Networking ပိုင်းမှာ အခြေခံတွေ Theory ပိုင်းတွေနားလည်မှ လက်တွေ့မှာ မြန်မြန်ဆန်ဆန် လုပ်ငန်ပြီးမြောက်မှာဖြစ်ပါတယ်။ရှေ့က Network အကြောင်းမှာတော့ PAN နဲ့ CAN ကိုပြောပြီးသွားပီမို့ ယခု ဆက်ပြောပါမယ်။
LAN လို့ခေါ်တဲ့ (Local Area Network) ကို အားလုံးကြားဖူးကြမှာပါ။ သူကတော့ ပေ ၁၀၀၀ ပတ်လည် အဆောက်အဦးအတွင်းမှာရှိတဲ့ Network ချိတ်ဆက်မှုတွေကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဥပမာ ပေ၁၀၀၀ အကျယ်ရှိတဲ့ မြေကွက်တစ်ကွက်မှာ အိမ်ဆောက်ထားတာပဲဖြစ် ဖြစ် ရုံးဖွင့်ထားတာပဲဖြစ်ဖြစ် အဲ့ဒီအဆောက်အဦးအတွင်းမှာရှိတဲ့ Network ချိတ်ဆက်မှုတွေကို LAN ချိတ်ဆက်မှု (LAN Network)လို့ခေါ်ပါတယ်။ အထပ်မည်မျှမြင့်နေပါစေ အကျယ်ပေ ၁၀၀၀ အတွင်းရှိနေရပါမယ်။ ပီးတော့အဆောက်အဦးအထပ်တိုင်းမှာရှိတဲ့ ကွန်ပျူတာတွေက တစ်လုံးနဲ့ တစ်လုံး ချိတ်ဆက်နေရပါမယ်။
MAN
MAN ကတော့ (Metropolitan Area Network) လို့ခေါ်ပါတယ်။ သူ့က တော့ ကျယ်ပြန့်တဲ့ ကွန်ယက်ချိတ်ဆက်မှုဖြစ်ပါတယ်။ ပေ၁၀၀၀ အတွင်း ကန့်သတ်ချက်မရှိတော့ပါဘူး။ မည်သည့်မြို့မဆို မည်သည့် အဆောက်အဦးမဆို မည်သည့် အကျယ်အဝန်းမဆို ချိတ်ဆက်ထားတာကိုဆိုလိုတာဖြစ်ပါတယ်။ သူ့မှာသတ်မှတ်ချက်ကတော့ မြို့တူရပါမယ်(တစ်မြို့တည်းမှာချိတ်ဆက်ထားတဲ့Network ဖြစ်ရပါမယ်)၊ နောက်ပီးတော့ Same Vendor(တူညီတဲ့ Company)ဖြစ်ရပါမယ်။ အဲ့ဒီလို Company တူ မြို့တစ်မြို့တည်းမှာရှိတဲ့ ကွန်ယက်ချိတ်ဆက်မှုကို MAN လို့ခေါ်ပါတယ်။
WAN (Wide Area Network)
WAN ကို ၂ မျိုးထပ်ခွဲခြားသတ်မှတ်ပါတယ်။ WAN နဲ့ Internet ဆိုပီးဖြစ်ပါတယ်။ ဘယ်လိုကွာသလည်းဆိုရင်တော့ WAN ဆိုတာက ကျယ်ပြန့်တဲ့ ကွန်ယက်ချိတ်ဆက်မှုဖြစ်ပါတယ်။ ဘယ်လိုကျယ်ပြန့်တာလည်းဆိုရင် မတူညီတဲ့ မြို့ ၊ မတူညီတဲ့ နိုင်ငံ တွေကို ချိတ်ဆက်ထားတဲ့ ကွန်ယက်ဖြစ်ပီး Company ကတော့ တစ်ခုနည်းဖြစ်ရပါမယ် တူညီရပါမယ်။ အဲ့လို Comapny တူတယ်၊မြို့တွေအများကြီးမျာ ချိတ်ဆက်ထားတယ်၊ တစ်ခြားနိုင်ငံတွေမှာလည်း ချိတ်ဆက်ထားတယ်ဆိုရင် အဲ့ဒါကို WAN Network လို့ခေါ်ပါတယ်။
Internet ဆိုတာကတော့ အထက်ကလိုမျိုး ကိုမှ မတူညီတဲ့ Company တွေချိတ်ဆက်ထားတာကို Internet Network လို့ခေါ်ပါတယ်။
Network Topologies ဆိုတာကတော့ အဲ့ဒီလိုချိတ်ဆက်ထားတဲ့ ကွန်ယက်တွေမှာ (Data)တွေ သတင်းအချက်အလက်တွေ ဘယ်လို သွားလာသလဲဆိုတာကို Logical Design အရ ရှင်းပြထားတာဖြစ်ပါတယ်။ အဲ့ဒီလို data တွေ သွားလာဖို့အတွက် data စီးဆင်းတဲ့ပုံစံ ၄ မျိုးရှိပါတယ်...
