ကျွန်မဘ၀၏တစ်နေ့တာ (၁)

in #myanmar7 years ago (edited)

ကျမဘ၀ရဲ့တနေ့တာ

image

နေ့စဉ်ကိစ္စများထဲမှ ထူးမခြားနား ကျမရဲ့တနေ့တာ ကိစ္စအ၀၀ကို shareချင်ပါတယ်။ မနက်ခင်းရဲ့ရောင်ခြည်အောက်မှာ ကျမရဲ့ အဓိပ္ပါယ်​ ရှိလွန်းလှတဲ့ ဘ၀လေးစတင် အသက်ဝင်လှုပ်ရှားလာပါပြီ။ အိပ်ယာကထတာနဲ့ ကျမအအရင်ဆုံးလုပ်ဖြစ်တဲ့အရာက အိမ်နောက်ဖေးက ကန်ထဲကငါးလေးတွေကိုအစာကျွေးနေကြပေါ့။

image

ပြီးမှမျက်နှာမသစ်ခင် ရေတစ်ခွက်ခပ်ပြီး ဗုဒ္ဓဘုရားအားမျက်နှာသစ်တော်ရေအရင်ကပ်ပြီးမှ တပည့်တော်မအား မျက်နှာပွင့်ရေအဖြစ်စွန့်ပါဘုရား ပြီးမှအဲရေနဲ့မှမျက်နှာသစ်ဖြစ်တယ် သစ်နေတုန်းမှာလည်း ဤရေအေး ကျန်ုပ်အား မုန်းနေသူများလည်း ချစ်ခင်ပါစေ အရင်ပို့တယ် ပြီးမှ ချစ်သူခင်သူတွေကိုပို့တယ်။ ဒီနည်းလေးက ကျမကို အလုပ်မှာရော အပေါင်းအသင်းတွေနဲ့ရော အရမ်းကိုအဆင်ပြေစေတယ်လေ။ ပရိတ်သတ်ကြီးဒီနည်းလေးကိုလုပ်ကြည့်ဖို့တိုက်တွန်းပါတယ်

image

။နောက်တော့မေမေပြင်ဆင်ပေးတဲ့ မနက်စာအဖြစ် ထမင်းကြော် နဲ့ နွားနို့လေးတစ်ခွက်သောက်ဘုရားဝတ်ပြုပြီးတာနဲ့ ကျမစီးတော်မြင်းလေး scoopter လေးစီးပြီး မနက်ခင်းရဲ့ လတ်ဆတ်တဲ့လေနုအေးလေးကိုရှူရှိုက်ရင်း ကျမရဲ့ချစ်ရတဲ့ တပည့်လေးတွေရှိရာ အ.ထ.က(၅) ကျောင်းတော်ကြီးသို့ ဦးတည်ပြီး နည်းနည်းလေး အရှိန်တင် မောင်းနှင်လိုက်ပါတော့တယ်။

image

ကျမကြားဖူးတဲ့စကားတစ်ခွန်းရှ်တယ်။ အလုပ်ကိုနေမထွက်ခင် ရောက်တဲ့သူမှာ အလုပ်မှာအောင်မြင်တယ်တဲ့။ ကျောင်းကိုရောက်ရင်ဘဲ့ တံခါးလေးတွေဖွင့် စားပွဲပေါ်မှာ ရှင်းလင်းရေးလုပ် စာအုပ်တွေစီတယ်လေ။ နောက်တော့ ဘုရားပန်းအိုးလဲ ပန်းကပ်ပြီး သောက်တော်ရေလှဲ ဘုရားဝတ်ပြုပြီး တပည့်လေးတွေ အလိုက်တသိနဲ့ ကျမစားပွဲကို တင်ပေးထားတဲ့ နှင်းဆီပန်းလေးကို နားသယ်မှာ မြတ်မြတ်နိုးနိုး ပန်လိုက်တယ်။.
.
image
.
ကျွန်မဘ၀ရဲ့တစ်နေ့တာများကို
နောင်လာမဲ့postတွေမှာဆက်ရေးပါအုံးမယ်ရှင့်
:-) :-) :-)
ဆက်လက်ဖတ်ရှုအားပေးပါအုံးရှင် 😊😊😊

Credit :Google images

Sort:  

Woo ...
Perfect day Teacher.

ကျေးဇူးတင်ပါတယ်ရှင့် 😊😊😊