ့် အဖြစ်မျိုးကို ရှောင်ရှားသင့်ပါတယ် ။
(လူသား အချင်းချင်း အဆင့်အတန်းခွဲခြား ပေါင်း
သင်းဆက်ဆံဖို့ကို မရည်ရွယ်ပါဘူးခင်ဗျာ ၊ ဒါပေမယ့်လည်း အဆင့်အတန်းဆိုတာ ခွဲသင့်လာရင်တော့ ခွဲရစမြဲပါ )
ကျွန်တော့်ရဲ့ ကြားဖူးနားဝပုံပြင်လေးတစ်ပုဒ်နဲ့ ဥပမာပေးတင်ပြချင်ပါတယ် ။
ဟိုးရှေ့စဉ်အခါက ဗာရာဏသီပြည်ပြီး တစ်ခုမှာ စေနာ သဒ္ဓါတရားနဲ့ ပြည့်စုံပြီး စိတ်ထားမွန်မြတ်တဲ့ သူဋ္ဌေးသူကြွယ် လင်မယားနှစ်ဦးရှိကြတယ် ။ အဲ့ဒီကုန်သည် လင်မယားက ရွက်လှေသန်မန်တွေနဲ့ မြစ်ကို ကူးပြီး တစ်မြို့နဲ့တစ်မြို့ ရေလမ်းခရီးနဲ့ ကုန်ရောင်းကုန်ဝယ် လုပ်ကြတာပါ ။အဲ့ဒီလို ကူးသန်းရောင်းဝယ် လုပ်နေရင်း တစ်နေ့မြစ်ဆိပ်ကမ်း တစ်နေရာမှာလာရောက် စွန့်ပြစ်ထားတဲ့ ကလေးတစ်ဦးကို တွေ့မြင်ခဲ့ကြပါတယ် ။ သူဋ္ဌေးလင်မယားဟာ ဟိုးအရင်တည်းက စိတ်ကောင်းစေတနာကောင်းနဲ့ မွန်မြတ်တဲ့စိတ်ထားရှိသူတွေဖြစ်တာကြောင့် သနားဂရူဏာပိုမိပြီးတော့ ငိုကြွေးဆာ လောင်နေတဲ့ လေးငယ်လေးကို ကောက်ယူမွေးစားထားလိုက်ကြပါတယ် ။
အဲ့ဒီလိုနဲ့ သူတို့မွေးစားထားတဲ့ကလေးဟာ အရွယ်ရောက်လာတဲ့အချိန်မှာ သူတို့ရဲ့သားလေးကို အလိုလိုက်လွန်းပြီး မဆဲရက် မဆိုရက် မရိုက်ရက် ဖြစ်နေပါတယ် ။ အတတ်ပညာကိုလည်း ကောင်းစွာမသင် အပေါင်းအသင်းတွေနဲ့စုပြီး အပျော်အပါး အစားအသောက်တွေ တတ်လာပါတယ် ။ သူတို့သားလေး အသက်ရွယ်ရောက်လာလေလေ မိဘအပေါ်ကိုဆိုးလေလေဖြစ်လာခဲ့ပါတယ် ။ မိဘရဲ့ ပစ္စဥစ္စာတွေကို တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ဖြုန်းတတ်လာခဲ့တယ် ။ သူလိုချင်တာမရရင် မိဘအပေါ်ကို ဆဲတယ် ၊ ဆိုတယ် မိဘတွေ အသက်အိုမင်းလာတဲ့အခါ မိဘတွေကို ကိုယ်ထိလက်ရောက်စော်ကားတဲ့အထိတောင် ဆိုးသွမ်းလာခဲ့တယ် ။
သူဋ္ဌေးကြီးလင်မယားဟာ သူတို့ရဲ့ သားသမီးအ
ရင်းတွေကိုထက်တောင် အဲ့ဒီကလေးကို အသနားပိုပြီး ချစ်တာကြောင့် ပိုပြီးအလိုလိုက် ပိုပြီးတော့ ပစ္စည်း ဥစ္စာတွေပေးပါတယ် ။ အဲ့ဒီ ကလေးဟာ ဆိုးသွမ်းလွန်းတာကြောင့် ပစ္စည်းဥစ္စာတွေပေးရုံမက ရန်ဖြစ်စကားများတာပြသနာကြီးငယ် ကအစ လိုက်လံဖြေရှင်းပေးနေရပါတယ် ။ အဲ့ဒီလို သုံးဖြုန်းဆိုးသွမ်းနေတာကြာလာတော့ သူဋ္ဌေးကြီးတို့လင်မယားရဲ့ ချမ်းသာကြွယ်ဝမှုတွေဟာ ကုန်ခမ်းသွားပါတယ် ။ အဲ့ဒီအခါ သူဋ္ဌေးကြီးတို့လင်မယားကို ရိုက်နှက် ဆဲဆိုမှုတွေလုပ် မိမိလိုချင်တဲ့ ပိုက်ဆံတွေ မရတာကြောင့် သူတပါးတွေဆီကနေ ခိုးယူလူယက်မှုတွေ ကြူးလွန်လာပါတယ် ။ အဲ့ဒီလို
