အောင်အောင်သည် အောင်မြင်သော ဘဝတစ်ခုကို တည်ဆောက်နိုင်ရန်အတွက် ဘွဲ့တစ်ခုရပြီးသည်မှ စတင်ကာ လုပ်ငန်းများကို တစ်ခုပြီး တစ်ခု လျှောက်လာရင်း တစ်နေ့တော့ ရုံးလုပ်ငန်းလေး တစ်ခုတွင် အလုပ်ရခဲ့ပါသည် ။ အောင်အောင် အောင်မြင်ချင်သည်ကိုသာသိသည် ။ သူ၏ ရည်မှန်းချက်မှာ ငွေရရန်သာဖြစ်ပြီး ဝါသနာမှာလည်း ငွေရှာရန်သာ ဖြစ်မည်ထင်ခဲ့သည် ။ တစ်ကယ်တော့ သူဖြစ်ချင်သော အရာတို့ကို ပတ်ဝန်းကျင်တို့မှ ပုန်းကွယ်စေခဲ့သည်ကို သတိမထားမိခဲ့ပေ ။ တစ်ကယ်ဆိုလျှင် အောင်အောင်မှာ သူဘာလုပ်ချင်သည် ဆိုတာကိုပင် မသိတော့လောက်အောင် ဖြစ်နေခဲ့သည် ။

Image source
အောင်မြင်သောသူ ငွေရှာကောင်းသူသာ ဖြစ်ချင်ခဲ့သည် ။ သို့သော် ထိုသို့ငွေရရှိရန် သူအလုပ်လုပ်နေရသည်ကို ပျော်ရွှင်နေသည်လား ပြန်စဉ်းစားကြည့်လျှင် ပျော်ရွှင်သည်မဟုတ်လှပါ ။ ထို့ကြောင့် သူ့လုပ်ငန်းတွင် စေတနာ ထားနိုင်ခြင်း ရှိမည်လည်း မဟုတ်ပါ ။ သူကား ဝန်ထမ်းတစ်ယောက်ဖြစ်သည် ။ တာဝန်ထမ်းဆောင်သည် သူလုပ်စရာရှိသည်များကို လုပ်ဆောင်ပြီး ရရှိသည့်လစာကို ယူမည် ဒီလောက်ပင်ဖြစ်လေသည် ။ လုပ်ငန်းတွင် စိတ်မပါခြင်းကြောင့် အခြားသူများနှင့် လုပ်ငန်းအရ ဆက်ဆန်ရသည်ပင် သူ့အတွက် မလုပ်ချင်ဘဲ လုပ်နေရသည့် တာဝန် ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်နေလေသည် ။ ထို့ကြောင့်ပင် တစ်ခါတစ်ရန် ဆက်ဆန်ရေးတွင် အဆင်မပြေဖြစ်တတ်လေသည် ။ သို့သော် လူအများက ထိုအရာကို နားလည်မပေးတတ်ကြပေ ။

Image source
အောင်အောင်မှာ အောင်မြင်သော ချမ်းသာသော လူတစ်ကာတို့မှ လေးစားသော ဟူသောအရာများကို လိုချင်မိသည် ။ သို့သော် မိမိတစ်ကယ်တမ်း ဝါသနာမပါသော အလုပ်အား လုပ်ကိုင်နေရခြင်းအတွက် ဖိအားများခြင်းနှင့် ထိုအရာများ ထင်ထားသည်လောက် မပြည့်စုံလာသည့်အခါ ထိုအလုပ်အပေါ်တွင် ယုံကြည်ချက်မရှိ ဖြစ်လာပါသည် ။ သို့သော် အောင်အောင် မိမိဘာဖြစ်ချင်သည် ဆိုသည်ကို ကောင်းကောင်း မစဉ်းစားတတ်တော့ပေ ။ ထို့ထက်ပိုဆိုးလာနိုင်သည် ဆိုသော အရာတစ်ခုကို ရင်မဆိုင်နိုင်တော့ပေ ။ ထို့ပြင် ကိုယ်ဘာလုပ်ချင်သည် ဆိုတာကိုပင် သေချာရေရာမှုမရှိသော သူ့အတွက် ဒီတိုင်းပင် ဆက်သွားရမည် ဖြစ်လေသည် ။