Bus
Ring
Star
Mesh ( Fully or Partially) တို့ဖြစ်ပါတယ်။
Bus နည်းပညာကတော့ ကျွန်တော်တို့တွေ Network ချိတ်ဆက်တော့မယ်ဆိုရင် network cable ကို မိမိ ချိတ်ဆက်လိုတဲ့ အကွာအဝေးကို ဆွဲပေးရပါတယ်။ အဲ့လို Network ကြိုးဆွဲဖို့ အရင်တုန်းက Coaxial Cable တွေကိုအသုံးပြုကြပါတယ်။ အဲ့ဒီ Coaxial Cable တွေရဲ့ အစမှာ အစမှတ် Terminator နဲ့ အဆုံးမှာ အဆုံးမှတ် Terminator ဆိုပီး ရှိပါတယ်။ အဲ့ဒီလို အစ Terminator နဲ့ အဆုံး Terminator တွေကို coaxial cable နဲ့ချိတ်ဆက်ပီး မိမိ ထားရှိလိုတဲ့ ကွန်ပြူတာရှိတဲ့နေရာမှာ အဲ့ဒီcoaxial cable တွေကို sequence တွေနဲ့ချိတ်ဆက်ပီး မိမိကွန်ပျူတာနဲ့ချိတ်ဆက်ရပါတယ်။ sequence တစ်ခုကို ကွန်ပျူတာတစ်လုံးနှုန်းနဲ့ချိတ်ဆက်ပါတယ်။ အဲ့ဒီတုန်းက ကွန်ပျူတာ တစ်လုံးကနေ အခြား ကွန်ပျူတာ တစ်လုံးကို data တွေပို့ချင်တယ်ဆိုရင် အရမ်းကြာပါတယ်။ ဘာလို့လည်းဆိုတော့ PC 1 ကနေမှ PC 4 ကို data ပို့ပီဆိုရင် PC 1 ကစပီး ပို့လိုက်ပါတယ်၊ ပီးတော့ ကြားမှာရှိတဲ့ PC 2 PC 3 တွေကိုလည်း သူPC 4 ကိုပို့ရမဲ့ dataကိုပို့ခဲ့ပါတယ်။ နောက်တော့ PC 4ကိုပို့ပါတယ် အဲ့လိုပဲ အခြား PC တွေချိတ်ဆက်ထားမယ်ဆိုရင် PC အကုန်လုံးကို ပို့ပါတယ်။ ရှိသမျှ PC တွေအကုန်ပို့ပီးမှ နောက်ဆုံး အဆုံးမှတ် Terminator ကို ရောက်ပီးမှ data ပို့ထားတဲ့ ဖိုက်က ပြန်လာပါတယ်။ အဲ့ဒီအခါ သူပို့ချင်တာ PC 4 ကို အဲ့ဒီတော့ PC 4 က သူ့ရဲ့data မှန်တယ်ဆိုတာကို အကြောင်းပြန်ပါတယ် အခြားPC တွေကလည်း သူတို့ data မဟုတ်ဘူးဆိုတာကို အကြောင်းပြန်ပါတယ်။ အဲ့ဒီ အကြောင်း ပြန်တဲ့ data တွေကို သူ အဆုံးမှတ် Terminator ကိုရိုက်ပီး ပြန်လာတဲ့အချိန်မှာ သယ်လာပါတယ်။ သယ်လာပီး PC 1 ကိုရောက်တဲ့အချိန်မှာ သူမပေးသေးပါဘူး အရှေ့က အစမှတ် Terminator ထိသွားပါတယ်။ ပီးတော့မှပြန်လာပီး PC1ကိုပို့ပါတယ်။ အဲ့ဒီအခါ မှ PC1 က သိသွားပီးတော့ အခြား PCတွေကို မပို့ပဲနဲ့ PC4ကိုပဲ သီးသန့် Dataကို ပြန်ပို့ပါတယ်။ ပီးရင်ခုနကလိုပဲ အဆုံးTerminator ထိသွားပီးမှ ပြန်လာပါတယ်။ ပြန်လာပီး data