ဆိုးသွမ်းနေတာ အချိန်ကြာလာတဲ့အခါ သူဋ္ဌေးကြီးလင်မယားနဲ့ သားဆိုးတို့ပါ မင်းပြစ်မင်းဒဏ်သင့်ပြီး ဆုံးပါးခဲ့ရရှာပါတယ် ။
အဲ့ဒါကြာင့် " လူမှာအမျိုး ကြက်မှာအရိုးဆိုတဲ့စကားပုံအတိုင်း " သားသမီးမွေးစား ကြမယ်ဆိုရင်လည်း အဲ့ဒီကလေးရဲ့ မိဘဆွေမျိုးတွေရဲ့ မျိုးရိုးဗီဇကိုလေ့လာဆန်းစစ်ပြီးမှ မွေးစားသင့်ပါတယ် ။
ဒါကြောင့် ကျွန်တော်တို့ အသက်ရှင်သန်နေထိုင်နေရတဲ့ လောကကြီးမှာ မိတ်ဆွေကောင်း ၊ ဆရာကောင်း သမားကောင်း တွေနဲ့ ပတ်ဝန်းကျင်ကောင်းကိုရှာဖွေကြရမှာပါ ။ အဲ့ဒါမှ ဒီဘဝတင်မက နောင်သံသရာအထိပါ သွားရတဲ့လမ်းကလေးက ဖြောင့်တန်းနေမှာ
ဖြစ်ပါတယ် ။
ဆက်လက်ကြိုးစား ရေးသားပါအုံးမည် ။
MSC -056
Photo Credit- facebook & Google
25/1/2018
ဟုတ်ပါတယ် အမှိုက်တွေနဲ့ နေပါများရင် ကိုယ်ပါအမှိုက်စော်နံလာတတ်ပါတယ်
ဟုတ်ပါတယ် Broရေ။
သာဓက လေးတွေဖတ်ရတာ ဗဟုသုတ ရပါတယ်
ချို ရှိသော သတ္တ၀ါ ကို အတောင် တစ်ရာမှ ရှောင်ရာ၏....
ဆိုးသွမ်းသောဆင်ရှိုင်းကို အတောင် တစ်ထောင် အကွာအဝေးမှ ရှောင်ရာ၏.. ..
လူမိုက်ကိုကား နေရပ်ကိုစွန့်၍ ရှောင်ရာ၏.. ...တဲ့
အရမ်းကောင်းတဲ့ post ပါ
ဟုတ်ကဲ့ ကျေးဇူးပါ အစ်ကို ။့ဘဝမှာလည်း ကာလဒေသ နဲ့ ပတ်ဝန်းကျင် က အရမ်းကို အရေကြီးပါတယ်။
အဲဒါကြောင့် တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုး ဖြစ်နေကြတာပါ အစ်ကိုရေ စာလုံးတွေကို သေချာ space သေချာ ခြားကြည့်ပါလား စာလုံးအသေးအကြီးမဖြစ်တော့ဘူးပေါ့
ဟုတ်ပါတယ် အစ်ကို ။ အကြံပြုခက်ပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျ။ 😊
ဆရာကောင်းတပည့် ပန်းကောင်းပန်းရတာပေါ့
ဆရာမကောင်းရင် ဆရာထက် တပည့်လက်စောင်းထက်ဆိုတာကြီးက မဟုတ်တဲ့ဘက်မှာ လက်စောင်းထက်နေစေမှာပါ။ လူတစ်ဦးမှာ မိတ်ဆွေကောင်းများစွာရှိရင် အဲ့ဒီလူ ချမ်းသာပြီပေါ့ဗျာ ဟုတ်ဘူးလား👏👏👏
ဟုတ်ပါတယ် ကိုမိုး။ မိတ်ဆွေကောင်း တစ်ယောက်ဟာ မကောင်းတဲ့မိတ်ဆွေ အမျာကြီးနဲ့ တာင် လဲ့မရနိုင်ပါဘူး။