MSC - 9
@domelay (အတွေးမျှင်လေးများ)
လုပ်ငန်းခွင်ပျော်ရွှင်မှု အရေးကြီးသည်
ဟုတ်တယ် အကို
အောင်အောင် ဘာလုပ်မလဲဆိုတာ သိချင်နေမိတယ်။မျှော်နေမယ်။
ငမ်း ပြီးပါပြီဆို
😁
ဝတ္ထု မှတ်လို့ ဂယ်ဘဲ ဂယ်ဘဲ။
အောင်အောင်တော့ ကြိုးစားတော့မည် ထင်ပါသည်
အင်း ဘယ်လိုဖြစ်ဦးမယ် မသိဘူးနော့
မလုပ်ချင်လည်းလုပ်နေရတာအလုပ်ပါအေ။
အယ်လဲ့ ကျွန်တော်ကျ မလုပ်ဖြစ်ဖူး အမေ့ဆီထိုင်စားဖြစ်နေတယ်
ဘာလုပ်ချင်တာလဲ ဆိုတာ ကိုယ့်ကို သေချာဖို့ လိုတာပေါ့လေ နော့်ကွာ
ဟုစ် အတို
ကိုယ်ကတော့ ကိုယ့်ဟာကိုယ် ဘာလုပ်ချင်လဲ ဆန်းစစ်တဲ့အခါ ဘာမလုပ် ချင်တာကခက်နေတာ
ဘာလို့များ လာတူနေပါလိမ့်
ငအောင် ဇာတ်လိုက်တွေ ပေါသဟေ့
မရည်ရွှယ်ပါဘူးဗျာ
အဖြေမရှာ အဖြေမထုတ်ပဲ တန်းလန်းထားခဲ့တယ်ပေါ့လေ
လက်ရှိဖြစိနေကြတဲ့ ဘဝများကို မီးမောင်းထိုးပြလိုက်တာပဲ့ ကိုဒိုရေ
ဟီး အဲ့ဂလိုတောင်ဖြစ်သွားဒယ်လား ကျေးဇူးပါ ။
ဒီတိုင်းလေးဘဲ နေတော့မလား ကြောင်ကြောင်
ဒီလိုပါဘဲလေ
အောင်အောင်ရယ် ကိုယ်ဘာလုပ်ချင်လည်းဆိုတာသိအောင် အရင်လုပ်သင့်တယ်
ကွောင်ကြီးတို့နဲ့တူတူ လုပ်မယ်တဲ့
ကိုယ်ဘာဝါသနာပါလဲသေချာဆန်းစစ်ပြိးမှ တစ်ကပြန်စပါ။ စိတ်ဝင်စားမှ လုပ်ငန်းအောင်မြင်မှာပါ အောင်အောင်ရေ
ကြားအောင်အော်ပါ ခ်ခ်
ရည်မှန်းချက်ပျောက်နေပြီလားမသိ
ရည်မှန်းချက်က ငယ်ငယ်ထဲက ပျောက်ခဲ့ရ
အောင်အောင် လုပ်စရာရှိတာလုပ်ပါ အောင်အောင်
အင်းပါ အဲ့အောင်အောင်
မိမိကြိုက်တဲ့ အလုပ်ကို လုပ်ပါ ၊ မိမိလုပ်တဲ့ အလုပ်ကို ကြိုက်ပါတဲ့ဗျ ၊ စကားပုံလေးကို သတိရမိပါတယ် ဗျာ
ခက်တာက ခုထိ ကျွှန်တော်လဲ ဝေလေလေ
အောင်အောင် ဘာတွေလုပ်။ အောင်အောင် အမှားတွေမလုပ်နဲ့။ အောင်အောင် ကောင်းတာလုပ်ပါ။
ငမ်း ပြောရဲဘူးအဲ့တိုင်း
အောင်ရယ်...လမ်းပျောက်နေပီပေါ့...
အောင်မြင်ပါစေနော်... :-P
🤑🤑🤑
ရောက်တဲ့နေရာမှာအဆင်ပြေအောင်နေရုံပဲပေါ့
ဒါပေါ့လေ
ဆရာတွေ့နေရတဲ့လူငယ်တွေကတော့ ကိုယ်ဘာကိုဝါသနာပါသလဲမသိတဲ့ ဝါသနာပါပဲဗျာ။