ထိုင်းအစားအစာတစ်မျိုးဖြစ်တဲ့ ကွတ်တီယို ချက်စားကြမယ်

in #myanmar7 years ago (edited)

မင်္ဂလာပါ မြန်မာ steemit မိသားစုဝင်အပေါင်းတို့ ခင်ဗျား
ကျွန်တော့်အနေဖြင့် ယခုတပါတ် မှာ ထိုင်းနိုင်ငံတွင် လူအများ
ကြိုက်နှစ်သက်ကြပီး မိမိတို့ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်
ချက်ပြူတ်စားသောက်ရန်လည်း အရမ်းလွယ်ကူလှတဲ့ ကွတ်တီယို
ပြူလုပ်နည်း အနည်းငယ် ဝေမျှ သွားမည်ဖြစ်ပါသည်....

IMG_20180312_134221.png

ပထမဦးစွာ လိုအပ်သော ပစ္စည်းများကို ဖော်ပြပေးသွားပါမည်
၁.ကြိတ်ခေါက်ဆွဲ အစို သို့မဟုတ် အခြောက် ၅၀ကျပ်သား
၂.၀က်နံရိုး သို့မဟုတ် အမဲရိုး ၄၀ ကျပ်သား
၃.၀က်သားလုံး သို့မဟုတ် ကြက်သားလုံး တစ်ထုတ်
၎.၀က်သားပြူတ်ကြော် ၂၅ ကျပ်သား
၅.အနေတော်ပုဇွန်ကြော် ၂၅ကျပ်သား
၆.ပဲပင်ချို ၃၅ကျပ်သား
၇.ကြက်သွန်မိတ်နှင့် နနံပင်

ချက်ပြူတ် ပြင်ဆင်ရန်

IMG_20180312_134138.png

ပထမဦးဆုံး ရေနွေးကို လူငါးဦးခန့်စာ ဒန်အိုးဖြင့် ရေကို ပွက်ပွက်
ဆူအောင်ကြိုထားပါ ရေနွေးဆူလာလျှင် ခုထစ်ထားပီးသာ
အရန်သင့် ၀က်ရိုး သို့မဟုတ် အမဲရိုးများအား ရေစင်အောင်စစ်၍
ထည့်ပြူတ်ပါ မိနစ်သုံးဆယ်ခန့် ကြာလာလျှင် ၀က်သားလုံး
သို့မဟုတ် ကြက်သားလုံးများအား ရေနွေးအိုးထဲသို့
ရောထည့်ကာပြူတ်ပီးလျှင် မိမိမှာ ကြာညို့ကြိုက်တက်သူဖြစ်ပါက ကြာညို့စားပွဲတင်ဇွန်း နှစ်ဇွန်းခန့်ဖည့်၍ ပြူတ်ပါ သို့မဟုတ်
ကြာညို့မကြိုက်ပါက ဘာမှထပ်ထည့်စရာမလိုပေ

IMG_20180312_134159.png

ထို့နောက် ကြိတ်ခေါက်ဆွဲအား ပွတ်ပွတ်ဆူနေသော
ရေနွေးအိုးသို့ ၄၅စက္ကန့်မျှ ထည့်ပြူတ်ခါ ကိုယ်စားမည့်
ပုကန်ထဲသို့ဆယ်ပီးပါက ပပင်ချိုအား လိုသလောက်ထည့်ခါ
၁၀စက္ကန့်မျှ ရေနွေးအိုးမှာပြူတ်
ပီးလျှင် ကြော်ထားသော ပုဇွန် သုံးကောင်မျှထည့် ပီးလျှင်
ဝက်သားကြော်အားလပါးပါးကလေးလှီးကာ လိုသလောက်
ထည့်ပီးပါက ကြက်သွန်မိတ်နှင့် နနံပင်အားလိုသလောက်
ထည့်ကာ ဆား အချိုမှုန့် ငရုပ်သီးမှုန့် သံပုရာသီးများအား မိမိလိုသလိုပြင်ဆင်ကာ မိသားစုနှင့်ဖြစ်စေ မိတ်ဆွေ အပေါင်းသင်း
သူငယ်ချင်းများနှင့်ဖြစ်စေ ပျော်ပျော်ပါးပါးချက်ပြုတ်စားရ
လွယ်ပါသည် ကွတ်တီယိုမှာ ထိုင်းနိုင်ငံတွင် လူကြိုက်များသော အစားအစာ တစ်ခုဖြစ်သောကြောင့် ထိုင်နိုင်ငံ
ဘန်ကောက်မြို့တွင် ကွတ်တီယိုဆိုင်များပေါများလှပေသည်
တချို့မှာလည်း တခါတရံ ကျွုန်ပ်ပြောသလို ၀ိုင်းဝန်းစုဖွဲကာ
တပျော်တပါး ချက်ပြူတ်စားသောက်ကြပီး ခရီးသွားဧသည့်သည်
များမှလည်း ကြိုက်နှစ်သက်သောကြောင့် ကွတ်တီယို ဆိုင်များမှာ
စီးပွားဖြစ်ထွန်းလျှက် ရှိပါကြောင်း တင်ပြလိုက်ရပါသည်ခင်ဗျားး

