Steemit ရည်ရွှယ်ချက် နှင့် တွေ့ဆုံပွဲ

in #myanmar6 years ago

Steemit ဆိုသော ကျွန်တော်တို့ အသုံးပြုနေသော social network တစ်ခုပေါ်တွင် ရည်ရွှယ်ချက် ဘယ်လောက်များ ကြီးမားပါသလဲ ။ အများစုကတော့ သိပ်ကြီးကြီးမားမား ရှိကြလိမ့်မည် မထင်ပါ ။ ဟုတ်ပါတယ် ထိုကဲ့သို့ မရှိလို့သာလျှင် ဂရုမစိုက်သူများ များပြားနေကြခြင်းဖြစ်ပြီး ။ Steemit ဆိုသော နေရာမှ ခွဲခွာသွားသူများလဲ အများအပြားပင် ရှိခဲ့ကြသည် မဟုတ်ပါလား ။ ကျွှန်တော်တို့သည် သွေးဆူလွယ် အေးလွယ်များ ဖြစ်ကြသည်ဟူ၍လည်း ထင်မိပါသည် ။ အရချောင်ချိန် ဈေးကောင်းချိန်များတွင် အမှန်အကန် ကြိုးစားကြပြီး ဈေးအေးချိန် အစီအစဉ်များ မရှိချိန်ဆိုလျှင် အေးစက်စက်အဖြစ်သို့ ရောက်ရှိသွားကြသည် ။

အချို့ဆရာကြီးများ တင်သော post များတွင် တွေ့ရသကဲ့သို့ တစ်ရက် တစ်ရက် ရာထောင်ချီသော USD များဝင်အောင် စွမ်းဆောင်နိုင်လျှင်တော့ ဟုတ်လိမ့်မည် ။ တစ်ရက် ဆယ်ချီသော USD များကို ရှာနိုင်သူများ steemit တွင် စိတ်မပါခြင်း ဖြစ်နိုင်လေသည် ။ သို့သော် ကျွှန်တော်တို့မှာ တစ်ရက်အသုံးပြုလိုက်သော ဖုန်းဘေပင် ဆယ်ရက်ဖြင့် online တွင် ရှာဖွေရန် မတတ်နိုင်ပါ ။ ထို့ကြောင့် steemit ကြီးအား အလေးထားပါသည် ။ steemit ကြီး အရနည်းချင်နည်းနေပါလိမ့်မည် ထိုမျော်လင့်ချက်ကတော့ မနည်းဘဲ ဆက်လက်လျှောက်လှမ်းနေပါသည် ။ ကျွှန်တော်တို့ အတွက်တော့ steemit သည် မျော်လင့်ချက်များစွာ ရှိစေသော နေရာလေးတစ်ခု ဖြစ်လေသည် ။

ကျွန်တော်တို့ မျော်လင့်သည်ထက် ကိုဟင်နရီ မျော်လင့်သည်မှာ ပို၍ကြီးမားပါသည် ။ သူက steemit ကို အားလုံးအတွက် မျော်လင့်သည် ။ တစ်ချိန်ဆိုသည့်အရာကိုလည်း ဖြစ်လာအောင် ဖြစ်အောင် ကြိုးစားလျှက်ရှိသည် ။ တစ်ခါက မန်းတလေးတွင် တွေ့ရာဝယ် အလွန် အရေးပါသော steemit ရှေ့ရေးများအကြောင်းနှင့် MSC မှ ကြိုးစားရမည့်အရာများ ပြင်ဆင်ထားရမည့်အရာများ အဖွဲ့ဝင်များအပေါ် ပြုလုပ်ပေးနိုင်မည့်အရာများကို ဆွေးနွေးခဲ့သည် ။ အပြင်တွင် တွေ့ဆုံရသည်မှာ online တွင်တွေ့ဆုံရသည်နှင့် မတူပါ ။ များစွာသော ရင်းနှီးမှုကို ရစေပါသည် ။ ထို့ပြင် ဆွေးနွှေးရသည်မှာလည်း ဖုန်းလေးကိုင် စာရိုက်ပြီး ပြောရသည်နှင့်မတူ များစွာ အကျိုးသက်ရောက်မှုရှိပြီး ထိထိရောက်ရောက် ဆွေးနွေးနိုင်ပါသည် ။

