ရုံးလုပ်ငန်း လုပ်ကိုင်သူတွေအတွက် သူတို့တွေ အရမ်းတော် အရမ်းတတ်လို့ company တွေ ရုံးလုပ်ငန်းတွေမှာ နေရာတစ်နေရာရတယ်ဆိုတာ မှန်ပါတယ်။ အလုပ်မရသေးခင် တစ်ချိန်တုန်းက သူ့အနေနဲ့ အပြင်လောကမှာ ကျင်လည် နေခဲ့ပီး အပြင်လော ကအမြင် လုပ်ငန်းအမြင်တွေကို ဆက်စပ်တွေးခေါ် လုပ်ကိုင်ရင်း အသက်မွေး ဝမ်းကျောင်းပြုခဲ့ပါတယ်။
သူ့လို လူမျိုးတွေ လုပ်ငန်းခွင်ထဲရောက်သွားတဲ့အခါ လုပ်ငန်းထဲမှာသူမသိဖူးသေး မမြင်ဖူးသေး မလုပ်ကိုင်ဖူးသေးတာတွေကို သင်ကြား လုပ်ကိုင်ရပါတယ်။ အဲ့ဒီအခါမှာ သူက အပြင်က သူ့လိုဒီအလုပ်မလုပ်ဖူးသူတွေထက် ပိုတော် ပိုတတ် ပိုသိလာပါတယ်။ အဲ့ဒီလိုဆိုတော့ အပြင်ကလူတွေနဲ့ယှဉ်ရင် သူကဆရာကြီးပေါ့။
ဒါပေမဲ့ နည်းပညာတွေက ရပ်တန့်နေတာမဟုတ်သလို လူသားတွေကလည်း ရပ်တန့်နေကြတာမဟုတ်ပါဘူး။ အမြဲကြိုးစားပီးတိုးတက်အောင်လုပ်နေကြပါတယ်။ အပြင်လောကမှာမသိသေးတဲ့ လုပ်ငန်းတွေလုပ်ပုံကိုင်ပုံ နည်းပညာတွေက တစ်ချိန်မှာတော့ ရောက်ရှိပီး အပြင်ကလူတွေလည်း သိကျွမ်းနားလည်လာပါတယ်။ ပြောရမယ်ဆိုရင် ခရီးတစ်ခုကို မတူညီတဲ့ လမ်းကနေသွားနေကြသူနဲ့တူပါတယ်။
တစ်ဦးက ပုံမှန်မြေညီလမ်းမှာသွားနေပါတယ်။ မြေညီလမ်းဖြစ်တဲ့အတွက် မြေသားတွေက တစ်ပြေးတည်းဖြစ်ပီး ပုံမှန် ရွေ့လျှားမှုနှုန်းနဲ့ သွားနေပါတယ်။ နောက်တစ်ယောက်ကတော့ ကုန်းမြင့် ကုန်းနိမ့်တွေနဲ့လမ်းကိုသွားနေသူနဲ့တူပါတယ်။ သူ့အနေနဲ့ ကုန်းမြင့်ကိုတက်နေရချိန်မှာ အချိန်ပိုယူရပီးပိုကြာပါတယ်။မြေပြန့်ကလူကသူ့ကို ကျော်တက်သွားပါမယ်။ ဒါပေမဲ့ ကုန်းဆင်းကိုရောက်တဲ့အခါ မြေပြန့်မှာသွားသူထက် သူက ပိုမြန်သွားပါလိမ့်မယ်။
လုပ်ငန်းခွင်ထဲ နည်းပညာအသစ်ကို သိရှိသူအတွက် ပုံမှန်လမ်းသွားနေသလိုဖြစ်ပါမယ်။ အပြင်ဘက် နည်းပညာသစ်ကို မသိသေးသူအတွက် လေ့လာချိန်ပိုပေးရပီး အသိနောက်ကျပေမဲ့ သူသိသွားတဲ့အချိန်နဲ့ အပြင်က နည်းပညာတွေကိုပေါင်းစပ်လိုက်ရင် သူ့ရဲ့တိုးတက် ကျွမ်းကျင်မှုက ပိုမြန်သွားပါတယ်။
လုပ်ငန်းထဲမှာလုပ်နေသူအတွက် သူ့အနေနဲ့ တော်ပါတယ် သူအရမ်းတော်ပါတယ်သူ့လုပ်ငန်းမှာ ဒါပေမဲ့ အပြင်လုပ်ငန်းကလူတွေကလည်း သူ့ထက်မညံ့သလို အပြင်အတွေ့အကြုံတွေက တစ်နေရာနဲ့တစ်နေရာမတူ ကွဲပြားတဲ့အတွက် လုပ်ငန်းတွင်းကလူထက်ပို ဗဟုသုတများပါတယ်။
