စာရေးခက်ခက် စိတ်မပျက်နဲ့

in #myanmar7 years ago (edited)

စာရေးရသည်မှာ တစ်ကယ်တော့ လွယ်ကူသည်ဟူ၍လဲ မဆိုသာပေ ။ သို့သော် steemit တွင် စာရေးရာတွင် ဂျာနယ်များ မဂ္ဂဇင်းများမှ အရွေးခံရလောက်အောင် ရေးနိုင်စရာမလိုသေးပါ ။ မိမိရေးသားလိုက်သည့် ဆိုလိုချင်သည့် အကြောင်းအရာကို ပေါ်လွင်အောင် ရေးသားနိုင်လျှင်ဘဲ အချင်းချင်း နားလည်စွာ vote နိုင်ပါသည် ။ အချို့ intro post ပင် ဖြစ်သလို ရေးပြီးတင်လာကာ နေ့ချင်းညချင်း ရသမြောက်သော စာပေများ သမိုင်းများ သုသေသနလုပ်ကာ ဆေးများအပင်များကိုလည်း ကျွမ်းကျင်စွာ လေ့လာတင်ပြနိုင်ကြသည် ။ ထိုသို့သော လူမျိုးများရှားလိမ့်မည် ထင်သော်လည်း မြန်မာပြည်တွင် ပညာရှိများ ပေါများသဖြင့် နှစ်ရက်ခန့်ဖြင့် စာရေးခြင်းအတတ်ပညာအပြင် အခြား သုသေသနများပါ လုပ်နိုင်ကြသည် ။ လေးစား အားကျဖွယ်ရာ အလွန်ကောင်းပါပေသည် ။

image

ထိုသူများနှင့် ဆန့်ကျင်ဖက် စာရေးရခက်နေသော အသစ်များလဲ ရှိကြပါလိမ့်မည် ။ အားမငယ်ပါနဲ့ လို့ပြောချင်ပါသည် ။ ဥာဏ် အလွန်မကောင်းလှကာ စာပေများနှင့် ဝေးနေသော ကျွှန်တော်စာရေးစက ဘယ်လိုများ ရေးခဲ့သလဲ နောက်ကြောင်းပြန်လှန်ကြည့်သူများအဖို့ ရယ်ဖွယ်ရာ post များကို တွေ့မြင်ရပေလိမ့်မည် ။ ယခုအချိန်နှင့် ယှဉ်ကြည့်ပါက အလွန်ကွာခြားသည်ပင် ထင်ရပါသည် ။ ယခုရေးသောစာများမှာ အဆင့်မီမီ ကောင်းနေသည်တော့ မဟုတ်ပါ ။ သို့သော် ယခင်ကလို စာတစ်ကြောင်းရဖို့ ကင်းမီးကောက်ထောင်တာတောင် အကြံတွေ ခေါင်းထဲမရောက်တဲ့ အဖြစ်ဆိုးမျိုးတော့ မဟုတ်တော့ပါ ။ ဒါကြောင့် စာမရေးနိုင်လို့ လက်ပမ်းကျပြီး အားမလျှော့သွားကြပါနဲ့ ။ ကိုယ်တိုင်မလုပ်နိုင်လို့လဲ သူများဆီက မခိုးကြပါနဲ့ ။ သူများကိုလိမ်လည်ပြီးလဲ မရေးခိုင်းကြပါနဲ့ဗျာ ။