သယ်လာတဲ့အခါမှာလည်း အစမှတ် Terminator ကို ရောက်ပီးမှ PC 1ကို data ပြန်ပေးပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့တွေ တစ်ခါတစ်ခါ Data ပို့ချင်တယ်ဆိုရင်အရမ်းကြာပါတယ်။ အဲ့လို data တစ်ခု ပို့လွှတ်ဖို့ ciaxal cable ကြီးကောင်းနေရပါမယ် နောက်ပီး အဲ့ဒီcable မှာ ချိတ်ဆက်ထားတဲ့ PCတွေအကုန် power on နေရပါမယ် စက်တွေအကုန်ကောင်းနေရပါမယ်။ တကယ်လို့ တစ်ခုခု ပျက်နေတာ၊ စက်တစ်ခုက ပိတ်နေတာဆိုရင် အဲ့ဒီdata ထုတ်လွတ်မှု breakdown ဖြစ်ပါတယ်။ ဘာမှပို့မရတော့ပါဘူး။ တစ်ခု ပို့လွှတ်ဖို့ အကုန်ကောင်း အကုန် power on ဖြစ်နေရပါမယ်။ အဲ့ဒါ Bus နည်းပညာနဲ့ data တွေ သွားလာပုံဖြစ်ပါတယ်။
Writer caesarsupaimin
MSC-025
အကုန်ပြောသွားတာ မဟုတ်တော့ နောက်တစ်ပိုင်းပေါ့။
Network ပညာတော့ လုပ်ငန်းကြီးလုပ်မှပဲ ထပ်လေ့လာတော့မယ်။
ဟုတ်ကဲ့ အမျာကြီးကျန်သေးတယ်ဗျ
ကိုယ်ကနည်းပညာနားမလည်တဲ့သူဆိုတော့ ဘာပြောလို့ပြောရမှာမှန်းမသိလို့ မပြောဘူးလို့တော့နေတာပါပဲ။ဒါပေမဲ့မနေနိုင်တော့လည်း ပြောရဦးမှာပေါ့ ဘာမှနားမလည်လို့ ဘာမှမပြောတော့ဘူးနော်။
ဟုတ်ကဲ့အကို ရပါတယ်ဗျကျေးဇူး ပါ သိချင်တာရှိမေးပါ တတ်လောက်အကုန်ပြောပြပါမယ်
Networking နဲ့ပတ်သတ်လို့ သိချင်တာရှိရင်မေးလို့ရပြီ 😊
ဟုတ်အကွိုကျွန်တော်ကတော့ သင်နေဆဲပါ ဗျ သိလောက်ပြောပြပါမယ်ဗျ
တော်တယ်ဗျာ
ပညာရတယ်။ ဆက်လက်ရေးသားတင်ပြပေးပါအုံးဗျာ။😍😍
Man ဆိုတဲ့ လူကိုတော့မြို့နယ်တူရင် ချိတ်လို့ရပြီပေါ့😁😁
ဟုတ်ကဲ့အကို ဆက်ရေးပါမယ်။ ရပါတယ်မြို့ နယ်တူရင်
နည်ပညာတွေအကြောင်းတော့နားမလယ်လို့ လားမသိဘူး
သိပ်နားမလည်းဘူးဗျို့
နောက်စိတ်ဝင်စားလာမယ်အကို နည်းပညာသင်ရတပျော်စရကောင်းတယ်ဗျ
ဆရာကျလွန်းပါတယ်ဗျာ
ပါး ပါးလေး ပဲ ရှိ ပါသေးတယ်ဗျာ
ဆရာကတော့ Network နဲ့ ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်လာတာ၊ အဓိကတော့ Network တည်ဆောက်တဲ့လုပ်ငန်းတွေကို လုပ်ကိုင်တာပဲ။
ပထမဆုံး ငုံးထောင်ဖို့ Network လုပ်တယ်၊ နောက် ယုံထောင်ဖို့၊ နောက်ငါးဖမ်းဖို့၊ Network အစုံလုပ်တယ်၊ မင်းပြောသလောက်မချက်ပါဘူး။