Post writer :ThiHaKo(@gelatofresco)
Credit : google image
MSC - 019

Sort:  

လုပ်စားအုံးမယ် ကိုသားအေးရေ
အရသာရှိမှာပဲ ရှလွတ်

ကျေးဇူးပါကိလွမ်း လပ်စားပါလို့

ကွေ့တယို ချဉ်စပ် အရမ်းကြိုက် တယ် .. ချက်စားဦးမယ်
ချက်နည်းပေးတာ ကျေးဇူးပါဘဲ

ဟုတ်ကဲ့အန်တီနန်းတကယ်လွယ်ကူပါတယ်ခင်ဗျ

ထိုင်းမှာအ​နေကြာ​တော့ထိုင်းအစားအစာချက်​နည်း​တော်​​တော်​နားလည်​​နေပီ​ပေါ့​နော့....

သိပ်တော့နားမလည်ဘဲးဒါပေမယ့်လွယ်ပါတယ်ကြည့်ထားတာလေ

သုပ်‌စားလို့လည်း ရတယ်‌မို့လား ကို သာ‌အေး။

ရတယ်ဗျတူတူဘဲလုပ်နည်းက

လုပ်​စာကြည်​ဦးမယ်​ စားစရာများ တင်​ပြ​ပေးလို လုပ်​စားနည်​​လေး ရတာ ​ကျေးဇူးပါ

တကယ်လုပ်စားရတာလည်းလွယ်ကူပါတယ်

ပိတ်ရက်မှာ ချက်စားအူးမှပါ

တကယ်ချက်စားဖြစ်အောင်ချက်စားပါလွယ်ပါတယ်

အပြင်မှာတော့ ဝယ်စားဖူးတယ် သူကြိုက်တဲ့ အစားစာတွေထဲမှာ ကွတ်တီယို လည်းပါတယ် အချိန်ရမှ ကိုသားအေးနည်းတိုင်း ချက်ကြွေးအူးမေ

လုပ်​စားဦးမှပါ ပါဝင်​ပစ္စည်း​တွေကလည်း လွယ်​လွယ်​ကူကူဝယ်​လို့ရ​တော့အဆင်​​ပြေတာ​ပေါ့

ဟုတ်တယ်ကိုလင်း တကယ်လုပ်စားကြည့်ပါ

လုပ်​စားအုံးမှဘဲ​လေ

တကယ်လုပ်စားနော်ကိုလင်း

ကွတ်တီယိုတဲ့ လုပ်စားဦးမယ်

ဟုတ်ကဲ့ ကျနော်ကိုလည်းကျွေးပါ

ကဲ ပြန်​လာရင်​ ပခုက္ကူမှာ ထိုင်းအစားအစာ
ရောင်း​ကြ​အောင်​ဗျာ

စဉ်းစားနေတာ ကဖီးနဲ့တွဲဖွင့်ရမလားလို့လေ

ပြန်လာရင် လုပ်ကျွေးပါလားဗျာ

ဟီးးးးလုပ်ကျွေးပါ့မယ်ဗျာ

ကွတ်​တီယိုချက်​စားမယ်​..။

ဟုတယါ ချက်စားမယ်

အေးပေါ့ ညည်းကတော့အချက်အပြုတ်ကျွမ်းမယ့်သဘောဘဲ

အယ်လယ် ဒီလိုဘဲလေ

လုပ်စားမေလေ ပီး ပုံပို့ပေးမေ သိလား😁😁

ဟားးးသဘောကျသွားပီကြည်ရေ

စားတော့စားချင်တယ် ၀က်သားမစားတော့ခက်တယ်

ဝက်သားမစား ကြက်ရိုးတို့အမဲရိုးတို့လုပ်စားပါ

ကြတ္တီယို ကြိုက်တယ်

ကောင်းတယ်ဟီးးးးး

မန့်တွေပြည့်လို့  မမန့် ဘဲနေမလို့  ဒါမယ့် ကိုကြိုက်တဲ့အစားအစာဖြစ်နေတော့ မန်ါပီလေ ကိုသာအေးရေ

ဟုတ်တယ်ကျနော်ဆိုအရမ်းကြိုက်တာ

သွားရည်ကျလာဘီခွယ်

ကိုယ်တိုင်လုပ်စားကြည့်ပါမပိုး

ကွေ့ တီယို လို့ ခေါ်တာလားလို့ 

ထိုင်းလူမျိုးမဟုတ်သောကြောင့် အတိအကျမသိပါ ဗမာစာနှင့် ဖော်ပြရသောကြောင့်အနည်းငယ်ကွဲလွဲမှု့ရှိနိုင်ပါသည်ခင်ဗျ

ကြိုက်​တယ်​ Thanks

ကျေးဇူးပါ

ချက်ကျွေးပါ

လာခဲ့အေချက်ကျွေးမယ် ဟီးးး