image

အလွယ် လမ်းကို ကြိုက်လွန်းကြလျှင် အခက်အခဲတွေရှိလာရင် ဘယ်ကျော်ရဲတော့မလဲနော် ။ game ဆော့လျှင်ဘဲ ကြည့်ပါ လွယ်တာကြိုက်ရင် level အနိမ့်လေးမှာဘဲ အဆင်ပြေပါလိမ့်မယ် ။ အလုပ်နဲ့တိုင်းတာလျှင် အောက်ခြေနားမှာ ဖြစ်လိမ့်မည်ထင် ။ လူ့ဝန်းကျင်မှာ အဆင့်ခွဲမည်ဆိုလျှင် ထိုသူဟာ အမြင့်မှာ မရှိနိုင်ပေ ။ နဂိုကမှ လွယ်ကူပါသည်ဆိုသည်အရာကို အလွယ်လမ်းပြန်လိုက်ချင်ကြသေးသည် ။ အလွယ်လမ်းလိုက်လျှက် ရသလောက်ယူမည်ဆိုသူများ အများအပြား ရှိနေသည်မှာလဲ အံ့သြစရာပင် ။ ထိုသူများ အရများနေလို့ စလုပ်မည့်သူများ အားကျ မနေပါနှင့်လို့ ပြောပါရစေ ကျွှန်တော်တို့ steemit နှင့်တွေ့စကလည်း ထိုသို့သောသူများရှိခဲ့ဖူးသည် ။ အားကျမိခဲ့သည်မှန်သည် ။ ကျွှန်တော့်မှာ ခရုလေးပမာ နှေးကွေးစွာ ခရီးဆက်ခဲ့ပါသည် ။ကျွှန်တော်တို့ စခဲ့စဉ် အရများသူများမှာ ယခု အချိန် steemit တွင် မရှိကြတော့ပါ ။

အစပိုင်းတွင် စာမရေးတတ်သေးလျှင် တစ်ပတ်တန်သည် နှစ်ပတ်တန်သည် သူများ post များကြည့်ရင်း အစမ်းရေးကြည့်ရင်း ရေးကြပါ ။အခြား steemit နှင့် ပတ်သက်သည့် အရာများကိုလည်း လေ့လာရင်းပေါ့ ။သူများရေးသးထားသည်များကို ဖတ်ရင်းနဲ့ ဖတ်သည့်အပေါ်မှာမှီပြီး မိမိစိတ်တွင်းရှိသော အတွေ့အကြုံများကိုလည်း ရေးချင်စိတ်ပေါက်လာပါလိမ့်မည် ။ ထိုအခါ ရေးချပါ ပြန်ဖတ်ပါ ။ အချိတ်အဆက်မိမမိ အဆင်ပြေမပြေ ပြန်ဖတ်ပါ ။ ဖတ်ပြီး delete နိပ်ချင်စိတ် ပေါ်လာနိုင်ပါသည် ။ မနိပ်ပါနဲ့ဦး ကိုယ်ကြိုးစားထားရတဲ့အရာတွေ ပြင်စရာရှိတာလေးပြင်ပြီး တင်လိုက်ပါ ။ 0.01 ဘဲရရ ကိုယ့်ကြိုးစားမှုပါ ။ သူများရေးထားတာကို အလွယ် ကူးချနေသူတွေထက် အများကြီး တန်ဖိုးရှိပါတယ် ။ စာဖတ်ရင်းရေးချင်စိတ်ရှိတာက စာအုပ်ထဲက အကြောင်းဆိုလျှင်တော့ အဆင်မပြေပါ ။ post တွေမှာ ရှိသင့်တဲ့ စာလုံး လောက်နဲ့ အဆင်ပြေပြေ တင်နိုင်ပြီဆို pro ဆီ လာလို့ရပါပြီ ။