ဆရာကတော့ နောက်ပီ။ သား ရေးထားတဲ့ Network က အကောင်တွေ ဖမ်းတဲ့ဟာ ဟုဘူးဆရာ။ ကမ္ဘာကြီးကို ဖမ်းတဲ့ Network ပါဗျ :D
ငှယ်! အဲလောက်ကြီးတော့ လိုက်မှီတော့ဘူးကွယ်၊ ဗဟုသုတရအောင်တော့ ဖက်သွားပါတယ်😁
ငှယ် ဟုပါပီ အယ်ကိုရယ် ဗဟုသုတအနေနဲ့ပဲမှတ်ပါဗျ။ နောက်ပိုင်း ပုံလေးတွေပါသုံးနိုင်အောင်ကြိုးစားပါ့မယ်
Wowဆရာတစ်ယောက်ထပ်ရပြီNetworkပိုင်းလေ့လာနေတာအတော်ပဲ
ဟုတ်ကဲ့ဗျ တတ်သလောက်မှတ်သလောက်လေးပါဗျ။ ဆရာမဟုတ်ပါဘူးဗျ။ လူသားထဲက လူသားတစ်ယောက်ပါ :) လေ့လာဆဲပါပဲဗျ
ပုံတွေနဲ့ တင်ပြရင် ပိုကောင်းပါမယ် ... မဟုတ်ရင် မျက်မမြင်ပုဏ္ဏား ၆ယောက် ဆင်ကို စမ်းနေသလို ဖြစ်နေမယ်
ဟုတ်တယ်အကို နောက်ကိုပုံပါထည့်မယ်အကို ကျေးဇူးပါဗျ
နားမလည်သေးပေမဲ့
နောက်လိုအပ်လာရင် သိသွားတာပေါ့
ကျေးဇူးကိုအယ်ဒို
ဟုတ်ကဲ့ဗျ ကျွန်တော်လည်း လေ့လာဆဲ သင်ယူဆဲပါဗျ။
Networkingကိုလေ့လာချင်ပေမဲ့
Programmingကအလုပ်နဲ့ကိုက်လို့
ဦးစားပေးဖြစ်သွားတယ်
ဝါသနာပါပါတယ်
ဟုတ်ကဲ့ဗျ programming လည်း အရမ်းကောင်းတဲ့ ပညာရပ်ပါဗျ။ အားပေးပါတယ်အကို။
အခေါ်အဝေါ်တွေမှတ်ရတာနဲ့တင်မူးနေုပီဗျာ
ဟဲဟဲ စကားနဲပြောပြ ရရင် ပိုအဆင်ပြေတယ်အကိုရ
ဝါသနာပါတယ်ဗျာ
Me too bro 😁
NE တက်ပြီးမေ့နေတာ ပြန်နွှေးလို့ရပြီဗျာ အားပေးတယ်
MCSE တက်နေတာ ခု 😁
အဲဗျာလိုက်မီတော့ဘူးရယ်
မှီ ပါတယ် လိုက်ကြည့်  😁
အခုမှပဲ network ပိုင်းနဲနဲပါပါးသိတော့တယ် ဒါနဲ့ကိုဆည်းဆာ btc mining ကျရင် laptop ကကောင်းလား ရိုးရိုး pc ပုံးကကောင်းလား
Laptop အဆင်ပြေဘူး
Pc အာပေးပါတယ်
network အကြောင်းတစ်ခုပိုသိလိုက်ရပြီ ဘဒိုရေ big thanks!
ဟုတ်
နက်ဝပ်အပိုင်း နောက်တစ်ခုနားလည်သွားပြီ
big thanks bro
ဟုတ်အကို လေ့လာဆဲပါဗျ
Congratulations! This post has been upvoted from the communal account, @minnowsupport, by caesarsupaimin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
You got a 29.60% upvote from @minnowfairy!
Join our Upvote My Post Raffle Draw contest today and you could win a FREE Upvote! Click here for details.