မည်သည့်အလုပ်ကိုမဆိုနည်းလမ်းတကျလုပ်ကိုင်ခြင်းသည်အကောင်းဆုံးဖြစ်သည်။"ဆရာမပြနည်းလမ်းမကျ"ဟူ၍သောစကားပင်ရှိသေးသည်မဟုတ်ပါတကား။နည်းစနစ်ကျစွာလုပ်ကိုင်တတ်ခြင်းသည် မည်သည့်အလုပ်ကိုမဆိုအချိန်ကုန်သက်သာစွာနှင့်လွယ်ကူ
လျင်မြန်စွာပြီးစီးနိုင်ပေသည်။
ထို့ကြောင့်နည်းလမ်းတကျ လုပ်ကိုင်ဆောင်ရွက်တတ်ရန်နည်းပေးလမ်းပြမည့်ဆရာသည်လိုအပ်လှပေသည်။
ထီးပြင်သမားမှအစနည်းလမ်းကျစွာလုပ်ကိုင်တတ်ရန် အလွန်အရေးကြီးလှပါသည်။မည်သည့်ပညာရပ်ကိုမဆို နည်းစနစ်ကျစွာလုပ်ကိုင်တတ်စေရန်အရေးကြီးသည်။
အပ်ပေါက်ထိုးသည်မှအစကျွမ်းကျင်မှူရှိမှသာလွယ်လွယ်ကူကူချောချောမွေ့မွေ့မြန်မြန်ဆန်ဆန်ပြီးစီးနိုင်လိမ့်မည်။ထို့ကြောင့်မည်သည့်အလုပ်ကိုမဆိုနည်းစနစ်တကျနှင့် အလေ့အကျင့်ဖြစ်စေရန်လိုအပ်လှပေသည်။
အလုပ်တိုင်းကိုအထင်မသေးသင့်လှချေ။ထီးပြင်သမား
လုပ်သည့်အလုပ်အား တခြားသူများမလုပ်တတ်ကြချေ။
ထို့ကြောင့်စနစ်တကျကျွမ်းကျင်စွာလုပ်ကိုင်တတ်စေရန်အတွက်ဆရာလိုအပ်ပေသည်။
ဆရာဟုဆိုရာ၌သက်ရှိထင်ရှားသင်ကြားပေးသည့်ဆရာများသာမကသင်ဆရာ၊ကြားစရာ၊မြင်စရာများလည်း ပါသည်။ထိုသင်ဆရာ၊မြင်ဆရာ၊ကြားဆရာများသည် စာအုပ်စာပေများ၊အင်တာနက်websiteများစသည်တို့အားဆိုလိုပါသည်။
လူတစ်ယောက်သည်မည်သည့်နယ်ပယ်၊မည်သည့်ပညာ
ရပ်မဆိုကျွမ်းကျင်စွာလုပ်ဆောင်တတ်စေရန်အမြဲလေ့
လာမပြတ်သင်ယူရပေမည်။မည်သည့်ပညာရပ်၌မဆို
ရလာဒ်ကောင်းများထွက်ပေါ်စေရန်ထိုနယ်ပယ်၏နည်းစနစ်ကောင်းများရှိနေပေသည်။
ထို့ပြင်နေ့စဉ်ပုံမှန်လုပ်ကိုင်နေသည့်အလေ့အကျင့်၊အကြိမ်ရေများစွာမိမိ၏နယ်ပယ်၌ထိတွေ့နေမှူစသည်
တို့သည်လည်းမိမိ၏ပညာရပ်အားပိုမိုကျွမ်းကျင်၍
တိုးတက်လာနိုင်ပါသည်။
ထို့ကြောင့်မိမိကျွမ်းကျင်အောင်မြင်လိုသည့်ပညာရပ်အား
ပုံမှန်နေ့စဉ်မပြတ်ထိတွေ့နေရန်လိုအပ်လှပေသည်။ဥပမာအားဖြင့်စာရေးသူသည်စာသင်ကြားခြင်းလုပ်ငန်း
ဖြင့်အသက်မွေးဝမ်းကြောင်းပြုနေသူတစ်ယောက်ဖြစ်သည်။စာသင်ကြားခြင်းလုပ်ငန်းအားအသက်၁၇နှစ်သမီး
အရွယ်မှစတင်၍လုပ်ကိုင်ခဲ့သူဖြစ်သည်။အလုပ်ကိုစတင်၍လုပ်ချိန်၌အထူးထုတ်ပေါင်းစုံကိုဖတ်ရှူ၍အိမ်၌တစ်ဦးတည်းမရှက်မကြောက်တတွတ်တွတ်ဖြင့်ပါးစပ်မှရေ
