####ကျောင်းပုံပြင် ##
!!!!ဒီမှာ ရှင် မမြင်ဘူးလား?
!!!!ဘာကိုတုန်း?
!!သူများဖိနပ်ကိုလဲ နင်းသေးတယ်
အူကြောင်ကြောင် အကွက်ကိုလဲထပ်နင်းတယ်ပေါ့!!!!
"ဟိုက်! စောထီး !!အဲလေ စောရီး !!
အလျင်လိုသွားလို့ပါ
တောင်းပန်တယ်"
"ဒါမျိုးနဲ့ရရိုးလား
ဖိနပ်ပြတ်သွားပီ"
ဒုက္ခဆိုတာ
ဒိုင်အောဂျီးနီးစ် လိုအမှန်တရားကို မီးခွက်ထွန်းရှာစရာ
မလိုမှန်းကျွန်တော်လက်ခံသွားသည်........
"ဟားဟားဟား....
ဖြစ်ရမယ် မင်းလုပ်လိုက်ရင်ဖြင့်
အကြောင်းကြောင့်ချည်းပဲ...ဒါနဲ့မင်းဘယ်လိုဖြေရှင်းခဲ့လဲ?...
"လခွမ်း..ဖိနပ်ကပြတ်သွားတယ်လေ..
ပြန်ဝယ်ပေးရအောင်ကလဲ
အဲဒီနားမှာဖိနပ်ဆိုင်ကမရှိ...မထူးဇာတ်ခင်းပြီး
ထွက်ပြေးရအောင်ကလဲ
ငါ့ ကလဲသတ္တိကအပြည့်ဆိုတော့....
ငါ့ဖိနပ်ချွတ်ပေးပြီး..
ခြေဗလာနဲ့ ငါ ..ပြန်ဒိုးခဲ့ရတယ်ဆိုပါတော့...."
အဲဒီလို ဒုက္ခများနှင့် ဖက်ကင်းတလဲ ရှိသူကျွန်တော့်
အတွက် ..ဤပတ်ဝန်းကျင်နှင့်နေသားသိပ်မကျသေးတာအမှန်....
တေးရိုင်းတွေခေတ်မှာမြူးနေချိန်....
ကျွန်တော်ကတော့ ကိုငှက်ကြီးသဘောကျ နေတတ်သေးသည်...
**************************
"အတန်းသွားတက်စို့ နောက်ကျနေပြီ"
"အေးပါ ခဏစောင့်"
နည်းပညာကျောင်းတက်ရတာဘာဂုဏ်ရှိလဲတော့ကျွန်တော်မသိ..
စာတော့ မဟားတရားကျက်ရသည်...
~~~၂~~~
ကျွန်တော့်ကိုမြင်တော့သူ မျက်နှာလွဲသွားသည်..
ကျွန်တော်လဲအူကြောင် သိုင်းကွက်နှင့်
အမြန် ဟိုဘက်လှည့်လိုက်သည်...
တခြားတော့မဟုတ်
ကျွန်တော် တက်နင်းမိသောဖိနပ်ပိုင်ရှင်သည်
ကျွန်တော်နှင့်မေဂျာတူဖြစ်နေခြင်းပင်...
*********************
"ဒီမှာ ဒီမှာ !!!
အနောက်ကခေါ်သံကြောင့်ကျွန်တော်လှည့်ကြည့်လိုက်သည်..
"ကျွန်တော်တို့ကိုခေါ်တာလား?"
"ဒီနားမှာ ဘယ်သူရှိသေးလို့လဲ? ရှင်တို့ အတော်အကျင့်ကောင်း
တာပဲ..မိန်းကလေးတစ်ယောက် ဒုက္ခရောက်နေတာကို
ဒီအတိုင်းကျော်သွားတယ်ပေါ့"
"အမ်!! မင်းဒုက္ခရောက်နေတာလဲ ငါတို့မမြင်ပါလား?"