image

စာတွေရေးရင်းနဲ့ ရေးစရာတွေ ကုန်သွားမှာလဲ စိုးရိမ်တတ်ကြပါတယ် ။ မစိုးရိမ်ပါနဲ့ ရေးရင်း အလေ့အကျင့်ဖြစ်လာရင် မြင်မြင်သမျှ ရေးချလိုက်လို့ အဆင်ပြေပါတယ် ။ နောက်ကြာလေ ရေးရလွယ်လေ ဖြစ်လာပါလိမ့်မယ် ။ လူကြီးတွေဖြစ်နေပြီဘဲ ကလေးတုန်းကတောင် စာသင်ချိန်ပါ အလွတ်မပေးဘဲ ပြောခဲ့ကြတဲ့စကားတွေ ဆူညံနေအောင် အတင်းပြောခဲ့တာတွေ ရှိခဲ့သေးတာဘဲနော် ။ ရန်ဖြစ်လာလို့ မကျေနပ်တာတွေကို ရင်ဖွင့်ရင်းတောင် ဝင်ငွေပြောင်းနိုင်ပါတယ် ။ ဒီလိုနဲ့ ရသပိုင်းလေး ဖြစ်လာရာကနေ ဗဟုသုတ ရစေမဲ့ အရာတွေ ပညာရပ်ပိုင်းတွေ ထည့်ရေးနိုင်လာမယ်ဆိုရင်တဖြည်းဖြည်းနဲ့ steem လမ်းမှာ အခက်အခဲမရှိလျှောက်လှမ်းနိုင်မှာပါ ။ steemit မှာ အောင်မြင်ပြီး မြန်ပြည်တစ်ခွင် နာမည်ကျော်ကြား လူကြိုက်များတဲ့ စာရေးကောင်းသူများ ဖြစ်ကြပါစေ ။

MSC . 9

Photos credit; Google Image

Phyoe Thant Zin

@domelay (အတွေးမျှင်လေးများ)

Sort:  

အရင်က post တေ gp ထဲ တွေ့လိုက်ပါတယ်

myanmar တေ ရှိရင် အပ်ပေးကြပါ
တစ်ကောင်ထဲ ဖြစ်နေလို့ပါ

ဟဲဟဲ

ဟဲဟဲ ဒီလိုကနေ စလာခဲ့ရတာပါဗျာ

စာရေးဆရာများ မဟုတ်သေးပါသဖြင့် မိမိရေးလိုသည့် အကြောင်းအရာအား စာဖတ်သူနားလည်စေရန် ထိထိ မိမိ ရေးနိုင်လျှင်ပင် တော်လှပြီဟု ဆိုချင်ပါသည် ကိုဒိုမီ

ဟုတ်ပါတယ်ခင်ဗျာ တဖြည်းဖြည်း တိုးတက်လာမှာပါ ။

အဓိကကတော့ စာများများရေးနိုင်ချင်လိုလျှင် စာများများဖတ်ဖို့လည်း လိုပါတယ်။ ရေးသားတတ်သွားပြီဆိုရင်ဖြင့် ထမင်းစားပွဲမှာ ထမင်းထိုင်စားသည်ကပင် ဝတ္တုတိုတစ်ပုဒ်ဖြစ်သွားနိုင်ပါတယ်။ ကြိုးစားရေးရင်း ရေးတတ်တဲ့အကျင့်ဖြစ်သွားပြီဆိုရင်ဖြင့် .......!!!!!!

ဟုတ်ပါတယ် အကိုရေ

ကြိုးစားပါဦးမယ်

ဟုတ်ကဲ့ ဝမ်းသာပါတယ်ဗျာ ကြိုးစားပါ နောက်မဆုတ်ပါနဲ့

အခုလို အားပေးတဲ့ သူငယ်ချင်းကို အများကြီးကျေးဇူးတင်ပါတယ်
ဒီထက်မကအောင်မြင်ပါစေ

ဟုတ် အတူတူ အောင်မြင်ချင်ပါတယ်

ရေးရင်းရေးရင်းရေးစာတွေကုန်သွားမှာကိုစိုးရိမ်မိတာအမှန်ပဲ
ဒါပေမဲ့လည်း ကြိုးစားရေးဆဲပါ

ဒါပေမဲ့ ရေးရင်း အကြောင်းအရာ အသစ်တွေ တွေးမိလာတယ် ပတ်ဝန်းကျင်မှာလဲ မြင်တတ်လာတယ် သတိထားတတ်လာတယ်နော်

Nice
ရေးစရာရှိ ချသာ ရေးလိုက်ပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by domelay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.