ရွတ်၍စာသင်ကျင့်ခဲ့ရသည်။
ယခုအချိန်တွင်မူထိုကဲ့သို့လေ့ကျင့်ရန်မလိုအပ်တော့ပေ။
အဘယ့်ကြောင့်ဆိုသည်နေ့စဉ်နေ့တိုင်းစာသင်သည့်အကြိမ်ရေလည်းများလာသည်။နေ့စဉ်အလေ့အကျင့်တစ်ခုကဲ့သို့ဖြစ်လာသောကြောင့်မည်သည့်စာအုပ်ကိုမှ
ပြန်လှန်၍ဖတ်ရှူ့စရာမလိုလောက်အောင်ပင်ကျွမ်းကျင်လာ၍ဖြစ်သည်။
ထို့ကြောင့်နေ့စဉ်အလေ့အကျင့်များစွာ၊အကြိမ်ရေများစွာ ထိတွေ့ခြင်းသည်မိမိလုပ်ငန်းအားကျွမ်းကျင်လာစေပါ
သည်။သို့သော်လည်းစာရေးသူသည်မိမိလုပ်ငန်းနှင့်ပတ်သတ်သောစာအုပ်စာပေများအားလေ့လာခြင်း၊Youtubeနှင့်အခြားwebsiteများ၌မိမိလုပ်ငန်းနှင့်
ဆက်စပ်သည့်အကြောင်းအရာများအားလေ့လာနေရဆဲ ပင်ဖြစ်ပါသည်။
စာရေးသူသည်မိမိလုပ်ငန်း၌အလေ့အကျင့်များ၍ကျွမ်းကျင်မူများရှိသော်လည်းတခြားနယ်ပယ်၌ပင်ကျွမ်းကျင် မှူမရှိသေးကြောင်းလက်တွေ့လေ့လာသိရှိရပါသည်။
အဖြစ်အပျက်ကလေးတစ်ခုကိုပြောပြချင်ပါသည်။စာရေး
သူသည်အရာရာကိုမိမိကိုယ်တိုင်လုပ်လျှင်ရပါသည်ဟု
စိတ်မျိုးရှိသည်။
ထိုကြောင့်မိမိဆံပင်အားကိုယ်တိုင်ဖြောင့်ရန်ဖြောင့်ဆေး
ဝယ်ယူ၍မိမိဆံပင်အားဖြောင့်ခဲ့သည်။မည်သည့်အလုပ်မဆိုနည်းစနစ်ကျနမှူသည်အရေးကြီးလှပေသည်။
ဆံပင်ဖြောင့်ဆေးသည်စာရေးသူ၏ငယ်ထိပ်ဆံပင်များ၌
ပုံ၍သွားခဲ့သည်။ထို့ကြောင့်ဖြောင့်ဆေးအားများအားရေ
ဖြင့်ဆေးပြီးသောအခါတွင်ဆံပင်များအရင်းမှပျက်ထွက်၍ငုတ်စိကလေးကျန်ခဲ့သည်။မကျွမ်းကျင်မှူနှင့်နည်းစနစ်မကျသောရလာဒ်တစ်ခုပင်ဖြစ်သည်။
ထို့ကြောင့်မည်သည့်အလုပ်ကိုမဆိုကျွမ်းကျင်မှူနှင့်နည်းစနစ်ကျနမှူသည်အရေးကြီးလှပေသည်။နည်းစနစ်ကျနမှူအတွက်သင်ယူမှူနှင့်လေ့လာမှူအားကောင်းရန်လိုအပ်လှပေသည်။
မည်သည့်ပညာရပ်၊လုပ်ငန်းကိုမဆိုသင်ယူနိုင်စွမ်းရှိရန်လည်းအရေးကြီးလှပေသည်။အခြေခံမှစ၍နားလည်တတ်ကျွမ်းစေရန်သင်ယူကြရပေမည်။ထိုသို့သင်ယူ
ရရှိသည့်သီအိုရီများအားလက်တွေ့နယ်ပယ်တွင်စနစ် တကျအသုံးချတတ်ရပေမည်။ထိုသို့စနစ်တကျအသုံးချမှ
သာနည်းစနစ်ကျနပြီးလုပ်ငန်းအောင်မြင်စေမည်ဖြစ်ပေ
သည်။