"ဆိုင်ကယ်ပျက်နေ မှတော့ ဒုက္ခရောက်နေတာ
မဟုတ်လို့ ဘာကြီးတုန်း!!!"
"သြော် မင်း က တစ်ယောက် ယောက်ကို စောင့်နေသလားလို့ပါ"
"ကျွန်မ က လမ်းဘေးမှာစောင့်နေစရာလား
ဆိုင်ကယ် ပျက်လို့ ရပ်နေတာ!!!"
ဆိုင် ကယ် ကို ဟို ကြည့် ဒီကြည့်
နည်းနည်းပါးကလိကြည့်တော့ ပလတ် ချောင် နေခြင်းပင်...
"ရပြီ ကလေးမ "
ပလတ်ချောင်နေတာ ကြပ်ပေးလိုက်ပြီ..."
"ကျေးဇူးတင်ပါတယ် ..."
"ရပါတယ် တစ်ခန်းတည်းသားတွေပဲ
ကူညီရမှာ ပေါ့.."
"ဒါ ဆို ကျွန်မသွားပြီ
နောက်နေ့မှ Canteen မှာမုန့်လိုက်ကျွေးတော့မယ်"
ကျေးဇူးတင်သည့် အကြည့်ဖြင့် ပြုံးပြ ရင်း သူ (မ)
ထွက်သွားသည်..
"ဒီလို ကျတော့ လဲ မဆိုးပါဘူး
ခင်ဖို့ ကောင်းမဲ့ပုံပါ"
" မင်း က သူ့ကို သိလို့ လား လဒရ "
ကျော်မျိုးကမေးသည်...
"သိဆို !! ငါ ဖိနပ်တက်နင်းမိတာ သူ ပဲ"
" ဟေ !!!!!
~~~~~၃~~~
" ဟ ရောင့် သုမျိုး ထထ မီး လောင် နေပီ "
" မအေဘေး မနက်ခင်း မီး လောင် စရာလား!!
ညက တစ်ချက်တီးမှအိပ်တာ အိပ်ရေးမဝသေးဘူး
မနှောက်ယှက် နဲ့ !!"
"လဒ လေး ရှစ်ခွဲတော့ မယ် အတန်း နောက်
ကျမှာစိုးလို့ ပြော နေတာ"
" ဟိုက်!!
ထပြီ ထပြီ"
အဆောင် နှင့် ကျောင်း က သိပ်မဝေး ..
ခဏလမ်းလျောက်လျင် ရောက်သည်...
*************
"သုမျိုး Canteen ဒိုးအုံးစို့
ဗိုက်ထဲက စစ်ပွဲငြိမ်းရအုံးမယ်"
"အေး သွားလေ
တစ်ခုခု စားပြီးမှ အတန်းတက်တာပေါ့"
" ဟရောင့် ဟို မှာ ကျေးဇူးရှင် မလေး
Canteen မှာ သူတို့ အုပ် စု ပွဲ ကျနေပုံရ တယ်"
ကျော်မျိုးက ထင်မြင်ချက်ပေးသည်...
ကျွန်တော် တို့ Canteen မှာ ဝင်ထိုင်တော့
သူတို့မြင်သွား ပုံရသည်...
"ဒီမှာ ဒီမှာ!!"
"ဟ ရောင် မင့် ရွှေ ဖိနပ်လေး ခေါ် နေပြီ"
ကျော် မျိုး က တီးတိုး ပြောသည်..
"ဗျာ!
ကျွန်တော်တို့ နှစ်ယောက် ကို ခေါ် တာလား"
"လုပ်ပြန် ပြီ
မနေ့ ကတည်း က ဗျာနေတာ
အခု ထိ ဗျာ လို့ မပြီးသေးဘူးလား..