ရုံးလုပ်ငန်းလုပ်ကိုင်သူတွေက ရုံးစိတ်တွေပိုပေါက်ကုန်ပါတယ်။ သူလုပ်တဲ့လုပ်ငန်းမှာသူတော်တယ် သူလုပ်တာမှန်တယ် သူ့အပိုင်းမှာမှန်ကန်နေတယ် တစ်ခြား ဋ္ဌာနက လွဲနေတာ သူဂရုမစိုက်ဘူး သူ့အပိုင်းမှန်နေရင်ရပီ ဆိုတဲ့ စိတ်ရှိသူတွေများလာပါတယ်။ အဲ့ဒီစိတ်နဲ့ဆိုရင်တော့ လုပ်ငန်းက အိပဲ့ အိပဲ့ နဲ့ပဲ ဆက်နေမှာပါ။ တစ်ဖွဲ့ရဲ့လိုအပ်ချက်ကို တစ်ဖွဲ့က ကူညီနိုင်သလောက်ကူညီလုပ်ကိုင် အကြံပေးဖို့လိုအပ်ပါတယ်။ အကြံပေးတယ်ဆိုတဲ့နေရာမှာလည်း အကြီးတွေ အရာရှိအကြီးတွေ မတွေးမိသေးတဲ့ အချက်တွေကို အငယ်တွေတင်ပြတဲ့အခါ စဉ်းစားချင့်ချိန် ထောက်ခံ လုပ်ကိုင်စေချင်ပါတယ်။ ခုမြင်နေရတာတွေက အောက်ဝန်ထမ်းက ဘယ်လောက် အချက်နဲ့အလက်နဲ့ ပြောပြ ရှင်းပြနေပေမဲ့ အထက်ကလူက မရဘူး မလုပ်ရဘူး သူတို့ပြောတာပဲ လုပ်၊ ဒါလုပ် ဒါမလုပ်နဲ့ ငါခိုင်းတာလုပ် ဆိုတဲ့ ပုံစံတွေဆိုတော့ အငယ်တွေအနေနဲ့ မတိုးတက်ပါဘူး။ အကြီးတွေက သူတို့လုပ်သက်နဲ့ သူတို့ ကြုံခဲ့ရတာတွေက အငယ်တွေပြောတာကို မသိတာလည်းမဟုတ်ပါဘူး၊ ဒါပေမဲ့ သိရက်နဲ့မလုပ်ပေးတာမဟုတ်ပါဘူး လုပ်ငန်းပိုင်ရှင်သူဋ္ဌေးတွေကိုက မလုပ်ခိုင်းတာဖြစ်လို့ သူဋ္ဌေးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ သူတို့ခိုင်းသလိုလုပ်ရတာပါ။ ဝန်ထမ်းဆိုတာ ပိုင်ရှင်လုပ်ချင်တာကို ပဲ ဦးစားပေးလုပ်ရတာမဟုတ်ပါလားဗျာ။
Writer caesarsupaimin
MSC-025
ဝန်ထမ်းဆိုတာ ပိုင်ရှင်လုပ်ချင်တာကို ပဲ ဦးစားပေးလုပ်ရတာမဟုတ်ပါလားဗျာ။
Right
ဟုတ်ကဲ့
သူဌေးက သူဌေးပါလေ ဘာတတ်နိုင်ပါ့မလဲ😉😉ပိုင်ရှင်ဖြစ်အောင်ကြိုးစားကြစို့
ဟုတ်ကဲ့ကြိုးစားမယ်ဗျ
ဝန်ထမ်းတွေရဲ့ဘ၀က သနားစရာပါဗျာ ဟိုကဟောက်စား ဒီကဟောက်စားတွေကိုကြောက်နေရတာများတယ် ကိုယ်ပိုင်လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ
ဟုတ် တယ် အကို ရယ် ရာထူး ငယ်တဲ့ သူတွေဆို ပိုဆိုး
လုပ်ရင်းသင် သင်ရင်းလုပ် အမြဲလေ့လာ အောင်မြင်မှာ မလွဲ
မှန်ပ မှန်ပ
အတွေးကောင်းပဲဗျ
ဟုတ်ကဲ့ ဗျ
ငါပြောသလိုလုပ်
ငါခိုင်းသလိုလုပ်
ငါလုပ်သလိုမလုပ်နဲ့
ငါညနေကျ ဘီယာသွားသောက်အုံးမှာ
မလိုက်ခဲ့နဲ့😁😁
လိုက်မယ် အာ့တော့ နားထောင်ဘူး ငိငိ
အလုပ်သဘောလေးတွေ ကောင်းတယ် ဘယ်နေရာဘယ်အလုပ်ဖြစ်ဖြစ် အထာနပ်အောင်နေတတ်ဖို့ ဆိုတာ တို့နိုင်ငံမှမဟုတ်ဘူး တခြားနိုင်ငံတွေလဲအဲလိုပဲ။
ဟုတ် အကို
အတွေးကနေ အလုပ် ... အလုပ်ကနေ အကျင့်ဖြစ်သွားတာပါ ... ရုံးမှာ လုပ်ရင် ရုံးဝန်ထမ်းစိတ်ပဲ တွေးပြီး သူ့အကျင့်လို ဖြစ်သွားတာတွေ မနည်းမနောပါ