ထို့ကြောင့်မိမိ၏လုပ်ငန်းများအောင်မြင်တိုးတက်စေရန်
အတွက်လိုအပ်သောနည်းစနစ်များကိုလည်းသင်ယူရမည်။ထိုနည်းစနစ်များကိုလည်းလက်တွေ့နယ်ပယ်
တွင်အသုံးချခြင်းဖြင့်ကျွမ်းကျင်မှူရှိအောင်ကြိုးစားရပေ
မည်။
အကြိမ်ကြိမ်အဖန်ဖန်စနစ်တကျလုပ်ကိုင်ခြင်းဖြင့်လုပ်ငန်းလုပ်ကိုင်ရာတွင်ကျွမ်းကျင်မှူရှိလာပေမည်။ထိုအခါ
လွယ်ကူလျင်မြန်ချောမွေ့စွာဖြင့်လုပ်ငန်းများပြီးမြောက်၍
လုပ်ငန်းကိစ္စများအောင်မြင်လာပေလိမ့်မည်။
ထို့ကြောင့်မိမိတို့၏လုပ်ငန်းနယ်ပယ်၌အောင်မြင်လိုသူများသူသည်နည်းစနစ်ကျနမှူနှင့်ကျွမ်းကျင်မှူရှိရန်
ကြိုးစားသင့်လှပေသည်။
အိအိခိုင်ရေးသားသည်။
MSC No.173.
Credited from google images.
စနစ်တကျလေ့လာပြီး လုပ်မှ တော်ရုံလောက်ဖြစ်မှာ မအိရေ
ဟုတ်တယ်ကိုမြင့်ရေ
You got a 18.40% upvote from @brandonfrye courtesy of @myintlwinsoe!
Want to promote your posts too? Send a minimum of .10 SBD or Steem to @brandonfrye with link in the memo for an upvote on your post. You can also delegate to the bot for daily passive earnings. Learn more here
ဘာပဲလုပ်လုပ် plan လေးချပြီး စနစ်တကျလေးလုပ်နိုင်ရင် အမှားနည်းပြီး အကျိုးအမြတ်လည်း ပိုများလာနိုင်တာပေါ့ မအိရေ
ဟုတ်တယ်မဇင်ရေ
မှန်ပါတယ်ဗျာ..ရိုးရာကို နည်းစနစ်/နည်းပညာလေးနဲ့ပေါင်းစပ်နိုင်ရင် မြန်မာတွေအောင်မြင်နိုင်ပါတယ်...ခက်တာကနည်းစနစ်က မရှိသေးတာ
ဟုတ်တယ်
နေ့ စဉ် အကြိမ်ပေါင်းများစွာ စနစ်တကျလေ့ကျင့်ရင် ကျွမ်းကျင်မှု ရှိလာမှပါ။
ဟုတ်ကဲ့
မှန်ပါတယ်ဗျာ အလုပ်တစ်ခုလုပ်ရင် စည်းစနစ်တကျ စီမံချက်ထားရှိပြီး လုပ်သင့်ပါတယ်။planA pLan B ဟူ၍ အရံအစီစဉ်များထားရှိပြီးလုပ်နိုင်ရင်တော့အကောင်းဆုံးပေါ့
မိမိလုပ်ချင်တဲ့အလုပ်ကိုကျွမ်းကျင်အောင်လေ့လာပြီးတော့မှလုပ်တာအကောင်းဆုံးပေါ့အစ်မရေဆုံးရှုံးမှုနည်းတာပေါ့ဗျာ။
ဟုတ်တယ်မောင်လေးရေ
မှန်တာပေါ့အစ်မရေ .. အထပ်ထပ်အခါခါ နည်းစနစ်ကျကျ လေ့ကျင့်မှုမှ ကျွမ်းကျင်မှု ဖြစ်သွားရင် သက်ဆိုင်ရာနယ်ပယ်မှာ အောင်မြင်ပြီဗျာ ..