ကျွန်မရှင်တို့ ကို မုန့် ကျွေးမယ် ဆို တာ လေ"
"ဘာလဲ အခု မကျွေးတော့ဘူး လို့ ပြောချင်တာလား"
ကျော်မျိုးကလှမ်းနောက်သည်
"စေတနာ ပျက်အောင်ပြောနေတာလား
ရှင်တို့ ကြိုက်သလောက်စား
ကျွန်မရှင်းမယ်လို့ပြောတာ "
" ဟိုက် ရှဘား ဘုရားမတာပဲ
ကျော်မျိုး က စေတနာ ကို လက်ခံကြောင်း
အချက်ပြသည်..."
ထိုနေ့ က ရင်းနှီးမှုတွေနှင့် ခင်မင်သွားသည်
သူ(မ) ၏ နာမည်သည် လွန်းနွယ် ဖြစ်ကြောင်း
ကျွန်တော့် တို့ ကို မိတ်ဆက်သည်...
ခပ်စွာစွာ ချာတိတ်လေး သူ(မ) ကို ကျွန်တော် ရင်ခုန်မိသွားခြင်း
သည် ထိုမှာ စတင်ခဲ့သည်.....
************
~~~~~~~၄~~~~~~
>>>အလွမ်း တွေ ဝေးပါရစေတော့
အိပ်မက် တွေကို မျှားတဲ့ သူရယ်.....
>>>ချစ်ခြင်းဆိုတာ ကိုနားလည် ခဲ့ပြီးနောက်
ငါ့ အဘိဓာန် မှာ နင်က
ဗျည်း ထွင်းခတ်သူပါ....
"တယ်ဆိုတဲ့ စာပါလား သုမျိုး ခေါ် လဒရဲ့...."
ကျော်မျိုး က ကဗျာကိုကြည့်ရင်း ထိုကဲ့သို့ဆိုသည်...
" ဘာလဲ လွန်းနွယ် ကို ပေးမလို့ လား"
" မလုပ်ပါနဲ့ ခင်မင်ခွင့် လေးပါ ဆုံး သွားမှ
ငါ့ ရင်တွေ ငရဲမီးလို ပူ နေရပါအုံးမယ်"
"အေးပါ မင်းလို ဒူ နေပုံ နဲ့ တော့
သူ့ အချစ်ရ ဖို့
ဘုရားမှာ အခါ တစ်ရာ ဆုတောင်းရင်တောင် လောက်မှာ
မဟုတ်ဘူး"
" မအေဘေး လေး စောစော စီး ကျက်သရေတုံးတယ်
ငါမင်းကို ဒကာခံ ကိစ္စဖို့ ပါမစ် ပိတ်ပြီ!"
" မလုပ်ပါနဲ့ ဆြာရယ်
စမိတာ ဘာ !!" ဟီး!!"
******************
သို့
လွန်းနွယ်
IT ခေတ်မှာ ရည်းစားစာ ပေးတယ် ဆို တာ
အတော် ကြောင်တယ်လို့ နင်ထင်ချင်ထင်မယ်
နင်နဲ့ ငါ ခင်မင်မှု ကို အလွဲ သုံးစား လုပ်တယ် လို့
နင်မထင်ပါနဲ့ နော်....
ည ည အိပ်ရေးပျက် နေမိတဲ့ ငါ့ အဖြစ် က
ခြင် ကိုက် လို့ မဟုတ် ရပါဘူး
နတ်သမီး ကိုက်လို့ပါ...
နတ် သမီး နာမည် က လွန်းနွယ် တဲ့
သူကိုက်တဲ့ ဒဏ်ရာ က အသားကို မထိ
နှလုံးသားကို လာငြိ နေတော့
အိပ်ရေးပျက်တာမဆန်းပါဘူး
ငါ ရိုးရိုးသားသား ပြော ပါ ရစေတော့
နင့် ကို ငါ ချစ်တယ် ဆိုတာ ထက် ပိုနေမိ ပြီ
သုမျိုး
******************
ခင်မင်မှု ရက်သတ္တပတ် ၁၀ခု မြောက် မှာ ထိုစာ
ကို သဝဏ်လွှာပါးလိုက်သည်..ကံဆိုးသလား ကံကောင်း
သလား ကျွန်တော် မသိ...