ထို့ကြောင့် မိမိတို့ မျော်လင့်ထားသော အရာများ လုပ်ဖော်ကိုင်ဖက်များရဲ့ steemit အပေါ် မျော်လင့်ချက်များ ကိုပျော်ရွှင်စွာ ဆွေးနွေးနိုင်ဖို့ ဘယ်လိုတွေရှေ့ဆက်ပြီးအောင်မြင်အောင် ဆောင်ရွှက်ကြမည် ဆိုသည်ကို ဆွေးနွှေးရင်း ရှေ့ဆက် လုပ်ဆောင်နိုင်ဖို့ ခွန်အားများ ရရှိနိုင်စေဖို့ တွေ့ဆုံပွဲလေးကို တက်ရောက်ဖြစ်အောင် တက်ရောက်ဖို့ တိုက်တွန်းပါရစေ ။ အတူတူ အသိပညာများ ပျော်ရွှင်စွာဖလှယ်ရင်း ရှေ့ဆက်ဖို့ ခွန်အားများ ရယူကြပါစို့ ။

MSC - 9

@domelay (အတွေးမျှင်လေးများ)

Sort:  

လာမှာ​ပေါ့ဗျာ

နောက်တစ်ခါသောက် အဲလေ တွေ့ကြမယ်ဗျာ ။

အမှန်​ပါပဲဒိုမီ​ရေ။

ဟုတ်ကဲ့ လာခဲ့နော် ။

ကွမ်းအစ်သယ်ခဲ့မယ် သားရေ

ရှပါယ်ရှယ် ဝါးမယ် ခ်ခ်

ငင့် 😔😔😔ခေးလည်းသွားရပု😭😭

ခေးမမကို ခေါ်ခိုင်းလေ

တစ်နေ့  တစ်လံ ပုဂံဘယ်မရွေ့  ပေါ့

ဟုတ်ကဲ့ပါခင်ဗျာ 8 လပိုင်း ပုဂံကို အရောက်လှမ်းခဲ့ပါနော် စောင့်နေမှာပါ

Right မှန်တယ် ညီလေး ကိုယ်တို့တွေဟာ စတီးမစ်မှာတွေ့ပီး စတီးမစ်မှာ ရင်းနှီးခဲ့ကြတယ်။ နောက်တော့ စတီးမစ်ကိုပဲ သူငယ်ချင်းတစ်ယောက်လို မိသားစုတစ်ဦးလို ဖြစ်လာကြတယ် ဒီလိုကနေ တို့တွေဟာအချင်းချင်း သိကျွမ်းရင်းနှီးကြပီး မိတ်ဆွေတွေ တိုးပွားလာကြတယ် ။ ဆက်လပ်ပီး ရလာတဲ့ ပေါ်ပေါက်လာတဲ့ အခွင့်အရေးက လီဒါကအစ အက်မင်များအလယ် မန်ဘာများအဆုံး လက်ရေတပြင်တည်း အတူတူတွေ့ဆုံ တိုင်ပင် ကြရမယ်ဆိုတာ အင်မတန်ကောင်းတဲ့ အစီအစဉ်ပါ ဒီလို အခွင့်အရေးကို မိမိတို့ရဲ့ တန်ဘိုးရှိတဲ့ အချိန်လေးထဲကနေ ခဏတာ ခွဲဝေသုံးစွဲသင့်ပါတယ်လို့ ကျွန်တော်ကတော့ ထပ်ဆင့် အကြံပေးပြုလိုက်ပါတယ်။

ဟုတ်ပါတယ်ကွီးရွှေ အားလုံး တစ်သားထဲ ဆုံစည်းချင်ပါတယ် ။

တစ်နေ့တစ်လံ ပုဂံ ရောက်အောင်
စာတွေရေးလို့ sp စုပါမည်

ပုဂံ အတူသွားကြတာပေါ့ဗျာ

Well done @domelay! You successfully guessed the match result.

RUS - SAU
Click on the badge to view your Board of Honor.

Do not miss the last post from @steemitboard!

Good News . Thank you .

Well done @domelay! You successfully guessed the match result.

Group Phase - Egypt vs Uruguay
Click on the badge to view your Board of Honor.

Do not miss the last post from @steemitboard!