ဥပမာလေးတွေနဲ့ နှိုင်းပြသွားတာ အရမ်းကောင်းပါတယ်
ကျေးဇူးပါအစ်ကို ။
ဆောင်းပါးလေးအတွက်ကျေးဇူးတင်ပါတယ်ဗျ
ဟုတ်ကဲ့ ကျးဇူး Bro။
ဆရာ တင်မှားလို့ကတော့ တသံသရာလုံး ငါးပါးမှောက်ရော
ကျိန်းသေပဲပေါ့အစ်ကိုရာ ။😁
အရမ်းကောင်းပါတဲ့ဆောင်းပါလေးပါ
ဟုတ်ကဲ့ ကျေးဇူးပါ Bro။
ကံသာလျှင် အမိ ကံသာလျှင် အဖဆိုပေမယ့် အဲဒီကံက မိမိလုပ်ရပ်ရဲ့အကျိုးဆက်ပါ ဒါကြောင့် တစ်ခုခုအဆင်မပြေတာရှိရင် ငါ ဘာမှားနေလဲပဲ စဉ်းစားပါတယ်
ဟုတ်ပါတယ် အစ်ကို။ ကံကိုယုံပြီး စူးပုံနင်းရင်တော့ ကိုယ်ပဲ စူးစူးရမှာပါ ။
ဟုတ်ပါတယ်ဗျာ
တံငါနားနီးတံငါမုဆိုးနားနီးမုဆိုးဆိုပေမယ်လည်း
မိမိကိုမိမိဘလိုလူမျိုးသိနေရင်ဖြင့်မိမိနဲ့သဟဇာတမဖြစ်နေရာကနေ
ရှောင်ရှားပြီးမိမိနဲ့အလိုက်ဖက်ဆုံးနေရာဒေသအသစ်တခုကိုရှာဖွေသင့်ပါကြောင်း
အမှန်ပါပဲ Broရေ။
ဆက်လက်အားပေးနေပါတယ်
ကျေးဇူးပါ အစ်ကို။
မိတ်ဆွေကောင်းမရှိလျှင် ချမ်းသာမှုမရနိုင်ပါဘူး
ချမ်းသာမှုမရှိလျှင် ကုသိုလ် မပြုလုပ်နိုင်ပါဘူး
ကုသိုလ်မရှိလျှင် နိဗ္ဗာန်မရနိုင်ပါခင်မျာ
ဟူတ်ပါတယ် အစ်ကို ။မိတ်ဆွေးကောင်း တစ်ယောက်ကို ။ မကောင်းတဲ့ မိတ်ဆွေ တွေအမျာကြီး နဲ့ တောင် လဲ လို့  မရနိုင်ပါ ။
ကျေးဇူးBro ။
ကျေးညီနောင်လိုပေါ့ကောင်းတဲ့နေရာမှာဆိုကောင်းတဲ့အရာတွေပဲရမာ မကောင်းတဲ့နေရာရောက်ရင်မကောင်းတာပဲရမှာဆျုတာ......
အမှိုက်ကြောင့်ရွှေဖြစ်တတ်သလို
အမှိုက်ကြောင့်ပဲသာယာ သောအိမ်လေးမှာရှုပ်တတ်တယ်
ဟုတ်ပါတယ် အစ်ကို ။ ပတ်ဝန်းကျင်မှာ ရော ဘဝမှာပါ မလိုအပ်တဲ့သူ မလိုအပ်တဲ့အရာတွေကိုကြိုတင် ရှောင်ကြင်ဖယ်ရှား ထားမှ တော်ကာကျပါတယ် ။
အပေါင်းကြောင့်ဂုဏ်တက်သလို
အပေါင်းကြောင့်ပဲဂုဏ်ပျက်ပါတယ်
အမှန်ပါပဲ Bro ရေ။
တံငါနားနီးတံငါ မုတ်ဆိုးနားနီးမုတ်ဆိုးစကားပုံအတိုင်းပေါ့ဗျာ
လူ တစ်ယောက် ကောင်းမွန်စွာကြီးပြင်ပြီး အောင်မြင့် ပန်ဝန်းကျင်ကောင်းကလဲ အင်မတန် အရေကြီးပါတယ် အစ်ကို။
ခုခေတ်က တကယ်အဲ့လိုပေါင်းမှားတာနဲ့ ပျက်စီးမယ့်ခေတ်
ဟုတ်ပါတယ် အစ် ကို ရေ။
တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုး
ပတ်ဝန်းကျင်က အဓိကပါပဲ။
ပျော်ရာမှာထက် ကိုယ်နဲ့အကျိုးရှိရာမှာနေတာက အကောင်းဆုံးပါ
ကောင်းတယ်ဟေး ။ အားပေးနေမဟ်။
ကျေးဇူးပါ အစ်ကို ။