လူ ချင်းတွေ့ တော့ ထို လမ်းကြောင်း ကို
အရောက်မခံ
စာမေးပွဲပြီးမှအဖြေ ပေးမည်ဆိုသည်...
********************
" ဟရောင့် သားရီး ဖြေနိုင်လား"
"အေးကွာ အောင်မှတ်တော့ရပါတယ် "
"စာမေးပွဲ တော့ပြီး ပြီ
လူ လဲ ဂေါက်တောက် တောက် ဖြစ်နေပြီ....
နှစ်ပတ်ထဲမို့ တော်တော့ တယ်
လေး ငါး ပတ် များဆိုရင်တော့ လူ လဲ
ရူးရင် ရူး မရူးရင် ရေဝေးရောက် မှာ သေချာတယ်"
ကျော်မျိုး က ညည်းချင်းဖွင့် နေသည်....
~~~~~~~၅~~~~~~
"ဟရောင့် သုမျိုး စောစောစီးစီး
ဘာငိုင် နေတာလဲ "
"ရော့ ဖတ်ကြည့် "
လွန်းနွယ်ပါးလိုက်သောစာအုပ်လေးကို
ပြလိုက်သည်.....
သို့
သုမျိုး
ငါ့ နင့်ကို ခင်ပါတယ်
သူငယ် ချင်းလိုပါပဲ
ငါ့ အပေါ် နင်ကောင်းခဲ့ တာတွေ ကို ကျေးဇူး
တင်ပါတယ်...
ငါ မနက် ဖြန်မနက် ကသာ ကို သဘောင်္နဲ့ပြန်တော့မယ်
နောက်နှစ်မှတွေ့ ကြတာပေါ့
နင်အဆင်ပြေပါစေဟာ....
နင့်ရဲ့ သူငယ်ချင်း
လွန်းနွယ်
"အေးကွာ စိတ်မကောင်းစရာပဲ
မင်းတော့ သွားပြီ"
ကျော်မျိုးက သြဘာပေးနေပြန်သည်...
"စိတ်ညစ်မနေနဲ့
ရူးသွားမယ်"
"ငါညစ်နေတာနော် မင်းစကားကို ကြည့်ပြော လဒလေး"
ဒီကောင့်ကို ပြန်ကောရသည်..
"ဟ ရောင့် နေအုံး..
ဒီ အနောက်စာမျက်နှာ နားလေးမှာ စာနှစ်ကြောင်း.."
" ဟုတ်လို့လား ပြစမ်း ... မြန်မြန်"
"အာ့ကြောင့် မင်းကို ငဒူလေးလို့ပြောတာ"
ကျော်မျိုးက လေပွနေပြန်သည်....
"သုမျိုး
ဘယ်လို လဲ အရမ်း ကြီး ဝမ်းသာသွားတယ်ပေါ့😜
ငါ နင့် ကို ပျော်ရအောင်စလိုက်တာပါ
နင့်ကို ချစ်ပါ တယ်...
နင့်ကိုချစ်တဲ့
လွန်းနွယ်
PS..ဘာကြည့်နေတာလဲ
သဘောင်္ ဆိပ် မှာ ငါ့ ကို အမြန် လာနှုတ်ဆက်လေ..
မမီရင် တော့ငါစိတ်ဆိုးပြီပဲ
သြော်
ကောင်မလေးရေ
ငါ့ ချစ်ခြင်းတွေကို ခမ်းနား စေခဲ့သူ
ငါ့ နေ့ရက် တိုင်းကို အဓိပ္ပာယ် ပို ရှိစေခဲ့ သူ မင်း ကို
ပို မြတ်နိုး နေခဲ့မိပါသည်လေ....
ပြီးပါပြီ
အာဖျံကွီး
လက်သစ်ကြယ်
ဖတ်လို့ကောင်းတယ်