သင်္ကြန် ဝါးတီး

in #myanmar7 years ago

image

ဘာလိုလိုနှင့် သင်္ကြန် အတက်နေ့တောင် ရောက်လာပြီ ဖြစ်၏။ ဒီနှစ်တော့ တရားစခန်း မ၀င်ဖြစ်ပေ။ ထို့အတူ လည် လည်း မလည်ဖြစ်ပေ။ မနက်ပိုင်း ဘုန်းကြီးကျောင်းတက် ထို့နောက် အိမ်မှာပဲ စားလိုက် အိပ်လိုက် စာဖတ်လိုက် ရုပ်ရှင်ကြည့်လိုက်နှင့် သင်္ကြန်ရက်များ ကုန်ဆုံးသွား၏။ သင်္ကြန်အကြိုနေ့က ခင်မင်ရသော ညီမလေးက မုန့်လုပ်ကျွေး၏။ မုန့်လုံးရေပေါ် ဖြစ်၏။ ရိုးရိုး မုန့်လုံး ရေပေါ် မဟုတ် ရောင်စုံ (သီးစုံ) မုန့်လုံးရေပေါ် ဖြစ်၏။

image

image

သူများတွေ မနက်ဖက် လုပ်စားလေ့ ရှိသော မုန့်လုံး ရေပေါ်ကို ကျတော်တို့က ညနေဖက် လုပ်စား၏။ ရေမကြိုက်သော ကျတော် ရေစိုမှာ စိုးသောကြောင့် ဖြစ်၏။ သူတို့သည် ကျတော့်ကို ထိုကဲ့သို့ ချစ်ခင် ဂရုစိုက်၏။ အကြိုနေ့ ညနေ (၆) နာရီလောက် ညီမလေး၏ ရုံးမှာ ဆုံကြ၏။ သူငယ်ချင်းတွေ အားလုံးနီးပါး လာကြ၏။ တယောက်တလက်နဲ့ ၀ိုင်းလုပ်ကူကြ၏။ ညီမလေးက အရံသင့် လုပ်လာပြီးသား ကျတော်တို့က မုန့်လုံး လုံးဖို့သာ ကျန်၏။ ပြုလုပ်ပုံ ရိုးရိုးလေးသာ ဖြစ်၏။ သာမန် မုန့်လုံး ရေပေါ်ကို ကျတော်တို့က အသီးနှင့် ရောလိုက်ခြင်း ဖြစ်၏။ ထိုနေ့က ကျတော်တို့ အသီး (၅) မျိုးနှင့် လုပ်စားကြ၏။ ဖရုံသီး၊ သကြားမုန်လာဥ၊ ခါကြက်ဥ၊ ပိန်းဥ၊ ကစွန်းဥ တို့ ဖြစ်၏။ ထိုအသီးများကို ပြုတ်ချေထားပြီးမှ ဆန်မှုန့် နှင့် ရောနယ် ထားခြင်း ဖြစ်၏။ ထို နယ်ထားပြီးသားများကိုမှ အလုံးလေး လုံးပြီး ပြုတ်၏။ ထို့နောက် သကြားရည်၊ နို့စိမ်းရည်တို့ဖြင့် ရောပြီး စားခြင်း ဖြစ်၏။ အလွန် အရသာ ရှိ၏။ စိမ့်စိမ့်လေးနှင့် စားလို့ ကောင်း၏။

image

အခြား သူငယ်ချင်း ညီမလေး တယောက်က လက်ဖတ်သုပ်နှင့် အာလူးကြော် များ ယူလာ၏။ မုန့်လုံးရေပေါ်နှင့် ဗိုက်မပြည့်မည် ဆိုးသောကြောင့် ထမင်းအိုး တည်လိုက်ကြပြီး ထမင်းကြော် စားကြ၏။ ကျတော့် လက်ရာ ပန်းသီး ထမင်းကြော် ဖြစ်၏။ အကိုတယောက်က ပန်းသီး စိတ်ပေး၏။ သူ့ ပန်းသီးစိတ်များက အနည်းငယ်တော့ ကြီးသွား၏။ သို့ပေမယ့် စားလို့ကတော့ ကောင်း၏။ အာလုံးက စေတနာနှင့် လုပ်ပေးကြသည် မဟုတ်လား။

image

အလုံးစုံ ပြင်ဆင်ပြီးနောက် စားဖို့ လုပ်ကြတော့၏။ တခါတည်း ပန်းကန်ထဲ ခူးခပ်ပြီး စားပွဲပေါ်မှာ ပြင်ဆင်လိုက်၏။ အချိန်ကလည်း ည (၇) နာရီကျော်ပြီကိုး အားလုံးလည်း ဆာဆာနှင့် အားရပါးရ စားကြလေတော့၏။ စားပြီး နောက် အားလုံး အတူတူ သိမ်းဆည်း ဆေးကြော ကြပေါ့။

image

ကျတော်တို့သည် သူငယ်ချင်းများ စုံလင်စွာဖြင့် သင်္ကြန်ကို အစားအသောက်ဖြင့် ကြိုဆိုလိုက်ခြင်း ဖြစ်၏။ တနှစ်ပတ်လုံး စားချင်သောက်ချင်သည်များကို အားရပါးရ စားနိုင်ဖို့ စားခွင့် ရဖို့ ဖွင့်လှစ်လိုက်ခြင်း ဖြစ်၏။ Steemit ပေါ်မှ မိတ်ဆွေသူငယ်ချင်းများလည်း နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုတောင်း မေတ္တာ ပို့သ အပ်ပါ၏။

Don Jaun

MSC 31

Sort:  

"သီးစုံမုန့်လုံးရေပေါ်"ဆိုတာ အခုမှကြားဖူးတယ်

တကယ် မိုက်တာ
စိမ့်စိမ့်လေး ...

ပော်ျစရာ မိသားစုလေးပါ။ မြင်ရသူပင် ကြည်နူးစိတ်များ ကူးစက်လာသယောင်ပါဗျ။

ဟုတ် အကို
ကျတော်တို့က စားစရာဆို အဲ့လိုပါဆို
😊

စားချင်တာ🤤

တကယ် မိုက်တယ်
လုပ်စားကြည့်

တစ်ခါမှမစားဖူးသေးဘူး😁

ကျတော်ကောပဲ
ခုမှ ပထမဆုံး စားဖူးတာ

ဒီနှစ်တောင်ကြီးသင်္ကြန်က တကယ်လဲ အစားတွေကျွေးသူများတယ်နော်အကို
ဗိုလိချုပ်လမ်းတလမ်းလုံးစတုဒီသာကျွေးတာ စားပြီး ပျော်ခဲ့ရတယ် မန်းလေးမှာ အဲ့လောက်အဖွဲ့မများဘူး ကျွေးတာ့ကျွေးတာပေါ့
anywayတောင်ကြီးသင်္ကြန်ပျာ်တယ်

ပျော်တယ်ဆိုလို့ ကျေးဇူးပါဗျ။

အစုံပါလား စည်းဝါးကိုက်သွားအောက် နောက်ကို အကိုဝါးတီးရင် စည်းလိုက်တီးပေးရမလားဟင် ။

လုပ် လိုက်ဗျာ
ကြာသလားလို့
ဝေလား မောင်ရို့ ဝါး ...
လိုက်ရ အောင်