ဟုတ်ကဲ့အားပေးလို့ကျေးဇူးတင်ပါတယ်ရှင့်
ဟုတ်ပါတယ်ဗျာ အလုပ်တော့ လုပ်ပေမယ့် နည်းစနစ်မကျရင်လဲ အိတ်ပေါက်နဲ့ဖားကောက်သလိုပါဘဲဗျာ
ဟုတ်ကဲ့ကျေးဇူးပါရှင်
ဘယ်အလုပ်မဆိုနည်းစနစ်တကျသင်ကြားပြီးမှာလုပ်တာအကောင်းဆုံးပါပဲ
ဟုတ်ကဲ့
အတွက်အချက်လေးကောပါမှ ပိုအောင်မြင်နိုင်မှာပေါ့ အစ်မ။ အရေးအသားကောင်းတယ်အစ်မရေ။ ဖိုက်တင်း။
ဟုတ်ကဲ့ကျေးဇူးပါနော်
ပွဲမဝင်ခင် အရင် ကျင်းပ...အတိုင်ပေါ့ဗျာ
ဟုတ်ကဲ့ကျေးဇူးပါရှင့်
ကျွမ်းကျင်မှုတို့သည် အောင်မြင်မှုအတွက် လိုအပ်ပါ
သည် Good အားပေးလျှက်ပါမအိ
ဟုတ်ကဲ့ကျေးဇူးပါရှင်
နည်းစနစ်-လုပခြင်စိတ် ကနေကျွမ်းကျင်မူကိုသွားတယ်လို.မြင်ပါတယ်ဗျာ
ဟုတ်ကဲ့ရှင့်
အားပေးနေပါတယ် ချစ်မ
အမှန်ဘဲ အမ ကျွမ်းကျင်မှုရှိရင်တော့ ပိုအဆင်ပြေတာပေါ့
ဟုတ်တယ်မောင်လေး
ကိုယ်သိချင်တတ်ချင်တဲ့အရာများကို ကျွမ်းကျင်အောင် လေ့လာသင်ယူဖို့ အရေးကြီးပါတယ်။
ဟုတ်ပါတယ်ရှင်
ရေးထားတာလေးကောင်းတယ်
ဟုတ်ကဲ့ကျေးဇူးပါရှင့်
အရေးသားကောင်းပါတယ်
ဟုတ်ကဲ့
အားပေးခဲ့ပါတယ်ဗျာ
ဟုတ်ကဲ့ကျေးဇူးပါ
ဖြေးဖြေးမှန်မှန်သာလေ့လာ လေ့ကျင်သွားရင် ဘယ်အလုပ်မဆို အောင်မြင်နိုင်မှာပါ။
ဟုတ်ကဲ့
Congratulations! This post has been upvoted from the communal account, @minnowsupport, by eieikhing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
You got a 72.65% upvote from @bodzila courtesy of @myintlwinsoe! Join our Discord Channel https://discord.me/SteemBulls for support & feedback